စက္တင္ဘာ(၉)ရက္ ကစၿပီး အစိုးရ ႐ုံးဝန္ထမ္း အင္အား (၅၀) ရာခိုင္ႏႈန္း သာ ႐ုံးတက္ရန္ ၫႊန္ၾကား

ျမန္မာႏိုင္ငံတြင္ Covid-19 ေရာဂါကူးစက္မႈျမင့္တက္ေနသျဖင့္ စက္တင္ဘာ(၉)ရက္ကစၿပီး အစိုးရ႐ုံး ၊ဌာနအသီးသီး၌ ဝန္ထမ္း(၅၀) ရာခိုင္ႏႈန္းသာ တာဝန္ထမ္းေဆာင္ရန္ Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက စက္တင္ဘာ (၆)ရက္တြင္ ေၾကညာခ်က္ ထုတ္ျပန္လိုက္သည္။

႐ုံး၊ဌာနမ်ား အေနျဖင့္ ႐ုံးခ်ိန္ အတြင္း လက္ရွိ ဝန္ထမ္းအင္းအား၏ (၅၀)ရာခိုင္ႏႈန္းသာ ႐ုံးတက္တာဝန္ထမ္းေဆာင္ေစၿပီးက်န္ဝန္ထမ္း (၅၀)ရာခိုင္ႏႈန္းကို ေနအိမ္ကေန တာဝန္ထမ္းေဆာင္ေစမွာ ျဖစ္ေၾကာင္း၊ လိုအပ္မွသာ ႐ုံးသို႔လာေရာက္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသား ထားသည္။

ဝန္ထမ္းေတြအေနျဖင့္ မိမိေနထိုင္ရာ အနီးပတ္ဝန္းက်င္တြင္ Covid-19 သံသယ လူနာေတြ႕ရွိ ျခင္းျဖစ္ေစ၊မိမိကိုယ္တိုင္ေရာဂါလကၡဏာခံစားရသည္ျဖစ္ေစ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနထံ အသိေပးၿပီး ပူးေပါင္း ေဆာင္႐ြက္ရန္ ၫႊန္ၾကားထားသည္။

Ref – ကိုဗစ္ကာကြယ္တားဆီးေရးေကာ္မတီ

unicode

မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်မှုမြင့်တက်နေသဖြင့် စက်တင်ဘာ(၉)ရက်ကစပြီး အစိုးရရုံး ၊ဌာနအသီးသီး၌ ဝန်ထမ်း(၅၀) ရာခိုင်နှုန်းသာ တာဝန်ထမ်းဆောင်ရန် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက စက်တင်ဘာ (၆)ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရုံး၊ဌာနများ အနေဖြင့် ရုံးချိန် အတွင်း လက်ရှိ ဝန်ထမ်းအင်းအား၏ (၅၀)ရာခိုင်နှုန်းသာ ရုံးတက်တာဝန်ထမ်းဆောင်စေပြီးကျန်ဝန်ထမ်း (၅၀)ရာခိုင်နှုန်းကို နေအိမ်ကနေ တာဝန်ထမ်းဆောင်စေမှာ ဖြစ်ကြောင်း၊ လိုအပ်မှသာ ရုံးသို့လာရောက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

ဝန်ထမ်းတွေအနေဖြင့် မိမိနေထိုင်ရာ အနီးပတ်ဝန်းကျင်တွင် Covid-19 သံသယ လူနာတွေ့ရှိ ခြင်းဖြစ်စေ၊မိမိကိုယ်တိုင်ရောဂါလက္ခဏာခံစားရသည်ဖြစ်စေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ အသိပေးပြီး ပူးပေါင်း ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

Ref – ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီ

Add a Comment

Your email address will not be published. Required fields are marked *