သူငယ်ချင်းဆိုတာထက် မိသားစုလိုချစ်ခင်ရတဲ့သူတွေကို ထုတ်ပြလာတဲ့ ခေးဆက်သွင်




Source : KhaySettThwin

unicode

သရုပ်ဆောင်မင်းသမီးချောလေးခေးဆက်သွင်ကိုတော့ နှင်းဆီ ဇာတ်ရုပ်နဲ့ ပရိသတ်တွေအကြိုက်တွေ့ခဲ့သလို သူရဲ့အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေ စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို ပရိသတ်တွေကို မကြာခဏဆိုသလို မျှဝေလေ့ရှိသူဖြစ်ပါတယ်။

အခုလည်း သူငယ်ချင်းတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ရိုက်ကူးထားတဲ့ပုံလေးတွေနဲ့အတူ “အဖြူရောင်ကို မြင်အောင်ကြည့်ရင် တကယ်ရှိပါတယ်…. သူတို့မှားနေရင် လမ်းပြဖို့ ကိုရှိသလို ကိုဆိုးနေရင် သူတို့ကထိန်းသိမ်းပြီးသားပါ…. ပိတောက်ပန်းလေး လမ်းမှာတွေ့လို့ လှလိုက်တာလို့ မပြောမိစေနဲ့ ကားရပ်ပြီး မရရအောင် ခူးပေးတဲ့သူမျိုးတွေ…. နတ်ပြည်ကနေ ငရဲထိ ကိုသွားချင်ရာသွား သူတို့ပါပြီးသား…..ပေးစားချင်တဲ့သူတွေ ကြိုက်သလိုပေးစား အမှန်တရားက အမြဲမခါးပါဘူး…. သူငယ်ချင်းထက် မိသားစုဆိုပိုမှန်မယ် …single Mom နဲ့ သူ့သားနှစ်ယောက်ပါ” ဆိုပြီးတော့ စနောက်ရေးသားထားတာပါ။

ခေးဆက်သွင်ကတော့ စိုပြေမြင့်နဲ့ဘုန်းဆက်သွင်တို့နဲ့အတူ ရိုက်ကူးထားတဲ့ပုံတွေနဲ့အတူ single Mom နဲ့ သူ့သားနှစ်ယောက်ပါ ဆိုပြီးတော့လည်း နောက်ပြောင်ထားပါသေးတယ်။ ဒါ့အပြင် တခြားသူတွေဘယ်လိုပြောပြော သူတို့ရဲ့ခင်မင်မှုကတော့ သူငယ်ချင်းလိုထက် မိသားစုလို ချစ်ခင်ရတဲ့အကြောင်းလည်း ပြောထားပါသေးတယ်။ သူငယ်ချင်းတွေနဲ့အတူတူအနုပညာလှုပ်ရှားမှုတွေကိုလည်း မြင်ချင်သေးပါရဲ့နော်…

Source : KhaySettThwin

Add a Comment

Your email address will not be published. Required fields are marked *