မာယာ မ်ားလြန္း တဲ့ ကိုဗစ္ နဲ႔ (၄) ရက္ေလာက္ ပိုးမေ တြ႕တာ နဲ႔ ေပါ့ေလ်ာ့ လာၾက တဲ့ သူေတြ

အေလ့အက်င့္ေကာင္းေတြ ဘယ္ေလာက္ တင္က်န္ မလဲ

ပိုးမေတြ႕တာ ၾကာတဲ့ အခါ ကိုယ့္ ရဲ႕ ေနထိုင္မႈဟာ ေလ်ာ့ရဲလာတယ္။ လက္ေဆးတာ အႀကိမ္ေရ နည္းသြားတယ္။ တခါေဆးရင္ စကၠန႔္ ၂၀ ကြက္တိ က်မက် မမွန္းေတာ့ဘူး၊ ဖဝါးဖမိုးလက္ေခါက္ခ်ိဳး ကဗ်ာနဲ႔ တိုက္မစစ္ေတာ့ဘူး။

အလုပ္မွာ ထမင္းစားၿပီး mask ကို ခ်က္ခ်င္းျပန္ မတပ္ပဲ ေလ ရဲ႕ အရသာကို ၾကာၾကာခံမိလာတယ္။ မ်က္ႏွာေပၚက mask ကို ျပင္ကာနီး၊ ယားလို႔ ကုတ္ကာနီး လက္ေဆးၿပီးမွာ ထိတာ၊ ကုတ္ၿပီးရင္ လက္ေဆးတာ မလုပ္ပဲ (ငါဘာမွ ထိမထားပဲေလ) လို႔ ဆင္ေျခေတြ ပါလာတယ္

ဒါ ကိုယ့္တဦးထဲ ေပါ့ေလ်ာ့လာ မႈေတြပါ။ ဒီလိုပဲ လူထု ဟာလည္း ေပါ့ေလ်ာ့လာပါၿပီ။ တန္းစီရင္ ေနရာၾကားျဖတ္ဝင္ခ်င္တာ၊ ေနာက္နားမွာ ဇြတ္ကပ္လာတာ၊ mask မပါပဲ လူၾကားမွာ တိုးတာေတြ လုပ္လာၿပီ။

တကယ္ေတာ့ တခ်ိဳ႕ အေလ့ အထေတြသည္ ပိုးရွိရွိ မရွိရွိ သယ္ေဆာင္သြားရမွာေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ အေၾကာက္တရားေၾကာင့္သာ ျဖစ္လာတဲ့ အေလ့အထသည္ အျပဳအမူ ေျပာင္းလဲျခင္း Behavior Change အထိ ေတာင့္မခံႏိုင္ပဲ ေလနဲ႔အတူ ျပန္လြင့္ေမ်ာခဲ့ၿပီ။ လက္ေဆးတာ ဘယ္ေတာ့ မဆို ရွိရမယ့္ အက်င့္။ ခပ္ခြာခြာေနတာ အၿမဲ ရွိရမယ့္ အက်င့္။

ပိုးေတြ႕မႈ ေလ်ာ့က်လာျခင္းနဲ႔ အတူ သံပတ္ တင္းထားတာေတြ လည္း ေျဖးေျဖးခ်င္း ေလ်ာ့က်လာေနတယ္။ ဒါေပမယ့္လည္း ကိုဗစ္ရဲ႕ မာယာဟာ ဘာဆိုဘာမွ မေျပာႏိုင္ေသးတဲ့အခ်ိန္ပါ။ သူ႔မွာ ေၾကာက္ဖို႔ အေကာင္းဆုံးက (အျမင္မွာ) အေကာင္းပကတိရွိေနတဲ့ ပိုးရွိသူ တျခားသူကို ကူးစက္ေစ တာပါပဲ။

ဒီလို ပိုးရွိသူက ဖ်ားခ်င္မွေတာင္ ဖ်ားလိုက္မွာ မဟုတ္ပဲ ၿပီးသြားေပမယ့္ သူကူးလိုက္တဲ့သူက အျပင္းအထန္ ဖ်ားသြားတာလည္း ျဖစ္ႏိုင္တယ္။ ဒီေတာ့ ေလးငါးရက္ ကူးစက္မႈ မရွိဘူးဆိုတာ ကူးစက္မႈ မေတြ႕ျခင္းပဲ ျဖစ္ပါတယ္။ ကူးေနႏိုင္တယ္ ဆိုတာ သိရပါတယ္။

ၿငိမ္ေလာက္ၿပီ ထင္ကာမွ အလုံးအရင္းနဲ႔ ေပါက္ကြဲမႈဟာ ျဖစ္ႏိုင္ေသးတယ္ ဆိုတာ အၿမဲ ေတြးထားရပါမယ္။ ဘယ္သူေပါ့ေပါ့ ကိုယ္မေပါ့သင့္ဘူးဆိုတာ ကိုယ့္ဘာသာ ျပန္လည္ ႏွလုံးသြင္းေနရတယ္။

သကၠမုိးညဳိ

unicode

အလေ့အကျင့်ကောင်းတွေ ဘယ်လောက် တင်ကျန် မလဲ

ပိုးမတွေ့တာ ကြာတဲ့ အခါ ကိုယ့် ရဲ့ နေထိုင်မှုဟာ လျော့ရဲလာတယ်။ လက်ဆေးတာ အကြိမ်ရေ နည်းသွားတယ်။ တခါဆေးရင် စက္ကန့် ၂၀ ကွက်တိ ကျမကျ မမှန်းတော့ဘူး၊ ဖဝါးဖမိုးလက်ခေါက်ချိုး ကဗျာနဲ့ တိုက်မစစ်တော့ဘူး။

အလုပ်မှာ ထမင်းစားပြီး mask ကို ချက်ချင်းပြန် မတပ်ပဲ လေ ရဲ့ အရသာကို ကြာကြာခံမိလာတယ်။ မျက်နှာပေါ်က mask ကို ပြင်ကာနီး၊ ယားလို့ ကုတ်ကာနီး လက်ဆေးပြီးမှာ ထိတာ၊ ကုတ်ပြီးရင် လက်ဆေးတာ မလုပ်ပဲ (ငါဘာမှ ထိမထားပဲလေ) လို့ ဆင်ခြေတွေ ပါလာတယ်

ဒါ ကိုယ့်တဦးထဲ ပေါ့လျော့လာ မှုတွေပါ။ ဒီလိုပဲ လူထု ဟာလည်း ပေါ့လျော့လာပါပြီ။ တန်းစီရင် နေရာကြားဖြတ်ဝင်ချင်တာ၊ နောက်နားမှာ ဇွတ်ကပ်လာတာ၊ mask မပါပဲ လူကြားမှာ တိုးတာတွေ လုပ်လာပြီ။

တကယ်တော့ တချို့ အလေ့ အထတွေသည် ပိုးရှိရှိ မရှိရှိ သယ်ဆောင်သွားရမှာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောက်တရားကြောင့်သာ ဖြစ်လာတဲ့ အလေ့အထသည် အပြုအမူ ပြောင်းလဲခြင်း Behavior Change အထိ တောင့်မခံနိုင်ပဲ လေနဲ့အတူ ပြန်လွင့်မျောခဲ့ပြီ။ လက်ဆေးတာ ဘယ်တော့ မဆို ရှိရမယ့် အကျင့်။ ခပ်ခွာခွာနေတာ အမြဲ ရှိရမယ့် အကျင့်။

ပိုးတွေ့မှု လျော့ကျလာခြင်းနဲ့ အတူ သံပတ် တင်းထားတာတွေ လည်း ဖြေးဖြေးချင်း လျော့ကျလာနေတယ်။ ဒါပေမယ့်လည်း ကိုဗစ်ရဲ့ မာယာဟာ ဘာဆိုဘာမှ မပြောနိုင်သေးတဲ့အချိန်ပါ။ သူ့မှာ ကြောက်ဖို့ အကောင်းဆုံးက (အမြင်မှာ) အကောင်းပကတိရှိနေတဲ့ ပိုးရှိသူ တခြားသူကို ကူးစက်စေ တာပါပဲ။

ဒီလို ပိုးရှိသူက ဖျားချင်မှတောင် ဖျားလိုက်မှာ မဟုတ်ပဲ ပြီးသွားပေမယ့် သူကူးလိုက်တဲ့သူက အပြင်းအထန် ဖျားသွားတာလည်း ဖြစ်နိုင်တယ်။ ဒီတော့ လေးငါးရက် ကူးစက်မှု မရှိဘူးဆိုတာ ကူးစက်မှု မတွေ့ခြင်းပဲ ဖြစ်ပါတယ်။ ကူးနေနိုင်တယ် ဆိုတာ သိရပါတယ်။

ငြိမ်လောက်ပြီ ထင်ကာမှ အလုံးအရင်းနဲ့ ပေါက်ကွဲမှုဟာ ဖြစ်နိုင်သေးတယ် ဆိုတာ အမြဲ တွေးထားရပါမယ်။ ဘယ်သူပေါ့ပေါ့ ကိုယ်မပေါ့သင့်ဘူးဆိုတာ ကိုယ့်ဘာသာ ပြန်လည် နှလုံးသွင်းနေရတယ်။

သက္ကမိုးညို

Add a Comment

Your email address will not be published. Required fields are marked *