ပစ္စည်းပျောက် တဲ့ အခါ ၊ သူခိုး ခိုးခံရတဲ့ အခါ ချက်ချင်းပြန်ရအောင် ပြုလုပ် ရ တဲ့ ယတြာနည်း








ရွှေရမ်းထူးလင်း

unicode

ပစ္စည်းပျောက်တဲ့အခါ ၊ သူခိုး ခိုးခံရတဲ့အခါ ပြုလုပ် ရတဲ့ ယတြာနည်းတစ်ခု ဗဟုသုတအလို့ငှာဖော်ပြပေးလိုက်ပါတယ် …

ကြက်သွန်နီ တစ်ဥကို ကန့်လန့် ထက်ခြမ်း ခြမ်းပါ။

အမြိတ်ထွက်တဲ့ဘက် အခြမ်းနဲ့ ပစ္စည်းပျောက်တဲ့ (ပစ္စည်းထားတဲ့) နေရာကို ပွတ်ပေးပါ … ။ ပစ္စည်းပြန်ရဖို့ အသံထွက်ဆုတောင်းပါ။

အောက်မှနေ ကြွေပန်းကန်ပြား ခံပြီး ပွတ်နိုင်ပါတယ်။ ပစ္စည်းပျောက်တဲ့နေရာမသိရင် ကြွေပန်းကန်ပြားပေါ်မှာပဲ ပွတ်ပြီးဆုတောင်းပါ …။အမြစ်ရှိတဲ့ဘက် အခြမ်းကို ကြွေပန်းကန်ပြားပေါ်အခုလိုတင်လိုက်ပါ။ကြွေပန်းကန်ပြားကို ပစ္စည်းပျောက်တဲ့ နေရာမှာချပါ ။ အမြစ်ပေါ်မှာ ဖယောင်းတိုင်ထွန်းပါ။

(နေရာမသိရင် အဆင်ပြေတဲ့နေရာမှာ ထွန်းပြီးဆုတောင်းပါ) ဘယ်နေ့ ဘယ်ချိန်မဆို ပြုလုပ်နိုင်ပါတယ် … ။ ဖယောင်းတိုင် အရေအတွက် အဆင်ပြေသလို ဉာဏ်ရှိသလိုထွန်းနိုင်ပါတယ် …. ။

ပျောက်နေသော ပစ္စည်းများ အမြန်ပြန် ရနိုင်ကြပါစေ …

မကြာခဏ သူခိုးခိုးခံရ သည့်နေရာများ ၊ မကြာခဏ ပစ္စည်းပျောက်သည့် နေရာများတွင်လည်း ကြက်သွန်နီအခြမ်းပေါ်တွင် ဖယောင်းတိုင် ထွန်းပြီး ကာကွယ်နိုင် ပါတယ်။

ရွှေရမ်းထူးလင်း

Add a Comment

Your email address will not be published. Required fields are marked *