ကိုဗစ္လူနာ အမွတ္ (၁၄၄) အလုပ္လုပ္ သည့္ စက္ရံုတြင္ အလုပ္သမား (၉၀၀၀) ေက်ာ္ရိွ

လူနာအမွတ္ (၁၄၄) အလုပ္လုပ္ေသာ ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္သာယာၿမိဳ့နယ္ ရွိ ခ်န္းရီဖိနပ္ စက္႐ုံ၌ အလုပ္သမား ၉၀၀၀ ေက်ာ္ရွိေၾကာင္းသိရသည္။

လူနာအမွတ္ (၁၄၄) သည္ ထိုစက္႐ုံ၌ စကားျပန္ အလုပ္ လုပ္ကိုင္သူျဖစ္ၿပီး ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ့ ဇာတိျဖစ္သည္။

လက္ရွိတြင္ ၎ႏွင့္ထိေတြ႕မိခဲ့သူမ်ား (ကြင္းဆက္) ကိုစုံစမ္းမွု မ်ားျပဳလုပ္ေနၿပီး ေဆာင္ရြက္စရာရွိသည္မ်ားကို ၿမိဳ့နယ္က်န္းမာေရးဌာနမ်ားျဖင့္ပူးေပါင္းေဆာင္ရြက္ လၽွက္ရွိေၾကာင္း လွိုင္သာယာၿမိဳ့နယ္၊တိုင္းေဒသႀကီး (၂)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူကေျပာသည္။

” လူနာနဲ႔ထိေတြ႕ခဲ့တဲ့ကြင္းဆက္ေတြရ ပါၿပီဗ်၊ စက္႐ုံမွာေရာ ျပင္ပေဆးခန္း တစ္ခုမွာေရာ ထိေတြ႕ခဲ့တာရွိပါတယ္၊ ဆက္လက္စုံစမ္းေဆာင္ရြက္မွုေတြလုပ္ေနပါတယ္ဗ် ” ဟု၎ကေျပာသည္။

ခ်န္းရီဖိနပ္စက္႐ုံသည္ စက္႐ုံတြင္းစစ္ေဆးမွုျပဳလုပ္ၿပီးျဖစ္ေသာေၾကာင့္ အလုပ္သမားမ်ာ ယေန႔ လုပ္ငန္းခြင္သို့ျပန္လည္ဝင္ေရာက္ၾကၿပီျဖစ္ေသာ္လည္း COVID-19 ကူးစက္ခံလူနာေပၚ ထြက္လာသျဖင့္ အလုပ္သမားမ်ားကိုျပန္ခြင့္ျပဳလိုက္ၿပီး စက္႐ုံလည္ပါတ္မွုယာယီရပ္ ဆိုင္းထားေၾကာင္းသိရသည္။

လူနာအမွတ္ (၁၄၄) သည္ ယခုလ၊ ဧၿပီ ၄ ရက္က ေခ်ာင္းဆိုးျခင္းစတင္ျဖစ္ပြားခဲ့ၿပီး ဧၿပီ ၁၅ ရက္က ရန္ကုန္မွ လူမွုကူညီေရးကားစင္းလုံးဌားကာ ေမြးရပ္ဇာတိခ်င္ျပည္နယ္မိုးညႇင္း သို့ျပန္ခဲ့သည္။ COVID-19ေရာဂါလကၡဏာမ်ားေၾကာင့္ ဓါတ္ခြဲနမူနာရယူစစ္ေဆးခဲ့ရာ ယမန္ေန႔ည ၁၁ နာရီထုတ္ျပန္ေၾကညာခ်က္ တြင္ လူနာအမွတ္ (၁၄၄) အျဖစ္ပါဝင္ခဲ့ျခင္းျဖစ္သည္။

ယခုအခါ မိုးညႇင္းေဆး႐ုံမွ ျမစ္ႀကီးနားေဆး႐ုံသို့ ပို့ေဆာင္ထားေၾကာင္းသိရသည္။

unicode

ကိုဗစ်လူနာ အမှတ် (၁၄၄) အလုပ်လုပ် သည့် စက်ရုံတွင် အလုပ်သမား (၉၀၀၀) ကျော်ရှိ

လူနာအမှတ် (၁၄၄) အလုပ်လုပ်သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရှိ ချန်းရီဖိနပ် စက်ရုံ၌ အလုပ်သမား ၉၀၀၀ ကျော်ရှိကြောင်းသိရသည်။

လူနာအမှတ် (၁၄၄) သည် ထိုစက်ရုံ၌ စကားပြန် အလုပ် လုပ်ကိုင်သူဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဇာတိဖြစ်သည်။

လက်ရှိတွင် ၎င်းနှင့်ထိတွေ့မိခဲ့သူများ (ကွင်းဆက်) ကိုစုံစမ်းမှု များပြုလုပ်နေပြီး ဆောင်ရွက်စရာရှိသည်များကို မြို့နယ်ကျန်းမာရေးဌာနများဖြင့်ပူးပေါင်းဆောင်ရွက် လျှက်ရှိကြောင်း လှိုင်သာယာမြို့နယ်၊တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောသည်။

” လူနာနဲ့ထိတွေ့ခဲ့တဲ့ကွင်းဆက်တွေရ ပါပြီဗျ၊ စက်ရုံမှာရော ပြင်ပဆေးခန်း တစ်ခုမှာရော ထိတွေ့ခဲ့တာရှိပါတယ်၊ ဆက်လက်စုံစမ်းဆောင်ရွက်မှုတွေလုပ်နေပါတယ်ဗျ ” ဟု၎င်းကပြောသည်။

ချန်းရီဖိနပ်စက်ရုံသည် စက်ရုံတွင်းစစ်ဆေးမှုပြုလုပ်ပြီးဖြစ်သောကြောင့် အလုပ်သမားမျာ ယနေ့ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ကြပြီဖြစ်သော်လည်း COVID-19 ကူးစက်ခံလူနာပေါ် ထွက်လာသဖြင့် အလုပ်သမားများကိုပြန်ခွင့်ပြုလိုက်ပြီး စက်ရုံလည်ပါတ်မှုယာယီရပ် ဆိုင်းထားကြောင်းသိရသည်။

လူနာအမှတ် (၁၄၄) သည် ယခုလ၊ ဧပြီ ၄ ရက်က ချောင်းဆိုးခြင်းစတင်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၅ ရက်က ရန်ကုန်မှ လူမှုကူညီရေးကားစင်းလုံးဌားကာ မွေးရပ်ဇာတိချင်ပြည်နယ်မိုးညှင်း သို့ပြန်ခဲ့သည်။ COVID-19ရောဂါလက္ခဏာများကြောင့် ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ယမန်နေ့ည ၁၁ နာရီထုတ်ပြန်ကြေညာချက် တွင် လူနာအမှတ် (၁၄၄) အဖြစ်ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ မိုးညှင်းဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

Add a Comment

Your email address will not be published. Required fields are marked *