မြင်နေကျပုံစံလေး အတိုင်း မဟုတ်ဘဲ တမူထူးခြားနေပြီး ဆွဲဆောင် မှု ရှိရှိ ချစ်စရာကောင်းနေ တဲ့ နွယ်နွယ်ထွန်း





unicode

ပရိသတ်ကြီးရေ လူမှုကွန်ယက်စာမျက်နှာမှာ အလန်းစား ပုံရိပ်လေးတွေ နဲ့ လူသိများလာခဲ့တဲ့ မော်လ်ဒယ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နွယ်နွယ်ထွန်း ကိုတော့ ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ လက်ရှိမှာ သူမဟာ ကြော်ငြာတွေအပြင် Photo Shooting တွေကိုလည်း ဆက်တိုက်ရိုက်
ကူးနေရပြီး အနုပညာအလုပ်တွေကို ပိုပြီးလုပ်ကိုင်လာတာကိုတွေ့ရပါတယ်။ ဒါ့အပြင် သွယ်လျ ကျစ်လျစ် တဲ့ body လေးအပြင် ဖြူဖွေးနုဖက်နေတဲ့ အသားအရည်လေးတွေကိုပါပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းနေတာကြောင့် ပရိသတ်တွေချစ်အားပိုနေရသူလေးပါနော်..။

နွယ်နွယ်ထွန်း ဟာဆိုရင် ဝတ်စားဆင်ယဉ်မှုတွေမှာလည်း မြန်မာဖက်ရှင်ဝတ်စုံလေးတွေ ထက် အလန်းစား ဖက်ရှင်ဝတ်စုံလေးတွေကို စမတ်ကျကျ ပိုပြီး ဝတ်ဆင်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် မကြာခဏဆိုလို သူမရဲ့ ပရိသတ်တွေ ရင်ခုန်စရာကောင်းလောက်တဲ့ အလန်းစား ပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း နွယ်နွယ်ထွန်း က အရင်ကပုံစံလေးနဲ့ ကွဲထွက်နေတဲ့ ပုံရိပ်လေး တွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ နွယ်နွယ်ထွန်းက ရိုးရှင်းအေးချမ်း မြန်မာဖက်ရှင် ဝတ်စုံလေးကို ဝတ်ဆင်ပြီး နေကာမျက်မှန်လေးတပ်ကာ ချစ်စရာအမူအရာလေးတွေနဲ့ ပရိသတ်တွေ အသည်းယားအောင်ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေ ပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့ လည်း နွယ်နွယ်ထွန်း က ” ဘယ်သွားသွား ခေါ်သွားပါလို့ မတောင်း ဆိုပါဘူး ဘယ်သွားသွား မင်းအနားမှာ ရှိနေချင်တာပါ” ဆိုပြီး စကားလုံးလေးလှလှလေးတွေနဲ့လည်း ရေးသားဖော်ပြထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ မြန်မာဆန်ဆန် ဝတ်စုံလေးနဲ့ အရမ်းချစ်စရာကောင်းနေတဲ့ နွယ်နွယ်ထွန်း ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကူးယူဖော်ပြပေး လိုက်ပါတယ်။

Source – Nwe Nwe Tun’s fb account

Add a Comment

Your email address will not be published. Required fields are marked *