တ ရုတ် နိုင် ငံ၊ ဝူ ဟန်မြို့မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုလူ နာ မရှိတော့ တဲ့ ပထမ ဆုံးမြို့အဖြစ် မှတ်တမ်းဝင်

တရုတ်ကတော့ ကိုရိုနာကို နိုင်စပြုလာပြီလို့ ဆိုရမှာပါ။

တရုတ်နိုင်င ဟူဘေးနဲ့ ဝူဟန်မြို့တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလူရှာ ရှာမတွေ့တဲ့ ပထမဆုံးနေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ကြာသပတေးနေ့ စစ်ဆေးချက်တွေအရ ဟူဘေးနဲ့ ဝူဟန်တို့မှာ ကိုရိုနာဗိုင်းရပ်စ် လူနာအသစ် မတွေ့ရှိခဲ့ဘူးလို့ တရုတ်ကျန်းမာရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြထားပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးနောက် ကူးစက်မှုအသစ် မတွေ့တဲ့ ပထမဆုံးနေ့လည်း ဖြစ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့အနေနဲ့ အခုလိုမျိုး လူနာသစ် မရှိခဲ့တာဟာ လက္ခကောင်းတစ်ရပ်လို့ပဲ ဆိုရမှာပါ။

လွန်ခဲ့တဲ့ (၂၄) နာရီအတွင်း WHO ရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံမှာ ကိုရိုနာရောဂါကူးစက်သူ (၈၁၁၁၇) ဦးအထိရှိပြီး သေဆုံးသူ (၃၂၃၁) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *