ပြည်သူ့ဘက်တော် သား Hacker အဖွဲ့ကတော့ ထွက်ပြေးနေ ရ တဲ့ သူတွေရဲ့တည်နေရာတွေ ကို သတင်းမပေးဖို့ သတိပေးပီ

ပရိသတ်ကြီးရေ မင်းသမီး နန်းခင်ဇေယျာကတော့ အနုပညာရှင်တွေ ပုန်းနေတဲ့ နေရာတွေကို လိုက်ပြီးသတင်းပေးနေတဲ့ ဒလန်လို့ သတင်းထွက်နေသူပါနော်။ ဒီသတင်းကိုတော့ နန်းခင်ဇေယျာက မဟုတ်ဘူးလို့ ငြင်းနေပေမယ့် ပရိသတ်တွေကတော့ ဒလန်အစစ်လို့သာ သတ်မှတ်ထားကြတာပါနော်။

နိုင်ငံတကာ Hacker အဖွဲ့ဖြစ်တဲ့ Anonymous နဲ့ Generation Z လူငယ်တို့ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်သူ့ဘက်တော်သား အဖွဲ့ကတော့ နန်းခင်ဇေယျာကို လက်ရှိလုပ်နေတဲ့ လုပ်ရက်တွေကို အချိန်မှီ ရပ်တန့်ဖို့ သတိပေးလိုက်ပါပြီနော်။ ” ကျွန်တော်တို့ Anonymous Hacker Team နဲ့ GZ Hacker Team တို့မှ 7.4.2021 ရက်နေ့တွင် ပြည်သူများသို့ မေတ္တာရပ်ခံ အသိပေးခဲ့ပါသည်။

မလိုက်နာဘဲ မျက်ကွယ်ပြုသော Facebook Account ၄၀၀ ကျော်ကို hacked ယူခဲ့ပြီး ဖြစ်ပါသည်။ ထို ၄၀၀ ကျော်ရဲ့ ကိုယ်ရေးအချက်အလက်များကို ဖွင့်ချပြသရန် မလိုအပ်သေးဟု မှတ်ယူ၍ ယခုနောက်ဆုံးအကြိမ် အသိပေးအပ်ပါသည်။

ထို့ကြောင့် Facebook Profilr Lock ချထားသော အကောင့်များနှင့်အပျော်အပျက်များကို (10.4.2021) မနက် ၁၀ နာရီထက် နောက်မကျစေဘဲ ဖြုတ်ပေးပါရန် အသိပေးအပ်ပါသည်။ထိုကဲ့သို့ မလိုက်နာသော Facebook Account များကို Hacked ယူခြင်းများ ပြုလုပ်သွားပါမည်။ အနုပညာရှင် နန်းခင်ဇေယျာအနေဖြင့် လက်ရှိအပြုအမူများကို ရပ်တန့်ပေးပါရန် အသိပေးအပ်ပါသည်။ ” ဆိုပြီး သတိပေးထား ထုတ်ပြန်ထားပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *