အရက္ခ်က္ စက္ရံု ထဲ ကုိ ေရာက္ဖူး တဲ့ သူတဦး ေျပာျပ ခဲ့ တဲ့ ေၾကာက္ စရာ လွ်ဳိ႕ဝွက္ခ်က္

အရက္ခ်က္ တဲ့စက္႐ံု အ တြင္းဘက္ ကိုဝင္ၾကည့္တဲ့အခါ အလြန္ စိတ္ပ်က္စရာျမင္ကြင္း ကေတာ့ အရက္ဆီေပါင္းခံေန တဲ့ ဧရာမသံကန္ႀကီးေတြထဲ ကို ဓာတ္ေျမၾသဇာ အိတ္ေတြဖြင့္ၿပီး ေျဖာ ခနဲ ေျဖာခနဲေလာင္းထည့္ေနတာ ပါပဲ။

ဓာတ္ေျမၾသဇာ ဆုိတာ စိုက္ ပ်ဳိးေရးအတြက္ သံုးတဲ့ဓာတုေဗဒ ပစၥည္းေတြပါ။ လူေသာက္မယ့္ အရက္ကိုခ်က္တဲ့ေနရာမွာ ေပါ ေပါေလာေလာသံုးေနတယ္ဆုိ တာ ဘယ္လိုမွေကာင္းႏိုင္မယ္ မဟုတ္ပါ။ သို႔ေသာ္ အရက္စက္ ႐ံုက တာဝန္ရွိတဲ့သူ ကေတာ့ သူ တို႔စက္႐ံုက ထုတ္လုပ္လိုက္တဲ့ အရက္ ဆီဟာ ဘယ္ေလာက္ ေကာင္းေၾကာင္း၊ ဘယ္ေလာက္ ျပင္းအား ရွိေၾကာင္း ရွင္းျပေနပါ ေသးတယ္။

အဲဒီလိုထုတ္လုပ္လိုက္တဲ့ ျပင္းအားျမင့္အရက္ ဆီကို ေစ်း ကြက္မတင္ခင္ ဂိုေဒါင္ထဲမွာ ႏွစ္လေလာက္ထားရတယ္လို႔ဆို ပါတယ္။ အရက္မွာပါဝင္ေနတဲ့ လူကိုအဆိပ္ျဖစ္ေစတဲ့ဓာတ္ေတြ အခုိးျပန္သြားေစဖို႔အတြက္ျဖစ္ပါ တယ္။ ႏွစ္လ ျပည့္သြား တဲ့အခါ က်မွ အရက္ဆီျပင္းအားကိုလိုက္ ၿပီး ေရသံုးဆ၊ ေရငါးဆစ သျဖင့္ ေရာၿပီး ပုလင္းသြတ္တံဆိပ္လွလွ ေလးေတြကပ္တဲ့အလုပ္ေတြလုပ္ ရပါတယ္။

အဲဒါေတြၿပီးရင္ေတာ့ ဆိုင္တင္ေရာင္း႐ံုပဲလို႔ဆိုပါတယ္။သို႔ေသာ္ ေစ်းကြက္ေတာင္းဆိုမႈ ကျမင့္မားေနတဲ့အတြက္ အရက္ ဆီကို ဂိုေဒါင္ထဲမွာဘယ္ေတာ့မွ ႏွစ္လၾကာေအာင္အထိမထားဘဲ ရက္ပိုင္းအတြင္းမွာ ေစ်းကြက္ထဲ ကိုတင္သြင္းေလ့ ရွိတယ္ လို႔လည္း သိရျပန္ပါတယ္။

အဲဒီလို အရက္မ်ဳိးေတြကို သံုးေလးႏွစ္ဆိုသလို ဆက္တိုက္ ေသာက္ေနတဲ့သူေတြဟာ အသည္းနဲ႔ပတ္သက္ၿပီး ေရာဂါ တစ္ခုခုရၾကပါတယ္။ အဓိက ကေတာ့ ဓာတ္ေျမၾသဇာကို သံုးတဲ့ အတြက္ေၾကာင့္ပါ။ ဓာတ္ေျမၾသ ဇာဆိုတာ အက္စစ္ တစ္မ်ဳိးပါ။ လိုအပ္တာထက္ ပိုသံုးရင္ စပါး ပင္ေတြေတာင္ ေသႏိုင္တဲ့အထိ ျပင္းအားရွိပါတယ္။

Credit – ေဇာ္မင္း

unicode

အရက်ချက် တဲ့စက်ရုံ အ တွင်းဘက် ကိုဝင်ကြည့်တဲ့အခါ အလွန် စိတ်ပျက်စရာမြင်ကွင်း ကတော့ အရက်ဆီပေါင်းခံနေ တဲ့ ဧရာမသံကန်ကြီးတွေထဲ ကို ဓာတ်မြေသြဇာ အိတ်တွေဖွင့်ပြီး ဖြော ခနဲ ဖြောခနဲလောင်းထည့်နေတာ ပါပဲ။

ဓာတ်မြေသြဇာ ဆိုတာ စိုက် ပျိုးရေးအတွက် သုံးတဲ့ဓာတုဗေဒ ပစ္စည်းတွေပါ။ လူသောက်မယ့် အရက်ကိုချက်တဲ့နေရာမှာ ပေါ ပေါလောလောသုံးနေတယ်ဆို တာ ဘယ်လိုမှကောင်းနိုင်မယ် မဟုတ်ပါ။ သို့သော် အရက်စက် ရုံက တာဝန်ရှိတဲ့သူ ကတော့ သူ တို့စက်ရုံက ထုတ်လုပ်လိုက်တဲ့ အရက် ဆီဟာ ဘယ်လောက် ကောင်းကြောင်း၊ ဘယ်လောက် ပြင်းအား ရှိကြောင်း ရှင်းပြနေပါ သေးတယ်။

အဲဒီလိုထုတ်လုပ်လိုက်တဲ့ ပြင်းအားမြင့်အရက် ဆီကို ဈေး ကွက်မတင်ခင် ဂိုဒေါင်ထဲမှာ နှစ်လလောက်ထားရတယ်လို့ဆို ပါတယ်။ အရက်မှာပါဝင်နေတဲ့ လူကိုအဆိပ်ဖြစ်စေတဲ့ဓာတ်တွေ အခိုးပြန်သွားစေဖို့အတွက်ဖြစ်ပါ တယ်။ နှစ်လ ပြည့်သွား တဲ့အခါ ကျမှ အရက်ဆီပြင်းအားကိုလိုက် ပြီး ရေသုံးဆ၊ ရေငါးဆစ သဖြင့် ရောပြီး ပုလင်းသွတ်တံဆိပ်လှလှ လေးတွေကပ်တဲ့အလုပ်တွေလုပ် ရပါတယ်။

အဲဒါတွေပြီးရင်တော့ ဆိုင်တင်ရောင်းရုံပဲလို့ဆိုပါတယ်။သို့သော် ဈေးကွက်တောင်းဆိုမှု ကမြင့်မားနေတဲ့အတွက် အရက် ဆီကို ဂိုဒေါင်ထဲမှာဘယ်တော့မှ နှစ်လကြာအောင်အထိမထားဘဲ ရက်ပိုင်းအတွင်းမှာ ဈေးကွက်ထဲ ကိုတင်သွင်းလေ့ ရှိတယ် လို့လည်း သိရပြန်ပါတယ်။

အဲဒီလို အရက်မျိုးတွေကို သုံးလေးနှစ်ဆိုသလို ဆက်တိုက် သောက်နေတဲ့သူတွေဟာ အသည်းနဲ့ပတ်သက်ပြီး ရောဂါ တစ်ခုခုရကြပါတယ်။ အဓိက ကတော့ ဓာတ်မြေသြဇာကို သုံးတဲ့ အတွက်ကြောင့်ပါ။ ဓာတ်မြေသြ ဇာဆိုတာ အက်စစ် တစ်မျိုးပါ။ လိုအပ်တာထက် ပိုသုံးရင် စပါး ပင်တွေတောင် သေနိုင်တဲ့အထိ ပြင်းအားရှိပါတယ်။

Credit – ဇော်မင်း

Add a Comment

Your email address will not be published. Required fields are marked *