




unicode

လူမှုကွန်ယက်စာမျက်နှာတွင် အမိုက်စား ပုံရိပ်လေးတွေ ဝေမျှရာမှတစ်ဆင့် ပရိသတ်တွေကြားမှာ ရေပန်းစား နာမည်ကြီးလာသူကတော့ မော်ဒယ် စုလှိုင်ဝင်းပဲ ဖြစ်ပါတယ်။ သူမရဲ့ ကလေးဆန်တဲ့ပုံစံလေးတွေကြောင့် ပုရိသတွေကြွေပြီးရင်း ကြွေနေရတာလည်း ဖြစ်ပါတယ်။ စုလှိုင်ဝင်းဟာ အနုပညာအလုပ်တွေသာမကဘဲ ပညာရေးဘက်မှာလည်း လစ်ဟင်းမှုမရှိရအောင် အမြဲကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးခြင်းကို ခဏနားထားပြီး အိမ်မှာဘဲ အနားယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင်လည်း Tik Tok လေးတွေ အမြဲဆော့ကစားလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း စုလှိုင်ဝင်းရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ချစ်စရာကောင်းတဲ့ညီမလေးတွေကိုထုတ်ပြလိုက်ပြီး အမိုက်စားကကွက်လေးတွေနဲ့ အပီကခုန်နေကြတဲ့ စုလှိုင်ဝင်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ ညီမလေးတွေဟာလည်း အစ်မနဲ့ အပြိုင်ခပ်မိုက်မိုက်လေး ကနေတာကိုလည်း မြင်တွေ့ရမှာပါ။ အားလုံးလည်း ကြည့်ရှုခံစားန်ုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Su Hlaing Win’s Facebook and Tik Tok Account

Add a Comment

Your email address will not be published. Required fields are marked *