ကုန္တင္ယာဥ္ေမာင္း မ်ား၊ယာဥ္ေနာက္ လိုက္ မ်ား ေဆး႐ုံဆင္း ပါ က ေထာက္ပံ့ေငြ က်ပ္တစ္သိန္း ေတာင္းခံႏိုင္

ျမန္မာႏိုင္ငံအတြင္းရွိ အနယ္အနယ္ အရပ္ရပ္တြင္ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္း လုပ္ကိုင္ေနရင္း ကိုဗစ္ေရာဂါပိုးကူးစက္ခံရ၍ေဆး႐ုံသို႔တက္ေရာက္ကာ ေဆးကုသမႈခံယူေနရသည့္ကုန္တင္ယာဥ္ေမာင္းမ်ားႏွင့္ ယာဥ္ေနာက္လိုက္မ်ားအေနျဖင့္

တစ္ဦးလွ်င္ ေထာက္ပံ့ေငြ က်ပ္တစ္သိန္းကို ေဆး႐ုံဆင္းပါက ဆက္သြယ္ေတာင္းခံႏိုင္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ၊ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

”ဒီအစီအစဥ္ကို ပိုလွ်င္လႉ၊ မပိုလွ်င္ ေဝမွ်လို႔ အမည္ေပးထားတာျဖစ္ၿပီး အဓိကကေတာ့ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းနဲ႔ ဆက္စပ္ေနတဲ့တာယာကုမၸဏီတို႔၊

ကုန္စည္ဂိတ္ပိုင္ရွင္ေတြကေနအလႉေငြေတြကို မတည္လႉဒါန္းေပးထားတာျဖစ္တဲ့အတြက္ ရရွိတဲ့အလႉေငြေပၚ မူတည္ၿပီးေတာ့ ဆက္လက္ေထာက္ပံ့ေပးသြားမွာပါ။

လက္ရွိမွာေတာ့ ကုန္တင္ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ ၃၅ ဦးကို တစ္ဦး က်ပ္တစ္သိန္းႏႈန္းနဲ႔ေထာက္ပံ့ေပးထားရာမွာ အဆိုျပဳေလွ်ာက္လႊာတင္ထားတဲ့သူေတြကိုလည္း လိုအပ္ခ်က္ေတြနဲ႔ကိုက္ညီမႈရွိမရွိနဲ႔ စာ႐ြက္စာတမ္းေတြျပည့္စုံမႈရွိမရွိကို စိစစ္ေဆာင္႐ြက္လ်က္ရွိပါတယ္။

အနယ္နယ္အရပ္ရပ္ကေန လြယ္ကူစြာေလွ်ာက္ထားႏိုင္ဖို႔အတြက္ ဠငဘနမ ဖုန္းနံပါတ္ေတြကိုစီစဥ္ေပးထားသလို အခ်က္အလက္ေတြ မွန္ကန္ျပည့္စုံတယ္ဆိုတာနဲ႔

အျမန္ဆုံး ေထာက္ပံ့ေငြလႊဲေပးေနတာပါ”ဟု မႏၲေလးတိုင္းေဒသႀကီး၊ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္မ်ားအသင္းမွဥကၠဌ ဦးေက်ာ္သူရက ေျပာၾကားသည္။

ကိုဗစ္ပိုးကူးစက္ခံရသည့္ ကုန္တင္ယာဥ္ေမာင္းမ်ားႏွင့္ ယာဥ္ေနာက္လိုက္မ်ားသည္ ေဆး႐ုံဆင္းသည္ႏွင့္ ေဆး႐ုံဆင္းလက္မွတ္ဓာတ္ပုံ၊ ပိုးေတြ႕အတည္ျပဳအေျဖထြက္စဥ္

ေမာင္းႏွင္ခဲ့ေသာကားနံပါတ္၊ ကားလိုင္းစင္(ေရွ႕ေနာက္)ဓာတ္ပုံ၊ကားလုပ္ငန္းလိုင္စင္ ဓာတ္ပုံ၊ ယာဥ္ေမာင္း(သို႔)ယာဥ္ေနာက္လိုက္၏

လိုင္စင္ဓာတ္ပုံ၊ မိမိေနထိုင္ရာ ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေထာက္ခံစာ၊ ပိုးေတြ႕အတည္ျပဳအေျဖထြက္စဥ္စစ္ေဆးခဲ့ေသာေနရာ စသည္တို႔ကို ဖုန္း-ဝ၉-၂ဝ၄၃၇၇၅၊ ဖုန္း-ဝ၉၅၁၇၃၉၇၈၊ ဖုန္း-ဝ၉-၂ဝဝ၆၃၂၈တို႔ သို႔ ဠငဘနမ မွ တစ္ဆင့္ဆက္သြယ္ေပးပို႔ျခင္းအားျဖင့္ ေထာက္ပံ့ေငြ က်ပ္တစ္သိန္းကိုရယူႏိုင္မည္ျဖစ္သည္။

ယခုလႉဒါန္းမႈ အစီအစဥ္အတြက္ IME International Coltd(Traingle Tyre)မွေငြက်ပ္ သိန္းသုံးဆယ္၊ Sailun Tyre Myanmar(စမ္းေငြေရာင္ကုမၸဏီလီမိတက္)မွ

ေငြက်ပ္ေျခာက္သိန္း အပါအဝင္ ကုန္စည္ဂိတ္ပို႔ေဆာင္ေရးလုပ္ငန္းမ်ားမွ အလႉေငြမ်ားကိုအသီးသီးထည့္ဝင္ လႉဒါန္းထားၾကေၾကာင္းသိရသည္။

Myanmanmar Time

unicode

မြန်မာနိုင်ငံအတွင်းရှိ အနယ်အနယ် အရပ်ရပ်တွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေရင်း ကိုဗစ်ရောဂါပိုးကူးစက်ခံရ၍ဆေးရုံသို့တက်ရောက်ကာ ဆေးကုသမှုခံယူနေရသည့်ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအနေဖြင့်

တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်တစ်သိန်းကို ဆေးရုံဆင်းပါက ဆက်သွယ်တောင်းခံနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

”ဒီအစီအစဉ်ကို ပိုလျှင်လှူ၊ မပိုလျှင် ဝေမျှလို့ အမည်ပေးထားတာဖြစ်ပြီး အဓိကကတော့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့တာယာကုမ္ပဏီတို့၊

ကုန်စည်ဂိတ်ပိုင်ရှင်တွေကနေအလှူငွေတွေကို မတည်လှူဒါန်းပေးထားတာဖြစ်တဲ့အတွက် ရရှိတဲ့အလှူငွေပေါ် မူတည်ပြီးတော့ ဆက်လက်ထောက်ပံ့ပေးသွားမှာပါ။

လက်ရှိမှာတော့ ကုန်တင်ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် ၃၅ ဦးကို တစ်ဦး ကျပ်တစ်သိန်းနှုန်းနဲ့ထောက်ပံ့ပေးထားရာမှာ အဆိုပြုလျှောက်လွှာတင်ထားတဲ့သူတွေကိုလည်း လိုအပ်ချက်တွေနဲ့ကိုက်ညီမှုရှိမရှိနဲ့ စာရွက်စာတမ်းတွေပြည့်စုံမှုရှိမရှိကို စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။

အနယ်နယ်အရပ်ရပ်ကနေ လွယ်ကူစွာလျှောက်ထားနိုင်ဖို့အတွက် ဠငဘနမ ဖုန်းနံပါတ်တွေကိုစီစဉ်ပေးထားသလို အချက်အလက်တွေ မှန်ကန်ပြည့်စုံတယ်ဆိုတာနဲ့

အမြန်ဆုံး ထောက်ပံ့ငွေလွှဲပေးနေတာပါ”ဟု မန္တလေးတိုင်းဒေသကြီး၊ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှဥက္ကဌ ဦးကျော်သူရက ပြောကြားသည်။

ကိုဗစ်ပိုးကူးစက်ခံရသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် ဆေးရုံဆင်းသည်နှင့် ဆေးရုံဆင်းလက်မှတ်ဓာတ်ပုံ၊ ပိုးတွေ့အတည်ပြုအဖြေထွက်စဉ်

မောင်းနှင်ခဲ့သောကားနံပါတ်၊ ကားလိုင်းစင်(ရှေ့နောက်)ဓာတ်ပုံ၊ကားလုပ်ငန်းလိုင်စင် ဓာတ်ပုံ၊ ယာဉ်မောင်း(သို့)ယာဉ်နောက်လိုက်၏

လိုင်စင်ဓာတ်ပုံ၊ မိမိနေထိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ပိုးတွေ့အတည်ပြုအဖြေထွက်စဉ်စစ်ဆေးခဲ့သောနေရာ စသည်တို့ကို ဖုန်း-ဝ၉-၂ဝ၄၃၇၇၅၊ ဖုန်း-ဝ၉၅၁၇၃၉၇၈၊ ဖုန်း-ဝ၉-၂ဝဝ၆၃၂၈တို့ သို့ ဠငဘနမ မှ တစ်ဆင့်ဆက်သွယ်ပေးပို့ခြင်းအားဖြင့် ထောက်ပံ့ငွေ ကျပ်တစ်သိန်းကိုရယူနိုင်မည်ဖြစ်သည်။

ယခုလှူဒါန်းမှု အစီအစဉ်အတွက် IME International Coltd(Traingle Tyre)မှငွေကျပ် သိန်းသုံးဆယ်၊ Sailun Tyre Myanmar(စမ်းငွေရောင်ကုမ္ပဏီလီမိတက်)မှ

ငွေကျပ်ခြောက်သိန်း အပါအဝင် ကုန်စည်ဂိတ်ပို့ဆောင်ရေးလုပ်ငန်းများမှ အလှူငွေများကိုအသီးသီးထည့်ဝင် လှူဒါန်းထားကြကြောင်းသိရသည်။

Myanmanmar Time

Add a Comment

Your email address will not be published. Required fields are marked *