မိန်းမသား တစ်ယောက် ဖြစ်ရတာ မလွယ်ပါဘူး မိန်းမသားဘဝကို ကိုယ်ချင်းစာ တတ်ပြီး တန်ဖိုးထား တတ်ကြပါစေ
#Credit
unicode
မိန်းကလေး တစ်ယောက် ဘဝမှာ အရွယ်ရောက် လာပါပြီတဲ့
ရာသီ က လာပြီ ၊ ထိန်းရပြီ ၊သိမ်းရပြီ ၊ ဂရုစိုက်ရပြီ
ရည်းစား ထားပါပြီတဲ့ လွမ်းရပြန်ပြီ၊ ဆွေးရပြန်ပြီ ၊ ကြေကွဲရပြန်ပြီ ၊ ခံစားရပြန်ပြီ
အိမ်ထောင်ပြု ပါပြီတဲ့
မိဘ ၊ မောင်နှမတွေနဲ့ ခွဲရပြန်ပြီ ၊ ငိုရပြန်ပြီ
အိမ်ထောင် ကျပါပြီတဲ့
ယောက်ျား လည်း ထိန်းရ ၊ အိမ်ကိုလည်း သိမ်းရ
ယောက္ခမ ကိုလည်း ဂရုစိုက်ပေးရ ၊
သားသမီးတွေကို လည်း သွန်သင်ပေးရ ၊
ခန္ဓာကိုယ်က ယောက်ျား အတွက်
အချိန်တွေက သားသမီး အတွက်
သတိရနေတဲ့စိတ်က မိဘ အတွက်
ပင်ပန်း နွမ်းနယ်မှု နဲ့ အိုမင်းရင့်ရော်မှု တွေသာ
ကိုယ့်အတွက်
မိန်းကလေး တစ်ဘဝ လွယ်တာမှတ်လို့ ….
မိဘအရိပ်ေ အာက်မှာ နေတဲ့ တစ်လျှောက် မင်းသမီးလေး လိုနေရတယ်
မင်္ဂလာ ဆောင်တဲ့ တစ်ရက် ဘုရင်မ လိုနေရတယ်
အိမ်ထောင်ကျပြီးတဲ့ တစ်သက် အစေခံ လိုနေရတယ်
ယောက်ျား တော်တော်များများက ငါ့ မိဘ အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပါ
သူတို့ခမျာ ငါ့ကို ကြီးပြင်းလာအောင် ကျွေးမွေးလာတာ
လို့ပြောဖို့ သတိရတတ်ကြပြီး
ကိုယ့်မိဘ တွေကို အဖေ အမေ သား မိန်းမ ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ
သူ့ခမျာ ပင်ပန်းရှာတာ လို့ ပြောဖို့ကြတော့ သတိရမိတတ် ရဲ့လား?
မိန်းမသား တစ်ယောက် ဖြစ်ရတာ မလွယ်ပါဘူး
သားကောင်းယောက်ျား များ မိန်းမသား ဘဝကို
ကိုယ်ချင်းစာ တတ်ပြီး တန်ဖိုး ထားတတ်ကြပါစေလို့
#Credit