ဓမ္မ နဲ့ အဓမ္မ မှာ ဓမ္မသာ အနိုင်ရပြီး ပြည်သူတွေ အမြန်ငြိမ်းအေးစေ ဖို့ မေတ္တာပို့ ဆုတောင်း လာ တဲ့ မမဆောင်း

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့အပြင် စကားပြောပွင့်လင်းတာတွေကြောင့် အားလုံးက ချစ်ခင်နေကြသူကတော့ အဆိုတော်သရုပ်ဆောင် ဆောင်းအိနြေ္ဒထွန်းပဲ ဖြစ်ပါတယ်..။

မမဆောင်းလို့ အများကချစ်စနိုးခေါ်ကြတဲ့ ဆောင်းအိနြေ္ဒထွန်းကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်ကုသိုလ်ယူနေတာလည်း တွေ့ရပါတယ်..။

မမဆောင်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့ အတူ ရပ်တည်နေကာ ဓမ္မနဲ့ အဓမ္မမှာ ဓမ္မသာအနိုင်ရပြီး ပြည်သူတွေအမြန်ငြိမ်းအေးစေဖို့ မေတ္တာပို့ဆုတောင်းပေးထားတာလည်း တွေ့ရပါတယ်..။

ဒီကနေ့ ဥပုလ်နေ့မှာ ကိုယ်တိုင်ကိုယ်ကျဆွမ်းချက်ပြီး အိမ်ဘုရားမှာ ဆွမ်းကပ်ကုသိုလ်ယူကာ ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် မေတ္တာပို့ ဆုတောင်းပေးထားတာလည်း ဖြစ်ပါတယ်..။

“ဒီနေ့ ဥပုလ်နေ့ မမဆောင်းလက်ရာ ကုသိုလ်

သက်ရှိထင်ရှားမြတ်စွာဘုရားအား အနံ့အရသာ နဲ့ ပြည့်စုံသော မမဆောင်း လက်ရာ ဆွမ်း, ဟင်း , ကျောက်ကျော , မော်လမြိုင် ကတွတ်ယို တို့ကို ကပ်လှုပါ၏

နေ့စဉ် နီးပါး ပဌာန်းအရှည် ရွတ်ဖတ်ပူဇော်🙏

ချစ်တဲ့သူ အားလုံး ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့

သာဓု သာဓု သာဓု 🙏🙏🙏 ဓမ္မနဲ့ အဓမ္မ မှာ ဓမ္မ က အနိုင်ရပါစေ

ကျဆုံးသွားတဲ့ သူတော်ကောင်းများအားလည်း အမျှပေးဝေပါတယ်ရှင့် မြန်မာပြည်ကြီး အမြန်အေးချမ်းပါစေ🙏

ယခုပြုရသော ကုသိုလ်ကောင်းမှုကြောင့်🙏 နောင်ဘဝရှိခဲ့သော မင်းသမီးလည်း မဖြစ်ချင်တော့ပါဘူး ဘုရား🙏

သူဌေးသမီးလည်း မဖြစ်ချင်တော့ပါဘူး ဘုရား🙏 ခံစားမှုရှိသော သတ္တဝါလည်း မဖြစ်ချင်တော့ပါဘူး ဘုရား🙏

နိဗ္ဗာန် သို့သာ ရောက်ရပါလို့၏ဘုရား 🙏🏻🙏🏻🙏🏻🙏🏻🙏🏻..” ဆိုပြီး ဆုတောင်းမေတ္တာတွေ ပို့သထားတာပါ..။

ကောင်းမှုကုသိုလ်တွေပြုလုပ်ကုသိုလ်ယူရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် အမျှဝေမေတ္တာပို့ထားတဲ့ မမဆောင်းရဲ့ ပုံရိပ်တွေကိုလည်း အားလုံးက သာဓုခေါ်ထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Saung Eindaray Tun’s Fb Acc

PROMOTED CONTENT
Mgid
Mgid

Add a Comment

Your email address will not be published. Required fields are marked *