အခ်စ္ ၊ အလြမ္း နဲ႕ ရသစာေပမ်ား ေရးသား ခဲ႕ေသာ စာေရး ဆရာ ႏြမ္ဂ်ာသိုင္း ကြယ္လြန္

အခ်စ္ ၊ အလြမ္း နဲ႕ ရသစာေပမ်ားေရးသား တဲ့ စာေရးဆရာ ႏြမ္ဂ်ာသိုင္းဟာ ရန္ကုန္ၿမိဳ႕၊ ပင္လုံေဆး႐ုံ မွာ ဒီကေန႕ ဇြန္ ၂၇ ရက္ မြန္းလြဲပိုင္း က ကြယ္လြန္သြားၿပီျဖစ္ ပါတယ္ ။

စာေရး ဆရာႏြမ္ဂ်ာသိုင္း ဟာ ကြယ္လြန္ခ်ိန္ မွာ အသက္ ၆၈ ႏွစ္ ရွိၿပီျဖစ္ၿပီး ဈာပန အခမ္းအနား ကို ဇြန္ ၂၉ ရက္ေန႕ မြန္းလြဲ ၁ နာရီ မွာ ေရေဝးသုႆန္မွာ ျပဳလုပ္မွာျဖစ္ ပါတယ္။

စာေရး ဆရာႏြမ္ဂ်ာသိုင္း ရဲ႕ ႐ုပ္ခႏၶာကို နာေရး ကူညီမႈအသင္း (ရန္ကုန္) က ေဆး႐ုံကေန ေရေဝးသုႆာန္ကို သယ္ယူပို႔ေဆာင္ေပးခဲ့တာျဖစ္ ပါတယ္။

စာေရးဆရာႏြမ္ဂ်ာသိုင္း (ခ) ဦးဝင္းျမင့္ေမာင္ ဟာ “ေဒါင္းယာဥ္ပ်ံ ဘုံနံေဘးမွာ စာေရးလို႔ ထားခ်င္တယ္”၊ “တစ္ခါ တုန္းက တကၠသိုလ္မွာ” ၊ “တစ္ပင္တည္း ရင္ထဲကႏြယ္”၊ “ခပ္ညံ့ညံ့ပဲ ေကာင္းပါတယ္””ႏွစ္နားကပ္ လို႔ တိုင္ပင္ ခ်င္တယ္”၊ “ယုံေအာင္ လည္းေျပာတတ္တယ္ လြမ္းေအာင္ လည္း ခြၽဲတတ္တယ္” စတဲ့ နာမည္ႀကီး ဝတၳဳေတြ အပါ အဝင္ လုံးခ်င္း ဝတၳဳနဲ႕ ဝတၳဳတိုမ်ား စြာေရးသားခဲ့တဲ့ စာေရး ဆရာႀကီး တစ္ဦးျဖစ္ပါတယ္။

စာေပေဟာေျပာ ပြဲေျမာက္ျမားစြာလည္း ေဟာေျပာခဲ့ သူျဖစ္ၿပီး သူ႕ ရဲ႕ဇာတ္လမ္းေတာ္ေတာ္ မ်ားမ်ား ဟာ ၁၉၉၀ ျပည့္ႏွစ္ေက်ာ္ကာလေတြ မွာ ႐ုပ္ရွင္ ဗီဒီယိုေတြအျဖစ္ ျပန္လည္ ရိုက္ကူးေအာင္ျမင္ခဲ့ ပါတယ္

စာဖတ္ပရိသတ္မ်ားအေန နဲ႕ ဆရာႏြမ္ဂ်ာသိုင္းရဲ႕ ဝတၳဳေတြ ထဲက အမွတ္တရျဖစ္ေန တဲ့ စာသားေတြ ရွိရင္ လည္း မွတ္ခ်က္ မွာ လာေရာက္ေရးသားေပးၾကဖို႔ ေလးစားစြာ ဖိတ္ေခၚအပ္ ပါတယ္။

ဓာတ္ပုံ-ေမျမတ္ဝါဆိုေဖ့စ္ဘြတ္ခ္ ၊ ၊နာေရးကူညီမႈ အသင္း(ရန္ကုန္)

unicode

အချစ် ၊ အလွမ်း နဲ့ ရသစာပေများရေးသား တဲ့ စာရေးဆရာ နွမ်ဂျာသိုင်းဟာ ရန်ကုန်မြို့၊ ပင်လုံဆေးရုံ မှာ ဒီကနေ့ ဇွန် ၂၇ ရက် မွန်းလွဲပိုင်း က ကွယ်လွန်သွားပြီဖြစ် ပါတယ် ။

စာရေး ဆရာနွမ်ဂျာသိုင်း ဟာ ကွယ်လွန်ချိန် မှာ အသက် ၆၈ နှစ် ရှိပြီဖြစ်ပြီး ဈာပန အခမ်းအနား ကို ဇွန် ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မှာ ရေဝေးသုဿန်မှာ ပြုလုပ်မှာဖြစ် ပါတယ်။

စာရေး ဆရာနွမ်ဂျာသိုင်း ရဲ့ ရုပ်ခန္ဓာကို နာရေး ကူညီမှုအသင်း (ရန်ကုန်) က ဆေးရုံကနေ ရေဝေးသုဿာန်ကို သယ်ယူပို့ဆောင်ပေးခဲ့တာဖြစ် ပါတယ်။

စာရေးဆရာနွမ်ဂျာသိုင်း (ခ) ဦးဝင်းမြင့်မောင် ဟာ “ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်”၊ “တစ်ခါ တုန်းက တက္ကသိုလ်မှာ” ၊ “တစ်ပင်တည်း ရင်ထဲကနွယ်”၊ “ခပ်ညံ့ညံ့ပဲ ကောင်းပါတယ်””နှစ်နားကပ် လို့ တိုင်ပင် ချင်တယ်”၊ “ယုံအောင် လည်းပြောတတ်တယ် လွမ်းအောင် လည်း ချွဲတတ်တယ်” စတဲ့ နာမည်ကြီး ဝတ္ထုတွေ အပါ အဝင် လုံးချင်း ဝတ္ထုနဲ့ ဝတ္ထုတိုများ စွာရေးသားခဲ့တဲ့ စာရေး ဆရာကြီး တစ်ဦးဖြစ်ပါတယ်။

စာပေဟောပြော ပွဲမြောက်မြားစွာလည်း ဟောပြောခဲ့ သူဖြစ်ပြီး သူ့ ရဲ့ဇာတ်လမ်းတော်တော် များများ ဟာ ၁၉၉၀ ပြည့်နှစ်ကျော်ကာလတွေ မှာ ရုပ်ရှင် ဗီဒီယိုတွေအဖြစ် ပြန်လည် ရိုက်ကူးအောင်မြင်ခဲ့ ပါတယ်

စာဖတ်ပရိသတ်များအနေ နဲ့ ဆရာနွမ်ဂျာသိုင်းရဲ့ ဝတ္ထုတွေ ထဲက အမှတ်တရဖြစ်နေ တဲ့ စာသားတွေ ရှိရင် လည်း မှတ်ချက် မှာ လာရောက်ရေးသားပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ် ပါတယ်။

ဓာတ်ပုံ-မေမြတ်ဝါဆိုဖေ့စ်ဘွတ်ခ် ၊ ၊နာရေးကူညီမှု အသင်း(ရန်ကုန်)

Add a Comment

Your email address will not be published. Required fields are marked *