မိန္းမကိုယ္ သန္႔ရွင္းမႈ အပိုင္းမွာ အားနည္းခဲ့ တဲ့ မိန္းကေလးရဲ႕ ေၾကာက္ဖက္ ဖြယ္ရာ အျဖစ္ရပ္တစ္ခု

ခႏၶာကိုယ္ရဲ႕အဓိက အစိတ္အပိုင္းျဖစ္တဲ့ မိန္းမအဂၤါကို ေကာင္းမြန္စြာ ဂရုစိုုက္တတ္ဖို႔ အရမး္ကို အေရးၾကီးပါတယ္..။

ေဆးေၾကာ သန္႔စင္ေပးျခငး္၊ အဝတ္အစား အတြငး္ခံပံုမွန္ လဲလွယ္ေပးျခငး္ေတြက မျဖစ္မေနလုပ္ရမယ့္ အရာေတြလည္း ျဖစ္ပါတယ္..။

ဒီအေၾကာင္းအရာက ေျပာျပဖို႔ မသင့္ဘူး ဆိုေပမယ့္ တရုတ္ႏိုင္ငံက အသက္(၂၃)ႏွစ္အရြယ္ Fang Fang လို႔ေခၚ တဲ့ မိန္းကေလးရဲ႕ အျဖစ္ကေတာ့ သင္ခန္းစာယူ ဖုိ႔၊ ဆင္ျခင္ဖုိ႔ေကာင္း တဲ့ အေၾကာင္း အရာျဖစ္တာေၾကာင့္ ေဖာ္ျပေပး လိုက္ရျခင္း ျဖစ္ပါတယ္ေနာ္..။

တရုတ္ႏိုင္ငံမွ Fang Fang လို႔ေခၚတဲ့ မိန္းမပ်ိဳေလး တစ္ဦးဟာ အတြင္းခံေဘာင္းဘီကုိ တစ္လေနမွ တစ္ခါသာ လဲလွယ္ဝတ္ဆင္တတ္သူပါ..။

ဒါေပမယ့္လည္း လြန္ခဲ့တဲ့ ႏွစ္လေလာက္မွာေတာ့ သူမဟာ ေနထိုင္မေကာင္း ျဖစ္လာခဲ့ပါတယ္။ စစခ်င္းမွာေတာ့ သိပ္ဂရုမစိုက္ျဖစ္ေပမယ့္ ၁၀ ရက္ေလာက္အၾကာမွာေတာ့ ျပင္းထန္ ဆိုးရြားစြာ ဗိုက္နာလာ တာေၾကာင့္ သူမရဲ႕ သူငယ္ခ်င္းျဖစ္သူက ေဆးစစ္ဖုိ႔အတြက္ေဆးရံုကို ေခၚသြားေပးခဲ့ရပါတယ္..။

ေဆးစစ္ခ်က္ အရ သူမမွာ ကင္ဆာ ရဲ႕ေရွ႕ေျပးေရာဂါ လကၡဏာေတြျပေန တဲ့ အနာေတြ ကို ဆရာဝန္က အံ့အား သင့္စြာေတြ႕ရွိခဲ့ပါတယ္..။

ဒါေၾကာင့္မို႔ လို႔ အဲ့ဒီ့အနာေတြကို ခ်က္ခ်င္းခြဲစိတ္မႈျပဳလုပ္ျပီး ဖယ္ရွားခဲ့တာျဖစ္ပါတယ္။ ဒီလိုေရာဂါမ်ိဳးဟာ ေသြးဆံုး အရြယ္ အမ်ိဳးသမီးေတြမွာ အေတြ႕မ်ားျပီး ငယ္ရြယ္တဲ့ မိန္းမပ်ိဳေတြမွာေတာ့ အေတာ္ေတြ႕ရခဲတယ္လို႔လည္း ဆိုခဲ့ပါတယ္..။

သူမဟာ အတြင္းခံေဘာင္း ဘီေတြကို တစ္လေလာက္ေနမွ တစ္ခါလဲေလ့ ရွိသလို၊ Bra ကိုလည္း ရက္သတၱပတ္မ်ားစြာ ဝတ္ဆင္တတ္တယ္ လုိ႔ဆိုခဲ့ပါတယ္..။

အေၾကာင္းရင္းကေတာ့ ေလွ်ာ္ေနရမွာ ပ်င္းလို႔ပါ။ ဒီလိုမ်ိဳးမိန္းမကိုယ္သန္႔ရွင္းေရး၊ တစ္ကိုယ္ရည္ သန္႔ရွင္းေရး အားနည္းျခင္းေၾကာင့္ ရြံရွာစရာ အနာေတြနဲ႔ တျခားေသာေရာဂါေတြ၊ ျပင္းထန္ေသာ မိႈေရာဂါေတြ ျဖစ္လာႏိုင္တာေၾကာင့္ လံုးဝမေ ပါ့ဆၾကဖို႔ သတိေပး လိုက္ရပါတယ္ေနာ္..။

Em Em

unicode

ခန္ဓာကိုယ်ရဲ့အဓိက အစိတ်အပိုင်းဖြစ်တဲ့ မိန်းမအင်္ဂါကို ကောင်းမွန်စွာ ဂရုစိုက်တတ်ဖို့ အရမ်းကို အရေးကြီးပါတယ်..။

ဆေးကြော သန့်စင်ပေးခြင်း၊ အဝတ်အစား အတွင်းခံပုံမှန် လဲလှယ်ပေးခြင်းတွေက မဖြစ်မနေလုပ်ရမယ့် အရာတွေလည်း ဖြစ်ပါတယ်..။

ဒီအကြောင်းအရာက ပြောပြဖို့ မသင့်ဘူး ဆိုပေမယ့် တရုတ်နိုင်ငံက အသက်(၂၃)နှစ်အရွယ် Fang Fang လို့ခေါ် တဲ့ မိန်းကလေးရဲ့ အဖြစ်ကတော့ သင်ခန်းစာယူ ဖို့၊ ဆင်ခြင်ဖို့ကောင်း တဲ့ အကြောင်း အရာဖြစ်တာကြောင့် ဖော်ပြပေး လိုက်ရခြင်း ဖြစ်ပါတယ်နော်..။

တရုတ်နိုင်ငံမှ Fang Fang လို့ခေါ်တဲ့ မိန်းမပျိုလေး တစ်ဦးဟာ အတွင်းခံဘောင်းဘီကို တစ်လနေမှ တစ်ခါသာ လဲလှယ်ဝတ်ဆင်တတ်သူပါ..။

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်လလောက်မှာတော့ သူမဟာ နေထိုင်မကောင်း ဖြစ်လာခဲ့ပါတယ်။ စစချင်းမှာတော့ သိပ်ဂရုမစိုက်ဖြစ်ပေမယ့် ၁၀ ရက်လောက်အကြာမှာတော့ ပြင်းထန် ဆိုးရွားစွာ ဗိုက်နာလာ တာကြောင့် သူမရဲ့ သူငယ်ချင်းဖြစ်သူက ဆေးစစ်ဖို့အတွက်ဆေးရုံကို ခေါ်သွားပေးခဲ့ရပါတယ်..။

ဆေးစစ်ချက် အရ သူမမှာ ကင်ဆာ ရဲ့ရှေ့ပြေးရောဂါ လက္ခဏာတွေပြနေ တဲ့ အနာတွေ ကို ဆရာဝန်က အံ့အား သင့်စွာတွေ့ရှိခဲ့ပါတယ်..။

ဒါကြောင့်မို့ လို့ အဲ့ဒီ့အနာတွေကို ချက်ချင်းခွဲစိတ်မှုပြုလုပ်ပြီး ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ သွေးဆုံး အရွယ် အမျိုးသမီးတွေမှာ အတွေ့များပြီး ငယ်ရွယ်တဲ့ မိန်းမပျိုတွေမှာတော့ အတော်တွေ့ရခဲတယ်လို့လည်း ဆိုခဲ့ပါတယ်..။

သူမဟာ အတွင်းခံဘောင်း ဘီတွေကို တစ်လလောက်နေမှ တစ်ခါလဲလေ့ ရှိသလို၊ Bra ကိုလည်း ရက်သတ္တပတ်များစွာ ဝတ်ဆင်တတ်တယ် လို့ဆိုခဲ့ပါတယ်..။

အကြောင်းရင်းကတော့ လျှော်နေရမှာ ပျင်းလို့ပါ။ ဒီလိုမျိုးမိန်းမကိုယ်သန့်ရှင်းရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းခြင်းကြောင့် ရွံရှာစရာ အနာတွေနဲ့ တခြားသောရောဂါတွေ၊ ပြင်းထန်သော မှိုရောဂါတွေ ဖြစ်လာနိုင်တာကြောင့် လုံးဝမေ ပါ့ဆကြဖို့ သတိပေး လိုက်ရပါတယ်နော်..။

Em Em

Add a Comment

Your email address will not be published. Required fields are marked *