




crd : panpyoelat

unicode

အိမ်ထောင်ကျတာ ကြာနေပေမယ့် အခုမှတကယ် အိမ်ထောင်ကျတာဟုပြောလာတဲ့ လူမင်း

အန်ကယ်လေးလို့ အများက လေးစားသမှု နဲ့ခေါ်ရတဲ့ အကယ်ဒမီလူမင်းဟာ လက်ရှိမှာ သား၊သမီးနဲ့ဘဲ ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းနေပါတယ်။အနုပညာအလုပ်တွေကိုနားထားရပြီးအိမ်မှာဘဲမိသားစုနဲ့အတူတူအချိန်ကုန်ဆုံးနေတာ တစ်လနီးပါး ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ မေ ၇ ရက်နေ့မှာ အသက် ၅၀ ပြည့်မွေးနေ့လေး အတွက် အလှူအတန်းများ လုပ်ခဲ့ပါသေးတယ်။

လူမင်းကသူ့အနေနဲ့ အိမ်အပြင်မထွက်တာ အတော်လေးကြာနေပြီဖြစ်ကြီး အခုလိုအလှူအတန်း လုပ်မှဘဲ အပြင်ထွက်ဖြစ်ကြောင်းပြောလာပါတယ်။”အပြင်မထွက် မတ်လ ၂၄ရက်ကတည်းကဆိုတော့ ၁လလောက်ကြာနေပြီ တစ်ခါမှ အဲ့လိုမနေခဲ့ဖူးဘူး အိမ်ထာင်ကျတာ ၁၆နှစ်ရှိနေပေမယ့် အခုမှ တကယ့် အိမ်ထောင်ကျတာအိမ်မှာ ဘဲနေနေရတော့ အမျိုးသမီး နဲ့ကလေးတွေကတော့ပျော်နေတာပေါ့ ၊သူတို့ကိုဘဲ အချိန်တွေပေးဖြစ်နေတယ်”ဟုပြောပြလာပါတယ်။

လူမင်းက ဗိုလ်ချုပ်ရုပ်ရှင်ကိုလည်း သူ့အနေနဲ့ အပြီးသတ်ရိုက်ကူးဖို့ကြိုးစားသွား မှာဖြစ်ပြီး ရိုက်ကူးရေးတွေပြန်စဖို့အချိန်ကာလ တစ်ခုကိုစောင့်နေရတယ်ဟုဆိုလာပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *