အိႏၵိယ Covid မွ ေျပာေသာ အစိုး ရ ေကာင္း …

ဘီဘီစီ မွာ အိႏၵိယ က ကိုဗစ္ေၾကာင့္ လူေတြ ေဆး႐ုံ တက္ရတာ ေဆး႐ုံ ေတြျပည့္ေန တာ ကို ျပသြားတာ လိုင္းေပၚမွာေတြ႕ လိုက္ ရ ပါ တယ္။

ပထမလူက သူ႔မိန္းမ ကိုယ္ဝန္ နဲ႔ ကိုဗစ္လိုျဖစ္လို႔ ေဆး႐ုံတက္ ဖို႔ ႀကိဳးစား တာ ေဆး႐ုံ ၉ ခု တစ္ခုၿပီးတစ္ခု ျငင္းေနလို႔ ၁၃ နာရီ ၾကာသြားၿပီး သူ႔မိန္းမဆုံးသြား ခဲ့ပါ တယ္ ။ သူ႔သားက အေမဘယ္မွာလဲ လို႔ေမးေနတယ္ ။ ကြၽန္ေတာ္ ဘယ္လိုေျဖရမလဲ ဆိုၿပီး ရင္နင့္ဖြယ္ရာ ေျဖသြားခဲ့ ပါတယ္။ ကြၽန္ေတာ့္လို အျဖစ္မ်ိဳးမျဖစ္ေအာင္ အစိုး ရက အေရးယူေပးပါလို႔ ေျပာသြားခဲ့တာပါ။

ဒုတိယက ေဒလီကေဆး႐ုံ ကို လူနာလက္ခံၿပီး ေဆး႐ုံတင္ေပးဖို႔ေျပာေပးပါဆိုၿပီး ငိုေနတာပါ။ တတိယကေတာ့ ဆိုရွယ္မီဒီယာ မွာ လူတစ္ေယာက္က အထူးၾကပ္မတ္ကုသေဆာင္ကိုတင္ဖို႔ ေစာင့္ေနရင္း ေသသြားခဲ့ရပါတယ္။ သူက ငါတို႔ျပည္နယ္အစိုးရက အထူးၾကပ္မတ္ေဆာင္ေတြ မေဆာက္ခဲ့လို႔ငါ့အေဖ ေသရတာဆိုၿပီး အျပစ္တင္ေနတာပါ။ အိႏၵိယက ေဆး႐ုံေတြ ဟာ ကိုဗစ္လူနာေတြနဲ႔ ျပည့္ေနၿပီး မႏိုင္မနင္းျဖစ္ေနတာပါ။ သုံးလ lockdown အိႏၵိယမွာ လုပ္တာက ေစာသြားတာနဲ႔ လူေတြ ကို မေထာက္ပံ့ႏိုင္တာ ၊ နယ္မသြားေအာင္ မထိန္းႏိုင္ ခဲ့တာေၾကာင့္ အလုပ္ မျဖစ္ခဲ့ဘူး လို႔လဲ ေဝဖန္သူေတြက ေျပာၾကပါတယ္။

အိႏၵိယဟာ အေတာ္အသင့္ ပိုက္ဆံရွိပါတယ္။ ဆရာဝန္ေပါပါတယ္။ ဒီမိုကေရစီပါ။ တပ္ဟာ အစိုးရေအာက္မွာ ရွိပါတယ္။

သူတို႔မွာ မရွိတာက ေဒၚေအာင္ဆန္းစုၾကည္ လို ျပည္သူ ကို လမ္းျပႏိုင္တဲ့ ေခါင္းေဆာင္မရွိပါ ။ ေနာက္က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး လို မိမိႏိုင္ငံ ရဲ႕ ရွိတဲ့ေငြ၊ လူ႔အရင္းအျမစ္ နဲ႔ ကိုက္ညီတဲ့ မူဝါဒလဲခ်ႏိုင္ခဲ့ပုံမရပါ။ ျမန္မာျပည္က ေနာက္ေရာင္ခံလိုက္ တဲ့ track and trace စနစ္ကလဲ အားေကာင္းေနဆဲ ပါ ။ အိႏၵိယလို ဆင္းရဲသားေတြ ဒုက ၡမေရာက္ေအာင္လဲ လူကယ္ျပန္ နဲ႔ တိုင္းေဒသႀကီး အစိုးရေတြကေထာက္ပံ့ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အိႏၵိယလို လူ အစုလိုက္အၿပဳံလိုက္ ေ႐ႊ႕ေျပာင္းတာ နည္းသြား ခဲ့ပါတယ္။ ေနာက္ျမန္မာျပည္ က လုပ္အားေပး ပရဟိတသမားေတြ က အစိုးရ ကို ကူခဲ့ၾက ပါတယ္ ။

ေနာက္ဒီလူေျပာသြား တဲ့ ျပည္နယ္ အဆင့္မွာလဲ အျဖစ္မ်ားတဲ့ ရန္ကု န္မွာ ကြီၿဖိဳးက ဦးေဆာင္ၿပီး အလႉရွင္ေတြ၊ ျပည္သူေတြ နဲ႔ ပူးေပါင္းၿပီး ေဖာင္ႀကီးကို ေဆး႐ုံေျပာင္းထားႏိုင္ ခဲ့ပါတယ္။ သူက ဗဟိုအဆင့္က မျဖစ္ႏိုင္ေလာက္ဘူး လို႔ ထင္ေနတဲ့ၾကားထဲ က အခ်ိန္ အတို အတြင္း ေဆး႐ုံ အျဖစ္ ေျပာင္းခဲ့တာပါ။ ေဆး (၁) က သူနဲ႔အတူ တြဲလုပ္ခဲ့တဲ့ ပါေမာကၡခ်ဳပ္ တို႔ ဒုခ်ဳပ္တို႔ဆို သူ႔ရဲ႕ ေပါင္းစပ္ေခါင္းေဆာင္ႏိုင္မႈ၊ သူတို႔အႀကံဉာဏ္ေတြ ကို နားေထာင္ၿပီး လုပ္သြားတာ ကို ခ်ီးက်ဴးၾက ပါတယ္။ ပညာရွင္ စကားနားေထာင္ တဲ့ ႏိုင္ငံေရးသမားလို႔ သူတို႔က အသိအမွတ္ျပဳၾက ပါတယ္။

ျမန္မာျပည္ ရဲ႕ အေနာက္ တံခါးက အိႏၵိယ နဲ႔ ဘဂၤလားေဒရွ႕္မွာ ကိုဗစ္ျဖစ္လူနာမ်ားေန လို႔ စာေရးသူတို႔ေအာင္ပြဲခံ ဖို႔ေတာ့ ေစာပါေသးတယ္ ။ ဒါေပမယ့္ စာေရးသူတို႔တိုင္းျပည္ဟာ ဗီဒီယိုထဲက အိႏၵိယေလာက္ မဆိုးဘူး ဆိုတာ သိလိုက္ရေတာ့ အတိုင္ပင္ခံ DASSK၊ က်န္းမာေရးဝန္ႀကီး ၊ လူကယ္ျပန္၊ ရန္ကုန္တိုင္း ဝကခနဲ႔ ပူးေပါင္းပါဝင္တဲ့ က်န္းမာေရးဝန္ထမ္းမ်ား ျပည္သူမ်ား ကို ေက်းဇူးတင္မိျပန္ ပါတယ္။ NLD အစိုးရ ရဲ႕ ျပည္သူနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ျခင္း ရဲ႕ ရလာဘ္လို႔ ေျပာရမွာပါ ။

News Source credit: BBC
Myat Tun Oo

ZN.H

unicode

ဘီဘီစီ မှာ အိန္ဒိယ က ကိုဗစ်ကြောင့် လူတွေ ဆေးရုံ တက်ရတာ ဆေးရုံ တွေပြည့်နေ တာ ကို ပြသွားတာ လိုင်းပေါ်မှာတွေ့ လိုက် ရ ပါ တယ်။

ပထမလူက သူ့မိန်းမ ကိုယ်ဝန် နဲ့ ကိုဗစ်လိုဖြစ်လို့ ဆေးရုံတက် ဖို့ ကြိုးစား တာ ဆေးရုံ ၉ ခု တစ်ခုပြီးတစ်ခု ငြင်းနေလို့ ၁၃ နာရီ ကြာသွားပြီး သူ့မိန်းမဆုံးသွား ခဲ့ပါ တယ် ။ သူ့သားက အမေဘယ်မှာလဲ လို့မေးနေတယ် ။ ကျွန်တော် ဘယ်လိုဖြေရမလဲ ဆိုပြီး ရင်နင့်ဖွယ်ရာ ဖြေသွားခဲ့ ပါတယ်။ ကျွန်တော့်လို အဖြစ်မျိုးမဖြစ်အောင် အစိုး ရက အရေးယူပေးပါလို့ ပြောသွားခဲ့တာပါ။

ဒုတိယက ဒေလီကဆေးရုံ ကို လူနာလက်ခံပြီး ဆေးရုံတင်ပေးဖို့ပြောပေးပါဆိုပြီး ငိုနေတာပါ။ တတိယကတော့ ဆိုရှယ်မီဒီယာ မှာ လူတစ်ယောက်က အထူးကြပ်မတ်ကုသဆောင်ကိုတင်ဖို့ စောင့်နေရင်း သေသွားခဲ့ရပါတယ်။ သူက ငါတို့ပြည်နယ်အစိုးရက အထူးကြပ်မတ်ဆောင်တွေ မဆောက်ခဲ့လို့ငါ့အဖေ သေရတာဆိုပြီး အပြစ်တင်နေတာပါ။ အိန္ဒိယက ဆေးရုံတွေ ဟာ ကိုဗစ်လူနာတွေနဲ့ ပြည့်နေပြီး မနိုင်မနင်းဖြစ်နေတာပါ။ သုံးလ lockdown အိန္ဒိယမှာ လုပ်တာက စောသွားတာနဲ့ လူတွေ ကို မထောက်ပံ့နိုင်တာ ၊ နယ်မသွားအောင် မထိန်းနိုင် ခဲ့တာကြောင့် အလုပ် မဖြစ်ခဲ့ဘူး လို့လဲ ဝေဖန်သူတွေက ပြောကြပါတယ်။

အိန္ဒိယဟာ အတော်အသင့် ပိုက်ဆံရှိပါတယ်။ ဆရာဝန်ပေါပါတယ်။ ဒီမိုကရေစီပါ။ တပ်ဟာ အစိုးရအောက်မှာ ရှိပါတယ်။

သူတို့မှာ မရှိတာက ဒေါ်အောင်ဆန်းစုကြည် လို ပြည်သူ ကို လမ်းပြနိုင်တဲ့ ခေါင်းဆောင်မရှိပါ ။ နောက်ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လို မိမိနိုင်ငံ ရဲ့ ရှိတဲ့ငွေ၊ လူ့အရင်းအမြစ် နဲ့ ကိုက်ညီတဲ့ မူဝါဒလဲချနိုင်ခဲ့ပုံမရပါ။ မြန်မာပြည်က နောက်ရောင်ခံလိုက် တဲ့ track and trace စနစ်ကလဲ အားကောင်းနေဆဲ ပါ ။ အိန္ဒိယလို ဆင်းရဲသားတွေ ဒုက ္ခမရောက်အောင်လဲ လူကယ်ပြန် နဲ့ တိုင်းဒေသကြီး အစိုးရတွေကထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယလို လူ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းတာ နည်းသွား ခဲ့ပါတယ်။ နောက်မြန်မာပြည် က လုပ်အားပေး ပရဟိတသမားတွေ က အစိုးရ ကို ကူခဲ့ကြ ပါတယ် ။

နောက်ဒီလူပြောသွား တဲ့ ပြည်နယ် အဆင့်မှာလဲ အဖြစ်များတဲ့ ရန်ကု န်မှာ ကွီဖြိုးက ဦးဆောင်ပြီး အလှူရှင်တွေ၊ ပြည်သူတွေ နဲ့ ပူးပေါင်းပြီး ဖောင်ကြီးကို ဆေးရုံပြောင်းထားနိုင် ခဲ့ပါတယ်။ သူက ဗဟိုအဆင့်က မဖြစ်နိုင်လောက်ဘူး လို့ ထင်နေတဲ့ကြားထဲ က အချိန် အတို အတွင်း ဆေးရုံ အဖြစ် ပြောင်းခဲ့တာပါ။ ဆေး (၁) က သူနဲ့အတူ တွဲလုပ်ခဲ့တဲ့ ပါမောက္ခချုပ် တို့ ဒုချုပ်တို့ဆို သူ့ရဲ့ ပေါင်းစပ်ခေါင်းဆောင်နိုင်မှု၊ သူတို့အကြံဉာဏ်တွေ ကို နားထောင်ပြီး လုပ်သွားတာ ကို ချီးကျူးကြ ပါတယ်။ ပညာရှင် စကားနားထောင် တဲ့ နိုင်ငံရေးသမားလို့ သူတို့က အသိအမှတ်ပြုကြ ပါတယ်။

မြန်မာပြည် ရဲ့ အနောက် တံခါးက အိန္ဒိယ နဲ့ ဘင်္ဂလားဒေရှ့်မှာ ကိုဗစ်ဖြစ်လူနာများနေ လို့ စာရေးသူတို့အောင်ပွဲခံ ဖို့တော့ စောပါသေးတယ် ။ ဒါပေမယ့် စာရေးသူတို့တိုင်းပြည်ဟာ ဗီဒီယိုထဲက အိန္ဒိယလောက် မဆိုးဘူး ဆိုတာ သိလိုက်ရတော့ အတိုင်ပင်ခံ DASSK၊ ကျန်းမာရေးဝန်ကြီး ၊ လူကယ်ပြန်၊ ရန်ကုန်တိုင်း ဝကခနဲ့ ပူးပေါင်းပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းများ ပြည်သူများ ကို ကျေးဇူးတင်မိပြန် ပါတယ်။ NLD အစိုးရ ရဲ့ ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်း ရဲ့ ရလာဘ်လို့ ပြောရမှာပါ ။

News Source credit: BBC
Myat Tun Oo

ZN.H

Add a Comment

Your email address will not be published. Required fields are marked *