မႏိုင္ဝန္ထမ္း ႐ြက္ေနရ ရွာ တဲ့ ေရကာတာႀကီး နဲ႔ အာဏာ ရွင္ရွီ ေနာက္ ထပ္ စိတ္ေခ်ာက္ခ်ား ရမယ့္ အိပ္ မက္ ဆိုးမ်ား တိုးလာျခင္း

တ ႐ုတ္ ဘာ သာျဖင့္ ဆန္းရွား ဟု ေခၚဆိုၿပီး အဂၤလိပ္ လို Three Gorges ေခၚ လ်ိဳႀကီး သုံးသြယ္ ေရကာ တာႀကီး သည္ ယခုအခါ တ႐ုတ္ျပည္ အလယ္ပိုင္း ႏွင့္ ေတာင္ပိုင္း တြင္ မိုးမ်ား ျပင္း ထန္ စြာ အဆက္မျပတ္ ႐ြာသြန္းေန မႈေၾကာင့္ မႏိုင္ဝန္ ကို ထမ္း႐ြက္ ေန ရရွာၿပီ ျဖစ္ သည္ ။ ယန္စီ ျမစ္ေပၚခြ ၍ တည္ေဆာက္ ထားေသာ အဆိုပါ ဆည္ႀကီးသည္ ကမာၻ၏ အႀကီးမားဆုံး ထဲတြင္ တခု အပါ အဝင္ ျဖစ္ၿပီး ၁၄၅ မီတာ အျမင့္ရွိ ေရပမာဏ ကို သိုေလွာင္ထားႏိုင္ရန္ ပုံစံထုတ္ တည္ေဆာက္ ထား ခဲ့ျခင္း ျဖစ္ေသာ္ လည္း ယခုအခါ ၁၆၂ မီတာ အထိ ျမင့္တက္ လာေနၿပီ ျဖစ္ သည္ ။

မိုးမ်ား သည္ ဇြန္လမွ စ၍ အဆက္မျပတ္ ႐ြာသြန္းေနမႈေၾကာင့္ အာဏာပိုင္မ်ား က ျမစ္ေအာက္ပိုင္း အရပ္မ်ား တြင္ ေရလႊမ္းမိုးမႈ မ်ား ျဖစ္လာမည္စိုး ၍ ေရမ်ားကို ပို၍ သိုေလွာင္ထားရန္ ဆုံးျဖတ္ခဲ့ၾကျခင္းေၾကာင့္ လည္း ျဖစ္သည္ ။ သို႔ေသာ္ ဇြန္လကုန္ပိုင္း မွ စ၍ ပိုလွ်ံလာေနေသာ ေရမ်ား ကို အဆက္မျပတ္ စုတ္ထုတ္ေန ရၿပီ ျဖစ္ သည္ ။ ဆန္ရွား ဆည္ သည္ မူလက တစကၠန္လွ်င္ ေရပမာဏ ကုဗမီတာ ၃၀,၀၀၀ ကို စုတ္ထုတ္ႏိုင္စြမ္းရွိေသာ္လည္း ဇူလိုင္လ အလယ္မွစ၍ တစကၠန႔္လွ်င္ ကုဗမီတာ ၂၀,၀၀၀ အထိ ေလ်ာ့ခ်ျပစ္ ခဲ့သည္။

သို႔ေသာ္ လည္း မိုးမ်ား သည္းထန္စြာ ဆက္လက္ ႐ြာသြန္း လာေနၿပီး ေရမ်ား သည္ စေနေန႔တြင္ တစကၠန႔္ လွ်င္ ကုဗမီတာ ၆၁,၀၀၀ ႏႈန္းျဖင့္ အဆက္မျပတ္ စီးဝင္လာေနၿပီ ျဖစ္ သည္ ။ ယခုလ အတြင္း ျမစ္ေပါင္း ၄၀၀ ေက်ာ္ ႏွင့္ အနီးအနား ရွိ ႐ြာမ်ား ေရလႊမ္းမိုးမႈမ်ား ျဖစ္ေပၚေနၿပီး အေမရိကန္ ေဒၚလာ ၉.၂ ဘီလီယံ ခန႔္ ထိခိုက္ ဆုံးရႈံးသြား ခဲ့ၿပီ ျဖစ္သည္ ။ ထိုအထဲတြင္ ေကာ္႐ိုနာ ဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့သည့္ ဝူဟန္ လည္း ပါဝင္ေန သည္ ။

တ႐ုတ္ျပည္ ေရအရင္း အျမစ္ ဝန္ႀကီးဌာနကေတာ့ စိုးရိမ္စရာ မလိုေၾကာင္းႏွင့္ ယန္စီ ျမစ္ေၾကာင္း တေလွ်ာက္ရွိ ဆည္မ်ား အားလုံးကို ေစာင့္ၾကည့္ တိုင္းတာေရး စခန္းေပါင္း ၃၀,၀၀၀ မွ ႀကီးၾကပ္လွ်က္ ရွိေနေၾကာင္း ထုတ္ျပန္ေၾကျငာ ခဲ့ သည္ ။ သို႔ေသာ္ျငားလည္း မိုးမ်ား ေရွ႕ေလွ်ာက္ ဆက္လက္ ႐ြာသြန္းေနမည္ ဆိုက ဆည္ႀကီး က်ိဳးေပါက္သြားႏိုင္ သည္ ဟု တ႐ုတ္ မီဒီယာ မ်ားက ခန႔္မွန္း ေရးသားမႈ မ်ား ထြက္ေပၚ လာေန သည္ ။

တ႐ုတ္ မိုးေလဝသ ဌာနကမူ မိုးမ်ား ၾကာသပေတးေန႔အထိ ၄ လက္မ မွ ၆ လက္မအထိ ႐ြာသြန္းရန္ ရွိေနၿပီး လက္ရွိတြင္ စိုးရိမ္ေရမွတ္ထက္ ၂.၂ မီတာထိ ျမင့္တက္လွ်က္ရွိသျဖင့္ ျမစ္ေၾကာင္းတ ေလွ်ာက္ ေနထိုင္သူ မ်ား သတိဝီရိယ ရွိရန္ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထား ခဲ့သည္။

လက္ရွိ တြင္ လူေပါင္း ၁၄၁ ဦး ေသဆုံး သို႔မဟုတ္ ေပ်ာက္ဆုံးလွ်က္ ရွိေနၿပီး လူေပါင္း ၃၈ သန္းကို ေ႐ႊ႕ေျပာင္းေပးခဲ့ၿပီး ျဖစ္သည္။ ယခုကဲ့သို႔ မိုးမ်ား ျပင္းထန္စြာ ႐ြာသြန္းလာရျခင္း မွာ ဘဂၤလား ပင္လယ္ေအာ္ မွ ထုႏွင့္ ထည္ႏွင့္ ျဖစ္ေပၚေနေသာ ေရခိုးေရေငြ႕မ်ား ႏွင့္ ေျမာက္ဖက္ မွ တိုက္ခတ္လာေသာ ေလေအးမ်ား ေပါင္းဆုံမိျခင္းေၾကာင့္ ျဖစ္သည္ ဟု တ႐ုတ္ အရာရွိ မ်ားက ဆို သည္ ။

သို႔ေသာ္ မိုးမ်ား အဆက္မျပတ္ ႐ြာ သြန္းမႈေၾကာင့္ တ႐ုတ္ စီးပြားေရး အား ဒုတိယံမိ ထိုးႏွက္လိုက္ျခင္းလည္း ျဖစ္သျဖင့္ တဖက္တြင္ ေတာင္တ႐ုတ္ ပင္လယ္အတြင္း အေမရိကန္၏ တိုးျမႇင့္ လာေနေသာ စစ္ေရး လႈပ္ရွားမႈမ်ား ေၾကာင့္ လည္း တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္ အတြက္ ေနာက္ထပ္ အိပ္မေပ်ာ္ႏိုင္ ေသာ ညမ်ား က တိုးသည္ ထက္ တိုးလာေနရၿပီ ျဖစ္ သည္ ။

လွစိုး​ေဝ

unicode

တ ရုတ် ဘာ သာဖြင့် ဆန်းရှား ဟု ခေါ်ဆိုပြီး အင်္ဂလိပ် လို Three Gorges ခေါ် လျိုကြီး သုံးသွယ် ရေကာ တာကြီး သည် ယခုအခါ တရုတ်ပြည် အလယ်ပိုင်း နှင့် တောင်ပိုင်း တွင် မိုးများ ပြင်း ထန် စွာ အဆက်မပြတ် ရွာသွန်းနေ မှုကြောင့် မနိုင်ဝန် ကို ထမ်းရွက် နေ ရရှာပြီ ဖြစ် သည် ။ ယန်စီ မြစ်ပေါ်ခွ ၍ တည်ဆောက် ထားသော အဆိုပါ ဆည်ကြီးသည် ကမ္ဘာ၏ အကြီးမားဆုံး ထဲတွင် တခု အပါ အဝင် ဖြစ်ပြီး ၁၄၅ မီတာ အမြင့်ရှိ ရေပမာဏ ကို သိုလှောင်ထားနိုင်ရန် ပုံစံထုတ် တည်ဆောက် ထား ခဲ့ခြင်း ဖြစ်သော် လည်း ယခုအခါ ၁၆၂ မီတာ အထိ မြင့်တက် လာနေပြီ ဖြစ် သည် ။

မိုးများ သည် ဇွန်လမှ စ၍ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် အာဏာပိုင်များ က မြစ်အောက်ပိုင်း အရပ်များ တွင် ရေလွှမ်းမိုးမှု များ ဖြစ်လာမည်စိုး ၍ ရေများကို ပို၍ သိုလှောင်ထားရန် ဆုံးဖြတ်ခဲ့ကြခြင်းကြောင့် လည်း ဖြစ်သည် ။ သို့သော် ဇွန်လကုန်ပိုင်း မှ စ၍ ပိုလျှံလာနေသော ရေများ ကို အဆက်မပြတ် စုတ်ထုတ်နေ ရပြီ ဖြစ် သည် ။ ဆန်ရှား ဆည် သည် မူလက တစက္ကန်လျှင် ရေပမာဏ ကုဗမီတာ ၃၀,၀၀၀ ကို စုတ်ထုတ်နိုင်စွမ်းရှိသော်လည်း ဇူလိုင်လ အလယ်မှစ၍ တစက္ကန့်လျှင် ကုဗမီတာ ၂၀,၀၀၀ အထိ လျော့ချပြစ် ခဲ့သည်။

သို့သော် လည်း မိုးများ သည်းထန်စွာ ဆက်လက် ရွာသွန်း လာနေပြီး ရေများ သည် စနေနေ့တွင် တစက္ကန့် လျှင် ကုဗမီတာ ၆၁,၀၀၀ နှုန်းဖြင့် အဆက်မပြတ် စီးဝင်လာနေပြီ ဖြစ် သည် ။ ယခုလ အတွင်း မြစ်ပေါင်း ၄၀၀ ကျော် နှင့် အနီးအနား ရှိ ရွာများ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး အမေရိကန် ဒေါ်လာ ၉.၂ ဘီလီယံ ခန့် ထိခိုက် ဆုံးရှုံးသွား ခဲ့ပြီ ဖြစ်သည် ။ ထိုအထဲတွင် ကော်ရိုနာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည့် ဝူဟန် လည်း ပါဝင်နေ သည် ။

တရုတ်ပြည် ရေအရင်း အမြစ် ဝန်ကြီးဌာနကတော့ စိုးရိမ်စရာ မလိုကြောင်းနှင့် ယန်စီ မြစ်ကြောင်း တလျှောက်ရှိ ဆည်များ အားလုံးကို စောင့်ကြည့် တိုင်းတာရေး စခန်းပေါင်း ၃၀,၀၀၀ မှ ကြီးကြပ်လျှက် ရှိနေကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ သည် ။ သို့သော်ငြားလည်း မိုးများ ရှေ့လျှောက် ဆက်လက် ရွာသွန်းနေမည် ဆိုက ဆည်ကြီး ကျိုးပေါက်သွားနိုင် သည် ဟု တရုတ် မီဒီယာ များက ခန့်မှန်း ရေးသားမှု များ ထွက်ပေါ် လာနေ သည် ။

တရုတ် မိုးလေဝသ ဌာနကမူ မိုးများ ကြာသပတေးနေ့အထိ ၄ လက်မ မှ ၆ လက်မအထိ ရွာသွန်းရန် ရှိနေပြီး လက်ရှိတွင် စိုးရိမ်ရေမှတ်ထက် ၂.၂ မီတာထိ မြင့်တက်လျှက်ရှိသဖြင့် မြစ်ကြောင်းတ လျှောက် နေထိုင်သူ များ သတိဝီရိယ ရှိရန် ညွှန်ကြားချက် ထုတ်ပြန်ထား ခဲ့သည်။

လက်ရှိ တွင် လူပေါင်း ၁၄၁ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးလျှက် ရှိနေပြီး လူပေါင်း ၃၈ သန်းကို ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။ ယခုကဲ့သို့ မိုးများ ပြင်းထန်စွာ ရွာသွန်းလာရခြင်း မှာ ဘင်္ဂလား ပင်လယ်အော် မှ ထုနှင့် ထည်နှင့် ဖြစ်ပေါ်နေသော ရေခိုးရေငွေ့များ နှင့် မြောက်ဖက် မှ တိုက်ခတ်လာသော လေအေးများ ပေါင်းဆုံမိခြင်းကြောင့် ဖြစ်သည် ဟု တရုတ် အရာရှိ များက ဆို သည် ။

သို့သော် မိုးများ အဆက်မပြတ် ရွာ သွန်းမှုကြောင့် တရုတ် စီးပွားရေး အား ဒုတိယံမိ ထိုးနှက်လိုက်ခြင်းလည်း ဖြစ်သဖြင့် တဖက်တွင် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန်၏ တိုးမြှင့် လာနေသော စစ်ရေး လှုပ်ရှားမှုများ ကြောင့် လည်း တရုတ် သမ္မတ ရှီကျင့်ဖျင် အတွက် နောက်ထပ် အိပ်မပျော်နိုင် သော ညများ က တိုးသည် ထက် တိုးလာနေရပြီ ဖြစ် သည် ။

လှစိုးဝေ

Add a Comment

Your email address will not be published. Required fields are marked *