“ထူးပိုင်ရေ… မနက်ဖြန်ကျရင် မင်းအဖေ ရှိရာ လားရှိုးဘက်ကို လိုက်ရမယ်… ကားနဲ့ပဲ သွားမှာ ဆိုတော့ လမ်းမှာ တစ်ည အိပ်ရမယ်ကွ… မေလေးကတော့ မန္တလေးမှာ တစ်ည ဝင်အိပ်မယ် စဉ်းစားထားတယ်… မန္တလေးည လျှောက်လည်ကြတာပေါ့… မင်း… အထုပ်အပိုးတွေ မေလေး ပြင်ပေးထားတယ်… မင်းလည်း စာမေးပွဲ ပြီးနေပြီဆိုတော့… အေးဆေးပဲမလား…”
“ဟုတ်… မေလေး… အေးဆေးပါပဲ… အဖေက ဘာလို့ ခေါ်တာလဲဗျ…”
“သြော်… သူလည်း တို့တွေနဲ့ ခွဲနေရတာ ၄ လ လောက် ရှိတော့ လွမ်းလို့ နေမှာပေါ့… မင်းလည်း ကျောင်းပြီးတာနဲ့ တခါထဲ ခေါ်လိုက်တာ… ဘာလဲ… ရည်းစားတွေ လွမ်းကျန်ခဲ့မှာ စိုးလို့လား…”
“ဟုတ်တယ်… မေလေးရ… စောစော ပြောရောပေါ့ဗျာ… အခုမှ စာမေးပွဲပြီးလို့… နောက်ရက်တွေ သူတို့နဲ့ လျှောက်လည်မလား မှတ်တယ်…”
“ဟေ… သူတို့ဆိုတော့… ဘယ်နှစ်ယောက်တောင် ရှိတုန်းကွ…”
“နှစ်ယောက်ပါ… မေလေးရာ… အချင်းချင်းလည်း သိတယ်… ဘော်ဒါအကန့်သဘောမျိုး ထားကြတာ…”
“ဟ… မင်းက စွံလှချည်လားကွ… ရိုးရောရိုးကြရဲ့လား…”
“မေလေးကတော့ လုပ်ပြီ… ရည်းစားထားပါတယ်ဆိုမှ… ရိုးရဲ့လား ဆိုတော့… ကျနော်က ဘယ်လို ပြန်ဖြေရမှာလဲ… ဖန်ပေါင်းချောင်ထဲ ထည့်ပြီး ထိုင်ကြည့်နေတယ်လို့ ဖြေရမလား…”
“ခိခိ… မင်းကတော့ အဖေ့ခြေရာ နင်းပါ့ကွာ… ကဲ… ထားပါတော့… ဟိုမှာ တစ်လ လောက် နေပြီး မင်းဘာသာ ပြန်ချင်လည်း မင်းအဖေကို ပြောပြီး ပြန်ပေါ့… မေလေးတော့ ဟိုမှာ ဘယ်လောက် ကြာကြာ နေရမလဲ မသိသေးဘူး…”
“ဟုတ်ပါပြီ… မေလေးရာ… ဒါဆိုလည်း ကျနော် အခုမှ စာမေးပွဲခန်းက ပြန်လာတာဆိုတော့… သူငယ်ချင်းတွေနဲ့ ဘီယာဆိုင် သွားလိုက်ဦးမယ်…”
“အေးအေး… စောစောတော့ ပြန်လာခဲ့… ဒီက ဒေါ်သိန်း နဲ့ ဦးဖိုးတုတ်ကို မနက်ဖြန် မနက် ရွာပြန်လွှတ်မှာမို့…”
“ဟုတ်ကဲ့… မေလေး… သွားပြီ…”
အိမ်မှ ထွက်ခွာသွားသော ထူးပိုင် ရဲ့ ကျောင်ပြင်ကို ကြည့်ပြီး မေလေးခေါ် ဒေါ်မေဝသန် သည် သူမ ဖြစ်စဉ်ကို ပြန်စဉ်းစားနေမိသည်။ အသက် ၃၀ သာ ရှိသေးသော မေဝသန် သည် ထူးပိုင် ရဲ့ ဖခင်ဖြစ်သူ ဦးအောင် နှင့် လွန်ခဲ့သော ၃ နှစ်ကမှ အိမ်ထောင်ကျသည်။ မုဆိုးဖိုဖြစ်လို့ သနားပိုကာ ကြင်နာမိရာမှ ငြိကြခြင်း ဖြစ်သည်။
ဦးအောင်က နယ်စပ်က ပစ္စည်းတွေကို မြို့ကြီးတွေကို သွင်းသည့် အလုပ် လုပ်သည်။ ထိုက်သင့်သလောက် ပိုက်ဆံ ရှိလို့လည်း လက်ထပ်ခွင့်တောင်းတော့ မေဝသန် မငြင်းဖြစ်။ ထူးပိုင်က အဲ့ဒီအချိန်တုန်းက အသက် ၁၆ နှစ်သာ ရှိသေးသည်။လူပျိုပေါက် အရွယ်မို့ ထိန်းရခက်သော်လည်း သူ့ဘာသာ အေးဆေး နေတတ်သည်။
မေဝသန်လည်း အစက သူစိမ်းဆန်ဆန် ဖြစ်ပေမယ့် ထူးပိုင် အသက်အရွယ် ရောက်လာတာနဲ့ အမျှ သူငယ်ချင်းပုံစံ ပေါင်းဖြစ်ကြသည်။ သူ့ကိုလည်း သူ့အမေ နေရာဝင်လာတာမို့ အမေ လို့တော့ မခေါ်နိုင်ပေမယ့် နာမည်အဖျားဆွတ်တဲ့ မေလေး ဟုပင် ထူးပိုင် ကိုယ်တိုင် နာမည်ပေးခြင်း ဖြစ်သည်။ ဦးအောင်က မေဝသန်ထက် ၁၀ နှစ် ကြီးသည်။ ဆိုတော့ သူတို့ သားအဖ နှစ်ယောက်နဲ့ ဆိုရင် ၁၀ နှစ်ကြီး၊ ၁၀ နှစ်ငယ် အနေအထား ဖြစ်သည်။
ဦးအောင်က ကာမကိစ္စမှာ သန်သည်။ အထာနပ်သည်။ ဦးအောင် ရန်ကုန်မှာ ရှိနေလျှင် ညတိုင်း သူနှင့် ဆက်ဆံသည်။ နယ်က ပြန်လာလာချင်း ညတွေဆိုရင် မိုးလင်းတဲ့အထိ လုပ်တတ်သည်။ အဲ့လို အချိန်ဆို မေဝသန် တစ်ယောက် နောက်နေ့ လမ်းမလျှောက်နိုင်တော့။ အောက်ပိုင်းတစ်ခုလုံး စပ်နေကာ ကိုင်ဆောင့်ထားသလိုပင်။ တကယ်လည်း ဦးအောင်က ကိုင်ဆောင့်ခဲ့တာ ဖြစ်သည်။ အသက် ၄၀ ကျော်မို့ သန်တုန်း မြန်တုန်းပင် ဖြစ်သည်။ အားဆေးတွေလည်း စုံအောင် စားသည်။
ဟိုးတခေါက်ကဆို မြစ်ကြီးနားက ဖျံသိုအရက် ဆိုပြီး ဝယ်သောက်ကာ မေဝသန်ကို အသေကြုံးထည့်သေးသည်။ အခုလည်း လားရှိုးကို သွားနေတာ ၄ လ လောက် ရှိနေပြီး၊ ကုန်ပစ္စည်းတွေက နည်းနည်း ကြာနေသဖြင့် မေဝသန်တို့ကို လှမ်းခေါ်ခြင်း ဖြစ်သည်။ ဦးအောင်က အပြင်မိန်းမကိစ္စတော့ စိတ်ချရသည်။ ဦးအောင်သည် အစွဲအလမ်းကြီးသည်။ ဒါ့ကြောင့်ပဲ မေဝသန်ကို သူ့ တလက်ကိုင် အနေနဲ့ပဲ ထားခြင်းကြောင့် လက်ထပ်ယူခဲ့ခြင်း ဖြစ်သည်။
ညဘက်ကျတော့ ထူးပိုင် စောစော ပြန်ရောက်လာသည်။ မေဝသန် နှင့်အတူ ဒေါ်သိန်းတို့ရဲ့ အထုပ်အပိုးတွေကို ကူသိမ်းပေးပြီး၊ စောစော အိပ်ကြသည်။ ဒေါ်သိန်းတို့က ထူးပိုင် ငယ်ငယ်ထဲက အိမ်မှာ ကူဖော်လောင်ဘက် လုပ်ပေးကြတာ ဆွေမျိုးတွေလို ဖြစ်နေပြီ။ မနက်စောစော ထကြကာ၊ ဒေါ်သိန်းနှင့် ဦးဖိုးတုတ်တို့ လင်မယားကို ရန်ကုန်ဘူတာကြီးမှာ နေရာချခဲ့ပြီး သူတို့ ပြန်လာရမယ့် ရက်ကို ဖုန်းဆက် အကြောင်းကြားမည်ဟု ပြောခဲ့သည်။
ရန်ကုန်အထွက် သပြေရိပ်မှာ ဝင်ကာ မနက်စာ စားကြသည်။ မေဝသန်ကတော့ မုန့်ဟင်းခါးကို အိုးဘဲဥ၊ အီကြာကွေးနှင့် မန်းလေးပဲကြော် ထည့်စားကာ လက်ဘက်ရည်ချိုဆိမ့် သောက်ပြီး၊ ထူးပိုင်ကတော့ ထမင်းကြော်ကို ဆိတ်သားဟင်းနှင့် စားသည့်အပြင် တိုရှည်တစ်ပွဲ၊ ပေါက်ဆီ နှစ်လုံးနှင့် နွားနို့ တစ်ခွက် သောက်နေသည်။ ဒီလောက်စားလို့လည်း ဒီခန္ဓာကိုယ် ဖြစ်တာဟု မေဝသန် တွေးနေမိသည်။
ဟုတ်သည်။ ဦးအောင်ရော၊ ထူးပိုင်ရော လူကောင်ကြီးသည်။ ဦးအောင်သည် လူကောင်ကြီးသည်နှင့် အမျှ ညီတော်မောင်ကလည်း တော်တော်ကြီးသည်။ ထူးပိုင်ရဲ့ ညီလေးရော တော်တော်လေးမှ ကြီးရဲ့လားလို့ မဆီမဆိုင် စဉ်းစားရင်း မေဝသန်ရဲ့ ညီမလေးက စိုစိစိ ခံစားလိုက်ရသည်။
ကိုယ်ပိုင်ကားနှင့် ထွက်လာသောကြောင့် သက်တောင့်သက်သာနှင့် အေးဆေးပဲ မောင်းလာခဲ့သည်။ အစပိုင်းတော့ မေဝသန် မောင်းနေပေမယ့် သပြေရိပ်က အထွက်မှာတော့ ထူးပိုင် တလှည့် မောင်းပေးသည်။ ညနေ ၅ နာရီလောက်မှာ မန္တလေးမြို့ထဲ ရောက်သွားသည်။ တည်းခိုစရာ မရှာသေးပဲ၊ မန္တလေး မဟာမြတ်မုနိဘုရားကို ဝင်ဖူးကြသည်။ ပြီးမှ အနီးအနားက တရုတ် ထမင်း၊ ဟင်းရောင်းရာ ဆိုင်တစ်ခုထဲ ဝင်ပြီး ညစာ စားကြသည်။
ထူးပိုင်က ပင်လယ်စာ အထူးသဖြင့် မုတ်ကောင်တွေ ခရုတွေကို တအား စားသည်။ ဒါလည်း သူ့အဖေ ဦးအောင်နှင့် တူသည်။ အဲ့ဒါကြောင့်လည်း ဦးအောင်သည် အိပ်ရာပေါ်က ကိစ္စတွေမှာ ကျွမ်းကျင်အဆင့် ရောက်တာဟု ထင်သည်။
ညစာစားပြီးမှ ဟော်တယ် ပတ်ရှာရသည်။ အဲ့ဒီတော့မှ ပြသနာ ဖြစ်တော့သည်။ အခုချိန်က ခရီးသွားရာသီမို့ အခန်းတွေ အားလုံး ပြည့်နေသည်။ ဒီလိုနဲ့ ဟော်တယ် တစ်ခုပြီး တစ်ခု ပတ်ရှာလိုက်တာမှာ နှစ်ယောက်ခန်းတော့ ရသေးသည် ဆိုတာ သွားတွေ့သည်။ ထူးပိုင်ကတော့ မေဝသန်ကို နောက်ထပ် ထပ်ရှာဦးမလား မေးသော်လည်း၊ လူက ပင်ပန်းတာက တကြောင်း၊ နောက်ထပ် ရှာလည်း ရမရ မသေချာတာက တကြောင်းကြောင့် ဒီမှာပဲ အခန်းယူရန် ဆုံးဖြတ်လိုက်သည်။
တစ်ခန်းထဲ အတူတူ နေရမှာကို ဘယ်သူမှ မပြောရန် မေဝသန်က ထူးပိုင်ကို မှာသည်။ အခန်းထဲ ဝင်ကြည့်တော့မှ တကယ့်ကို ချွေးပြန်စရာ ဖြစ်သွားသည်။ အခန်းအလယ်မှာ နှစ်ယောက်အိပ် ကုတင် တစ်လုံးပဲ ရှိသည်။ ထူးပိုင်ကတော့ မေဝသန်ကို သူ အောက်မှာ ဆင်းအိပ်ပေးမည်ဟု ပြောသော်လည်း မန္တလေးဆောင်းရဲ့ အအေးကို ခံနိုင်မည် မဟုတ်တာကြောင့် သူနှင့်ပဲ ကုတင်ပေါ် အတူအိပ်ရန် မေဝသန်က ပြောသည်။ အလယ်မှာ ခွခေါင်းအုံး (ဖက်ခေါင်းအုံး) ခြားထားမည်ဟု ပြောသည်။