ဆရာမ တစ္ဦး ကို အဓမၼျပဳက်င့္ ပစၥည္းလုယူၿပီး သတ္ပစ္ ခဲ့ တဲ့ တရားခံ ကို ေသဒဏ္ ခ်မွတ္

ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္မွာ မူလတန္းျပ ဆရာမ တစ္ဦးကို အဓမၼျပဳက်င့္ကာ ပစၥည္းလု ယူၿပီး သတ္ပစ္ခဲ့တဲ့ တရားခံ ေ႐ႊထူး(ခ) ေအးခ်မ္းဆိုသူကို ေက်ာက္ျဖဴ ခ႐ိုင္တရား႐ုံးက ဇြန္ ၂၅ ရက္မွာ ေသဒဏ္အ မိန႔္ ခ်မွတ္ခဲ့တယ္လို႔ ေက်ာက္ျဖဴခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးက သိရပါတယ္။

မူလတန္းျပဆရာမ တစ္ဦးဟာ ၂၀၁၈ ဒီဇင္ဘာ ၁၀ ရက္မနက္က ေနအိမ္မွ ၁ မိုင္ေက်ာ္ေလာက္ေဝးတဲ့ အတြင္းျပင္အုပ္စု ေတာင္႐ြာေက်း႐ြာ (အ.မ.က)ေက်ာင္းကို ေက်ာင္းတက္ဖို႔ လမ္းေလွ်ာက္ၿပီး သြားရာမွာ ေက်ာင္းကို ၁၂ နာရီအခ်ိန္ထိ ေရာက္မလာလို႔ ေက်ာင္းအုပ္ဆရာမႀကီးက မိဘေတြ ထံ ဖုန္းဆက္အေၾကာင္းၾကားခဲ့ပါတယ္။

ဆရာမရဲ႕ ဖခင္ျဖစ္သူက သမီးေပ်ာက္ဆုံးေနတာ ကိုသိရွိခဲ့ၿပီးေနာက္ လိုက္လံရွာေဖြရာမွာ သေျပကြၽန္းေက်း႐ြာ အနီး ကားလမ္းမေဘးရွိေခ်ာင္းေဘးကမ္းမွာ လည္ပင္းညိဳမဲ ဒဏ္ရာ၊ မအဂၤါစပ္ေသြးထြက္ဒ ဏ္ရာတို႔ရရွိကာ ေသဆုံးေနတာ ကိုေတြ႕ရွိခဲ့တာပါ။

အဓမၼျပဳက်င့္ ကာ ဖုန္းနဲ ႔နားကပ္ေတြကို လုယူၿပီး ေသဆုံးေအာင္ ႐ိုက္ႏွက္ခဲ့သူအား စုံစမ္းေဖာ္ထုတ္အေရး ယူေပးဖို႔ ဆရာမရဲ႕ဖခင္ျဖစ္သူက ရမ္းၿဗဲၿမိဳ႕နယ္ ေလးေတာင္ရဲစခန္းမွာ တရားလိုျပဳလုပ္ကာတိုင္ၾကားခဲ့တဲ့ အမႈျဖစ္ပါတယ္။

အဆိုပါအမႈ က်ဴးလြန္သူ ေ႐ႊထူး(ခ) ေအးခ်မ္း ကို က်ဴးလြန္ၿပီး ၂၄ နာရီအတြင္း ေက်ာက္ျဖဴခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဦးစီးတဲ့အဖြဲ႕က ယူသြားတဲ့ပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့ၿပီးေနာက္ လူသတ္မႈ၊ မုဒိန္းမႈ၊ လုယက္မႈတို႔နဲ႔ အမႈဖြင့္လွစ္ကာ ေက်ာက္ျဖဴခ႐ိုင္တရား႐ုံးမွာ ၂၀၁၉ ဇန္နဝါရီ ၁ရက္က စတင္ စစ္ေဆး ခဲ့ ပါတယ္။

အမႈမွတရားလိုျပသက္ေသ ၃၀ ဦးကိုစစ္ေဆးခဲ့ၿပီးေနာက္ ဇြန္လ ၂၅ ရက္မွာ ျပစ္မႈက်ဴးလြန္သူ ေ႐ႊထူး(ခ)ေအးခ်မ္းကို ေက်ာက္ျဖဴခ႐ိုင္တရား႐ုံးက ရာဇသတ္ႀကီး ပုဒ္မ-၃၀၂(၁)(ဂ)အရ ျပစ္မႈထင္ရွားတဲ့အတြက္ အျမင့္ဆုံးျပစ္ဒဏ္ျဖစ္တဲ့ ေသဒဏ္အမိန႔္ကို ခ်မွတ္ခဲ့တာ လို႔ ေက်ာက္ျဖဴခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒုရဲမႉးေက်ာ္ေက်ာ္ဝင္းက ေျပာပါတယ္။

သတင္း-ေနာင္ေနာင္ / DVB TV News

unicode

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ မူလတန်းပြ ဆရာမ တစ်ဦးကို အဓမ္မပြုကျင့်ကာ ပစ္စည်းလု ယူပြီး သတ်ပစ်ခဲ့တဲ့ တရားခံ ရွှေထူး(ခ) အေးချမ်းဆိုသူကို ကျောက်ဖြူ ခရိုင်တရားရုံးက ဇွန် ၂၅ ရက်မှာ သေဒဏ်အ မိန့် ချမှတ်ခဲ့တယ်လို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

မူလတန်းပြဆရာမ တစ်ဦးဟာ ၂၀၁၈ ဒီဇင်ဘာ ၁၀ ရက်မနက်က နေအိမ်မှ ၁ မိုင်ကျော်လောက်ဝေးတဲ့ အတွင်းပြင်အုပ်စု တောင်ရွာကျေးရွာ (အ.မ.က)ကျောင်းကို ကျောင်းတက်ဖို့ လမ်းလျှောက်ပြီး သွားရာမှာ ကျောင်းကို ၁၂ နာရီအချိန်ထိ ရောက်မလာလို့ ကျောင်းအုပ်ဆရာမကြီးက မိဘတွေ ထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

ဆရာမရဲ့ ဖခင်ဖြစ်သူက သမီးပျောက်ဆုံးနေတာ ကိုသိရှိခဲ့ပြီးနောက် လိုက်လံရှာဖွေရာမှာ သပြေကျွန်းကျေးရွာ အနီး ကားလမ်းမဘေးရှိချောင်းဘေးကမ်းမှာ လည်ပင်းညိုမဲ ဒဏ်ရာ၊ မအင်္ဂါစပ်သွေးထွက်ဒ ဏ်ရာတို့ရရှိကာ သေဆုံးနေတာ ကိုတွေ့ရှိခဲ့တာပါ။

အဓမ္မပြုကျင့် ကာ ဖုန်းနဲ့နားကပ်တွေကို လုယူပြီး သေဆုံးအောင် ရိုက်နှက်ခဲ့သူအား စုံစမ်းဖော်ထုတ်အရေး ယူပေးဖို့ ဆရာမရဲ့ဖခင်ဖြစ်သူက ရမ်းဗြဲမြို့နယ် လေးတောင်ရဲစခန်းမှာ တရားလိုပြုလုပ်ကာတိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။

အဆိုပါအမှု ကျူးလွန်သူ ရွှေထူး(ခ) အေးချမ်း ကို ကျူးလွန်ပြီး ၂၄ နာရီအတွင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့အဖွဲ့က ယူသွားတဲ့ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှုတို့နဲ့ အမှုဖွင့်လှစ်ကာ ကျောက်ဖြူခရိုင်တရားရုံးမှာ ၂၀၁၉ ဇန်နဝါရီ ၁ရက်က စတင် စစ်ဆေး ခဲ့ ပါတယ်။

အမှုမှတရားလိုပြသက်သေ ၃၀ ဦးကိုစစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်မှာ ပြစ်မှုကျူးလွန်သူ ရွှေထူး(ခ)အေးချမ်းကို ကျောက်ဖြူခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ-၃၀၂(၁)(ဂ)အရ ပြစ်မှုထင်ရှားတဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်အမိန့်ကို ချမှတ်ခဲ့တာ လို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်ကျော်ဝင်းက ပြောပါတယ်။

သတင်း-နောင်နောင် / DVB TV News

Add a Comment

Your email address will not be published. Required fields are marked *