သူမေတြ႕လိုက္ရတဲ့ စိတ္မေကာင္းစရာအျဖစ္အပ်က္ကိုေျပာျပလာ တဲ့ ခိုင္ႏွင္းေဝ

သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝကေတာ့ အားလုံးက ခ်စ္စႏိုးနဲ႔ ပရဟိတမင္းသမီးႀကီးလို႔ တင္စားေခၚေဝၚရေလာက္ေအာင္ အလႉအတန္းေတြကို အားႀကိဳးမာန္တတ္ လုပ္ေဆာင္ေနသူတစ္ေယာက္ပါ။ ” ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာ” ကိုလည္း ဦးစီးတည္ေထာင္ထားကာ မိဘမဲ့ကေလးေတြကို မိခင္ရင္းစဖြယ္ အစစအရာရာ ေကြၽးေမြးျပဳစုေစာင့္ေရွာက္ေပးေန တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ လိုအပ္ေနတဲ့ ျပည္သူေတြအတြက္လည္း တတ္ႏိုင္သေလာက္ အၿမဲေဖးမကူညီတတ္တဲ့ သူမကေတာ့ အခုလိုအခ်ိန္မွာလည္း အားလုံးနဲ႔အတူ ရပ္တည္လ်က္ရွိပါတယ္။ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ သူကိုယ္တိုင္အျပင္ အလႉရွင္ေတြနဲ႔ပါ စုေပါင္းၿပီး လႉဒါန္းမႈေတြကို ျပဳလုပ္ေပးေန တာလည္းျဖစ္ပါတယ္။

ဒီေန႔မွာလည္း (၁၆) ရက္ေန႔ အလႉအတြက္ သက္ႀကီး႐ြယ္အို ႏွင့္ အိမ္ေျခ (၁၅၀) စာကို စာရင္းသြားေကာက္ရင္း သူႀကဳံေတြ႕ခဲ့ရတာေလးကို ခုလိုေျပာျပလာတာျဖစ္ပါတယ္။ ဘဝအစုံကိုေတြ႕ျမင္ခဲ့ရၿပီး အမွန္တကယ္ခက္ခဲေနသူေတြကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္ရေၾကာင္းနဲ႔ သူမလာေရာက္ လႉဒါန္းမယ္ဆို တာသိရေတာ့ ေပ်ာ္႐ႊင္သြားၾကၿပီး ဆုေတာင္းေပးၾကေၾကာင္းေတြကိုလည္း ေရးသားေဝမွ်ထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Credit– Cele Zone
Photo – Khine Hnin Wai

unicode

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အားလုံးက ချစ်စနိုးနဲ့ ပရဟိတမင်းသမီးကြီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် အလှူအတန်းတွေကို အားကြိုးမာန်တတ် လုပ်ဆောင်နေသူတစ်ယောက်ပါ။ ” ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ကိုလည်း ဦးစီးတည်ထောင်ထားကာ မိဘမဲ့ကလေးတွေကို မိခင်ရင်းစဖွယ် အစစအရာရာ ကျွေးမွေးပြုစုစောင့်ရှောက်ပေးနေ တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် အမြဲဖေးမကူညီတတ်တဲ့ သူမကတော့ အခုလိုအချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်လျက်ရှိပါတယ်။ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် သူကိုယ်တိုင်အပြင် အလှူရှင်တွေနဲ့ပါ စုပေါင်းပြီး လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေ တာလည်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း (၁၆) ရက်နေ့ အလှူအတွက် သက်ကြီးရွယ်အို နှင့် အိမ်ခြေ (၁၅၀) စာကို စာရင်းသွားကောက်ရင်း သူကြုံတွေ့ခဲ့ရတာလေးကို ခုလိုပြောပြလာတာဖြစ်ပါတယ်။ ဘဝအစုံကိုတွေ့မြင်ခဲ့ရပြီး အမှန်တကယ်ခက်ခဲနေသူတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရကြောင်းနဲ့ သူမလာရောက် လှူဒါန်းမယ်ဆို တာသိရတော့ ပျော်ရွှင်သွားကြပြီး ဆုတောင်းပေးကြကြောင်းတွေကိုလည်း ရေးသားဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Khine Hnin Wai

Add a Comment

Your email address will not be published. Required fields are marked *