ဒေါ်လွင်မာထက် ဆိုသည်မှာ ‘ထက်’ ဆောက်လုပ်ရေး ကုမ္ပဏီကြီး၏ ပိုင်ရှင်လည်း ဖြစ်သည်။ သူမသည် ကိုယ်တိုင်က အင်ဂျင်နီယာတစ်ဦး ဖြစ်သည့်အပြင် ပြည်ပသို့လည်း အကြိမ်ကြိမ် သွားရောက်၍ သင်တန်းအမျိုးမျိုး တက်ရောက်အောင်မြင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ သူမသည် လုပ်ငန်းလုပ်ရာတွင် စေ့စပ်သေချာသည်။ တိကျ ပြတ်သားသည်။ စေတနာ ကောင်းသည်။ လုပ်ငန်းနှင့် ပတ်သက်လျှင် မည်သူ့ကိုမှ အားမနာတတ်။ တိတိကျကျ ဆောင်ရွက်တတ်သည်။
လွင်မာထက်၏ လက်ထက်ကြမှ ကုမ္ပဏီ၏ လုပ်ငန်းများသည် အံသြဖွယ် အောင်မြင်၍လာရပြန်တော့ လွင်မာထက်၏ ဂုဏ်သတင်းက စီးပွားရေး လောကတွင် သတင်းကြီးခဲ့သည်။ ထိုဂုဏ်သတင်းတို့တွင် လွင်မာထက်၏ ဆောင်ရွက်မှု အောင်မြင်မှု၊ အရည်အချင်းရှိမှုတွေသာမက သူမ၏အလှဂုဏ် သတင်းကလည်း ကြီးမားလှသည်။
အသက် (၂၆) နှစ်အရွယ် လွင်မာထက်သည် ငယ်စဉ်ကလို နုနယ်လှပမှုမျိုး မဟုတ်ဘဲ ပြည့်စုံသော အလှပိုင်ရှင်တစ်ယောက် ဖြစ်လေသည်။ ပင်ကိုယ်အရည်အချင်းကလည်းရှိ ဓနဥစ္စာကလည်း ပြည့်စုံလှရက်လွန်းသူ တစ်ယောက်လည်း ဖြစ်နေပြန်တော့ လွင်မာထက်ကို တမ်းတမက်မောသူများ လက်တွဲလိုသူများ ကမ်းလှမ်းသူများဖြင့် ဝိုင်းဝိုင်းလည်၍ နေရသည်။
လွင်မာထက်တွင် ချစ်တတ်တဲ့ နှလုံးသား ကြင်နာတတ်တဲ့ စိတ်တွေက မရှိတာတော့ မဟုတ်ပါ။ သို့ရာတွင် သူမ ဘဝတက်လမ်းအတွက် ကြိုးစားခဲ့ရခြင်း၊ ပတ်ဝန်းကျင် အခြေအနေများကြောင့် သိုသိပ်စွာ နေခဲ့ရခြင်းတို့ကြောင့် အရွယ်ရောက်သူ ကျန်းမာသန်စွမ်းသူတိုင်း ခံစားရမြဲ ဓမ္မတာဖြစ်လေသော သွေးသား ဆန္ဒများကိုပင် မျိုသိပ်၍ ချိုးနှိမ်ကာ ထားခဲ့ရလေသည်။
——————————————-
မျိုးဝင်းပိုင် တစ်ယောက် အလုပ်ဝင်ခဲ့သည်မှာ တစ်လကျော်ကျော်မျှပင် ရှိခဲ့ပြီ ဖြစ်သည်။ ထိုကာလအတောအတွင်း မျိုးဝင်းပိုင်သည် သူ၏ အလုပ်တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခဲ့၏။ လွင်မာထက်က မျိုးဝင်းပိုင်ကို သူမ၏ ရုံးခန်းထဲသို့ခေါ်ကာ မကြာခဏ အလုပ်ခိုင်းစေတတ်သည်။ ထို့ပြင် မျိုးဝင်းပိုင်ကို လွင်မာထက်သည် သူမ၏ ရုံးခန်းထဲသို့ ခေါ်၍ အလုပ်များလုပ်စေခဲ့ရာတွင် ဆောင်ရွက်ရန် အလုပ်များပြီးလျှင် သူမသည် မျိုးဝင်းပိုင်ကို အအေး၊ ကော်ဖီ၊ မုန့် စသည်တို့ဖြင့် ဧည့်ခံကျွေးမွေးလျှက် စကားစမြည် ပြောတတ်သေးသည်။
ထိုအခါမျိုးတွင် ရင့်ကျက်တည်ငြိမ် အိန္ဒြေရှိလွန်းသော ဒေါ်လွင်မာထက်၏ ဟန်ပန်မျိုး မဟုတ်တော့။ မျိုးဝင်းပိုင်၏ ရင်းနှီးခင်မင်လွန်းစွာဖြင့် ရှိနေသော ငယ်သူငယ်ချင်းမလေး တစ်ဦးပမာ အသွင်မျိုးကို ဆောင်ကာ ရယ်ရယ်မောမော နောက်နောက်ပြောင်ပြောင်ဖြင့် လွင်မာထက် တစ်ယောက် ရှိနေတတ်လေသည်။ ထိုသို့သော အခါမျိုးတွင် ခေါ်ဝေါ်သုံးနှုန်းသော အခေါ်အဝေါ်လေးတွေကလည်း တမျိုးလေး ပြောင်းသွား၏။ မျိုးဝင်းပိုင်ကို လွင်မာထက်က “မောင်လေး” ဟု ခေါ်ဝေါ်သုံးနှုန်းသည်။
မျိုးဝင်းပိုင်ကတော့ စ၍အလုပ်မဝင်မှီ အင်တာဗျူးဖြေကတည်းက “မမ” ဟုသာ သုံးစွဲခဲ့ရာမှ ယခုတော့ “မမထက်” ဟုပင် တရင်းတနှီး ခေါ်ဝေါ်၍နေချေပြီ ဖြစ်သည်။ နှစ်ဦးတည်းရှိနေသော အခါမျိုးတွင် ပေါ့ပါးလတ်ဆတ်၍နေသော “မမထက်” ၏ မျက်နှာလှလှလေးကို မျိုးဝင်းပိုင်သည် တိတ်တခိုး ငေးကြည့်မိတတ်သည်။ ကြည့်ဖန်များလာတော့ မျိုးဝင်းပိုင်သည် ခပ်ရဲရဲပင် ငေး၍ ကြည့်တတ်လာသည်။ ဒီလိုဖြစ်အောင်ပင် လွင်မာထက်က ဖန်တီးပေးနေတာလား မသိ။
ဒါတင်မဟုတ်သေးပါ။ မျိုးဝင်းပိုင်သည် မမထက်၏ ချောမောလွန်းသော မျက်နှာလေးနှင့် အပြုံးလှလှလေးတင်သာမက မမထက်၏ အချိုးကျနစွာဖြင့် ရှိနေသော လှပလွန်းသည့် ကိုယ်လုံးလေးကိုပါ ငေး၍ ကြည့်တတ်သည်။ သူရှိရာဖက်သို့ တခါတရံမျိုးတွင် ကျောခိုင်းကာ သွားလာလှုပ်ရှားနေသော မမထက်၏ တပွေ့တပိုက်ကြီးဖြစ်ကာ အိထွေးတုန်ခါလျှက်ရှိသော ဖင်သားကြီးများကိုလည်း မျိုးဝင်းပိုင် တစ်ယောက် မျက်တောင်မခတ်ကြည့်ကာ ရမ္မက်များ ထန်ခဲ့ရသည်မှာလည်း ကြိမ်ဖန်မနည်းတော့ပေ။
မျိုးဝင်းပိုင် တစ်ယောက် မမထက်ကို စိတ်ကူး၍ သာယာတတ်လာသည်။ မမထက်ကို စွဲလန်းတမ်းတရင်း စိတ်ကူးယဉ်ကာ သာယာနေခဲ့ရသော အကြိမ်များလည်း တဖြေးဖြေးများ၍လာခဲ့ရသည်။ အချိန်ကာလ တဖြေးဖြေး ကြာလာသည်နှင့်အမျှ မျိုးဝင်းပိုင်သည် မမထက်ကို စွဲလန်းသထက် စွဲလန်းတမ်းတကာ ရင်မောစွာဖြင့် ချစ်ခဲ့မိပေပြီ။
မမထက်သည်လည်း မျိုးဝင်းပိုင်ကို ရင်းရင်းနှီးနှီး ဆက်ဆံလာကာ မျိုးဝင်းပိုင်၏ အနီးသို့ သူမသည် တဖြေးဖြေး နီးကပ်စွာဖြင့် ရောက်၍လာခဲ့ရပေသည်။ လွင်မာထက်သည် မျိုးဝင်းပိုင်၏ မျက်နှာလေးကို ဂရုတစိုက် ကြည့်လိုက်မိသော အချိန်ကစ၍ သူ၏နုငယ်သော မျက်နှာလေးသည် သူမ၏ရင်ဝယ် ငြိတွယ်ခဲ့ရလေသည်။ မျိုးဝင်းပိုင်၏ ပြောဟန် ဆိုဟန် လှုပ်ရှားဟန်လေးများကို တွေ့ဖန်များလာတော့ လွင်မာထက်သည် မျိုးဝင်းပိုင်ကို ခင်တွယ်လာခဲ့ရသည်။
တစ်ဦးနှင့်တစ်ဦး ရင်းနှီး၍လာခဲ့ရပြန်တော့ မျိုးဝင်းပိုင်၏ အပြုံးလေး မျိုးဝင်းပိုင်၏ စကားသံလေးတို့ကို လွင်မာထက်က စွဲလန်း၍လာခဲ့ရသည်။ သူမသည် ဘယ်နေရာဘဲရောက်ရောက် ဘာဘဲလုပ်နေ လုပ်နေ မျိုးဝင်းပိုင်၏ပုံရိပ်က လွင်မာထက်၏ အတွေးအာရုံထဲတွင် သွားလာလှုပ်ရှားနေခဲ့ရသည်။ လွင်မာထက်၏ ရင်တွင်းမှ တစ်ခုတည်းသော နှလုံးသည်း ပွတ်သည် ရှင်သန်လာခဲ့ရပြီး နွေးထွေးသော ရင်လှိုင်း ဂယက်လေးများနှင့်အတူ အချစ်များစွာတို့ကို ပေါက်ပွားကာ သူမ၏ အသွေးအသားများထဲသို့ စိမ့်ဝင်ပျံ့နှံ့စေခဲ့ရပြီဖြစ်၏။ “မမထက်” သည် မောင်လေးကို အချစ်များစွာဖြင့် စွဲလန်းမြတ်နိုးစွာ ချစ်ခဲ့ရလေပြီ ဖြစ်တော့၏။
ချစ်သောသူနှင့် ဆုံတွေ့နေရသော အချိန်လေးအတွင်းဝယ် လွင်မာထက်၏ရင်ဝယ် အေးချမ်းကြည်နူးစွာ ခံစားနေရသည်။ ထို့ပြင် ချစ်သူအပါးတွင် ရှိနေစဉ်အခါတွင် သူမသည် နုငယ်ကာ ဆယ်ကျော်သက်လေးသဖွယ် ဖြစ်သွားရပြီး လန်းဆန်းပေါ့ပါး၍ နေခဲ့ရသည်။
မမထက်သည် ချစ်သူအပါး၌ ရှိနေချိန် ကာလလေးကို ကြိမ်ဖန်များစွာ ကြုံတွေ့ချင်လာသည်။ ထိုအချိန်လေးကိုလည်း ကာလကြာရှည်စွာ ရှိစေချင်လာသည်။ အတူနေရရင်ဟူသော စိတ်ကူးလေးတွေက လွင်မာထက်၏ရင်ဝယ် မကြာခဏဆိုသလို ပေါ်ပေါက်၍ ခံစားနေရသည်။
“မောင်လေး” ကလည်း သူမအပေါ် စိတ်ဝင်တစား ရှိလာသည်ကို မမထက်သည် မိန်းမသားပီပီနှင့် နေခဲ့သည်။ ထိုသို့ စတင်၍ သိလိုက်ရသော အချိန်တွင် သူမခံစားလိုက်ရသော ကြည်နူးမှုမျိုးသည် လွင်မာထက်အဖို့ ဒီတသက် ဒီတစ်ခါသာ ခံစားရဖူးသည် ဖြစ်သည်။ သူမကို စိတ်ဝင်တစားရှိနေသူ သူမချစ်မိသူ တစ်ယောက်က ချစ်တဲ့အကြောင်းတွေကို ဖွင့်ဟလာစေကြောင်း တိတ်တခိုး ဆုတောင်းနေမိခဲ့သည်။ ချစ်မိသူမှ ဖွင့်ဟလာနိုင်စေရန်လည်း လွင်မာထက်သည် လမ်းကြောင်းပေးခဲ့သည်။ ဒါ့အပြင် အမူအရာများဖြင့်လည်း လမ်းခင်းပေးခဲ့သည်။ ဒီလို လမ်းကြောင်းပေးခဲ့ရသော အကြိမ်တို့သည်လည်း မရေတွက်နိုင်တော့ပေ။ ကြိမ်ဖန်များစွာပင် ဖြစ်သည်။
သူတို့နှစ်ယောက်ကို ပိုင်းခြားထားသော သာမန် ဝန်ထမ်းငယ်လေး တစ်ယောက်နှင့် ကုမ္ပဏီပိုင်ရှင်ဟူသော တံတိုင်းသည် ကြီးမားထူထဲလွန်းလှသည်။ ချစ်မိသောသူမှ သူမဆီသို့ ထိုတံတိုင်းအား ကျော်လွန်အောင် ထိုးဖောက်နိုင်စွမ်း မရှိခဲ့ပေ။ အင်အားကြီးမားသော သူမကသာ ထိုတံတိုင်းကို ချိုးဖျက်၍ ချစ်သူအတွက် လမ်းခင်းရမည်သာ ဖြစ်သည်။ သူမတို့နှစ်ယောက်ကို ပိုင်းခြားထားသော ကြီးမားထူထဲ လွန်းသည့် ထိုတံတိုင်းကို ချိုးဖျက်နိုင်ရန် အင်အားတွေ သူမတွင် ရှိနိုင်ပါ့မလားဟူသော အတွေးတွေက အချစ်ကို တမ်းတနေရသော လွင်မာထက်၏ ရင်ကို ခိုဝင်၍ လာခဲ့ရပါတော့သည်။
“…သမီးရေ…..ခဏ…”
“…ဟုတ်ကဲ့…မေမေ….”
ရုံးသွားရန်အတွက် ထွက်လာခဲ့သော လွင်မာထက်သည် ဧည့်ခန်းထဲသို့ အရောက်မှာပင် မိခင်ဖြစ်သူ ဒေါ်သိန်းလွင်က လှမ်း၍ခေါ်လိုက်သဖြင့် မိခင်၏ အနားသို့ ရောက်၍သွားရသည်။ ပြီးတော့ မိခင်ဖြစ်သူ၏ရှေ့ရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
“….မေမေ…ဘာများပြောမလို့လဲ….ဟင်…”
“….တခြားမဟုတ်ပါဘူး… သမီးရယ်…. မေမေ… တရားစခန်း တစ်လဝင်ဖို့အတွက် ကိစ္စပါ……”
“….ဝင်လေ မေမေရာ၊ အိမ်မှာလည်း မသိန်းနုတို့ လင်မယား ရှိနေတာဘဲ..”
“…ဒါတော့ ဒါပေါ့သမီးရယ် မေမေကလဲ သမီးကို စိတ်မချဘူး…. အဲဒါ သမီးဒေါ်လေး ခင်ခင်မိကို အိမ်မှာ ခေါ်ထားမလားလို့….”
မိခင်ဖြစ်သူ၏စကားကို ကြားလိုက်ရသော လွင်မာထက်တစ်ယောက် စဉ်းစားရ ကြပ်၍ သွားရသည်။ သူမ၏ဒေါ်လေး ခင်ခင်မိဆိုတာက မိခင်ဖြစ်သူ၏ ညီမအငယ်ဆုံး ဖြစ်သည်။ အသက်က (၃၃) နှစ်မျှသာ ရှိသေးပြီး ယောကျာ်းက (၃) ယောက်ပင် ရဘူးခဲ့သူဖြစ်သည်။ ဒါကြောင့်လည်း လွင်မာထက်၏ ဖိုးဖွားများရှိစဉ်ကတည်းက အမွေပြတ် ကြော်ငြာထားတာဖြစ်ပြီး ဘိုးဘွားများ မရှိတော့မှ မိခင်ဖြစ်သူက ကူညီစောင့်ရှောက်ခဲ့ပြီး ပြန်၍ အဆက်အသွယ်ရနေခြင်း ဖြစ်သည်။
“…..တစ်လလောက်ပဲ သမီးရယ်… နောက်ပြီး သူ့ယောကျာ်းကို ခေါ်မလာဖို့ မေမေဘဲ ပြောပါ့မယ်…. ဖြစ်တယ်မဟုတ်လား သမီး…. ဟင်…”
မတတ်နိုင်တော့ပါ။ မိခင်ဖြစ်သူ စိတ်ချမ်းသာစေရန်နှင့် တရားစခန်းဝင်မည့် မိခင်ဖြစ်သူ နောက်ဆံမတင်းရန်အတွက် လွင်မာထက်သည် တစ်လထဲဘဲဟူ၍ စိတ်ကိုလျှော့ကာ ခေါင်းငြိမ့်လိုက်ရလေတော့သည်။
“….သူတစ်ယောက်ထဲ လာနေမယ်ဆိုရင်တော့ မေမေသဘောပါဘဲ။ ဒေါ်လေးကို ခေါ်ထားခဲ့ပေါ့…. အော်… မေမေက ဘယ်တော့လောက် တရားစခန်းဝင်မှာလဲ…”
“……သဘက်ခါလောက် စပြီးဝင်မယ် သမီး…. ကဲကဲ… သမီးလည်း ရုံးနောက်ကျနေဦးမယ် … သွားရင်လည်း…. သွားတော့ကွယ်….”
“….ဟုတ်ကဲ့….မေမေ……”
ဟူ၍ ပြောလိုက်ရင်းကပင် ထိုင်ရာမှ အသာထကာ လွင်မာထက်သည် ထွက်၍ လာခဲ့ပါတော့သည်။
——————————————-
ဒီနေ့ ရုံးပိတ်ရက် ဖြစ်သော်လည်း လွင်မာထက်မှာထား၍ မျိုးဝင်းပိုင်သည် လွင်မာထက်၏ အိမ်သို့ နံနက် (၉) နာရီအချိန်တွင် ရောက်၍လာခဲ့ရသည်။ မျိုးဝင်းပိုင်တစ်ယောက် ရောက်၍လာသည်ဆိုသည်နှင့် အသင့်ပင် စောင့်၍နေသာ လွင်မာထက်က မျိုးဝင်းပိုင်ကို ကားမောင်းခိုင်းကာ ထွက်လာခဲ့ကြတော့၏။ အမြဲတမ်းပင် ခပ်ရိုးရိုးသာ ဝတ်တတ်သော လွင်မာထက်တစ်ယောက် တစ်ခါမှ သူမဝတ်စားထားတာ မတွေ့ဖူးသော အဝတ်အစာမျိုးကို ဝတ်လျှက် လှချင်တိုင်း လှ၍နေရသော လွင်မာထက်ကို မျိုးဝင်းပိုင် တွေ့မြင်ခဲ့ရလေသည်။
လွင်မာထက်သည် ခြေသလုံးလေး နောက်ဖက်တွင် ခွဲထားသော အခွဲလေးပါသည့် စကပ်အနက်ရောင်လေးကို ဝတ်ထားပြီး သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်းတွင်တော့ ငုဝါရောင် လက်ပြတ် ရင်စေ့ ခါးတင် အင်္ကျီလေးကို ဝတ်၍ထားလေးသည်။ ပြီးတော့ လွင်မာထက်သည် သူမ၏ ကျောလယ်သာသာ ဆံပင်လေးကို နောက်စေ့တွင် ခပ်မြင့်မြင့်လေးစု၍ မြင်းမြီးပုံစံလေးချထားသည်။ သူမ၏ မျက်နှာလေးမှာတော့ မိတ်ကပ်ပါးပါးလေး လိမ်းထားကာ နှုတ်ခမ်းလေးနှစ်လွှာကိုတော့ နီနီရဲရဲလေး ဆိုး၍ထားလေသည်။
တစ်ခါမှ သူများမောင်းသည့် ကားကို ရှေ့ခန်းတွင် မလိုက်ခဲ့ဖူးသည့် လွင်မာထက်သည် ယခု မျိုးဝင်းပိုင် မောင်းသော ကားကို မျိုးဝင်းပိုင်နှင့် ယှဉ်ကာ ကားရှေ့ခန်းတွင် ထိုင်၍ လိုက်ပါခဲ့လေသည်။ သူမဆီမှ ပျံ့လွင့်၍လာသော သင်းပျံ့သည့် ရနံ့များသည် မျိုးဝင်းပိုင်၏ရင်ကို ရိုက်ပုတ်လှုံ့ဆော်လျှက် ရှိလေသည်။ သူတို့နှစ်ဦးကို သယ်ဆောင်၍လာသော ကားလေးသည် အမြန်နှုန်းမှန်မှန်ဖြင့် မောင်း၍လာခဲ့ရာတွင် နာရီဝက်ခန့် ကြာသောအခါ၌ လွင်မာထက် ညွှန်ပြသည့် ခြံဝန်းတစ်ခုထဲသို့ အသင့်ဖွင့်၍ထားသော ခြံတခါးမှတဆင့် ဝင်လိုက်သည်။
ကားလေးသည် ခြံဝန်းထဲသို့ ရောက်လျှင်ပင် မျိုးဝင်းပိုင်က လွင်မာထက်၏ ညွှန်ကြားချက်အတိုင်း ခြံတံခါးကိုပိတ်ကာ အတွင်းမှ မင်းတုံး ထိုးလိုက်ရသည်။ ပြီးတော့ ကားပေါ်တက်၍ ကားလေးကို ခြံဝန်းကျယ်ကြီးအတွင်း မလှမ်းမကမ်းလေးတွင် ရှိနေ သော တစ်ထပ်တိုက်လေးဆီသို့ မောင်း၍လာခဲ့သည်။
တိုက်ကလေးရှေ့သို့ရောက်လျှင် ကားလေး ထိုးရပ်လိုက်သည် ဆိုသည်နှင့် လွင်မာထက်က ကားပေါ်မှဆင်းကာ တိုက်ကလေး၏ တံခါးကို သွား၍ ဖွင့်နေသည်။ မျိုးဝင်းပိုင်ကတော့ ကားနောက်ခန်းထဲမှ ပစ္စည်းများကို ထုတ်ယူနေရင်း သူ၏အကြည့်များက နောက်ကျောပေးထားသော လွင်မာထက်ဆီသို့ ရောက်၍နေသည်။ သေးကျင်သော လွင်မာထက်၏ ခါးလေးအောက်မှ ဖင်သားစိုင်ကြီးများသည် မျိုးဝင်းပိုင်၏ရင်ကို လှိုက်ဖို၍လာစေခဲ့သည်။
တိုက်ထဲရောက်သည်နှင့် လွင်မာထက်သည် မျိုးဝင်းပိုင်၏ လက်ထဲမှ ပစ္စည်းများကိုယူ၍ ဆက်တီစားပွဲပေါ်တွင် စီကာစဉ်ကာ ချ၍နေသည်။ သူမရပ်၍ ပြင်ဆင်နေသည်က မျိုးဝင်းပိုင် ထိုင်နေရာနှင့် စားပွဲလေးအကြားတွင် ဖြစ်နေရာ လွင်မာထက်၏ ကားစွင့်မို့မောက်လျှက်ရှိသော ဖင်သားကြီးများမှာ မျိုးဝင်းပိုင်၏မျက်နှာ ရှေ့နားတွင် ကပ်လျှက် တွေ့မြင်နေရ၍ သူ၏ပုဆိုးတွင်းမှ လီးတန်ကြီးသည် မာတောင်၍ လာရတော့သည်။
ပြီးတော့ လွင်မာထက်သည် မျိုးဝင်းပိုင်၏ဘေးတွင် ကပ်လျှက်သား ထိုင်ချလိုက်သောအခါ အိထွေးလှသော သူမ၏ ကိုယ်လုံးလေးသည် မျိုးဝင်းပိုင်၏ ကိုယ်လုံးလေးနှင့် ထိထိမိမိ ဖိကပ်မိတော့သည်။ ထို့နောက် လွင်မာထက်၏ ကိုယ်လုံးလေးသည် လူးလွန့်ကာ မျိုးဝင်းပိုင်၏ ကိုယ်လုံးဖက်သို့ ပို၍ဖိကာ တိုးလိုက်ပြီး သူမ၏ ကိုယ်လုံးလေးကို ငိုက်လျှက် လွင်မာထက်က မျိုးဝင်းပိုင်ကို မျက်လုံးချင်းဆိုင်ကာ ကြည့်လိုက်သည်။
“……မောင်လေး….ဆာရင် စားတော့လေ….”
“……..ကျွန်တော်…မဆာသေးဘူး….မမ….”
“…..မမလည်း မဆာသးဘူး…. နောက်မှ… အတူစားကြတာပေါ့…”
သူတို့နှစ်ယောက် ရှေ့ရှိ စားပွဲလေးပေါ်တွင်တော့ စားစရာတွေမှာ အပြည့်ပင် ဖြစ်သည်။ သူတို့နှစ်ယောက်မှာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကာ ကြည့်ရင်း ပြောလိုက်ကြပြီးနောက် စကားဆုံးသွားသော်လည်း သူတို့နှစ်ယောက်၏ ဆုံတွေ့နေသော မျက်လုံးလေးများကို မရုတ်သိမ်းဘဲ ခပ်ရဲရဲပင် မျက်လုံးချင်းဆိုင်ကာ ကြည့်နေကြသည်။ သူတို့နှစ်ယောက်၏ မျက်နှာမှာ တစ်ထွာခန့်သာ ကွာဝေးတော့သည်။
ပြီးတော့ သူမဆီမှ လှပလွန်းသော အပြုံးလေးတစ်ချက် ပျံ့လွင့်သွားချိန်တွင်တော့ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့သော မျိုးဝင်းပိုင်သည် လွင်မာထက်၏ ကိုယ်လုံးလေးကို သိုင်း၍ဖက်လိုက်ပြီး သူမ၏ မျက်နှာလှလှလေးကို အငမ်းမရပင် နမ်းပါလေတော့သည်။ လွင်မာထက်ကတော့ သူမ၏မျက်နှာလေးကို အလိုက်သင့်လေး မော့ကာ ပြုံးပြုံးလေး လုပ်ပေးထားလေသည်။
ခဏအတွင်းမှာပင် မျိုးဝင်းပိုင်၏ နှုတ်ခမ်းနှစ်လွှာက သူမ၏ ဖူးဖူးလေးကြွနေသော နီနီရဲရဲ နှုတ်ခမ်းလေးများဆီသို့ ဖိကပ်လိုက်သည်နှင့်ပင် လွင်မာထက်သည် မျိုးဝင်းပိုင်၏ နှုတ်ခမ်းများကို အရင်ဦးအောင် စုပ်နမ်းလိုက်ပြီး သည့်ခဏမှာပင် သူမ၏လျှာဖျားလေးက မျိုးဝင်းပိုင်၏ နှုတ်ခမ်းလေးများကို ပွတ်သပ်၍ ပေးနေတော့သည်။