ချစ်ပရိသတ်ကြီး အား ဂျီယောသူ ဝတ္တုထဲ ညိုထွေး ဖြစ် မဖြစ် ကို လည်း ပြောခဲ့ပါအုံးဆိုတဲ့ မေမီကိုကို ရဲ့ ဗီဒီယိုဖိုင်

ပရိသတ်တွေရဲ့ အချစ်တွေ ကို အခိုင်အမာသိမ်းပိုက် ထားကြတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင် အနုပညာရှင်တွေထဲမှာ MRTV-4 မင်းသမီးချောလေး မေမီကိုကိုက လည်း အပါအဝင်ပါပဲနော်..။

သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများ စွာ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတဲ့ မေမီကိုကို ကတော့ လတ်တလောမှာလည်း “ဂျီယောသူ” ဇာတ်ကားမှာလည်း စက်မှုတက္ကသိုလ်က မြို့ပြမေဂျာကျောင်းသူလေး ညိုထွေးဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

“ဂျီယောသူ” ဇာတ်ကားကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ရိုက်ကူးထားတာမို့ မေ့နေပေမယ့် အခုပြန်ကြည့်ရတဲ့အချိန်မှာ ကိုယ်တိုင်လည်း ရင်ခုန်ကြည်နူးရပြီး ညိုထွေးဖြစ် မဖြစ်ကိုလည်း ရင်ခုန်နေတဲ့အကြောင်းလေး ပြောပြလာပါတယ်နော်..။

ညိုထွေးကာရိုက်တာအတွက် အကောင်းဆုံးနဲ့ သဘာဝကျအောင် တာဝန်ကျေအောင် အကောင်းဆုံးကြိုးစားခဲ့ပေမယ့် တခုခုလွဲချော်သွားရင် တစ်ဖွဲ့လုံးကို ထိခိုက်သွားမှာစိုးတဲ့စိတ်နဲ့ စိတ်ဖိစီးမှုတွေ ရှိခဲ့တဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်နော်..။

“ညိုထွေးဖြစ်လား မဖြစ်လားဆိုတာ ပရိသတ်တွေရဲ့ Comment တွေကို လည်း ရင်ခုန်ရင်းနဲ့ ဖတ်နေပါတယ် မလွှင့်ခင်ကတည်းက ရင်ခုန်နေတယ် ဝတ္တုကအရမ်းနာမည်ကြီးခဲ့တော့ အကောင်းဆုံးလုပ်နိုင်ကြပါ့မလားဆိုတာ အားပေးကြတာလည်း တဖြည်းဖြည်းနဲ့ တွေ့လာရပါတယ် ဝတ္တုက လည်း ဒီခေတ် မဟုတ်ဘဲ အရင်တုန်းက ပုံစံဆိုတော့ ကိုယ့်ဘက်က တာဝန်ကျေပါ့မလား လွှဲချော်သွားရင် တဖွဲ့လုံးထိခိုက်သွားမလား လို့ စိတ်ဖိစီးမှုများ တယ် ကိုယ့်ဘက်က တာဝန်ကျေအောင်လည်း ကိုယ့်ဘက်က အကောင်းဆုံးလုပ်ပြီးတော့ ညိုထွေးကာ ရိုက်တာကို သဘာဝကျပီပြင်အောင် လည်း အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်..” ဆိုပြီး ပြောပြထားတာပါ..။

အကောင်းဆုံးတော့ ကြိုးစားထားတာမို့ ညိုထွေးဖြစ်လား မဖြစ်လားဆိုတာ ပရိသတ်တွေရဲ့အားပေးမှုတွေကို စောင့်ကြည့်ရမယ့်အကြောင်းလေးတွေ ပြောပြထားတဲ့ မေမီကိုကိုရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – May Mi Ko Ko’s Fb Account

unicode

Add a Comment

Your email address will not be published. Required fields are marked *