ကြက်သွန်မိတ် ကြိုက် လို့ သာ စားနေတာ ဒီ လို အကျိုးပြုမှန်း ကို မသိဘူး

မိ တ်ဆွေ က တရုတ် အစားအစာ၊ ရှမ်း အစားအစာ တော်တော်များများ ကြိုက်တတ် ရင် “ကြက်သွန်မြိတ်” ကို ရင်းနှီးပါလိမ့်မယ်.ကျနော် ကတော့ ကြက်သွန်မိတ် အပြင် နံနံပင်၊ ပူစီနံ၊ ပင်စိမ်း၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့်၊ တရုတ်နံနံ အကုန်ကြိုက်တယ်။ဒါပေမဲ့ ကျနော့ မိတ်ဆွေ ၁၀ ဦးမှာ ၅ ဦး လောက်က ကြက်သွန်မိတ် အရသာ မကြိုက်သူ နဲ့ အနံ့တောင် မခံနိုင်သူတွေ..

ဘာလို့ လူတော်တော်များများက နံနံပင်၊ ပဲသီး၊ ကြက်သွန်မြိတ် မထည့်ခိုင်းတဲ့ ” အစိမ်းရှောင်သူ ” တွေ ဖြစ်လာကြသလဲ? ဆိုတာကို..Dr.Lim က ” မိမိ ရဲ့ မျိုးရိုးဗီဇ Genes ပေါ်မူတည်ပြီး အစားအစာ တစ်ခုဟာ မွှေးတယ် (သို့မဟုတ်) နံတယ် ဆိုတာ ဖြစ်လာရတာပါ ” လို့ င်းပြထားပါတယ်။ဒါ့ကြောင့် ကြက်သွန်မြိတ် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အစားအစာတွေကို ကြိုက်မကြိုက် ဆိုတာ Genetic ပေါ် မှာ ၉၀% လောက် မူတည်နေတယ်။

Genetic ကို ပြောင်းလို့မရဘူးဆိုရင်တောင် “စိတ်” ကိုတော့ ပြောင်းလို့ရနိုင်တယ်..ရောဂါ ပျောက်ဖို့ ဆေးသောက်ရတဲ့အခါ ဆေး ကို ကြိုက်လွန်းလို့ သောက်တဲ့ လူ မရှိသလို..ဘီယာ ကို ကြိုက်လွန်းလို့ သောက်နေတာပါ ဆိုတဲ့ လူတွေ လည်း ဘီယာအရသာ ကို ပထမဆုံးသောက်တုန်းက ကောင်းတယ်လို့ ထင်မှာမဟုတ်ဘူး..

အဓိက က “အလေ့အကျင့်” ပါပဲ..ကြက်သွန်မြိတ် ဟာ တရုတ်ဟင်းလျာ တွေရဲ့ မပါမဖြစ် ဆိုတော့ တရုတ်လူမျိုး အများစုက ကြိုက်နှစ်သက်ကြတာ မဆန်းတော့ဘူး..ဒါ့ကြောင့် မိတ်ဆွေ က “အစိမ်းရှောင်သူ” ဖြစ်နေရင် ကြက်သွန်မြိတ် မကြိုက်တဲ့လူ ဖြစ်နေရင်တောင်“ကြိုးစားကြည့်ပါ..နည်းနည်း နဲ့ ဖြေးဖြေး မြည်းစမ်းကြည့်ပါ..အရသာ တကယ် ပြည့်စုံပါတယ်”“အစိမ်းရှောင် အိမ်ထောင်ရှင်မ” တစ်ဦး ဖြစ်နေရင်လည်း ကလေးတွေ နဲ့ ခင်ပွန်းသည် အတွက် ကျန်းမာစေတဲ့ အစားအစာတွေ ချက်ပြုတ် ပြင်ဆင်တဲ့ အကျင့်လေး စတင် မွေးနိုင်ပါစေ..

ကြက်သွန်မြိတ် အနံ့ သက်သာအောင် ကြက်သွန်နီ လိုပဲ ရေဆေးပြီး ဆား အနည်းငယ်နဲ့ ခဏ စိမ်ထားကြည့်ပါ။ကျနော် ကြက်သွန်မြိတ် ကို စားဖို့ အတင်းတိုက်တွန်းနေရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်..

၁) ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

ကြက်သွန်မြိတ် မှာ Ally Propyl Disulphidecan ပါဝင်နေလို့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ကို လျော့ကျစေတယ်။ဒါ့အပြင် Quercetin ဆိုတဲ့ flavonoid ပါဝင်တာကြောင့် ဆဲလ် တွေကို ပျက်စီးစေတဲ့ Xant hine Oxidase Enzyme မထွက်အောင် တားဆီးပေးနိုင်တယ်။ဒီလို နည်းနဲ့ကြက်သွန်မြိတ် ဟာ ကင်ဆာအမျိုးအမျိုး အတွက် အရမ်းကောင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်ပါ။

၂) နှလုံးသွေးကြောကျဉ်းရောဂါ နှင့် နှလုံး ကျန်းမာရေး

ကြက်သွန်မြိတ် မှာ V itamin C ပါဝင်လို့ နှလုံးရောဂါ ဖြစ်စေတဲ့ မကောင်းတဲ့ ကိုလက်စထရောလ် ကို လျှော့ချပေးတယ်..သွေးဖိအား မြင့်နေရင် လျော့ကျစေတယ်..နောက်ပြီး Su lphur ပါဝင်နေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ ကို လျော့ကျစေတယ်။

၃) အရိုး အားကောင်းစေခြင်း

Vit C က အရိုးသန်မာအောင် လုပ်ပေးတဲ့ collagen တွေကို ဖွဲ့စည်းပေးတယ်။Vit K က အရိုးရဲ့ သိပ်သည်းဆ ကောင်းမွန်အောင် ထိန်းသိမ်းပေးထားတယ်။ကြက်သွန်မြိတ် ရဲ့ Quercetin flavonoid က အရိုးအဆစ် ရောင်ရမ်းခြင်းကို ကျစေပြီး Anti-histamine ပါဝင်တြာေ ကာင့်လည်း ပန်းနာရင်ကြပ် ရောဂါ အတွက် လည်း ကောင်းမွန်တယ်။

၎) သွေးတွင်း သကြားဓာတ် ကို လျော့ကျစေခြင်း

ကြက်သွန်မြိတ် ရဲ့ Sulphur ဒြပ်ပေါင်းက Insulin ဟော်မုန်း level ကို မြင့်စေတဲ့အတွက် ဆီးချို ဝေဒနာရှင်တွေ စားသုံးသင့်တဲ့ အစားအစာပါပဲ။

၅) အမြင်အာရုံ ကောင်းမွန်စေခြင်း

Lutein နဲ့ Zeaxanthin စတဲ့ Carotenoids တွေ ပါဝင်တာကြောင့် မျက်စိ ကျန်းမာရေးအတွက် အရမ်းကောင်းမွန်စေတယ်။Vit A လည်း ပါဝင်သေးတာမို့ မျက်စိ ကျန်းမာရေး နဲ့ အသက်ကြီးလို့ အမြင်အာရုံ ချို့ယွင်းခြင်းတွေ၊ ရောင်ရမ်းခြင်းတွေ ကိုပါ ကာကွယ်ပေးတယ်။

၆) အစာအိမ် နှင့် အစာခြေချက်မှု အားကောင်းစေခြင်း

Fiber အမျှင် ဓာတ်တွေ များစွာ ပါဝင်လို့ အစာကြေကျက်စေတယ်။ဒါ့အပြင် ကြက်သွန်မြိတ် ကို ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် ဆေးဝါးအဖြစ် အသုံးပြုနိုင်သလို ကြက်သွန်ုမိတ်ဟာ အစားစားချင်စိတ် ကိုလည်း မြင့်မားစေတယ်။

၇) ရောဂါပိုး ကူးစက်ခြင်း မှ ကာကွယ်ပေးခြင်း

တုပ်ကွေး၊ အအေးမိ၊ ချွဲကြပ် ခြင်းတွေ မှာ ချွဲသလိပ်တွေကို ထွက်စေတဲ့ အာနိသင်ရှိတဲ့အပြင် ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မှို ကပ်ပါး စွဲခြင်း တွေကို ဆန့်ကျင်ပေးပါတယ်။*Vit C ကလည်း ကိုယ်ခံအား ကို ကောင်းမွန်စေတာကြောင့် ရောဂါပိုးတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတယ်။

၈) အခြား Copper, Magnesium, Potassium, Chromium, Manganese, Phosphorous စတဲ့ သတ္ထု ဓာ တ်တွေ လည်းပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်စေတာ အမှန်ပါပဲ။ဒါ့ကြောင့် မိတ်ဆွေ က ကြက်သွန်မြိတ် ကြိုက်တဲ့ သူ ဆိုရင်လည်း အရင်ကထက် ပိုစားသင့်သလို “အစိမ်းရှောင် သူ” တစ်ဦးဖြစ်နေရင်လည်း ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ကြက်သွန်မြိတ် ကို မြည်းစမ်းကြည့်ရင်း စားတတ်တဲ့ အလေ့အကျင့် ပြုသွားနိုင်ပါစေ။ကျနော်တို့ဟာ တခါတလေ မှာ တစုံတရာ ကို ကြိုက်ဖို့ ပထမဆုံး မိတ်ဆက် ရုံ နဲ့ မရပါဘူး… ကြိုက်တတ်လာအောင် #သင်ယူ ရပါတယ်…

ဒီလိုနဲ့ ကောင်းမွန်စွာ စားသောက်တတ်တဲ့ အလေ့အကျင့် တစ်ခု စွဲမြဲလာပါလိမ့်မယ်။

Add a Comment

Your email address will not be published. Required fields are marked *