ခေါင်းကိုက် ရင် ဒီ လို လုပ်လိုက် ပါ

၅ မိနစ်အတွင်း ခေါင်းကိုက် သက်သာစေမည့်နည်း

ခေါင်းကိုက်ခြင်းကို ၅ မိနစ်အတွင်းပျောက်သွားအောင် ကုနိုင်တဲ့ အလွယ်ဆုံး ကုထုံးလေးကို မျှဝေပေး လိုက်ပါတယ်။

ဒီကုထုံးဟာ အိန္ဒိယမှ ပါရဂူကြီးများကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ပြီး ရှေးနှစ်ပေါင်းများစွာကတည်းက လူပေါင်းများစွာတို့မှ လက်တွေ့ ကုသပျောက်ကင်းခဲ့သည့် သဘာဝကုထုံးတစ်ခု ဖြစ်ပါတယ်။

ခေါင်းကိုက်သက်သာအောင် ပြုလုပ်ရမည့် နည်းလမ်း

ခေါင်း ကိုက်နေစဉ်မှာ ညာဘက်နှာခေါင်းကိုပိတ်ပြီး ဘယ်ဘက်အပေါက်နဲ့သာ အသက်ရှူကြည့်ပါ။ ပြီးလျှင် ဘယ်ဘက်အပေါက်ကိုပိတ်ပြီး ညာဘက်နဲ့သာ အသက်ရှူကြည့်ပါ။

၅ မိနစ်ခန့်အကြာမှာ ခေါင်းကိုက်သက်သာလာတာကို လက်တွေ့ခံစားလာရပါလိမ့်မယ်။

ဒီကုသနည်းဟာ ခေါင်းကိုက်ပျောက်ရုံတင်မကပဲ ပင်ပန်း နွမ်းနယ်နေတဲ့ အချိန်မှာလည်း ပြန်လည်လန်းဆန်းလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

ဒီသဘာဝကုထုံးလေးကို သင်ဟာ အခုမှစတင်ပြီး လုပ်ကြည့်တာဆိုရင် ချက်ချင်းကြီး သိသိသာသာ ခံစားမိမှာမဟုတ်သေးပါဘူး။

ဒီနည်းကို မကြာခဏ လေ့ကျင့်ပေးရင် တစ်လအတွင်းမှာ အလေ့အကျင့်ရသွားပြီး အကျိုးထူးကို ချက်ချင်းခံစားမိစေမှာ ဖြစ်ပါတယ်။

ကျနော်တို့တတွေဟာ နှာခေါင်းပေါက် နှစ်ဖက်စလုံးကို အသက်ရှုသွင်းဖို့နဲ့ ရှုထုတ်ဖို့အတွက် အသုံးပြုကြပါတယ်။

အမှန်တကယ်တော့ နှစ်ပေါက်စလုံး ပြိုင်တူ အလုပ်မလုပ်ကြပါဘူး။ သူတို့မှာ မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေ ရှိနေပါတယ်။

ညာဘက်နှာခေါင်းပေါက်ဟာ The Sun လို့ခေါ်တဲ့ နေမင်းကို ကိုယ်စားပြုပြီး အပူဓါတ်များကို ကိုယ်စားပြုပါတယ်။

ဘယ်ဘက်နှာခေါင်းပေါက်ကတော့ The moon ဆိုတဲ့ လမင်းကို ကိုယ်စားပြုပြီး အအေးဓါတ်ကို ကိုယ်စားပြုပါတယ်။

လူသားအားလုံး ကျန်းမာပျော်ရွှင်စွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေ ဆိုင် – ပူတာအို

Add a Comment

Your email address will not be published. Required fields are marked *