ကို ရိုနာဗိုင်းရပ်စ် COVID-19 ဟာ နောက် ထပ် ၂ နှစ်ကြာအ ထိ ဆက် လက်ဖြစ်ပွားနေနိုင်ကြောင်း ဂျာမန်ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေး

ကို ရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအတွက် အထိရောက်ဆုံး ကာကွယ်ဆေးထုတ်နိုင်မယ့် အချိန်နဲ့ ဖျားနာပြီးနောက် ဖွံ့ဖြိုးလာတဲ့ ကိုယ်ခံစွမ်းအားပေါ် မူတည်ပြီး ဗိုင်းရပ်စ်ဟာ ၂ နှစ်ဆက်တိုက် ဆက်လက် ဖြစ်ပွားနိုင်သေးကြောင်း ဂျာမန် အကြီးတန်း ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်သူ တစ်ဦးက သတိပေး ပြောကြားခဲ့ပါတယ်။

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးအတွက် တာဝန်ယူရတဲ့ ဂျာမန်ဖက်ဒရယ်အေဂျင်စီ RKI က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ အလယ်အလတ် အဆင့်ကနေ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး အခု နိုင်ငံကိုခြိမ်းခြောက်တဲ့ အဆင့်ကိုပါ ရောက်ရှိလာခဲ့ကြောင်း အင်္ဂါနေ့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံ ကနေ စတင်ကူးစက်ပျံ့ပွားလာတဲ့ ပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မှု အသစ်တွေ အလျင်အမြန် မြင့်တက်လာခဲ့တယ်လို့ ၄င်းကဆိုပါတယ်။ ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် လူနာ ၇၉၀၀ ဦးရှိပြီး ၂၀ ဦး သေဆုံးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

RKI သိပ္ပံပညာရှင်များနဲ့ Helios ဆေးရုံအဖွဲ့မှ သုတေသနအသစ်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ ပုံမှန် တုပ်ကွေးရာသီတွေမှာ ပြင်းထန် အဆုတ်ရောင်ရောဂါ ဖြစ်လေ့ဖြစ်ထ ရှိသူတွေထက် အသက် ၆၀ နှစ် အောက် အဆုတ်ရောင်ဖြစ်လေ့ဖြစ်ထ မရှိတဲ့ အရွယ်ရောက်ပြီးသူတွေမှာ ပိုပြီးဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ထိန်းချုပ်ဖို့အတွက် နယ်စပ်တွေ ပိတ်ဆို့ခြင်း၊ စာသင်ကျောင်းတွေ ပိတ်ဆို့ခြင်းနဲ့ လူစုလူဝေး ပြုလုပ်ခြင်းတွေကို ပိတ်ပင်တားမြစ်ထားပြီး တရုတ်နိုင်ငံပြင်ပရှိ ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက်ဟာ တရုတ်နိုင်ငံတွင်း ဖြစ်ပွားမှု အရေအတွက်ထက် အခုအခါမှာ မြင့်တက်လာတယ်လို့ သိရပါတယ်။ အထူးသဖြင့် အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ စနေ/တနင်္ဂနွေက မှတ်တမ်းတင်ထားတဲ့ သေဆုံးပိုးကူးစက်လူနာ အရေအတွက်ဟာ တရုတ်နိုင်ငံက အရေအတွက်ထက် ကျော်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) မှ အကြီးအကဲက ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေး အကြပ်အတည်းအဖြစ် ပြီးခဲ့တဲ့ တနင်္လာနေ့က သတ်မှတ်ခဲ့ပြီး နိုင်ငံတွေကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ကူးစက်လူနာ ၁၆၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ကတော့ ၇၈၀၀ ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

အကုန်သိ

Add a Comment

Your email address will not be published. Required fields are marked *