COVID-19 ကို ရင္ဆိုင္ ရာမွာ အမ်ိဳးသားေတြ ရဲ႕ ေဝွးေ စ့ဟာ အားနည္းခ်က္ျဖစ္ေန

ကို ႐ိုနာဗိုင္းရပ္စ္ဟာ ေဝွးေစ့အတြင္းမွာ ပုန္းခိုေနထိုင္ႏိုင္ျခင္းေၾကာင့္ အမ်ိဳးသားေတြမွာ ပိုမိုရွည္ၾကာၿပီး ပိုမိုျပင္းထန္တဲ့ ဖ်ားနာမႈေတြ ျဖစ္ရေလ့ရွိေၾကာင္း ေလ့လာမႈအသစ္မ်ားအရ သိရပါတယ္။ COVID-19 ရဲ႕ လိင္ခြဲျခားမႈကို ေလ့လာႏိုင္ဖို႔ သုေတသနေလ့လာသူမ်ားေတြဟာ အိႏၵိယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕မွာ ျပန္လည္ ေကာင္းမြန္လာတဲ့ လူနာ ၆၈ ေယာက္ကို ေျခရာခံ ေလ့လာၾကည့္တဲ့အခါ COVID-19 ဟာ အမ်ိဳးသားေတြအေပၚပိုမိုဆိုး႐ြားေၾကာင္း MedRxix မွာ ေဖာ္ျပထားတဲ့ စစ္တမ္းေတြအရ သိရပါတယ္။

အမ်ိဳးသားေတြရဲ႕ ေဝွးေစ့ေတြဟာ ကိုယ္ခံအားစနစ္ သက္ေရာက္ႏိုင္တဲ့ စြမ္းအား မရွိတဲ့အတြက္ ဗိုင္းရပ္စ္ဟာ ခႏၶာကိုယ္ရဲ႕ တျခား အစိတ္အပိုင္းေနရာေတြထက္ ေဝွးေစ့မွာ အခ်ိန္ၾကာျမင့္တဲ့အထိ ေနႏိုင္ေၾကာင္း ေလ့လာမႈ ေတြအရ သိရပါတယ္။ ဒါေၾကာင့္လည္း အခု ရွာေဖြေတြ႕ရွိမႈဟာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားမ်ားထက္ ဗိုင္းရပ္စ္ရန္ကို ပိုၿပီးျမန္ျမန္ဆန္ဆန္ တြန္းလွန္ႏိုင္တယ္လို႔ အိႏၵိယႏိုင္ငံ၊ မြမ္ဘိုင္းရွိ Kasturba ေဆး႐ုံမွ သုေတသနပညာရွင္ ေဒါက္တာ Aditi Shastri နဲ႔ သူ႔မိခင္ ေဒါက္တာ Jayanthi Shastri တို႔က ေျပာပါတယ္။

အမ်ိဳးသမီးလူနာေတြအတြက္ ဗိုင္းရပ္စ္ကင္းစင္ဖို႔ ၾကာျမင့္ခ်ိန္က ပွ်မ္းမွ်အေနနဲ႔ ၄ ရက္သာျဖစ္ေပမယ့္ အမ်ိဳးသားေတြအတြက္ကေတာ့ နလန္ ျပန္ထူႏိုင္ဖို႔က ပွ်မ္းမွ်အားျဖင့္ ၂ ရက္ ပိုမိုၾကာျမင့္ႏိုင္တယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။ အဆိုပါ ေလ့လာေတြ႕ရွိခ်က္မ်ားအရ အထီးမ်ားက ဗိုင္းရပ္စ္ ဖယ္ထုတ္ရွင္းလင္းရာမွာ ေႏွာင့္ေႏွး ၾကန႔္ ၾကာတတ္ေၾကာင္း ျပဆိုေနၿပီး အမ်ိဳးသားေတြရဲ႕ေဝွးေစ့ေတြကေတာ့ ဗိုင္းရပ္စ္ေတြ စုစည္း သိုမွီးရာေနရာအျဖစ္ လုပ္ေဆာင္ေပးေနတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္လည္း အီတလီ၊ ေတာင္ကိုရီးယားႏွင့္ နယူးေယာက္ၿမိဳ႕တို႔မွာ ဗိုင္းရပ္စ္ေၾကာင့္ အမ်ိဳးသား ေသဆုံးႏႈန္းေနရတာ ျဖစ္ပါတယ္။ အမ်ိဳးသားေတြအေနနဲ႔ ခံႏိုင္ရည္ ပိုမိုနည္းပါးရျခင္း အေၾကာင္းကေတာ့ ေဆးလိပ္ေသာက္ျခင္း၊ ေသြးတိုးေရာဂါရွိျခင္း ဒါမွမဟုတ္ ႏွလုံးေသြးလႊတ္ေၾကာဆိုင္ရာ ေရာဂါခံစားရျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဧရာဝတီ

COVID-19 ကို ရင်ဆိုင် ရာမှာ အမျိုးသားတွေ ရဲ့ ဝှေးေ စ့ဟာ အားနည်းချက်ဖြစ်နေ

ကို ရိုနာဗိုင်းရပ်စ်ဟာ ဝှေးစေ့အတွင်းမှာ ပုန်းခိုနေထိုင်နိုင်ခြင်းကြောင့် အမျိုးသားတွေမှာ ပိုမိုရှည်ကြာပြီး ပိုမိုပြင်းထန်တဲ့ ဖျားနာမှုတွေ ဖြစ်ရလေ့ရှိကြောင်း လေ့လာမှုအသစ်များအရ သိရပါတယ်။ COVID-19 ရဲ့ လိင်ခွဲခြားမှုကို လေ့လာနိုင်ဖို့ သုတေသနလေ့လာသူများတွေဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ပြန်လည် ကောင်းမွန်လာတဲ့ လူနာ ၆၈ ယောက်ကို ခြေရာခံ လေ့လာကြည့်တဲ့အခါ COVID-19 ဟာ အမျိုးသားတွေအပေါ်ပိုမိုဆိုးရွားကြောင်း MedRxix မှာ ဖော်ပြထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။

အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာ ကိုယ်ခံအားစနစ် သက်ရောက်နိုင်တဲ့ စွမ်းအား မရှိတဲ့အတွက် ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းနေရာတွေထက် ဝှေးစေ့မှာ အချိန်ကြာမြင့်တဲ့အထိ နေနိုင်ကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ဒါကြောင့်လည်း အခု ရှာဖွေတွေ့ရှိမှုဟာ အမျိုးသမီးတွေဟာ အမျိုးသားများထက် ဗိုင်းရပ်စ်ရန်ကို ပိုပြီးမြန်မြန်ဆန်ဆန် တွန်းလှန်နိုင်တယ်လို့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းရှိ Kasturba ဆေးရုံမှ သုတေသနပညာရှင် ဒေါက်တာ Aditi Shastri နဲ့ သူ့မိခင် ဒေါက်တာ Jayanthi Shastri တို့က ပြောပါတယ်။

အမျိုးသမီးလူနာတွေအတွက် ဗိုင်းရပ်စ်ကင်းစင်ဖို့ ကြာမြင့်ချိန်က ပျှမ်းမျှအနေနဲ့ ၄ ရက်သာဖြစ်ပေမယ့် အမျိုးသားတွေအတွက်ကတော့ နလန် ပြန်ထူနိုင်ဖို့က ပျှမ်းမျှအားဖြင့် ၂ ရက် ပိုမိုကြာမြင့်နိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အဆိုပါ လေ့လာတွေ့ရှိချက်များအရ အထီးများက ဗိုင်းရပ်စ် ဖယ်ထုတ်ရှင်းလင်းရာမှာ နှောင့်နှေး ကြန့် ကြာတတ်ကြောင်း ပြဆိုနေပြီး အမျိုးသားတွေရဲ့ဝှေးစေ့တွေကတော့ ဗိုင်းရပ်စ်တွေ စုစည်း သိုမှီးရာနေရာအဖြစ် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း အီတလီ၊ တောင်ကိုရီးယားနှင့် နယူးယောက်မြို့တို့မှာ ဗိုင်းရပ်စ်ကြောင့် အမျိုးသား သေဆုံးနှုန်းနေရတာ ဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ ခံနိုင်ရည် ပိုမိုနည်းပါးရခြင်း အကြောင်းကတော့ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးရောဂါရှိခြင်း ဒါမှမဟုတ် နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါခံစားရခြင်းတို့ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *