(၇၅)နှစ်အဘွား ကို တစ်သက်စာ ထောက်ပံ့ပေးလိုက်တဲ့ မိသားစုရဲ့အလှူ

(၇၅)နှစ်အဘွားကို တစ်သက်စာ ထောက်ပံ့ပေးလိုက်တဲ့ မိသားစုရဲ့အလှူပရိသတ်ကြီးရေ ကျောထောက်နောက်ခံမရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် စားဝတ်နေရေးဟာ ခက်ခဲပါတယ်။ဒီလို ခက်ခဲတဲ့ အဘွားအိုတစ်ဦးကို ကုသိုလ်ပြုခဲ့တဲ့လူရဲ့ စေတနာတရားကတော့ တကယ့်ကို အံ့သြစရာမို့ ပြန်လည်မျှဝေလိုက်ရပါတယ်…

ရန်ကုန်ပေါက်ဈေး ကုန်ဈေးနှုံးအတိုင်း ရောင်းချနေသော ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနေ ဦးသန်းဦး(ကောင်းသန့်ကုန်စုံဆိုင်) ဇနီး ဒေါ်ဇင်ညိုလတ်၊သမိး ရွှန်းလဲ့ဦး၊ သား မောင်အောင်မင်းခန့် မိသားစု မှဒလမြို့နယ်အတွင်းလှည့်လည်ကာ နေ့စဉ်ပုံမှန် ခက်ခဲပင်ပန်းစွာဖြင့် ရေခဲချောင်းရောင်းကာ စား၊ ဝတ်၊ နေရေးအတွက် ရုန်းကန်နေရသော ဒလမြို့၊ကျန်စစ်သားရပ်ကွက်နေအသက် (၇၅)နှစ်အရွယ် အဖွားအိုအား

လစဉ်ပုံမှန် (၁)လလျှင် (၆၀၀၀ဝိ/)ကျပ်နှင့်အတူ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စသည့် မီးဖိုချောင်သုံးပစ္စည်းများကို ရာသက်ပန် လှူဒါန်းမည့်အပြင် ကျန်းမာရေးဆိုင်ရာ ကိစ္စအဝဝကိုလည်းစေတနာသန့်သန့် စိတ်ရင်းစေတနာဖြင့် တာဝန်ယူ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဒါကြောင့် စေတနာရှင်မိသားစုအတွက် သာဓုခေါ် ဆိုခဲ့ပါအုံးနော်.credit

Add a Comment

Your email address will not be published. Required fields are marked *