အမေ့ ကို တန္ဖိုး ထား သလို…မိန်းမကိုလည်း တန်ဖိုးထားပါ

ညတစ်ညရဲ့ အဖြစ်အပျက်လေး တစ်ခုပါ ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက် မိတယ်။အသင့်အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံ့ လှပတဲ့ မျက်နှာလေးကို ကျွန်တော် သေချာ ကြည့်နေရင်းကနေ

အတွေး တချို့ဝင်လာပြီး ကျွန်တော့ ဟာ ကျွန်တော် တွေးနေမိတယ်။ မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့်? ကျွန်တော်နဲ့ မင်္ဂလာ မဆောင်ခင်က မိဘအသိုင်းအဝိုင်းရဲ့အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာနေပြီး ကြီးပြင်းလာခဲ့တယ်။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

အခုကျမိဘအိမ်မှာ မဟုတ်တော့ဘဲ ကျနော့်ရဲ့ဘေးမှာ ပူးကပ်စွာ အိပ်စက်နေရပြန်တယ် ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေခဲ့တဲ့ မိဘတွေကို စွန့်ခွာလာခဲ့ပြန်တယ်။ကျွန်တော့ကို ပင်ပင်ပန်းပန်း ပြုစုရင်း ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့

သူ ပျော်နေပြန်တယ် ပြီးတော့ ကျွန်တော့ ကိုယ် ကျွန်တော် မေးခွန်းတချို့ မေးနေမိတယ် ဒါလဲပဲ ဘယ်လိုဖြစ်လို့ တချို့လူတွေက မိမိရဲ့ ဇနီးမိန်းမကို ရိုက်နှက်နေ နိုင်ကြတာလဲ?ဘယ်လိုဖြစ်လို့ တချို့လူတွေက နှစ်ဘဝအတွက် ရည်စူးပြီး လာခဲ့သူကို

တစ်ဘဝတောင် မကုန်သေးဘူး စိတ် ကုန်သွားကြတာလဲ ဘယ်လိုဖြစ်လို့ တချို့လူတွေက မိန်းမနဲ့သားသမီးကို အိမ်မှာ ထားပြီး သူငယ်ချင်းတွေနဲ့ ဆိုင်တွေ Hotelတွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေနိုင်ကြတာလဲ တစ်နေ့လုံး ယောကျာ်းလာမှ

အတူတူ စားမယ် ဆိုပြီး ထမင်းဝိုင်းလေး အသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ ဘယ်လိုများဖြစ်လို့ တချို့,တချို့တွေက မိန်းမအတွက်တော့ အိမ် ကို ထောင်လို လုပ်ထားလိုက်ကြပြီး

ကိုယ်တိုင်ကျတော့ အများသုံး အိမ်သာလို လာချင်တဲ့ အချိန်လာ သွားချင်တဲ့အချိန် သွားဖြစ်နေကြတာလဲ ပြီးတော့ဘယ်လိုဖြစ်လို့ တချို့တချို့ တွေက မိမိဇနီးကို မျက်ရည်စက်နဲ့ ညတွေကို ဖြတ်သန်းစေ နေတာလဲ တချို့,တချို့က မိန်းမ မိသားစုကို အချိန်မပေးပဲ

လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံး လိုက်နေကြတယ် မိသားစုမှာ ဖခင်ရဲ့ နွေးထွေးမှု့ဆိုတာ သားသမီးတွေ သိခွင့် မရတော့တာ ဘာ့ကြောင့်လဲ ဘယ်လိုဖြစ်လို့ယောကျာ်းတွေ တာဝန်ခံပြီး တာဝန် မယူကြတော့တာလဲ ? ပြေးမယ်ဆိုလည်းပြေး

ဘယ်အထိ ပြေးကြမလဲ ဒီလိုတွေ တွေးပြီး နောက်ဆုံး အဲ့ဒီ့ညမှာ ကျွန်တော် တွေးလိုက်တယ် ကျွန်တော့မှာ အမေရှိတယ် ကျွန်တော့မှာ မိန်းမလည်း ရှိတယ်။ကျွန်တော် သူတို့ နှစ်ယောက်စလုံးကို ဂုဏ်ယူ လေးစား သင့်တယ် မိန်းမကို ကြင်နာရင်း မိဘကို ရိုသေရင်းပေါ့

ဘာကြောင့်လဲဆိုရင်..သူ တို့ နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့ကို အသက်နဲ့ ရင်းပြီး လောကထဲကို ခေါ်ဆောင် လာခဲ့တယ်။နောက်တစ်ယောက်က တစ်လောကလုံးကို စွန့်ခွာပြီး ကျွန်တော့ အနား ကို လာခဲ့တဲ့သူ ပါ။

အမေဆိုတာလည်း တစ်ချိန် က မိန်းမ ဖြစ်ခဲ့တယ်..လက်ရှိ ဘေးနားမှာ ရှိနေတဲ့ မိန်းမ ဆိုတာ ကလည်း တစ်ချိန်မှာ အမေ ဖြစ်အုံးမှာ မို့ အမေ့ကို တန်ဖိုး ထားသလို မိန်းမကိုလည်း တန်ဖိုးထားကြပါ။ နားလည်နိုင်ကြပါစေ မိသားစု တိုင်း မိသားစုတိုင်း တစ်ဦးနဲ့ တစ်ဦး

ချစ်ချစ် ခင်ခင် တစ်သက် တာ ပျော်ရွှင်စွာ နေသွားကြရ ပါစေဟု ဆန္ဒပြုရင်း။ (မူရင်းရေးသား သူအား လေးစားစွာဖြင့် မိသားစု ဘဝများ ပျော်ရွှင်သာယာစေ လိုသော စိတ်ရင်းဖြင့် ထပ်ဆင့်ဖော်ပြလိုက်ပါသည်။)

Add a Comment

Your email address will not be published. Required fields are marked *