(၆၆) ႏွစ္ အမ်ိဳးသား က (၁၇) ႏွစ္မိန္းကေ လး ကို အဓမၼျပဳက်င့္

ေက်ာက္ တံခါးၿမိဳ႕တြင္ အသက္ ၆၆ အ႐ြယ္အမ်ိဳးသား က အသက္ ၁၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္ခဲ့သည္ ဆိုမႈကို ဖမ္းဆီးအေရးယူထားေၾကာင္း ယေန႔ဇူလိုင္ ၁ ရက္တြင္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ဇြန္ ၃၀ ရက္ နံနက္ ၁၁ နာရီခန ႔္တြင္ ေက်ာက္တံခါးၿမိဳ႕နယ္၊ ပဲႏြယ္ကုန္းၿမိဳ႕နယ္၌ အသက္ ၅၃ အ႐ြယ္ အမ်ိဳးသမီးႀကီး တစ္ဦးသည္ ေနအိမ္၌ရွိေနစဥ္ အသက္ ၁၇ ႏွစ္အ႐ြယ္၎၏ သမီးမွာ ႐ြာထဲသို႔ အလည္သြားေရာက္ခဲ့သည္။

သမီးျဖစ္ သူေနအိမ္သို႔ ျပန္လာစဥ္ တုံကန္ေခ်ာင္းကမ္းပါး အနီးအေရာက္၌ တစ္႐ြာတည္းေန စိန္လႈိင္ (၆၆)ႏွစ္က လွမ္းေခၚ၍ လက္ကိုအတင္းဆြဲေခၚၿပီး ၿခဳံပုတ္အတြင္း တြန္းလွဲကာ အလိုမတူဘဲ အဓမၼျပဳက်င့္ခဲ့သည္။

အဆိုပါ အဓမၼျပဳက်င့္မႈ ကို တစ္႐ြာတည္းေန ငါးထြက္ ရွာသူ အမ်ိဳးသမီး ၂ ဦးက ေတြ႕ ျမင္ ခဲ့ေသာၾကာင့္ ထိုသို႔ မလုပ္ရန္တားျမစ္စဥ္ စိန္လႈိင္က ထြက္ေျပးသြားခဲ့ရာ သမီးျဖစ္သူကို အဓမၼျပဳက်င့္သူ စိန္လႈိင္ကို အေရးယူေပးရန္ တိုင္ၾကားခဲ့သည္။

ပဲႏြယ္ကုန္း ရဲစခန္းက ရာဇသတ္ႀကီးဥပေဒ ပုဒ္မ၃၇၆ အရအမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူ စိန္လႈိင္ ကို ညေန ၄ နာရီခြဲတြင္ ဖမ္းဆီး ခဲ့ၿပီး အမႈျဖင့္ ဆက္လက္အေရးယူထားသည္။

ျမန္မာတိုင္းမ္

unicode

ကျောက် တံခါးမြို့တွင် အသက် ၆၆ အရွယ်အမျိုးသား က အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည် ဆိုမှုကို ဖမ်းဆီးအရေးယူထားကြောင်း ယနေ့ဇူလိုင် ၁ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် နံနက် ၁၁ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နယ်၌ အသက် ၅၃ အရွယ် အမျိုးသမီးကြီး တစ်ဦးသည် နေအိမ်၌ရှိနေစဉ် အသက် ၁၇ နှစ်အရွယ်၎င်း၏ သမီးမှာ ရွာထဲသို့ အလည်သွားရောက်ခဲ့သည်။

သမီးဖြစ် သူနေအိမ်သို့ ပြန်လာစဉ် တုံကန်ချောင်းကမ်းပါး အနီးအရောက်၌ တစ်ရွာတည်းနေ စိန်လှိုင် (၆၆)နှစ်က လှမ်းခေါ်၍ လက်ကိုအတင်းဆွဲခေါ်ပြီး ခြုံပုတ်အတွင်း တွန်းလှဲကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သည်။

အဆိုပါ အဓမ္မပြုကျင့်မှု ကို တစ်ရွာတည်းနေ ငါးထွက် ရှာသူ အမျိုးသမီး ၂ ဦးက တွေ့ မြင် ခဲ့သောကြာင့် ထိုသို့ မလုပ်ရန်တားမြစ်စဉ် စိန်လှိုင်က ထွက်ပြေးသွားခဲ့ရာ သမီးဖြစ်သူကို အဓမ္မပြုကျင့်သူ စိန်လှိုင်ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ပဲနွယ်ကုန်း ရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၇၆ အရအမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ စိန်လှိုင် ကို ညနေ ၄ နာရီခွဲတွင် ဖမ်းဆီး ခဲ့ပြီး အမှုဖြင့် ဆက်လက်အရေးယူထားသည်။

မြန်မာတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *