ထောပတ်သီး တစ် လုံး မှာ ဆို ရင်

စားနေကြ အရွယ်က ၁၃၀-၁၄၀ ဂရမ် (အစေ့ထုတ်ပြီး အလေးချိန်) လောက်ရှိတဲ့ အသီးအနေအထားဆိုရင် တော့

ကယ်လိုရီ – ၂၂၇
ကာဗိုဟိုဒရိတ် (သကြားဓါတ်) – ၂.၄ ဂရမ်
အသားဓါတ် – ၂.၇ ဂရမ်
အဆီဓါတ် – ၂၁ ဂရမ်

အမျှင်ဓါတ် – ၂၄ % (တနေ့တာစားသင့်တဲ့ ပမာဏရဲ့)
ဗီတာမင် C – ၁၃ % (တနေ့တာစားသင့်တဲ့ ပမာဏရဲ့)

အခုလို ကြည့်ရင် အဆီဓါတ် များတာ တွေ့ရပါတယ်။ ဒါပေမယ့် သူ့မှာ ပါတဲ့ အဆီ က ကောင်းတဲ့ မပြည့်ဝ ဆီ တွေ ဖြစ်ပါတယ်။

ဒါကြောင့် စားလို့ရပါတယ်။

ဝိတ်ချနေတဲ့ သူတွေ စားလို့ရလား

– ကယ်လိုရီ က တော့ တခြား အသီးတွေ နဲ့ ယှဉ် ရင် များတာကြောင့် ဝိတ်လျှော့တယ် ဆိုရင် တော့ တခြမ်းလောက်ပဲ စားသင့်ပါတယ်။

ဆီးချို သမား စားလို့ရလား

ရပါတယ်။ တခြမ်း ကနေ တလုံး ထိ စားနိုင်ပါတယ်။ သကြားဓါတ် နည်းတဲ့ အသီး ဖြစ်လို့ပါ။

သွေးတွင်း ကိုလက်စထရော များတဲ့ သူတွေ စားလို့ရလား

စားသင့်တဲ့ အသီးတလုံးပါ။ ကိုလက်စထရော ကျစေပါသည်။

နာတာရှည် ကျောက်ကပ် ဝေဒနာရှင် တွေ စားလို့ရလား

ပိုတက်ဆီယမ် များတော့ သိပ်မတည့်ပါဘူး။ ဆရာဝန် နှင့် တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

ကင်ဆာ ဝေဒနာရှင်တွေ စားလို့ရလား

စားသင့်ပါတယ်။ စားလို့ရပါတယ်။

ကလေးတွေ စားလို့ရလား

အသက် ၆ လ ဖြည့်စွက်စာ ကျွေးကတည်းက ကျွေးလို့ရပါသည်။ ခပ်ပျော့ပျော့ကျွေးပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Add a Comment

Your email address will not be published. Required fields are marked *