အေမရိကန္ ေခၽြးမ နဲ႔ ဗမာေခၽြးမ ဘာ ကြာ လဲ ဖတ္ၾကည့္ ဗ်ာ

အေမရိကားမွာ ေက်ာင္းသြားတက္ခဲ့တဲ့သား ေက်ာင္းၿပီးေတာ့ ကၽြန္မအတြက္ စူစန္လို႔ေခၚတဲ့ အဂၤလိပ္ေခၽြးမတစ္ေယာက္ ရွာေပးခဲ့တယ္။

ဒီကေန႔မွာ ေျမးေလးေထာ္ဘီေတာင္ (၃)ႏွစ္ရွိခဲ့ပါၿပီ။ ဒီႏွစ္ေႏြရာသီမွာ သားက ကၽြန္မကို အေမရိကားအလည္လာဖို႔ ေခၚခဲ့တယ္။

အေမရိကားမွာေနခဲ့တဲ့ (၃)လအတြင္း ေခၽြးမစူစန္ရဲ့ သားသမီးကို ဆုံးမသြန္သင္နည္းေတြက ကၽြန္မကို အေတြးအျမင္ ပိုက်ယ္ေစခဲ့ပါတယ္။

(၁) မစားရင္ အဆာခံပါ

မနက္တိုင္း ေထာ္ဘီအိပ္ရာထလာတာနဲ႔ စူစန္က မနက္စာကို စားပြဲေပၚတင္ေပးခဲ့ၿပီး သူ႔အလုပ္ကို သူဆက္လုပ္ေနခဲ့တယ္။

ေထာ္ဘီဟာ ကိုယ္တိုင္ ကုလားထိုင္ေပၚတက္၊ ကိုယ္တိုင္ႏြားနို႔ေသာက္၊ ကိုယ္တိုင္ေပါင္မုန္႔ေတြ စားေနခဲ့တယ္။

စားၿပီးတဲ့ေနာက္ ကိုယ့္အခန္းထဲဝင္ၿပီး အဝတ္ဘီရိုထဲကေန အဝတ္အစား၊ ဖိနပ္ေတြကို ကိုယ္တိုင္ဝတ္ဆင္ခဲ့တယ္။

(၃)ႏွစ္ပဲရွိတဲ့ ေထာ္ဘီေလးဟာ ေျခအိတ္ရဲ့အေရွ႕အေနာက္၊ ဘယ္ဖိနပ္၊ ညာဖိနပ္ကို ခြဲတတ္ေသးသူ မဟုတ္ပါဘူး။ တစ္ခါက ေထာ္ဘီဟာ ေဘာင္းဘီကို ေရွ႕နဲ႔ေနာက္ ေျပာင္းျပန္ဝတ္ထားခဲ့တယ္။

ဒါကို ကၽြန္မက လဲေပးဖို႔ျပင္ေတာ့ စူစန္က ကၽြန္မကိုတားတယ္။ တကယ္လို႔ ဝတ္ရတာ သက္ေတာင့္သက္သာ

မရွိဘူးဆိုရင္ သူ႔ဘာသာသူ ခၽြတ္ၿပီးျပန္လဲလိုက္မယ္လို႔ ဆိုပါတယ္။ တကယ္လို႔ သူေနရ သက္ေတာင့္သက္သာရွိတယ္ဆိုရင္ဒီအတိုင္းထားလိုက္ပါလို႔ စူစန္ကေျပာပါတယ္။

အဲဒီေန႔က ေထာ္ဘီတစ္ေယာက္ ေဘာင္းဘီေရွ႕ေနာက္ ေျပာင္းျပန္ဝတ္ၿပီး ေျပးလႊားေဆာ့ကစားေနခဲ့တယ္။ ဒါကိုစူစန္က ဘာမွမျမင္ခဲ့သလို ဘာသိဘာသာ ေနခဲ့ပါတယ္။

တစ္ခါက ေထာ္ဘီတစ္ေယာက္ ေဘးအိမ္က ကေလးေတြနဲ႔ေဆာ့ကစားေနခဲ့တယ္။ တေအာင့္ၾကာေတာ့ ေမာေမာပန္းပန္းနဲ႔ အိမ္ကို အေျပးျပန္လာၿပီး “ေမေမ…ေမေမ.. လူစီကေျပာတယ္။

သားေဘာင္းဘီ ေရွ႕ေနာက္ေျပာင္းျပန္ျဖစ္ေနတယ္တဲ့။ တကယ္လားဟင္!” လူစီဆိုတာ ေဘးအိမ္က အသက္(၅)ႏွစ္အရြယ္ ေကာင္မေလးပါ။

သားအေမးကို စူစန္ကရယ္ၿပီး “ဟုတ္တာေပါ့သား… သားျပန္လဲမယ္မဟုတ္လား!” လို႔ေျပာေတာ့ ေထာ္ဘီေခါင္းညိတ္ျပတယ္။ ၿပီးေတာ့ ေဘာင္းဘီခၽြတ္ၿပီး ေသခ်ာၾကည့္တယ္။

ျပန္ဝတ္တယ္။ အဲဒီေနာက္ပိုင္း ေထာ္ဘီ ဘယ္ေတာ့မွ ေဘာင္းဘီကိုေျပာင္းျပန္ မဝတ္ခဲ့မိေတာ့ဘူး။

ဒီအျဖစ္ကိုၾကည့္ၿပီး ေျမးမေလးကို ကၽြန္မသတိရလိုက္မိတယ္။ ေျမးမေလးဟာ အသက္(၅)ႏွစ္(၆)ႏွစ္ထိ ဇြန္းမကိုင္တတ္ခဲ့ေသးဘူး။

ဖိနပ္ႀကိဳး မခ်ည္တတ္ခဲ့ဘူး။ ဒီကေန႔မွာ အလယ္တန္းတက္ေနတဲ့အထိ ေက်ာင္းေဆာင္ကေန အိမ္ကိုျပန္လာတိုင္း ေလၽွာ္စရာအဝတ္ေတြ သယ္ျပန္လာတတ္ေသးတယ္။

တစ္ေန႔ ေန႔လယ္မွာ ေထာ္ဘီတစ္ေယာက္ စိတ္ေကာက္ၿပီး ထမင္းမစားေတာ့ဘူး။ စူစူန္တစ္ခြန္းႏွစ္ခြန္းေျပာလိုက္တာကို စိတ္တိုၿပီး ထမင္းပန္းကန္ကို ေမွာက္ပစ္လိုက္တယ္။

ပန္းကန္ထဲကအစာေတြ ၾကမ္းျပင္ေပၚ ျပန္႔က်ဲသြားခဲ့တယ္။စူစန္က ေထာ္ဘီကိုၾကည့္ၿပီး ေသခ်ာေျပာတယ္။

“ၾကည့္ရတာ သား တကယ္ထမင္းစားခ်င္ပုံမရဘူး။ မွတ္ထား… အခုခ်ိန္ကစၿပီး မနက္ျဖန္မနက္အထိ သားဘာမွ မစားရဘူး။ သိလား” ေထာ္ဘီေခါင္းညိတ္ၿပီး ခိုင္ခိုင္မာမာနဲ႔ ျပန္ေျဖတယ္။

“ဟုတ္ကဲ့…” သားအမိႏွစ္ေယာက္ရဲ့အျဖစ္ကို ၾကည့္ၿပီး ကၽြန္မစိတ္ထဲရယ္ေနမိတယ္။ညေနေရာက္ေတာ့ ညေနစာအတြက္ စူစန္နဲ႔ကၽြန္မ တိုင္ပင္ေနခဲ့တယ္။

ညေနစာကို တ႐ုတ္အစားအစာျပင္ဆင္ဖို႔ စူစန္ကေျပာတယ္။ ေထာ္ဘီတ႐ုတ္အစားအစာ သိပ္ႀကိဳက္မွန္း ကၽြန္မခ်က္ခ်င္း သတိရလိုက္တယ္။

ၾကည့္ရတာ ေန႔လယ္စာေသခ်ာမစားခဲ့တဲ့ ေထာ္ဘီကို ညေနမွာ စူစန္ပိုစားေစခ်င္ခဲ့ပုံ ရတယ္။အဲဒီေန႔ ညေနစာကို ေထာ္ဘီအႀကိဳက္ ကၽြန္မခ်က္ျပဳတ္ခဲ့တယ္။

အီတလီေခါက္ဆြဲနဲ႔ တ႐ုတ္စတိုင္လ္ ခ်က္ခဲ့တယ္။ ဒါဟာ ေထာ္ဘီအႀကိဳက္ဆုံးပါ။ ကေလးဆိုေပမယ့္ ပန္းကန္ျပားတစ္ခ်ပ္အျပည့္ သူစားနိုင္ပါတယ္။

ညေနစာ စစားေတာ့ ေထာ္ဘီတစ္ေယာက္ အားရဝမ္းသာ ကုလားထိုင္ေပၚ တက္ထိုင္တယ္။ ဒါကို စူစန္က သူ႔ရဲ့ပန္းကန္နဲ႔ ခက္ရင္းေတြကိုသိမ္းၿပီး

“ဒီေန႔ သားထမင္းမစားဘူးလို႔ ေမေမတို႔ ေျပာထားၾကတယ္မဟုတ္လား? သားလည္း ဝန္ခံဂတိျပဳထားတယ္ေလ” လို႔ေျပာတယ္။

ေလးေလးနက္နက္ေျပာေနတဲ့ ေမေမ့မ်က္ႏွာေၾကာင့္ ေထာ္ဘီ ဝါးခနဲထငိုတယ္။ ငိုေနရင္းက “ေမေမ… သားဆာလို႔ပါ.. သားဗိုက္ဆာလို႔ပါ” လို႔ေျပာတယ္။”

ဝန္ခံခဲ့တဲ့ ဂတိအတိုင္း လိုက္နာရမယ္ေလ” စူစန္ကလည္း နည္းနည္းမွ စိတ္မေပ်ာ့ခဲ့ဘူး။

ေျမးအျဖစ္ကိုၾကည့္ၿပီး ကၽြန္မစိတ္မေကာင္းျဖစ္မိတယ္။ ေထာ္ဘီအတြက္ အသနားခံဖို႔ျပင္ေတာ့ သားက မ်က္ရိပ္မ်က္ေျချပတယ္။

ကၽြန္မအေမရိကားေရာက္စက သားေျပာခဲ့တဲ့စကားကို ကၽြန္မ သတိရလိုက္မိတယ္။ အေမရိကားမွာ မိဘေတြ သားသမီးကို သြန္သင္ဆုံးမေနခ်ိန္မွာ တျခားသူေတြ လုံးဝ ဝင္မပါရဘူးလို႔ဆိုတယ္။

လူႀကီးပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ ဝင္မပါရပါဘူးတဲ့။ အဲဒီလိုနဲ႔ ကၽြန္မလည္း အကူအညီမဲ့စြာ ခပ္ဆိတ္ဆိတ္ပဲ ေနခဲ့ေတာ့တယ္။

အဲဒီေန႔ ညစာစားၿပီးခ်ိန္ထိ သနားစရာ ေထာ္ဘီတစ္ေယာက္ ကစားစရာကားေလးထဲမွာ ထိုင္ၿပီး လူႀကီးေတြ အားရပါးရစားတာကို ပါးစပ္အဟသားနဲ႔ ၾကည့္ေနခဲ့တယ္။

ကၽြန္မကို တ႐ုတ္အစားအစာ ခ်က္ခိုင္းခဲ့တဲ့ စူစန္ရဲ့ ဦးတည္ခ်က္ကို ကၽြန္မနားလည္လိုက္ပါတယ္။ေနာင္တစ္ခ်ိန္မွာ ေထာ္ဘီတစ္ေယာက္ စိတ္တိုၿပီး

ထမင္းပန္းကန္လြင့္ပစ္ဖို႔ႀကံတိုင္း ေဖေဖေမေမ ဘြားဘြားတို႔စားတာကို ဗိုက္အေဟာင္းသားနဲ႔ ထိုင္ၾကည့္ခဲ့ရတဲ့အျဖစ္ကို သူသတိရမိလိမ့္မယ္လို႔ ကၽြန္မယုံၾကည္မိတယ္။

ဆာတဲ့အရသာဟာ ခံရခက္ေၾကာင္းနဲ႔ သူႀကိဳက္တဲ့အစားအစာေတြ မစားရတာဟာ ပိုခံရခက္ေၾကာင္း ေထာ္ဘီနားလည္သြားပါလိမ့္မယ္။မအိပ္ခင္ ေထာ္ဘီကို ကၽြန္မနဲ႔စူစန္တို႔ ဂြတ္ႏွိုက္သြားႏႈတ္ဆက္ခဲ့ၾကတယ္။

အဲဒီမွာ ေထာ္ဘီက သတိေလးနဲ႔ “ေမေမ… သားအရမ္းဆာေနတယ္။ သား ေခါက္ဆြဲစားလို႔ ရနိုင္မလား?” လို႔ ေမးတယ္။ စူစန္က ခပ္ျပဳံးျပဳံးေလးနဲ႔ ေခါင္းခါျပၿပီး “မရဘူး သား…”

“ဒီလိုဆိုရင္ သားအိပ္ၿပီး နိုးလာတဲ့အခ်ိန္ စားလို႔ရလား?”

“ရတာေပါ့…” ႏူးႏူးညံ့ညံ့ျပန္ေျဖတဲ့ စူစန္ရဲ့အေျဖေၾကာင့္ ေထာ္ဘီဝမ္းသာသြားခဲ့တယ္။ အစာအရပ္ခံလိုက္လို႔ ခံစားရတဲ့ေဝဒနာမ်ိဳး ေထာ္ဘီေနာက္ထပ္ ခံရဲေတာ့မယ္ မထင္ပါဘူး။

အဲဒီေနာက္ပိုင္း ပါးစပ္ေဘးမွာ အစာေတြကပ္ၿပီး ထမင္းကို ၿမိန္ရည္ယွက္ရည္စားေနတဲ့ ေထာ္ဘီကိုၾကည့္ရင္း ေျမးမေလးကို ကၽြန္မ သတိရမိတတ္တယ္။

ေထာ္ဘီအရြယ္တုန္းက ေျမးမေလးဟာ ထမင္းစားတိုင္း ေခ်ာ့ေမာ့ရတယ္။ လူႀကီးေတြက ထမင္းပန္းကန္ကိုကိုင္ၿပီး သူ႔ေနာက္လိုက္ေျပးရတယ္။

ဒါေတာင္ သူက ေဈးဆစ္ေသးတယ္။ ဒီထမင္းစားၿပီးရင္ ကစားစရာအ႐ုပ္တစ္႐ုပ္ ဝယ္ေပးရမယ္။ ေနာက္ထပ္ထမင္းစားရင္ ေနာက္ထပ္ အ႐ုပ္တစ္႐ုပ္ဝယ္ေပးရမယ္လို႔ ဆိုပါတယ္။

(၂) သူတစ္ပါးကို နာေအာင္လုပ္ၿပီးရင္ ျပန္ေလ်ာ္ရတယ္

တစ္ေန႔မွာ ေထာ္ဘီကိုေခၚၿပီး ကၽြန္မတို႔ ပန္းၿခံထဲေရာက္ခဲ့ၾကတယ္။ သိပ္မၾကာပါဘူး.. ေထာ္ဘီတစ္ေယာက္ တျခားေကာင္မေလးႏွစ္ေယာက္နဲ႔ သူငယ္ခ်င္းျဖစ္သြားၿပီး

အတူေဆာ့ကစားေနၾကတယ္။ ပလတ္စတစ္နဲ႔လုပ္ထားတဲ့ အိုးေတြ၊ ခြက္ေတြ၊ ပန္းကန္ေတြက ျမက္ခင္းျပင္တစ္ခုလုံးမွာ ခင္းက်င္းထားတယ္။

႐ုတ္တရက္ ေထာ္ဘီတစ္ေယာက္ အိုးတစ္လုံးယူၿပီး ေကာင္မေလးတစ္ေယာက္ရဲ့ေခါင္းကို ေခါက္ထည့္လိုက္တယ္။ စစခ်င္းမွာ ထင္မွတ္မထားတဲ့အျဖစ္ေၾကာင့္

ေကာင္မေလးေၾကာင္သြားတယ္။ အဲဒီေနာက္ အသံကုန္ေအာ္ငိုေတာ့တယ္။

အငယ္တစ္ေယာက္ငိုေတာ့ အႀကီးတစ္ေယာက္ကလည္း လန္႔ၿပီးထငိုေတာ့တယ္။ ဒီေလာက္ထိ ႀကီးက်ယ္သြားမယ္မွန္း မထင္ခဲ့တဲ့ ေထာ္ဘီဟာ ေဘးမွာရပ္ၿပီး ေကာင္မေလးေတြငိုတာကို ေၾကာင္ၾကည့္ေနခဲ့တယ္။

အခင္းျဖစ္ရာကို စူစန္ေရာက္သြားခဲ့တယ္။ အက်ိဳးအေၾကာင္းကို ခန္႔မွန္းမိတဲ့စူစန္ဟာ စကားတစ္ခြန္းမွမေျပာဘဲ အိုးယူၿပီး ေထာ္ဘီေခါင္းကို အားနဲ႔ေခါက္ထည့္လိုက္တယ္။

ေထာ္ဘီ ကာကြယ္ခ်ိန္မရလိုက္ဘူး။ ျမက္ခင္းျပင္ေပၚ ဖင္ထိုင္လဲက်သြားၿပီး တဝါးဝါးနဲ႔ ေအာ္ငိုေတာ့တယ္။

ဒါကို စူစန္က “နာလား! ေနာက္တစ္ခါ ထပ္လုပ္ရဲေသးလား?” လို႔ ေမးတယ္။ ေထာ္ဘီ ငိုရင္း ေခါင္းခါျပတယ္။ ေနာက္တစ္ႀကိမ္ သူလုပ္ရဲေတာ့မွာ မဟုတ္မွန္း ကၽြန္မ ယုံၾကည္မိပါတယ္။

ေထာ္ဘီရဲ့ဦးေလးက ေထာ္ဘီကို အျပာႏုေရာင္စက္ဘီးေလးတစ္စီး လက္ေဆာင္ေပးခဲ့တယ္။ အဲဒီစက္ဘီးကို ေထာ္ဘီအရမ္းႏွစ္သက္ခဲ့ၿပီး တျခားလူေတြ အထိမခံခဲ့ပါဘူး။

ေဘးအိမ္က သူငယ္ခ်င္းျဖစ္တဲ့ လူစီဟာ စက္ဘီးေလးခဏစီးရဖို႔ ေထာ္ဘီကို အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့တယ္။ ဒါကို ေထာ္ဘီ လက္မခံခဲ့ဘူး။

တစ္ခါမွာ သူငယ္ခ်င္းတခ်ိဳ႕နဲ႔ ေထာ္ဘီကစားေနခဲ့တယ္။ လူစီဟာ ေထာ္ဘီသတိမထားမိခ်ိန္မွာ စက္ဘီးေလးကို တိတ္တိတ္စီးထြက္သြားေတာ့တယ္။

ဒါကို ေထာ္ဘီေတြ႕ေတာ့ ေဒါသတႀကီးနဲ႔ စူစန္ဆီအေျပးလာၿပီး တိုင္ပါေတာ့တယ္။

ေကာ္ဖီေသာက္ရင္း ကေလးမိဘေတြနဲ႔ စကားေျပာေနခဲ့တဲ့စူစန္က ေထာ္ဘီကိုျပဳံးျပၿပီး “သားတို႔ကိစၥ သားတို႔ရွင္းေနာ္။ ေမေမနဲ႔ မဆိုင္ဘူး” လို႔ ေျပာလိုက္တယ္။

ေထာ္ဘီတစ္ေယာက္ ေခါင္းငိုက္စိုက္နဲ႔ စူစန္ေဘးကေန ထြက္သြားခဲ့တယ္။

တေအာင့္အၾကာမွာ လူစီစက္ဘီးေလးစီးၿပီး ျပန္လာတယ္။ လူစီကိုေတြ႕တာနဲ႔ ေထာ္ဘီဟာ လူစီကိုေျပးတြန္းပစ္ၿပီး စက္ဘီးကိုျပန္လုလိုက္တယ္။

ေျမေပၚထိုင္ၿပီး လူစီေအာ္ငိုေတာ့တယ္။ ဒါကိုေတြ႕ေတာ့ စူစန္က လူစီကိုအေျပးေပြ႕ၿပီး ေခ်ာ့ေမာ့လိုက္တယ္။ သိပ္မၾကာပါဘူး… လူစီတစ္ေယာက္ တျခားကေလးေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ကစားေနေတာ့တယ္။

ေထာ္ဘီဟာ စက္ဘီးစီးရင္းစီးရင္း ပ်င္းလာပုံရတယ္။ တျခားကေလးေတြ ေပ်ာ္ေပ်ာ္ပါးပါး ကစားေနတာေတြ႕ေတာ့ သူလည္း ပါခ်င္လာခဲ့တယ္။

ဒါေပမယ့္ ခုနားက လူစီကိုတြန္းထားတဲ့စိတ္က မေနသာခဲ့ျပန္ဘူး။ စူစန္ဆီလာၿပီး စူပုပ္ပုပ္ေလးနဲ႔ “ေမေမ…သားလည္း လူစီတို႔နဲ႔ ကစားခ်င္တယ္” လို႔ဆိုတယ္။

“ကစားခ်င္ရင္ သူတို႔ကို သြားရွာေလ…”

“ေမေမပါ လိုက္ခဲ့ေပးပါ…” ေထာ္ဘီက ေတာင္းေတာင္းပန္ပန္နဲ႔ဆိုတယ္။

“မရဘူး… ခုနားက လူစီကိုငိုေအာင္ သားလုပ္ခဲ့တယ္။ ခုေတာ့ သူတို႔နဲ႔ သားကစားခ်င္ျပန္တယ္။ ဒါကို သားကိုယ္တိုင္ သြားေျဖရွင္းမွရမယ္”

ေထာ္ဘီတစ္ေယာက္ စက္ဘီးေလးစီးၿပီး လူစီတို႔အနား တေျဖးေျဖးခ်ည္းကပ္သြားတယ္။ လူစီနားေရာက္ခါးနီး စက္ဘီးကို ေနာက္ျပန္လွည့္ျပန္တယ္။

အဲဒီလို အႀကိမ္ႀကိမ္လုပ္တာ ဘယ္ေလာက္ၾကာသြားမွန္း မသိပါဘူး… ေထာ္ဘီနဲ႔လူစီ ျပဳံးျပဳံးရယ္ရယ္နဲ႔ ေဆာ့ကစားေနတာကို ေတြ႕လိုက္ျပန္ပါတယ္။

(၃) သားသမီးေတြကို သြန္သင္ဆုံးမတာ မိဘေတြရဲ့အလုပ္

စူစန္ရဲ့မိဘေတြက ကယ္ရီဖိုးနီးယားမွာ ေနပါတယ္။ ကၽြန္မေရာက္လာသံၾကားေတာ့ ႏွစ္ေယာက္သား ကားေမာင္းၿပီး ကၽြန္မဆီ အလည္လာၾကတယ္။

အိမ္ကို ဧည့္သည္ေတြလာေတာ့ ေထာ္ဘီတစ္ေယာက္ ျမဴးတူးခုန္ေပါက္ေနေတာ့တယ္။

ေထာ္ဘီဟာ သဲထည့္တဲ့ ပုံးငယ္ေလးထဲ ေရအျပည့္ထည့္ၿပီး တစ္အိမ္လုံး ေျပးလႊားေဆာ့ကစားေနခဲ့တယ္။ ၾကမ္းျပင္ေပၚ ေရမဖိတ္မိေစဖို႔ စူစန္အထပ္ထပ္ သတိေပးခဲ့ေပမယ့္ ေထာ္ဘီ ဂ႐ုမစိုက္ခဲ့ဘူး။

ေနာက္ဆုံးေတာ့ ေရေတြဖိတ္ၿပီး ၾကမ္းျပင္စိုရြဲသြား႐ုံမက ေထာ္ဘီဟာ အမွားလုပ္လိုက္မိမွန္း မသိဘဲ ေဘာင္းဘီေတြ ရြဲရြဲစိုတဲ့အထိ ေရေတြကိုေျခေထာက္နဲ႔ နင္းေဆာ့ကစားေနခဲ့တယ္။

ၾကမ္းတိုက္အဝတ္ယူၿပီး ၾကမ္းတိုက္ဖို႔ ကၽြန္မအျမန္ျပင္ေတာ့ စူစန္က ၾကမ္းတိုက္တံကို ကၽြန္မလက္ထဲကလုၿပီး ေထာ္ဘီကို ကမ္းေပးလိုက္တယ္။

“ေထာ္ဘီ… ၾကမ္းကို ေျခာက္ေအာင္တိုက္လိုက္။ ၿပီးေတာ့ အဝတ္စိုေတြကို ခၽြတ္ၿပီး ကိုယ္တိုင္ေလၽွာ္လိုက္ပါ”

စူစန္အေျပာကို ေထာ္ဘီမနာခံဘဲ ေအာ္လိုက္ ငိုလိုက္လုပ္ေနခဲ့တယ္။ စူစန္ဟာ စကားတစ္ခြန္းမွ မေျပာဘဲ ေထာ္ဘီကိုဆြဲၿပီး စတိုခန္းထဲထည့္ ေသာ့ခတ္ထားလိုက္ေတာ့တယ္။

အေၾကာက္အလန္႔ေအာ္ငိုေနတဲ့ ေထာ္ဘီအသံကိုၾကားေတာ့ ကၽြန္မစိတ္ေတြ နာက်င္ခဲ့မိတယ္။ စတိုခန္းထဲကေန သူ႔ကို ေခၚထုတ္ခ်င္ခဲ့မိတယ္။ ဒါကို စူစန္မိခင္က “ဒါ စူစန္ရဲ့ကိစၥ” ဆိုၿပီး ကၽြန္မကိုတားခဲ့တယ္။

တေအာင့္ေနေတာ့ ေထာ္ဘီ့ဆီက ငိုသံမၾကားရေတာ့ဘူး။ စတိုခန္းထဲကေန “ေမေမ… သားမွားၿပီ” လို႔ သူဆိုတယ္။စတိုခန္းအျပင္ဘက္ကရပ္ၿပီး စူစန္က “ဒီလိုဆိုရင္ ဘာလုပ္ရမလဲဆိုတာ သားသိတယ္ေနာ္” လို႔ေမးတယ္။

“သိပါတယ္”လို႔ ေထာ္ဘီဆီက ေျဖသံၾကားမွ တံခါးကို စူစန္ဖြင့္လိုက္တယ္။ စတိုခန္းထဲကေန ထြက္လာတဲ့ ေထာ္ဘီ့မ်က္ႏွာေပၚမွာ မ်က္ရည္စီးေၾကာင္းႏွစ္ခုကို ေတြ႕လိုက္တယ္။

သူ႔ထက္ႏွစ္ဆျမင့္တဲ့ ၾကမ္းတိုက္တံကို မနိုင္မနင္းကိုင္ရင္ ေထာ္ဘီၾကမ္းတိုက္ေနခဲ့တယ္။ အဲဒီေနာက္ ေဘာင္းဘီခၽြတ္ၿပီး ေရခ်ိဳးခန္းထဲဝင္ၿပီး ေလၽွာ္ဖြတ္ေနခဲ့ပါတယ္။

တအံ့တၾသျဖစ္ေနတဲ့ ကၽြန္မကိုၾကည့္ၿပီး စူစန္မိဘေတြက ရယ္ပါတယ္။ ဒီလိုအျဖစ္က ကၽြန္မရင္ထဲ နက္နက္နဲနဲ ဝင္ေရာက္ခဲ့ပါတယ္။

ကၽြန္မတို႔ အေရွ႕တိုင္းက မိသားစုအမ်ားဟာ သားသမီးေတြကို သြန္သင္ဆုံးမခ်ိန္မွာ “ကမၻာစစ္ျဖစ္ေအာင္” ဖန္တီးေနခဲ့သလိုပါပဲ။

ကေလးကို ဆိုဆုံးမခ်ိန္မွာ အေမဘက္က အဘိုးအဘြားက တားလိုက္၊ အေဖဘက္က အဘိုးအဘြားက ကာကြယ္ေပးလိုက္၊ လင္မယားခ်င္း ရန္ျဖစ္လိုက္နဲ႔ ဆူညံ့ဗြက္ေလာရိုက္ေနတတ္ပါတယ္။

အဲဒီေနာက္ စူစန္မိဘေတြနဲ႔ စကားေျပာဆိုၾကရင္း ကေလးေတြကို ဆိုဆုံးမတဲ့အေၾကာင္းေတြ ေျပာျဖစ္ခဲ့ၾကတယ္။ စူစန္မိဘေျပာခဲ့တဲ့ စကားတခ်ိဳ႕က ကၽြန္မရင္ထဲ နက္နက္ရွိုင္းရွိုင္း တိုးဝင္ေစခဲ့ပါတယ္။

“ကေလးကို မိဘေတြကပိုင္တယ္။ ဒါေၾကာင့္ ကေလးကို သြန္သင္ဆုံးမတဲ့ မိဘေတြရဲ့ သြန္သင္ဆုံးမမႈကို ကၽြန္မတို႔ေလးစားရမယ္။ ကေလးက ငယ္တယ္ဆိုေပမယ့္ ပါးနပ္ၾကတယ္။

သူ႔ကိုသြန္သင္တဲ့ မိဘေတြ စိတ္ဝမ္းကြဲတာ၊ အျမင္မတူတာေတြ႕ရင္ သူ႔အတြက္ လြတ္ေပါက္၊ ကယ္ေပါက္ျဖစ္သြားမယ္ဆိုတာကို သူသိတယ္။

ဒါဟာ သူရဲ့အျပဳအမႈ တိုးတက္ေကာင္းမြန္ဖို႔ အက်ိဳးမရွိေစတဲ့အျပင္ သြန္သင္ဆုံးမေလ ရႈပ္ေလျဖစ္ၿပီး ျပႆနာေတြ ပိုႀကီးလာတတ္တယ္။

မိသားစုအခ်င္းခ်င္း စိတ္ဝမ္းကြဲတာေတြ၊ ျငင္းခုန္တာေတြျဖစ္ၿပီး ကေလးကို ပိုမလုံျခဳံေစျဖစ္တတ္တယ္။ ကေလးငယ္ရဲ့ စိတ္ဓာတ္ဖြံ့ၿဖိဳးမႈကို ဆိုးက်ိဳးသက္ေရာက္ေစပါတယ္”

“ဒါေၾကာင့္ အဘိုးအဘြားပဲျဖစ္ျဖစ္၊ မိဘေတြပဲျဖစ္ျဖစ္ ကေလးေတြကို ဆိုဆုံးမရာမွာ စိတ္ဝမ္းကြဲတာတို႔၊ မိဘခ်င္း သြန္သင္ဆုံးမပုံ ကြဲျပားတာတို႔ဟာ ကေလးေရွ႕မွာ မျငင္းခုန္သင့္ဘူး။ မျဖစ္သင့္ဘူး”

စူစန္ရဲ့မိဘေတြ အိမ္မွာတစ္ပတ္ၾကာေနၿပီး ကယ္ရီဖိုးနီးယားကို ျပန္ဖို႔ျပင္ဆင္ခဲ့တယ္။ မျပန္ခင္ႏွစ္ရက္မွာ စူစန္အေဖ့က စူစန္ကို ေလးေလးနက္နက္နဲ႔

“သမီး.. ေထာ္ဘီက ကစားစရာေျမေကာ္စက္ေလး လိုခ်င္သတဲ့။ ေဖေဖ ဝယ္ေပးလို႔ရမလား?” လို႔ေမးတယ္။

ဒါကို စူစန္က စဥ္းစားၿပီး “ေဖေဖတို႔ ဒီတစ္ေခါက္လာတာ သူ႔ကို ႏွင္းစီးဖိနပ္တစ္ရံ လက္ေဆာင္ေပးခဲ့တယ္ မဟုတ္လား? ခရစၥမတ္ေရာက္ခါနီးမွပဲ ေျမေကာ္စက္ေလး ဝယ္ၿပီး လက္ေဆာင္ေပးလိုက္ေပါ့” လို႔ဆိုတယ္။

အဲဒီေနာက္ ေထာ္ဘီကို သူ႔အဘိုးဘာေျပာလိုက္သလဲ ကၽြန္မ မသိပါဘူး။ ေထာ္ဘီကို ကၽြန္မ ေမာလ္(mall)ေခၚသြားတိုင္း ေထာ္ဘီဟာ ေျမေကာ္စက္႐ုပ္ေလးကို လက္ညႇိုးထိုးၿပီး

“ဘိုးဘိုးကေျပာတယ္။ ခရစၥမတ္ေရာက္ရင္ သားကို ေျမေကာ္စက္ေလး လက္ေဆာင္ေပးမယ္တဲ့”လို႔ ဝမ္းသာအားရ ေျပာတတ္ပါတယ္။

စူစန္ဟာ ေထာ္ဘီ့အေပၚမွာ စည္းကမ္းတင္းက်ပ္တယ္ဆိုေပမယ့္ ေထာ္ဘီဟာ သူ႔ေမေမကို အရမ္းခ်စ္ခဲ့တယ္။

အျပင္ထြက္ကစားတိုင္း ပန္းပြင့္ေလးေတြ ဒါမွမဟုတ္ လွတယ္လို႔သူထင္တဲ့ သစ္ရြက္ေလးေတြကို ခူးၿပီး တေလးတစားနဲ႔ စူစန္ကို သူလက္ေဆာင္ေပးတတ္တယ္။

တျခားလူေတြဆီက လက္ေဆာင္ရရင္လည္း စူစန္ကို သူနဲ႔အတူ ေဖာက္ၾကည့္ဖို႔ေခၚတတ္တယ္။ စားလို႔ေကာင္းတဲ့အရာကို စူစန္အတြက္ သူတစ္ဝက္ခ်န္ထားတတ္တယ္။

အေရွ႕တိုင္းက သားသမီးတခ်ိဳ႕ မိဘအေပၚ ေအးစက္၊ လ်စ္လ်ဴရႉတတ္တာကို ၾကည့္ၿပီး အေမရိကားက အဂၤလိပ္ေခၽြးမကို ကၽြန္မ မခ်ီးက်ဴးဘဲ မေနနိုင္ခဲ့ပါဘူး။

ကေလးေတြကို သြန္သင္ဆုံးမရာမွာ၊ ေျဖရွင္းရမွာ အေမရိကားမိခင္ေတြဆီကေန ကၽြန္မတို႔ သင္ယူေလ့လာဖို႔ အမ်ားႀကီးရွိေသးေၾကာင္း ကၽြန္မေကာက္ခ်က္ခ်မိပါတယ္။

မူရင္း #ႏုိင္းႏုိင္းစေန

unicode

အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။

ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။

အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။

(၁) မစားရင် အဆာခံပါ

မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။

ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။

စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။

(၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။

ဒါကို ကျွန်မက လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ

မရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့ သူနေရ သက်တောင့်သက်သာရှိတယ်ဆိုရင်ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။

အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ နေခဲ့ပါတယ်။

တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး “မေမေ…မေမေ.. လူစီကပြောတယ်။

သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။ တကယ်လားဟင်!” လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။

သားအမေးကို စူစန်ကရယ်ပြီး “ဟုတ်တာပေါ့သား… သားပြန်လဲမယ်မဟုတ်လား!” လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။

ပြန်ဝတ်တယ်။ အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့မှ ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။

ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။

ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့အထိ ကျောင်းဆောင်ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။

တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်လိုက်တယ်။

ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။

“ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား… အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား” ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။

“ဟုတ်ကဲ့…” သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။

ညနေစာကို တရုတ်အစားအစာပြင်ဆင်ဖို့ စူစန်ကပြောတယ်။ ထော်ဘီတရုတ်အစားအစာ သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိရလိုက်တယ်။

ကြည့်ရတာ နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။

အီတလီခေါက်ဆွဲနဲ့ တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့် ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင်ပါတယ်။

ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ် တက်ထိုင်တယ်။ ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး

“ဒီနေ့ သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြတယ်မဟုတ်လား? သားလည်း ဝန်ခံဂတိပြုထားတယ်လေ” လို့ပြောတယ်။

လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။ ငိုနေရင်းက “မေမေ… သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ” လို့ပြောတယ်။”

ဝန်ခံခဲ့တဲ့ ဂတိအတိုင်း လိုက်နာရမယ်လေ” စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။

မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ထော်ဘီအတွက် အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။

ကျွန်မအမေရိကားရောက်စက သားပြောခဲ့တဲ့စကားကို ကျွန်မ သတိရလိုက်မိတယ်။ အမေရိကားမှာ မိဘတွေ သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ လုံးဝ ဝင်မပါရဘူးလို့ဆိုတယ်။

လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။ အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။

အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက် ကစားစရာကားလေးထဲမှာ ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။

ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့ စူစန်ရဲ့ ဦးတည်ချက်ကို ကျွန်မနားလည်လိုက်ပါတယ်။နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး

ထမင်းပန်းကန်လွင့်ပစ်ဖို့ကြံတိုင်း ဖေဖေမေမေ ဘွားဘွားတို့စားတာကို ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့အဖြစ်ကို သူသတိရမိလိမ့်မယ်လို့ ကျွန်မယုံကြည်မိတယ်။

ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက်ခဲ့ကြတယ်။

အဲဒီမှာ ထော်ဘီက သတိလေးနဲ့ “မေမေ… သားအရမ်းဆာနေတယ်။ သား ခေါက်ဆွဲစားလို့ ရနိုင်မလား?” လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းခါပြပြီး “မရဘူး သား…”

“ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား?”

“ရတာပေါ့…” နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့် ထော်ဘီဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး ထော်ဘီနောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။

အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို မြိန်ရည်ယှက်ရည်စားနေတဲ့ ထော်ဘီကိုကြည့်ရင်း မြေးမလေးကို ကျွန်မ သတိရမိတတ်တယ်။

ထော်ဘီအရွယ်တုန်းက မြေးမလေးဟာ ထမင်းစားတိုင်း ချော့မော့ရတယ်။ လူကြီးတွေက ထမင်းပန်းကန်ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။

ဒါတောင် သူက ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစားစရာအရုပ်တစ်ရုပ် ဝယ်ပေးရမယ်။ နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။

(၂) သူတစ်ပါးကို နာအောင်လုပ်ပြီးရင် ပြန်လျော်ရတယ်

တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။ သိပ်မကြာပါဘူး.. ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီး

အတူဆော့ကစားနေကြတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေက မြက်ခင်းပြင်တစ်ခုလုံးမှာ ခင်းကျင်းထားတယ်။

ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး ကောင်မလေးတစ်ယောက်ရဲ့ခေါင်းကို ခေါက်ထည့်လိုက်တယ်။ စစချင်းမှာ ထင်မှတ်မထားတဲ့အဖြစ်ကြောင့်

ကောင်မလေးကြောင်သွားတယ်။ အဲဒီနောက် အသံကုန်အော်ငိုတော့တယ်။

အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း လန့်ပြီးထငိုတော့တယ်။ ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့ ထော်ဘီဟာ ဘေးမှာရပ်ပြီး ကောင်မလေးတွေငိုတာကို ကြောင်ကြည့်နေခဲ့တယ်။

အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။ အကျိုးအကြောင်းကို ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးယူပြီး ထော်ဘီခေါင်းကို အားနဲ့ခေါက်ထည့်လိုက်တယ်။

ထော်ဘီ ကာကွယ်ချိန်မရလိုက်ဘူး။ မြက်ခင်းပြင်ပေါ် ဖင်ထိုင်လဲကျသွားပြီး တဝါးဝါးနဲ့ အော်ငိုတော့တယ်။

ဒါကို စူစန်က “နာလား! နောက်တစ်ခါ ထပ်လုပ်ရဲသေးလား?” လို့ မေးတယ်။ ထော်ဘီ ငိုရင်း ခေါင်းခါပြတယ်။ နောက်တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း ကျွန်မ ယုံကြည်မိပါတယ်။

ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး တခြားလူတွေ အထိမခံခဲ့ပါဘူး။

ဘေးအိမ်က သူငယ်ချင်းဖြစ်တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့ ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို ထော်ဘီ လက်မခံခဲ့ဘူး။

တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။ လူစီဟာ ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို တိတ်တိတ်စီးထွက်သွားတော့တယ်။

ဒါကို ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။

ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က ထော်ဘီကိုပြုံးပြပြီး “သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး” လို့ ပြောလိုက်တယ်။

ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ စူစန်ဘေးကနေ ထွက်သွားခဲ့တယ်။

တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။ လူစီကိုတွေ့တာနဲ့ ထော်ဘီဟာ လူစီကိုပြေးတွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။

မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။ ဒါကိုတွေ့တော့ စူစန်က လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။ သိပ်မကြာပါဘူး… လူစီတစ်ယောက် တခြားကလေးတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတော့တယ်။

ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။ တခြားကလေးတွေ ပျော်ပျော်ပါးပါး ကစားနေတာတွေ့တော့ သူလည်း ပါချင်လာခဲ့တယ်။

ဒါပေမယ့် ခုနားက လူစီကိုတွန်းထားတဲ့စိတ်က မနေသာခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး စူပုပ်ပုပ်လေးနဲ့ “မေမေ…သားလည်း လူစီတို့နဲ့ ကစားချင်တယ်” လို့ဆိုတယ်။

“ကစားချင်ရင် သူတို့ကို သွားရှာလေ…”

“မေမေပါ လိုက်ခဲ့ပေးပါ…” ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။

“မရဘူး… ခုနားက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။ ခုတော့ သူတို့နဲ့ သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင် သွားဖြေရှင်းမှရမယ်”

ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေးချည်းကပ်သွားတယ်။ လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။

အဲဒီလို အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာသွားမှန်း မသိပါဘူး… ထော်ဘီနဲ့လူစီ ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ကစားနေတာကို တွေ့လိုက်ပြန်ပါတယ်။

(၃) သားသမီးတွေကို သွန်သင်ဆုံးမတာ မိဘတွေရဲ့အလုပ်

စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။ ကျွန်မရောက်လာသံကြားတော့ နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ အလည်လာကြတယ်။

အိမ်ကို ဧည့်သည်တွေလာတော့ ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။

ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့ စူစန်အထပ်ထပ် သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။

နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်းဘီတွေ ရွဲရွဲစိုတဲ့အထိ ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။

ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က ကြမ်းတိုက်တံကို ကျွန်မလက်ထဲကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။

“ထော်ဘီ… ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို ချွတ်ပြီး ကိုယ်တိုင်လျှော်လိုက်ပါ”

စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။ စူစန်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့် သော့ခတ်ထားလိုက်တော့တယ်။

အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့ ကျွန်မစိတ်တွေ နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို ခေါ်ထုတ်ချင်ခဲ့မိတယ်။ ဒါကို စူစန်မိခင်က “ဒါ စူစန်ရဲ့ကိစ္စ” ဆိုပြီး ကျွန်မကိုတားခဲ့တယ်။

တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ “မေမေ… သားမှားပြီ” လို့ သူဆိုတယ်။စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က “ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ သားသိတယ်နော်” လို့မေးတယ်။

“သိပါတယ်”လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။ စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။

သူ့ထက်နှစ်ဆမြင့်တဲ့ ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။ အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။

တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။ ဒီလိုအဖြစ်က ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။

ကျွန်မတို့ အရှေ့တိုင်းက မိသားစုအများဟာ သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ “ကမ္ဘာစစ်ဖြစ်အောင်” ဖန်တီးနေခဲ့သလိုပါပဲ။

ကလေးကို ဆိုဆုံးမချိန်မှာ အမေဘက်က အဘိုးအဘွားက တားလိုက်၊ အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊ လင်မယားချင်း ရန်ဖြစ်လိုက်နဲ့ ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။

အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့ စကားတချို့က ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။

“ကလေးကို မိဘတွေကပိုင်တယ်။ ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့် ပါးနပ်ကြတယ်။

သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊ အမြင်မတူတာတွေ့ရင် သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်ဆိုတာကို သူသိတယ်။

ဒါဟာ သူရဲ့အပြုအမှု တိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင် သွန်သင်ဆုံးမလေ ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။

မိသားစုအချင်းချင်း စိတ်ဝမ်းကွဲတာတွေ၊ ငြင်းခုန်တာတွေဖြစ်ပြီး ကလေးကို ပိုမလုံခြုံစေဖြစ်တတ်တယ်။ ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်”

“ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကလေးတွေကို ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊ မိဘချင်း သွန်သင်ဆုံးမပုံ ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။ မဖြစ်သင့်ဘူး”

စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို လေးလေးနက်နက်နဲ့

“သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။ ဖေဖေ ဝယ်ပေးလို့ရမလား?” လို့မေးတယ်။

ဒါကို စူစန်က စဉ်းစားပြီး “ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ် မဟုတ်လား? ခရစ္စမတ်ရောက်ခါနီးမှပဲ မြေကော်စက်လေး ဝယ်ပြီး လက်ဆောင်ပေးလိုက်ပေါ့” လို့ဆိုတယ်။

အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။ ထော်ဘီကို ကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ မြေကော်စက်ရုပ်လေးကို လက်ညှိုးထိုးပြီး

“ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို မြေကော်စက်လေး လက်ဆောင်ပေးမယ်တဲ့”လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။

စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့် ထော်ဘီဟာ သူ့မေမေကို အရမ်းချစ်ခဲ့တယ်။

အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့ သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့ စူစန်ကို သူလက်ဆောင်ပေးတတ်တယ်။

တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။ စားလို့ကောင်းတဲ့အရာကို စူစန်အတွက် သူတစ်ဝက်ချန်ထားတတ်တယ်။

အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊ လျစ်လျူရှူတတ်တာကို ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို ကျွန်မ မချီးကျူးဘဲ မနေနိုင်ခဲ့ပါဘူး။

ကလေးတွေကို သွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရမှာ အမေရိကားမိခင်တွေဆီကနေ ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း ကျွန်မကောက်ချက်ချမိပါတယ်။

မူရင်း #နိုင်းနိုင်းစနေ

Add a Comment

Your email address will not be published. Required fields are marked *