ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စကားေလးတစ္ခုေၾကာင့္ ကိုရီးယားႏိူင္ငံက စိတ္မေကာင္းစြာ သတင္းေဖာ္ျပခဲ့၊

ရက္ေပါင္း ၁၂၀ ေက်ာ္ၾကာ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ေနထိုင္ခဲ့ရၿပီျဖစ္တဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာအခက္အခဲတခ်ိဳ႕ကို ဖြင့္ဟရင္း အာဏာရွင္နဲ႔ ပတ္သက္တဲ့ သူမရဲ႕ ျပတ္သားတဲ့သေဘာထား ရပ္တည္ခ်က္ကို ျပသခဲ့ပါတယ္။

စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ေဖေဖာ္ဝါရီ ၁ ရက္က စလို႔ သူမရဲ႕ ေနအိမ္ကေန ေ႐ႊ႕ေျပာင္းခံရၿပီး ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ထိန္းသိမ္းခံထားရတဲ့ သူမအေနနဲ႔ ရက္ၾကာလာတာနဲ႔အမွ် ေငြလက္က်န္ နည္းပါးလာတဲ့အေနအထားနဲ႔ ပတ္သက္လို႔ ဇြန္လ ၇ ရက္ေန႔ ႐ုံးထုတ္မွာ ေရွ႕ေနေတြထံ အကူအညီ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

သူမနဲ႔အတူ ေနအိမ္ အက်ယ္ခ်ဳပ္မွာ ေနထိုင္တဲ့ လူ ၈ ဦးအတြက္ ရိကၡာ အေရးေပၚေငြေၾကးနဲ႔ လိုအပ္တဲ့ ေဆးဝါးေတြကို ကူညီေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ေပမယ့္ အာဏာသိမ္း စစ္တပ္ရဲ႕ ကူညီေထာက္ပံ့မႈကိုေတာ့ လက္မခံေၾကာင္း ေျပာဆိုခဲ့ပါ တယ္။

ေဒၚေအာင္ဆန္းစုၾကည္ အတြက္ေတာ့ ယခုလို ေနအိမ္အက်ယ္ခ်ဳပ္ ဘဝနဲ႔ ေနထိုင္ၿပီးအခက္အခဲေတြ ရင္ဆိုင္ႀကဳံေတြ႕ရတာက အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။ယခင္ စစ္အစိုးရလက္ထက္ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ၁၅ ႏွစ္ခန႔္ထိန္းသိမ္းခံထားရစဥ္မွာလည္း အာဏာရွင္ေတြရဲ႕ ေထာက္ပံ့ ေပးအပ္တာေတြကို ရယူခဲ့တာ မရွိဘဲ ကိုယ္တိုင္ ခက္ခက္ခဲခဲ ရပ္တည္ခဲ့တာ ျဖစ္တယ္လို႔ သူမနဲ႔ အနီးကပ္ရွိခဲ့သူခ်ိဳ႕က ထုတ္ ေဖာ္ေျပာဆိုခဲ့ၾကပါတယ္။

ရန္ကုန္မွာ ေနအိမ္အက်ယ္ခ်ဳပ္ ထိန္းသိမ္းခံရစဥ္အတြင္း ပါတီဝင္ေတြနဲ႔ နီးစပ္သူေတြက ေပးပို႔တာေတြ၊ သူမရဲ႕စာမူခ ရတဲ့ ေငြေၾကးအခ်ိဳ႕နဲ႔ ရပ္တည္ခဲ့တာျဖစ္သလို ေနအိမ္မွာရွိတဲ့ ပရိေဘာဂအခ်ိဳ႕ကို ေရာင္းခ်ၿပီး ေျဖရွင္းခဲ့ရတာေတြ ရွိတယ္လို႔လည္း ဆိုၾကပါတယ္။

“သူ႔ရဲ႕ ရပ္တည္ခ်က္က စစ္တပ္နဲ႔ ပတ္သက္ရင္ ျပတ္ျပတ္သားသား ရွိေနဆဲပဲလို႔လည္း ေပၚလြင္ပါတယ္။ယိမ္းယိုင္သြားျခင္း မရွိဘူး၊ယခင္က ရပ္တည္ခ်က္ အတိုင္းပဲ ရွိေနဆဲပဲ” လို႔လည္း သူမနဲ႔ ပတ္သက္ၿပီး ဥပေဒေရးရာ ကြၽမ္းက်င္သူ ဦးခင္ေမာင္ျမင့္က မွတ္ခ်က္ျပဳပါတယ္။

ေတာင္ကိုရီးယားသတင္းဌာနမွာ အေမစုက “ေငြေၾကးလည္း ျပတ္ေနၿပီ၊ေဆးဝါးေတြလည္းလိုအပ္ေနတယ္”ဆိုၿပီး သူမရဲ႕ေရွ႕ေနကို အကူအညီေတာင္းခဲ့တဲ့စကားေလးကို ေဖာ္ျပေရးသားခဲ့တာျဖစ္ပါတယ္။လက္ရွိျဖစ္ေပၚေနတဲ့ျမန္မာ့အေရးကိစၥကို ႏိုင္ငံတကာက ေစာင့္ၾကည့္ေနၾကတာျဖစ္ၿပီး ေတာင္ကိုရီးယားကေတာ့တတ္ႏိုင္တဲ့ေနရာကေန ပါဝင္ေပးေနတာျဖစ္ပါတယ္။

unicode

ရက်ပေါင်း ၁၂၀ ကျော်ကြာ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရပြီဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာအခက်အခဲတချို့ကို ဖွင့်ဟရင်း အာဏာရှင်နဲ့ ပတ်သက်တဲ့ သူမရဲ့ ပြတ်သားတဲ့သဘောထား ရပ်တည်ချက်ကို ပြသခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်က စလို့ သူမရဲ့ နေအိမ်ကနေ ရွှေ့ပြောင်းခံရပြီး နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ သူမအနေနဲ့ ရက်ကြာလာတာနဲ့အမျှ ငွေလက်ကျန် နည်းပါးလာတဲ့အနေအထားနဲ့ ပတ်သက်လို့ ဇွန်လ ၇ ရက်နေ့ ရုံးထုတ်မှာ ရှေ့နေတွေထံ အကူအညီ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သူမနဲ့အတူ နေအိမ် အကျယ်ချုပ်မှာ နေထိုင်တဲ့ လူ ၈ ဦးအတွက် ရိက္ခာ အရေးပေါ်ငွေကြေးနဲ့ လိုအပ်တဲ့ ဆေးဝါးတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပေမယ့် အာဏာသိမ်း စစ်တပ်ရဲ့ ကူညီထောက်ပံ့မှုကိုတော့ လက်မခံကြောင်း ပြောဆိုခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ ယခုလို နေအိမ်အကျယ်ချုပ် ဘဝနဲ့ နေထိုင်ပြီးအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ယခင် စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်ခန့်ထိန်းသိမ်းခံထားရစဉ်မှာလည်း အာဏာရှင်တွေရဲ့ ထောက်ပံ့ ပေးအပ်တာတွေကို ရယူခဲ့တာ မရှိဘဲ ကိုယ်တိုင် ခက်ခက်ခဲခဲ ရပ်တည်ခဲ့တာ ဖြစ်တယ်လို့ သူမနဲ့ အနီးကပ်ရှိခဲ့သူချို့က ထုတ် ဖော်ပြောဆိုခဲ့ကြပါတယ်။

ရန်ကုန်မှာ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရစဉ်အတွင်း ပါတီဝင်တွေနဲ့ နီးစပ်သူတွေက ပေးပို့တာတွေ၊ သူမရဲ့စာမူခ ရတဲ့ ငွေကြေးအချို့နဲ့ ရပ်တည်ခဲ့တာဖြစ်သလို နေအိမ်မှာရှိတဲ့ ပရိဘောဂအချို့ကို ရောင်းချပြီး ဖြေရှင်းခဲ့ရတာတွေ ရှိတယ်လို့လည်း ဆိုကြပါတယ်။

“သူ့ရဲ့ ရပ်တည်ချက်က စစ်တပ်နဲ့ ပတ်သက်ရင် ပြတ်ပြတ်သားသား ရှိနေဆဲပဲလို့လည်း ပေါ်လွင်ပါတယ်။ယိမ်းယိုင်သွားခြင်း မရှိဘူး၊ယခင်က ရပ်တည်ချက် အတိုင်းပဲ ရှိနေဆဲပဲ” လို့လည်း သူမနဲ့ ပတ်သက်ပြီး ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးခင်မောင်မြင့်က မှတ်ချက်ပြုပါတယ်။

တောင်ကိုရီးယားသတင်းဌာနမှာ အမေစုက “ငွေကြေးလည်း ပြတ်နေပြီ၊ဆေးဝါးတွေလည်းလိုအပ်နေတယ်”ဆိုပြီး သူမရဲ့ရှေ့နေကို အကူအညီတောင်းခဲ့တဲ့စကားလေးကို ဖော်ပြရေးသားခဲ့တာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိစ္စကို နိုင်ငံတကာက စောင့်ကြည့်နေကြတာဖြစ်ပြီး တောင်ကိုရီးယားကတော့တတ်နိုင်တဲ့နေရာကနေ ပါဝင်ပေးနေတာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *