ျမန္မာ နဲ႔ စင္ကာပူ ေခါင္းေဆာင္ျခင္း ကြာျခားမႈ ႏွင့္ တိုင္းျပည္ ေကာင္းစား ေရး “ေဖာ္ျမဴလာ”

စကၤာ ပူႏိုင္ငံ လြတ္လပ္ေရး မရ ခင္ ၁၉၆၂ ဧၿပီလ ထဲမွာ ေနာင္အခါ ဝန္ႀကီးခ်ဳပ္ ျဖစ္လာမယ့္ လီကြမ္ယု ျမန္မာျပည္ကို အလည္အပတ္ ေရာက္လာတဲ့အခါ အဲဒီအခါက အာရွတစ္တိုက္လုံးမွာ အသန႔္ရွင္းဆုံးဆု ပူပူေႏြးေႏြး ရထားတဲ့ ရန္ကုန္ၿမိဳ႕ကို ၾကည့္ၿပီး တယ္လွပၿပီး စနစ္က်တဲ့ ၿမိဳ႕ႀကီးပါလား ရယ္လို႔ အားက်တဲ့အေၾကာင္း ခ်ီးက်ဴးသြားခဲ့တယ္။

သူ႔ကြၽန္းႏိုင္ငံေလးကိုလည္း ဒီလိုျဖစ္ေအာင္ လုပ္မယ္ ေပါ့။ ေနာင္ ၂၄ ႏွစ္အၾကာ ၁၉၈၆ မွာ ရန္ကုန္ၿမိဳ႕ကို စကၤာပူဝန္ႀကီးခ်ဳပ္အေနနဲ႔ အလည္အပတ္ ေရာက္လာတဲ့အခါမွာေတာ့ သူ အားက်ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ႀကီးဟာ ေဟာင္းႏြမ္းေဆြးေျမ့ၿပီး ပုံပ်က္ပန္းပ်က္ ယိုယြင္းစုတ္ပဲ့ေနၿပီ.. သူ႔ႏိုင္ငံကေတာ့ အာရွက်ား တစ္ေကာင္အေနနဲူ႔ တစ္ကမာၻလုံးက လက္ဖ်ားခါရေလာက္ေအာင္ စီးပြားေရး ေအာင္ျမင္ၿပီး တိုးတက္ခ်မ္းသာေနၿပီ။

ဒီလို ေအာင္ျမင္ လာေအာင္ သူဘယ္လို လုပ္သလဲ? ရွင္းပါတယ္.. စကၤာပူႏိုင္ငံ ေအာင္ျမင္တာဟာ လီကြမ္ယုႀကီးက သူ႔လို လူေတာ္ေတြ အမ်ားအျပား ေမြးထုတ္ေပးႏိုင္ခဲ့လို႔ပါပဲ.. သူက အစိုးရအေနနဲ႔ ပဲ့ကိုင္႐ုံ ပဲကိုင္ၿပီး လူေတာ္ေတြကို ေမာင္းႏွင္ေစခဲ့တာပါ။

အရင္ဆုံး ႏိုင္ငံသားေတြ ကို ပညာတတ္ေအာင္သင္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြေခၚ သူတို႔စီးပြားေရးမွာ စကၤာပူသားေတြကို ေနရာေပးၿပီး ပညာယူခိုင္း ေနာင္က်ေတာ့ ကိုယ္ပိုင္ ခြဲလုပ္ခ်င္တဲ့ စကၤာပူႏိုင္ငံသားေတြကို အစိုးရက ေထာက္ပံ့ အဲဒီမွာ စြန႔္ဦးတီထြင္ အေသးစားနဲ႔ အလယ္အလတ္ စီးပြားေရး လုပ္ငန္းေတြ ေပၚလာ သူတို႔ေအာင္ျမင္လာေတာ့ က်န္တဲ့ စကၤာပူသားေတြကလည္း လိုက္လာ ေနာက္ေတာ့ စကၤာပူသားေတြ လူလည္ေတြ ျဖစ္ကုန္ၿပီး တျခားႏိုင္ငံေတြမွာပါ ရင္းႏွီးျမႇဳပ္ႏွံၿပီး ဥစၥာဓန ေဖာ္ေဆာင္ႏိုင္ လာခဲ့တယ္။

ဒီႏိုင္ငံႏွစ္ခုမွာ အဓိက ကြာသြား တာက လူ (ျပည္သူ) ကို အေရးထားမႈ/ မထားမႈပဲ.. ျမန္မာေခါင္းေဆာင္ေတြက ငါတို႔ေတာ္ရင္ တိုင္းျပည္ ေကာင္းစားမယ္ လို႔ေတြးတယ္ လီကြမ္ယုက သူ႔ႏိုင္ငံသားေတြ ေတာ္မွ ႏိုင္ငံခ်မ္းသာ မယ္လို႔ေတြးတယ္။

အဲဒီေတာ့ လီကြမ္ယု ဘာလုပ္ သလဲ.. ပထမအဆင့္အေနနဲ႔ လူေတာ္ေတြ ထြက္လာေအာင္ ပညာေရးကို နင္းကန္အားထုတ္တယ္.. ၿပီးေတာ့ ႏိုင္ငံတကာ နဲ႔ အက်ိဳးတူခ်ိတ္ဆက္ၿပီး သူ႔ႏိုင္ငံသားေတြ ကို အခြင့္အလမ္း ေဖာ္ေပးတယ္.. က်န္တာကေတာ့ အဲဒီ နာမည္မထြက္တဲ့ လူေတာ္ေတြကပဲ စကၤာပူကို တြန္းတင္ေပး လိုက္တာပဲ.. အဲဒီေတာ့ တိုင္းျပည္ေကာင္း စားေရး ေဖာ္ျမဴလာက လူေတာ္ေတြေမြး.. အခြင့္အလမ္းေပး.. လမ္းေၾကာင္း မွန္ေအာင္ ပဲ့ထိန္းေပး။ ဒါပါပဲ။

ေလးစားလ်က္
ဩဓိသေဝဟင္

unicode

စင်္ကာ ပူနိုင်ငံ လွတ်လပ်ရေး မရ ခင် ၁၉၆၂ ဧပြီလ ထဲမှာ နောင်အခါ ဝန်ကြီးချုပ် ဖြစ်လာမယ့် လီကွမ်ယု မြန်မာပြည်ကို အလည်အပတ် ရောက်လာတဲ့အခါ အဲဒီအခါက အာရှတစ်တိုက်လုံးမှာ အသန့်ရှင်းဆုံးဆု ပူပူနွေးနွေး ရထားတဲ့ ရန်ကုန်မြို့ကို ကြည့်ပြီး တယ်လှပပြီး စနစ်ကျတဲ့ မြို့ကြီးပါလား ရယ်လို့ အားကျတဲ့အကြောင်း ချီးကျူးသွားခဲ့တယ်။

သူ့ကျွန်းနိုင်ငံလေးကိုလည်း ဒီလိုဖြစ်အောင် လုပ်မယ် ပေါ့။ နောင် ၂၄ နှစ်အကြာ ၁၉၈၆ မှာ ရန်ကုန်မြို့ကို စင်္ကာပူဝန်ကြီးချုပ်အနေနဲ့ အလည်အပတ် ရောက်လာတဲ့အခါမှာတော့ သူ အားကျခဲ့တဲ့ ရန်ကုန်မြို့ကြီးဟာ ဟောင်းနွမ်းဆွေးမြေ့ပြီး ပုံပျက်ပန်းပျက် ယိုယွင်းစုတ်ပဲ့နေပြီ.. သူ့နိုင်ငံကတော့ အာရှကျား တစ်ကောင်အနေနဲူ့ တစ်ကမ္ဘာလုံးက လက်ဖျားခါရလောက်အောင် စီးပွားရေး အောင်မြင်ပြီး တိုးတက်ချမ်းသာနေပြီ။

ဒီလို အောင်မြင် လာအောင် သူဘယ်လို လုပ်သလဲ? ရှင်းပါတယ်.. စင်္ကာပူနိုင်ငံ အောင်မြင်တာဟာ လီကွမ်ယုကြီးက သူ့လို လူတော်တွေ အများအပြား မွေးထုတ်ပေးနိုင်ခဲ့လို့ပါပဲ.. သူက အစိုးရအနေနဲ့ ပဲ့ကိုင်ရုံ ပဲကိုင်ပြီး လူတော်တွေကို မောင်းနှင်စေခဲ့တာပါ။

အရင်ဆုံး နိုင်ငံသားတွေ ကို ပညာတတ်အောင်သင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေခေါ် သူတို့စီးပွားရေးမှာ စင်္ကာပူသားတွေကို နေရာပေးပြီး ပညာယူခိုင်း နောင်ကျတော့ ကိုယ်ပိုင် ခွဲလုပ်ချင်တဲ့ စင်္ကာပူနိုင်ငံသားတွေကို အစိုးရက ထောက်ပံ့ အဲဒီမှာ စွန့်ဦးတီထွင် အသေးစားနဲ့ အလယ်အလတ် စီးပွားရေး လုပ်ငန်းတွေ ပေါ်လာ သူတို့အောင်မြင်လာတော့ ကျန်တဲ့ စင်္ကာပူသားတွေကလည်း လိုက်လာ နောက်တော့ စင်္ကာပူသားတွေ လူလည်တွေ ဖြစ်ကုန်ပြီး တခြားနိုင်ငံတွေမှာပါ ရင်းနှီးမြှုပ်နှံပြီး ဥစ္စာဓန ဖော်ဆောင်နိုင် လာခဲ့တယ်။

ဒီနိုင်ငံနှစ်ခုမှာ အဓိက ကွာသွား တာက လူ (ပြည်သူ) ကို အရေးထားမှု/ မထားမှုပဲ.. မြန်မာခေါင်းဆောင်တွေက ငါတို့တော်ရင် တိုင်းပြည် ကောင်းစားမယ် လို့တွေးတယ် လီကွမ်ယုက သူ့နိုင်ငံသားတွေ တော်မှ နိုင်ငံချမ်းသာ မယ်လို့တွေးတယ်။

အဲဒီတော့ လီကွမ်ယု ဘာလုပ် သလဲ.. ပထမအဆင့်အနေနဲ့ လူတော်တွေ ထွက်လာအောင် ပညာရေးကို နင်းကန်အားထုတ်တယ်.. ပြီးတော့ နိုင်ငံတကာ နဲ့ အကျိုးတူချိတ်ဆက်ပြီး သူ့နိုင်ငံသားတွေ ကို အခွင့်အလမ်း ဖော်ပေးတယ်.. ကျန်တာကတော့ အဲဒီ နာမည်မထွက်တဲ့ လူတော်တွေကပဲ စင်္ကာပူကို တွန်းတင်ပေး လိုက်တာပဲ.. အဲဒီတော့ တိုင်းပြည်ကောင်း စားရေး ဖော်မြူလာက လူတော်တွေမွေး.. အခွင့်အလမ်းပေး.. လမ်းကြောင်း မှန်အောင် ပဲ့ထိန်းပေး။ ဒါပါပဲ။

လေးစားလျက်
ဩဓိသဝေဟင်

Add a Comment

Your email address will not be published. Required fields are marked *