ႀကိဳးတုပ္ အသတ္ ခံ ထားရေသာ အမ်ိဳးသမီး အေလာင္း ၂ ေလာင္းေတြ႕

လားရႈိးၿမိဳ႕ မက်ီးႏု႐ြာသခ်ိၤုင္း အနီး ႀကိဳးတုပ္ အသတ္ခံ ထားရေသာ အမ်ိဳးသမီးအေလာင္း ၂ ေလာင္းေတြ႕

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္ မက်ီးႏု႐ြာ သခ်ိဳငၤ္းအနီးတြင္ ႀကိဳးတုပ္၍ အသတ္ခံ ထားရေသာ အမ်ိဳးသမီးအေလာင္း ၂ ေလာင္းကို ယေန႔ မနက္က ေတြ႕ ရွိခဲ့ေၾကာင္း သိရသည္။

မက်ီးႏု႐ြာသြားကားလမ္းေပၚမွ တစ္နာရီ ခန႔္ လမ္းေလွ်ာက္ရသည့္ ေတာအတြင္း တစ္ေနရာတြင္ အဆိုပါ အမ်ိဳးသမီး အေလာင္း ၂ ေလာင္း ကိုေတြ႕ရျခင္းျဖစ္ၿပီး ၂ ဦးစလုံးမွာ အသက္ ၃၀ ခန႔္ အ႐ြယ္မ်ားျဖစ္ေၾကာင္း အေလာင္းသြားသယ္သည့္ လူမႈကူညီေရးအဖြဲ႕ထံမွ သိရသည္။

“ႏွစ္ဦးစလုံးကို လက္ျပန္ႀကိဳးတုပ္ထားတယ္။ တစ္ဦးကေတာ့ ေနာက္ျပန္။ တစ္ဦးကေတာ့ အေရွ႕ကေနပဲ တုပ္ထားတယ္။ က်ေနာ့ အထင္ေတာ့ မီးရႈိ႕ၿ ပီးအေလာင္းေဖ်ာက္ဖို႔ထိ ရည္႐ြယ္ထားတယ္လို႔ထင္တယ္။ ဘာလို႔လဲဆို ေမြ႕ယာေတြလည္းပါတယ္။ တစ္ေလာင္းက ေမြ႕ယာေတြနဲ႔ပတ္ထားတယ္။ ဒါေပမဲ့ မိုးအရမ္း႐ြာလို႔ ဒီအတိုင္း စြန႔္ပစ္ထား ခဲ့ပုံရတယ္” ဟု အေလာင္းသြား သယ္ရာတြင္ ပါဝင္ခဲ့သည့္ လားရႈိ႕ၿမိဳ႕ လူမႈကူညီေရး အသင္းမွ ကိုနယူးညီ ကေျပာသည္။

အေလာင္း ၂ေလာင္းစလုံး တြင္ ထိုးသြင္းဒဏ္ရာ တစ္စုံတစ္ရာမေတြ႕ရွိေၾကာင္းလည္း ၎ကဆိုသည္။

အေလာင္း ၂ ေလာင္းေတြ႕ရွိရ သည့္ေနရာအနီးတြင္ ယာဥ္နံပါတ္ျပား တစ္ခုကို လည္းေတြ႕ရေၾကာင္း သိရသည္။

အေလာင္း ၂ေလာင္းကိုေတြ႕ရွိ ခ်ိန္တြင္ ပုတ္ပြေနၿပီး ယင္ေကာင္မ်ား ဝဲေန သျဖင့္ အနား ပင္ကပ္ ရခက္ေၾကာင္း ကိုနယူးညီက ဆိုသည္။

အေလာင္း ၂ ေလာင္းကို လား႐ိူး လူငယ္လူမႈ ကယ္ဆယ္ေရး အသင္းကားျဖင့္ လားရႈိးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

AM-0004

Photo Credit- ကိုနယူးညီ

unicode

လားရှိုးမြို့ မကျီးနုရွာသချိၤုင်း အနီး ကြိုးတုပ် အသတ်ခံ ထားရသော အမျိုးသမီးအလောင်း ၂ လောင်းတွေ့

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မကျီးနုရွာ သချိုင်္င်းအနီးတွင် ကြိုးတုပ်၍ အသတ်ခံ ထားရသော အမျိုးသမီးအလောင်း ၂ လောင်းကို ယနေ့ မနက်က တွေ့ ရှိခဲ့ကြောင်း သိရသည်။

မကျီးနုရွာသွားကားလမ်းပေါ်မှ တစ်နာရီ ခန့် လမ်းလျှောက်ရသည့် တောအတွင်း တစ်နေရာတွင် အဆိုပါ အမျိုးသမီး အလောင်း ၂ လောင်း ကိုတွေ့ရခြင်းဖြစ်ပြီး ၂ ဦးစလုံးမှာ အသက် ၃၀ ခန့် အရွယ်များဖြစ်ကြောင်း အလောင်းသွားသယ်သည့် လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

“နှစ်ဦးစလုံးကို လက်ပြန်ကြိုးတုပ်ထားတယ်။ တစ်ဦးကတော့ နောက်ပြန်။ တစ်ဦးကတော့ အရှေ့ကနေပဲ တုပ်ထားတယ်။ ကျနော့ အထင်တော့ မီးရှို့ြ ပီးအလောင်းဖျောက်ဖို့ထိ ရည်ရွယ်ထားတယ်လို့ထင်တယ်။ ဘာလို့လဲဆို မွေ့ယာတွေလည်းပါတယ်။ တစ်လောင်းက မွေ့ယာတွေနဲ့ပတ်ထားတယ်။ ဒါပေမဲ့ မိုးအရမ်းရွာလို့ ဒီအတိုင်း စွန့်ပစ်ထား ခဲ့ပုံရတယ်” ဟု အလောင်းသွား သယ်ရာတွင် ပါဝင်ခဲ့သည့် လားရှို့မြို့ လူမှုကူညီရေး အသင်းမှ ကိုနယူးညီ ကပြောသည်။

အလောင်း ၂လောင်းစလုံး တွင် ထိုးသွင်းဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိကြောင်းလည်း ၎င်းကဆိုသည်။

အလောင်း ၂ လောင်းတွေ့ရှိရ သည့်နေရာအနီးတွင် ယာဉ်နံပါတ်ပြား တစ်ခုကို လည်းတွေ့ရကြောင်း သိရသည်။

အလောင်း ၂လောင်းကိုတွေ့ရှိ ချိန်တွင် ပုတ်ပွနေပြီး ယင်ကောင်များ ဝဲနေ သဖြင့် အနား ပင်ကပ် ရခက်ကြောင်း ကိုနယူးညီက ဆိုသည်။

အလောင်း ၂ လောင်းကို လားရိူး လူငယ်လူမှု ကယ်ဆယ်ရေး အသင်းကားဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

AM-0004

Photo Credit- ကိုနယူးညီ

Add a Comment

Your email address will not be published. Required fields are marked *