ျပည္သူ႔ယုံၾကည္မူမရေတာ့၍ ေအာင္ဘာထီ လုပ္ငန္း အၿပီးရပ္နားရ မည့္ အေျခအေန ရွိ လာႏိူင္

စစ္ေကာင္စီမွထီဆုအေရအတြက္ေလွ်ာ့ခ်လိုက္ၿပီး ထီေပါက္သူမ်ားဆုေငြလိုသေလာက္ထုတ္ယူခြင့္မေပးေတာ့သည့္ေနာက္ထီဝါသနာရွင္မ်ား၏ယုံၾကည္မူအဆုံးထိက်ဆင္းသြား၍ယင္းထီစနစ္မွာရပ္နားရေတာ့မည့္အေျခအေနရွိေနေၾကာင္းထီလုပ္ငန္းရွင္အခ်ိဳ႕ကေျပာသည္။
စစ္ေကာင္စီလက္ေအာက္ခံေအာင္ဘာေလသိန္းဆုဌာနသည္ေမလ၁ရက္တြင္ျပဳလုပ္သည့္ထီဖြင့္ပြဲ၌အျမင့္ဆုံးဆုအျဖစ္က်ပ္သိန္းတစ္ေသာင္းခြဲအစားက်ပ္သိန္းငါးေထာင္သာသတ္မွတ္ေပးခဲ့ၿပီးအျခားဆုေပါင္းႏွစ္သိန္းေက်ာ္ကိုလည္းပယ္ဖ်က္ခဲ့သည္။

ထို႔ေၾကာင့္ထီဖြင့္လွစ္မူစနစ္အေပၚထီထိုးသူမ်ားအျပင္ထီေရာင္းသည့္ကိုယ္စားလွယ္မ်ားပါယုံၾကည္မူက်ဆင္းလာ၍ထီေစ်းကြက္ပ်က္လုနီးပါးျဖစ္သြားသည္ဟု ထီလုပ္ငန္းရွင္မ်ားကဆိုသည္။

“ၿပီးခဲ့တဲ့လကေတာင္ထီ႐ုံးကဖိအားေပးတါေၾကာင့္ရယ္၊စစ္တပ္နဲ႔ဆက္ႏြယ္တဲ့ထီလုပ္ငန္းရွင္အခ်ိဳ႕တေလကထီ႐ုံးကေနထုတ္ယူေရာင္းေပးတဲ့ေစ်းကြက္ျဖစ္လိုက္ေသးတယ္။အခုအကုန္ၿငိမ္ေနတယ္။အေရာင္းဝယ္မရွိဘူး”ဟု အမည္မေဖာ္လိုသူလုပ္သက္ရင့္ထီလုပ္ငန္းရွင္တစ္ဦးကေျပာသည္။

ထို႔အျပင္ ထီေပါက္မဲလက္မွတ္မ်ားအတြက္ဆုေငြထုတ္ယူရာတြင္ တစ္ပတ္လွ်င္က်ပ္သိန္း ၂၀ သာအမ်ားဆုံးထုတ္ယူႏိူင္သည့္ကန္႔သက္ခ်က္ေၾကာင့္ေဝဖန္မူမ်ားျမင့္တက္ေနသည္။

အဆိုပါကန္႔သက္ခ်က္ေၾကာင့္ က်ပ္သိန္းတစ္ေထာက္ဆုေပါက္သူသည္ တစ္ပတ္လွ်င္က်ပ္သိန္း၂၀ႏူန္းျဖင့္ဆုေငြအကုန္ရရွိရန္ ၂ႏွစ္ေက်ာ္အခ်ိန္ယူရမည့္သေဘာျဖစ္သည္။

“ခ်ဲထိုးတာကျဖင့္ေငြလက္ငင္းျပန္ရေသးတယ္”ဟု ထီဝါသနာရွင္တစ္ဦးကေျပာသည္။

ေအာင္ဘာေလထီလုပ္ငန္းမွာစစ္အာဏာသိမ္းမူျဖစ္ေပၚၿပီးေနာက္ျပည္သူမ်ား၏CDMျပဳလုပ္ဆန္႔က်င္မူႏွင့္လည္းရင္ဆိုင္ေနရသည္။

ထို႔ေၾကာင့္ ထီလက္မွတ္ေရာင္းအားမွာတရွိန္ထိုးက်ဆင္းခဲ့ၿပီးထီဖြင့္ပြဲကိုပုံမွန္အတိုင္းမျပဳလုပ္ႏိူင္ေတာ့သည္အထိအေျခအေနဆိုးခဲ့သည္။

ဧၿပီလတြင္ထီအုပ္ေရႏွစ္သိန္းေက်ာ္သာေရာင္းခ်ႏိုင္ခဲ့ၿပီး စစ္အာဏာမသိမ္းခင္ကာလကထက္အုပ္ေရ၃သန္းေက်ာ္ေလ်ာ့နည္းသြားသည္။

ေမာင္မင္း

ခရက္ဒစ္

unicode

စစ်ကောင်စီမှထီဆုအရေအတွက်လျှော့ချလိုက်ပြီး ထီပေါက်သူများဆုငွေလိုသလောက်ထုတ်ယူခွင့်မပေးတော့သည့်နောက်ထီဝါသနာရှင်များ၏ယုံကြည်မူအဆုံးထိကျဆင်းသွား၍ယင်းထီစနစ်မှာရပ်နားရတော့မည့်အခြေအနေရှိနေကြောင်းထီလုပ်ငန်းရှင်အချို့ကပြောသည်။
စစ်ကောင်စီလက်အောက်ခံအောင်ဘာလေသိန်းဆုဌာနသည်မေလ၁ရက်တွင်ပြုလုပ်သည့်ထီဖွင့်ပွဲ၌အမြင့်ဆုံးဆုအဖြစ်ကျပ်သိန်းတစ်သောင်းခွဲအစားကျပ်သိန်းငါးထောင်သာသတ်မှတ်ပေးခဲ့ပြီးအခြားဆုပေါင်းနှစ်သိန်းကျော်ကိုလည်းပယ်ဖျက်ခဲ့သည်။

ထို့ကြောင့်ထီဖွင့်လှစ်မူစနစ်အပေါ်ထီထိုးသူများအပြင်ထီရောင်းသည့်ကိုယ်စားလှယ်များပါယုံကြည်မူကျဆင်းလာ၍ထီဈေးကွက်ပျက်လုနီးပါးဖြစ်သွားသည်ဟု ထီလုပ်ငန်းရှင်များကဆိုသည်။

“ပြီးခဲ့တဲ့လကတောင်ထီရုံးကဖိအားပေးတါကြောင့်ရယ်၊စစ်တပ်နဲ့ဆက်နွယ်တဲ့ထီလုပ်ငန်းရှင်အချို့တလေကထီရုံးကနေထုတ်ယူရောင်းပေးတဲ့ဈေးကွက်ဖြစ်လိုက်သေးတယ်။အခုအကုန်ငြိမ်နေတယ်။အရောင်းဝယ်မရှိဘူး”ဟု အမည်မဖော်လိုသူလုပ်သက်ရင့်ထီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထို့အပြင် ထီပေါက်မဲလက်မှတ်များအတွက်ဆုငွေထုတ်ယူရာတွင် တစ်ပတ်လျှင်ကျပ်သိန်း ၂၀ သာအများဆုံးထုတ်ယူနိူင်သည့်ကန့်သက်ချက်ကြောင့်ဝေဖန်မူများမြင့်တက်နေသည်။

အဆိုပါကန့်သက်ချက်ကြောင့် ကျပ်သိန်းတစ်ထောက်ဆုပေါက်သူသည် တစ်ပတ်လျှင်ကျပ်သိန်း၂၀နူန်းဖြင့်ဆုငွေအကုန်ရရှိရန် ၂နှစ်ကျော်အချိန်ယူရမည့်သဘောဖြစ်သည်။

“ချဲထိုးတာကဖြင့်ငွေလက်ငင်းပြန်ရသေးတယ်”ဟု ထီဝါသနာရှင်တစ်ဦးကပြောသည်။

အောင်ဘာလေထီလုပ်ငန်းမှာစစ်အာဏာသိမ်းမူဖြစ်ပေါ်ပြီးနောက်ပြည်သူများ၏CDMပြုလုပ်ဆန့်ကျင်မူနှင့်လည်းရင်ဆိုင်နေရသည်။

ထို့ကြောင့် ထီလက်မှတ်ရောင်းအားမှာတရှိန်ထိုးကျဆင်းခဲ့ပြီးထီဖွင့်ပွဲကိုပုံမှန်အတိုင်းမပြုလုပ်နိူင်တော့သည်အထိအခြေအနေဆိုးခဲ့သည်။

ဧပြီလတွင်ထီအုပ်ရေနှစ်သိန်းကျော်သာရောင်းချနိုင်ခဲ့ပြီး စစ်အာဏာမသိမ်းခင်ကာလကထက်အုပ်ရေ၃သန်းကျော်လျော့နည်းသွားသည်။

မောင်မင်း

ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *