အသည်းယား စရာကောင်းလောက် တဲ့ အမူရာလေးတွေနဲ့ ပရိသတ်တွေ ချစ်အား ပိုအောင် ဖမ်းစားထား တဲ့ ဆောင်းယွန်းစံ
|ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ အနုပညာလမ်းကြောင်းပေါ်ကို အကောင်းဆုံးလျှောက်လှမ်း လာခဲ့တာဟာ ယခုဆိုရင် နေရာ တစ်နေရာကို ရရှိနေပါပြီနော်..။ ဆောင်းယွန်းစံ ဟာ အကယ်ဒမီစင်မြင့်ထက်မှာ ရွှေကြိုမယ်လေး အဖြစ်ပါဝင်အားဖြည့်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ဗီဒီယို ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ ကိုလည်း များစွာရိုက်ကူးနေကာ အောင်မြင်မှု အသင့်အတင့်ရရှိနေတဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာလောကမှာလည်း သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် လည်း ကြိုးစားနေသူဖြစ်ပါတယ်။
ဆောင်းယွန်းစံ ဟာဆိုရင် ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေအပြင် ကိုရီးယား မင်းသမီးလေးလို ချောမောနေတဲ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းယွန်းစံ က စိတ်သဘောထား ပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်တာတွေ့ရပါတယ်။ လတ်တလော မှာတော့ ဆောင်းယွန်းစံ က ရှမ်းပြည်နယ်ကို အပန်းဖြေခရီးအဖြစ်ရောက်ရှိနေခဲ့ကာ ယခုမှာတော့ ချစ်စရာအမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲ မှာတော့ ဆောင်းယွန်းစံ က သဘာဝ အလှတရားတွေပြည့်နေတဲ့ တောတောင် ရှုခင်းတွေကို နောက်ခံထားကာ မြင်သူတိုင်းအသည်းယားစရာကောင်းလောက်တဲ့ အမူရာလေးတွေနဲ့ ဖမ်းစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆွဲဆောင်မှုရှိပြီး ပေါ်လွင်နေတဲ့ ပင်ကိုယ်အလှတရားတွေကေ တာ့ ရင်ခုန်စရာကောင်းလောက်ပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ အမိုက်စား ပို့စ်တွေပေးကာ အသည်းယားစရာကောင်းတဲ့ မင်းသမီးချောလေး ဆောင်းယွန်းစံ ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit – Saung Yoon San
Source – Saung Yoon San’s Facebook Page