မေလးရွားေရာက္ ျမန္မာႏိုင္ငံသားႏွစ္ဦး ကိုယ့္ ကို ကိုယ္ အဆုံးစီရင္မႈ ထပ္မံျဖစ္ပြား

မေလးရွားေရာက္ ျမန္မာႏိုင္ငံသားႏွစ္ဦး ကိုယ့္ကိုကိုယ္ အဆုံးစီရင္မႈ ထပ္မံျဖစ္ပြားျပန္မေလးရွားမွာ အလုပ္လုပ္ ကိုင္ေနတဲ့ ျမန္မာလုပ္သားေတြက COVID ကာလအတြင္းမွာ အလုပ္လက္မဲ့နဲ႔ ေနထိုင္စားေသာက္မႈ အခက္အခဲေတြမ်ားစြာႀကဳံေတြ႕ေနရတာေၾကာင့္ ကိုယ့္ကိုကိုယ္အဆုံးစီရင္ သတ္ေသသူက (၁၁)ဦးထိရွိလာပါတယ္။ေမလ (၇)ရက္ေန႔ကေန ဇူလိုင္လ (၁၁)ရက္ေန႔ အထိ ေသဆုံးသူ (၉)ဦးရွိ ခဲ့ၿပီး ဇူလိုင္လ (၁၄)ရက္ေန႔တစ္ရက္တည္းမွာ ႏွစ္ဦးထပ္မံေသဆုံး ခဲ့တာေၾကာင့္ေသဆုံးသူ (၁၁)ဦးထိရွိလာတာပါ။

“ (၁၄)ရက္ေန႔က ေသဆုံးခဲ့ တဲ့ႏွသ္ေယာက္က တရားဝင္အလုပ္လုပ္ကိုင္ေနတဲ့ သူေတြ။ ႏွစ္ေယာက္လုံးက ႀကိဳးဆြဲခ်ေသတာ။ အေၾကာင္းရင္းကေတာ့ စိတ္ဖိစီးမႈမ်ားတာေတြေၾကာင့္ပါပဲ”လို႔ မေလးရွားေရာက္ ျမန္မာလုပ္သားေတြ ကို ကူညီေဆာင္႐ြက္ေပးေန တဲ့ ကပုန္းနာေရးကူညီမႈအသင္း ဥကၠဌ ဦးစန္းဝင္းက Duwun ကိုေျပာပါတယ္။

ဇူလိုင္လ (၁၄)ရက္ေန႔က ေသဆုံးခဲ့သူႏွစ္ဦးက တရားဝင္အလုပ္လုပ္ကိုင္ေနတဲ့သူျဖစ္တယ္လို႔သိရပါတယ္။ဇူလိုင္လ ၁၁ရက္ေန႔ထိေသဆုံးသူ(၉)ဦးကေတာ့တရားမဝင္လုပ္ကိုင္ေနတဲ့ အလုပ္သမားေတြျဖစ္ကာ အသက္ (၂၀)ေက်ာ္ လူငယ္တစ္ဦးလည္းပါဝင္ခဲ့ပါတယ္။လက္ရွိ မေလးရွားႏိုင္ငံမွာ ျမန္မာလုပ္သား ငါးသိန္းခန႔္ရွိတဲ့အနက္ ႏွစ္သိန္းေက်ာ္ဟာ တရားမဝင္ ျမန္မာလုပ္သားေတြျဖစ္ တယ္လို႔လည္း သိရပါတယ္။

ေနရပ္ျပန္ဖို႔ အခက္အခဲႀကဳံေနတဲ့ မေလးရွားေရာက္ တရားမဝင္ ျမန္မာအလုပ္သမားေတြ ကို အစိုးရက ျပန္ေခၚဖို႔ ဇြန္လ ၂၃ ရက္က စတင္ကာ ေလွ်ာက္လႊာေတြ ေပးပို႔ႏိုင္ တယ္ဆိုၿပီး သံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ၿပီးတဲ့ေနာက္ အလုပ္သမား ႏွစ္ေသာင္းေက်ာ္ဟာ သံ႐ုံး ကို စာရင္းေပးပို႔ထားၾကတယ္ပါတယ္။လက္ရွိအခ်ိန္ထိေတာ့ မေလးရွားေရာက္ျမန္မာ လုပ္သားေတြကို ျပန္လည္ေခၚေဆာင္ႏိုင္ျခင္းမ ရွိေသး ပါဘူး။

လူဦးေရ သိန႔္နဲ႔ခ်ီရွိေနတာေၾကာင့္ အားလုံးေနထိုင္စားေသာက္ေရးအတြက္ကို သံ႐ုံးဘက္ကလည္း အကူအညီအျပည့္အဝမေပးႏိုင္တာေၾကာင့္ ကူညီေဆာင္႐ြက္ေပးေန တဲ့ ပရဟိတအဖြဲ႕ေတြ ကပဲ တက္ႏိုင္သေလာက္ ပံ့ပိုးမႈေတြလုပ္ေဆာင္ေပးလွ်က္ရွိေနပါတယ္။

ဓူ၀ံ

unicode

မလေးရှားရောက် မြန်မာနိုင်ငံသားနှစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု ထပ်မံဖြစ်ပွားပြန်မလေးရှားမှာ အလုပ်လုပ် ကိုင်နေတဲ့ မြန်မာလုပ်သားတွေက COVID ကာလအတွင်းမှာ အလုပ်လက်မဲ့နဲ့ နေထိုင်စားသောက်မှု အခက်အခဲတွေများစွာကြုံတွေ့နေရတာကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင် သတ်သေသူက (၁၁)ဦးထိရှိလာပါတယ်။မေလ (၇)ရက်နေ့ကနေ ဇူလိုင်လ (၁၁)ရက်နေ့ အထိ သေဆုံးသူ (၉)ဦးရှိ ခဲ့ပြီး ဇူလိုင်လ (၁၄)ရက်နေ့တစ်ရက်တည်းမှာ နှစ်ဦးထပ်မံသေဆုံး ခဲ့တာကြောင့်သေဆုံးသူ (၁၁)ဦးထိရှိလာတာပါ။

“ (၁၄)ရက်နေ့က သေဆုံးခဲ့ တဲ့နှသ်ယောက်က တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ သူတွေ။ နှစ်ယောက်လုံးက ကြိုးဆွဲချသေတာ။ အကြောင်းရင်းကတော့ စိတ်ဖိစီးမှုများတာတွေကြောင့်ပါပဲ”လို့ မလေးရှားရောက် မြန်မာလုပ်သားတွေ ကို ကူညီဆောင်ရွက်ပေးနေ တဲ့ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းက Duwun ကိုပြောပါတယ်။

ဇူလိုင်လ (၁၄)ရက်နေ့က သေဆုံးခဲ့သူနှစ်ဦးက တရားဝင်အလုပ်လုပ်ကိုင်နေတဲ့သူဖြစ်တယ်လို့သိရပါတယ်။ဇူလိုင်လ ၁၁ရက်နေ့ထိသေဆုံးသူ(၉)ဦးကတော့တရားမဝင်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဖြစ်ကာ အသက် (၂၀)ကျော် လူငယ်တစ်ဦးလည်းပါဝင်ခဲ့ပါတယ်။လက်ရှိ မလေးရှားနိုင်ငံမှာ မြန်မာလုပ်သား ငါးသိန်းခန့်ရှိတဲ့အနက် နှစ်သိန်းကျော်ဟာ တရားမဝင် မြန်မာလုပ်သားတွေဖြစ် တယ်လို့လည်း သိရပါတယ်။

နေရပ်ပြန်ဖို့ အခက်အခဲကြုံနေတဲ့ မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားတွေ ကို အစိုးရက ပြန်ခေါ်ဖို့ ဇွန်လ ၂၃ ရက်က စတင်ကာ လျှောက်လွှာတွေ ပေးပို့နိုင် တယ်ဆိုပြီး သံရုံးက ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက် အလုပ်သမား နှစ်သောင်းကျော်ဟာ သံရုံး ကို စာရင်းပေးပို့ထားကြတယ်ပါတယ်။လက်ရှိအချိန်ထိတော့ မလေးရှားရောက်မြန်မာ လုပ်သားတွေကို ပြန်လည်ခေါ်ဆောင်နိုင်ခြင်းမ ရှိသေး ပါဘူး။

လူဦးရေ သိန့်နဲ့ချီရှိနေတာကြောင့် အားလုံးနေထိုင်စားသောက်ရေးအတွက်ကို သံရုံးဘက်ကလည်း အကူအညီအပြည့်အဝမပေးနိုင်တာကြောင့် ကူညီဆောင်ရွက်ပေးနေ တဲ့ ပရဟိတအဖွဲ့တွေ ကပဲ တက်နိုင်သလောက် ပံ့ပိုးမှုတွေလုပ်ဆောင်ပေးလျှက်ရှိနေပါတယ်။

ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *