မေနာ ရဲ႕ ဒီ သီခ်င္း ေၾကာင့္ ေက်ာင္းသားေ တြ ေတာင္းပန္ ခိုင္းၿပီ

ေတးသံရွင္မေနာ ရဲ႕ လူပ်ိဳ MTV ဟာ ရတနာပုံတကၠသိုလ္ ရဲ႕ ဂုဏ္သိကၡာ ကို ထိခိုက္ေစ တဲ့ အတြက္ တစ္ပတ္အတြင္းျပန္လည္ေတာင္းပ န္ဖို႔ တကၠသိုလ္ ေက်ာင္းသားတခ်ိဳ႕ က ေတာင္းဆို လိုက္ပါတယ္။

ေတးသံရွင္ မေနာပါဝင္ သီဆိုသ႐ုပ္ေဆာင္ထားၿပီး ဒါ႐ိုက္တာ သူေက်ာ္သူ ႐ိုက္ ကူးထားတဲ့ လူပ်ိဳ ေတးသီခ်င္း႐ုပ္သံဟာ ရတနာပုံတကၠသိုလ္ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္မရွိပဲ တကၠသိုလ္ဝန္းအတြင္းမွာ ႐ိုက္ကူးထားတာ၊ ႐ုပ္သံမွာ သ႐ုပ္ေဆာင္ထားမႈေတြဟာ ရတနာပုံ တကၠသိုလ္ ေက်ာင္းသားေ က်ာင္းသူေတြ နဲ႔ ဆရာဆရာမေတြ ရဲ႕ ဂုဏ္သိကၡာကို က်ဆင္းတဲ့ ပုံစံမ်ိဳး ျဖစ္ေနတယ္လို႔ ရတနာပုံ တကၠသိုလ္ ေက်ာင္းသား ေက်ာင္းသူ တစ္ခ်ိဳ႕က ေျပာပါတယ္။ ဒီ MTV ႐ုပ္သံဟာ တကၠသိုလ္ ရဲ႕ ဂုဏ္သိကၡာထိခိုက္ေစတဲ့ အတြက္ ေက်ာင္းအုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြထံ တစ္ပတ္အတြင္း ေတာင္းပန္ဖို႔ကို လည္း ဇူလိုင္လ ၁ ရက္ေန႔မွာ တကၠသိုလ္ ေက်ာင္းသားေတြက သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

ရတနာပုံတကၠသိုလ္ ေရွးေဟာင္း သုေတသနပညာ တက္ေရာက္ေနတဲ့ တတိယႏွစ္ ေက်ာင္းသား ကိုမ်ိဳးခ်စ္ေဇာ္ က “လြန္ခဲ့တဲ့ ရက္ပိုင္းအတြင္းကဗ်၊ အဆိုေတာ္ မေနာကေနၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္ေပ့ခ္်ကေနၿပီးေတာ့ တင္ထားတဲ့ လူပ်ိဳဆိုတဲ့ ေတးသီခ်င္း MTV ေပါ့။ သ႐ုပ္ေဆာင္ ႐ိုက္ကူးၿပီးေတာ့ တင္ထား ခဲ့တယ္။ အဲ့ဒီရဲ႕ MTV မွာ ပါဝင္တဲ့ သ႐ုပ္ေဆာင္ ႐ိုက္ကူးထားမႈေတြဟာ က်ေနာ္တို႔ လက္ရွိ ရတနာပုံတကၠသိုလ္ေက်ာင္းသား ေက်ာင္းသူေတြ ရဲ႕ ဂုဏ္သိကၡာ အသေရကို ညႇိဳးႏြမ္းေစတဲ့အတြက္ ကိုမေနာ သိေအာင္ ဆိုတာရယ္၊ ေနာက္တစ္ခ်က္က ကိုမေနာ တို႔ အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေနၿပီးေတာ့ က်ေနာ္တို႔ ရတနာပုံတကၠသိုလ္ ေက်ာင္းသားေက်ာင္းသူေတြ နဲ႔ ေက်ာင္းအုပ္ခ်ဳပ္ေရး အဖြဲ႕ကို တစ္ပတ္အတြင္း ျပန္လည္ေတာင္းပန္ဖို႔အတြက္ က်ေနာ္တို႔ ဒီကေန႔ သတင္းစာရွင္းျခင္းပြဲ လုပ္ရျခင္းျဖစ္ပါတယ္။” လို႔ ေျပာပါတယ္။

ရတနာပုံတကၠသိုလ္ ဝင္းအတြင္း ႐ိုက္ကူး ထားတဲ့ လူပ်ိဳ ေတးသီခ်င္း MTV မွာ ပါဝင္တဲ့ သ႐ုပ္ေဆာင္ အမူအရာေတြနဲ႔ စာသားေတြဟာ ရတနာပုံ တကၠသိုလ္ေက်ာင္းသူေတြသာမက အမ်ိဳးသမီးထု အေပၚမွာပါ ခႏၶာကိုယ္ကို ၾကည့္ၿပီး ေလွာင္ေျပာင္ သေရာ္တာ မဖြယ္မရာ ျပဳလုပ္ဖို႔ အသံျပဳျခင္း၊အမ်ိဳးသမီးထုရဲ႕ စိတ္ပိုင္း၊ ႐ုပ္ပိုင္း၊ လိင္ပိုင္းဆိုင္ရာ ကိုပါ ထိပါးေႏွာင့္ယွက္တဲ့ ပုံစံျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ဒီ ႐ုပ္သံေတးသီခ်င္းဟာ ေက်ာင္းသူေတြ ရဲ႕ ဂုဏ္က်က္သေရကို ညႇိဳးႏြမ္းေစတဲ့ ပုံရိပ္ေတြ ျဖစ္ေနတယ္လို႔ ႏိုင္ငံတကာဆက္ဆံေရးဘာသာရပ္၊တတိယႏွစ္ေက်ာင္းသူ မနီနီၿဖိဳးအိမ့္က ဆိုပါတယ္။ “အမူအရာ လုပ္တဲ့ပုံစံ ဆိုရင္ေတာ့ က်မ တို႔ ဒီ ကိုယ္ဟန္ အမူအရာ၊အမူအထားေတြအရေရာ ေပါ့ေနာ္၊ သီခ်င္းရဲ႕ စာသားေတြ တခ်ိဳ႕ေပါ့ေနာ္။ ေက်ာင္းပုံရိပ္အေနနဲ႔၊ဒါကေတာ့ က်မတို႔ ရတနာပုံ တကၠသိုလ္မွ မဟုတ္ပါဘူး။ ဘယ္တကၠသိုလ္ မဆို ဒီလို ပုံရိပ္မ်ိဳးက မရွိသင့္တဲ့ ပုံရိပ္မ်ိဳး ျဖစ္ပါတယ္။” လို႔ ေျပာပါတယ္။

ဒီ MTV နဲ႔ ပတ္သက္ၿပီး တစ္ပတ္အတြင္း ေတာင္းပန္ေပး ဖို႔ကိုလည္း ေတးသံရွင္မေနာ၊ ျမန္မာႏိုင္ငံ ဂီတအစည္းအ႐ုံး(မႏၲေလး)၊ ရတနာပုံတကၠသိုလ္ တာဝန္ရွိသူေတြ၊ ျမန္မာႏိုင္ငံ အမ်ိဳးသမီးေရးရာအသင္းနဲ႔ တကၠသိုလ္ေက်ာင္းသား သမဂၢေတြထံ အေၾကာင္းၾကားစာ ေပးပို႔သြားဖို႔ ရွိပါတယ္။ ေတးသံရွင္ မေနာ ရဲ႕ လက္ကိုင္ဖုန္း ကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာ မန္ေနဂ်ာ ဆိုသူက ကိုမေနာကို အေၾကာင္းၾကားေပးမွာ ျဖစ္ၿပီး ထပ္မံဆက္သြယ္ဖို႔ ေျပာၾကားခဲ့ကာ ထပ္မံဆက္သြယ္တဲ့ အခါမွာ လည္း ဖုန္းျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။

သတင္း-ထိန္ထိန္လင္း

unicode

တေးသံရှင်မနော ရဲ့ လူပျို MTV ဟာ ရတနာပုံတက္ကသိုလ် ရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်စေ တဲ့ အတွက် တစ်ပတ်အတွင်းပြန်လည်တောင်းပ န်ဖို့ တက္ကသိုလ် ကျောင်းသားတချို့ က တောင်းဆို လိုက်ပါတယ်။

တေးသံရှင် မနောပါဝင် သီဆိုသရုပ်ဆောင်ထားပြီး ဒါရိုက်တာ သူကျော်သူ ရိုက် ကူးထားတဲ့ လူပျို တေးသီချင်းရုပ်သံဟာ ရတနာပုံတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိပဲ တက္ကသိုလ်ဝန်းအတွင်းမှာ ရိုက်ကူးထားတာ၊ ရုပ်သံမှာ သရုပ်ဆောင်ထားမှုတွေဟာ ရတနာပုံ တက္ကသိုလ် ကျောင်းသားေ ကျာင်းသူတွေ နဲ့ ဆရာဆရာမတွေ ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ ရတနာပုံ တက္ကသိုလ် ကျောင်းသား ကျောင်းသူ တစ်ချို့က ပြောပါတယ်။ ဒီ MTV ရုပ်သံဟာ တက္ကသိုလ် ရဲ့ ဂုဏ်သိက္ခာထိခိုက်စေတဲ့ အတွက် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေထံ တစ်ပတ်အတွင်း တောင်းပန်ဖို့ကို လည်း ဇူလိုင်လ ၁ ရက်နေ့မှာ တက္ကသိုလ် ကျောင်းသားတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရတနာပုံတက္ကသိုလ် ရှေးဟောင်း သုတေသနပညာ တက်ရောက်နေတဲ့ တတိယနှစ် ကျောင်းသား ကိုမျိုးချစ်ဇော် က “လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကဗျ၊ အဆိုတော် မနောကနေပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကနေပြီးတော့ တင်ထားတဲ့ လူပျိုဆိုတဲ့ တေးသီချင်း MTV ပေါ့။ သရုပ်ဆောင် ရိုက်ကူးပြီးတော့ တင်ထား ခဲ့တယ်။ အဲ့ဒီရဲ့ MTV မှာ ပါဝင်တဲ့ သရုပ်ဆောင် ရိုက်ကူးထားမှုတွေဟာ ကျနော်တို့ လက်ရှိ ရတနာပုံတက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ရဲ့ ဂုဏ်သိက္ခာ အသရေကို ညှိုးနွမ်းစေတဲ့အတွက် ကိုမနော သိအောင် ဆိုတာရယ်၊ နောက်တစ်ချက်က ကိုမနော တို့ အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကနေပြီးတော့ ကျနော်တို့ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေ နဲ့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ကို တစ်ပတ်အတွင်း ပြန်လည်တောင်းပန်ဖို့အတွက် ကျနော်တို့ ဒီကနေ့ သတင်းစာရှင်းခြင်းပွဲ လုပ်ရခြင်းဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ရတနာပုံတက္ကသိုလ် ဝင်းအတွင်း ရိုက်ကူး ထားတဲ့ လူပျို တေးသီချင်း MTV မှာ ပါဝင်တဲ့ သရုပ်ဆောင် အမူအရာတွေနဲ့ စာသားတွေဟာ ရတနာပုံ တက္ကသိုလ်ကျောင်းသူတွေသာမက အမျိုးသမီးထု အပေါ်မှာပါ ခန္ဓာကိုယ်ကို ကြည့်ပြီး လှောင်ပြောင် သရော်တာ မဖွယ်မရာ ပြုလုပ်ဖို့ အသံပြုခြင်း၊အမျိုးသမီးထုရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ကိုပါ ထိပါးနှောင့်ယှက်တဲ့ ပုံစံဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီ ရုပ်သံတေးသီချင်းဟာ ကျောင်းသူတွေ ရဲ့ ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေတဲ့ ပုံရိပ်တွေ ဖြစ်နေတယ်လို့ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်၊တတိယနှစ်ကျောင်းသူ မနီနီဖြိုးအိမ့်က ဆိုပါတယ်။ “အမူအရာ လုပ်တဲ့ပုံစံ ဆိုရင်တော့ ကျမ တို့ ဒီ ကိုယ်ဟန် အမူအရာ၊အမူအထားတွေအရရော ပေါ့နော်၊ သီချင်းရဲ့ စာသားတွေ တချို့ပေါ့နော်။ ကျောင်းပုံရိပ်အနေနဲ့၊ဒါကတော့ ကျမတို့ ရတနာပုံ တက္ကသိုလ်မှ မဟုတ်ပါဘူး။ ဘယ်တက္ကသိုလ် မဆို ဒီလို ပုံရိပ်မျိုးက မရှိသင့်တဲ့ ပုံရိပ်မျိုး ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဒီ MTV နဲ့ ပတ်သက်ပြီး တစ်ပတ်အတွင်း တောင်းပန်ပေး ဖို့ကိုလည်း တေးသံရှင်မနော၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(မန္တလေး)၊ ရတနာပုံတက္ကသိုလ် တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအသင်းနဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေထံ အကြောင်းကြားစာ ပေးပို့သွားဖို့ ရှိပါတယ်။ တေးသံရှင် မနော ရဲ့ လက်ကိုင်ဖုန်း ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ မန်နေဂျာ ဆိုသူက ကိုမနောကို အကြောင်းကြားပေးမှာ ဖြစ်ပြီး ထပ်မံဆက်သွယ်ဖို့ ပြောကြားခဲ့ကာ ထပ်မံဆက်သွယ်တဲ့ အခါမှာ လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

သတင်း-ထိန်ထိန်လင်း

Add a Comment

Your email address will not be published. Required fields are marked *