အချစ်အတွက်ကြွေခဲ့တဲ့ သစ်ရွက်တွေ

ပြင်းရှတောက်လောင်သော တေးဂီတသံစဉ်များက ခန်းမထဲရှိ လူများအားလုံးကို ဖမ်းစားတိမ်းမူးစေခဲ့သည့်တိုင် ကျနော့်ကို ထူးထူးခြားခြား ဘာရသမှ ပေးနိုင်ခြင်းမရှိ။ အရောင်စုံမီးများ ပြိုးပြိုးပြက်ပြက်နှင့် စီးမျှောလှုပ်ရမ်းနေကြသော သူငယ်ချင်းများသည်လည်း ယခုတော့ဖြင့် ကျနော့်ကို မေ့နေကြပြီ။ အထက်တန်းကျောင်းမှ သူငယ်ချင်းများ ပြန်လည်ဆုံစည်းခဲ့ကြသည့် ညစာစားပွဲမှအပြန် အနည်းငယ် အကြောရှည်တတ်သော သူငယ်ချင်းတစ်ယောက်၏ စနက်ကြောင့် သူငယ်ချင်းတချို့တဝက်နှင့်အတူ ကျနော်က ကလပ်ထဲသို့ ပါလာခြင်းဖြစ်သည်။ တကယ်တမ်း ထိုအုပ်စုမှာ အကြောင်းပြချက်မျိုးစုံနှင့် မကြာခဏ တွေ့ဆုံနေကြဖြစ်ပြီး ကျနော်က တခါတရံမှ ဝင်ရောက်ပူးပေါင်းသူဖြစ်သဖြင့် အားနာပြီး လိုက်လာခဲ့ခြင်းလည်းဖြစ်သည်။

အသက်သုံးဆယ်ကျော်ခဲ့ပြီးသည့်တိုင် ယခုအခေါက်နှင့်ပေါင်းမှ လက်ဆယ်ချောင်းပင်ပြည့်အောင် မရောက်ဖူးသော အဝန်းအဝိုင်းမို့ ရောက်သည့်အခိုက် ပတ်ဝန်းကျင်ကို လေ့လာသင်ယူမိသေးသည်။ သုံးခွက်မြောက်သော ဝီစကီခွက် ကုန်လွန်သွားပြီးသည့်အခါ ကျနော် အနည်းငယ်မြူးလာသည်။ ပါလာသော သူငယ်ချင်းများကတော့ ကပွဲကြမ်းပြင်ထဲမှ လူငယ်များနှုင့်အတူ ဒိုးဒိုးဒွန့်ဒွန့် ဖြစ်ကုန်ကြပြီ။ စားပွဲခုံသေးသေးလေးပေါ်ရှိ ခွက်သေးသေးလေးထဲမှ အနည်းငယ်သာကျန်သော မြေပဲစေ့ နှစ်စေ့သုံးစေ့ကို ဝါးပြီး ဖန်ခွက်ထဲသို့ ရေခဲတုံးများ ထပ်ထည့်ကာ အရက်အနည်းငယ် လောင်းထည့်လိုက်ပြီး မော့သောက်လိုက်သည်။ ယခုတော့ ကျနော်သည် အရက်ကလေးမြုံ့လိုက် ပတ်ဝန်းကျင်ရှိ ကောင်မလေးများ၏ အလှကို မြည်းလိုက် တချက်တချက်တွင်တော့ ခြေထောက်ကလေး ခေါင်းလေးက စည်းချက်လိုက် လိုက်နှင့် အဆင်ပြေအောင် နေတတ်သွားခဲ့ပြန်ပြီ။

ခြေထောက်နှင့် စည်းချက်လိုက်ရင်း လက်ထဲမှ အရက်ခွက်ကို မော့ယူခါနီး တစုံတယောက်က လုသွားခံလိုက်ရသဖြင် ကျနော် ဆတ်ခနဲဖြစ်သွားသည်။ ကြည့်လိုက်တော့ သက်ထား . . ။ ခန္ဓာကိုယ်အလှကို ဝင့်ကြွားပေါ်လွင်စေသော ဒူးအထက်နားရောက်ရုံ ကိုယ်ကြပ်ဂါဝန်ဝတ်ထာသည့် သက်ထားသည် ချာတိတ်မလေးတွေနှင့် အပြိုင်လှနေသော အပျိုကြီးမမဖြစ်သည်။

“နင်က ဘာကိစ္စ ဒီမှာ တစ်ယောက်ထဲ နေနေတာလဲ . . လာ”

“ငါ ဘယ်လိုမှ မရလို့ပါဟာ။ ဒီနားလေးမှာပဲ နင်တို့ ကတာကို ငါအားပေးနေမယ်လေ”

“မရပါဘူး . . လာဆိုလာ။ ငါတို့က တစ်နှစ်နေလို့ တစ်ခါဆုံတာ မဟုတ်ဘူး”

“သွားပါသူငယ်ချင်းရယ် ငါ ဒီအတိုင်းလေးပဲ ထိုင်နေချင်လို့ပါ”

“အေး ပြီးရော ပင့်လို့မရလည်း မပင့်တော့ဘူး တကထဲ”

“ဪ စိတ်မဆိုးပါနဲ့ဟာ။ အောင်မာ နေဦး ငါ နင်ကတာကို ဒီကနေ လှမ်းကြည့်နေတာ သိလား။ ရုတ်တရက် နင်လို့တောင် မထင်ဘူး။ ငါက တခြားချာတိတ်မလေးတစ်ယောက် အောက်မေ့လို့ ငမ်းတောင် ငမ်းမိလိုက်သေး”

“စောက်ကောင် အပိုတွေ မပြောနဲ့ တော်ပြီ”

သက်ထား မျက်စောင်းထိုးကာ ထွက်သွားသဖြင့် ကျနော်က ရယ်ပြီး ကျန်နေခဲ့ရသည်။ ဟိုကြည့်ဒီကြည့်လုပ်ရင်း ပျင်းလာသဖြင့် တခြားလုပ်စရာမရှိတော့လျှင် လုပ်နေကြထုံးစံအတိုင်း ဖုန်းထုတ်ကာ facebook ထိုင်ပွတ်နေလိုက်တော့သည်။ Facebook ကြည့်နေရင်း အလုပ်တစ်ခုမှာ ခင်မင်ခဲ့ဖူးသည့် ဂျူနီယာကောင်မလေးတစ်ဦးပုံကိုတွေ့သည်။ သူက ကျနော်ရောက်နေသည့် ကလပ်အဝမှ ဓါတ်ပုံမရိုက်မဖြစ် ရိုက်ကြရသလိုဖြစ်နေသော နေရာတွင် ရိုက်ပြီး တင်ထားခြင်းလည်းဖြစ်သည်။ သိပ်မကြာသေးခင်က တင်ထားခြင်းမို့ ဒီထဲများ ရောက်နေသလားဆိုပြီး ရှာကြည့်မိသေးသော်လည်း ရောင်စုံမီးရောင်များအောက်တွင် ကျနော်မြင်ရသော ကောင်မလေးများမှာ တစ်ယောက်နှင့်တစ်ယောက် သိသိသာသာ ကွဲပြားခြင်းမရှိသဖြင့် သောက်လက်စအရက်ကိုသာ ဆက်၍ သောက်နေလိုက်သည်။ အရက်ခွက်ကို စားပွဲခုံပေါ်သို့ ပြန်ချအပြီးမှာပင် ကျနော့်မျက်လုံးများ တဖက်တချက်စီကို လက်တစုံက လာ၍ ပိတ်ထားသည်နှင့် ကြုံလိုက်ရ၏။ ဘယ်သူမှန်းမသိ။ ဖြစ်နိုင်တာ သက်ထားပဲရှိသည်။

“ဘယ်သူလဲ သိလား”

အသံကြားမှတော့ ကျနော်က ဘယ်သူမှန်း မသိစရာ မရှိပါ။ ဘယ်သူမှန်း သိလိုက်သည့်အပြင် တော်တော်မူးနေမှန်းပါ သိလိုက်သည်။

“ချယ်ရီမလား”

“ဟား . . ကိုကြီးက ကျွမ်းလှချည်လား ဆရာကြီးပဲ”

ကျနော်က မျက်လုံးပေါ်တွင် ထိကပ်ထားသော လက်တဘက်ကို ကိုင်ပြီး အရှေ့ကို ဆွဲခေါ်လိုက်သည်။ Sport bra ပေါ်မှာ ဂျာကင်တစ်ထည် ထပ်ဝတ်ထားပြီး အောက်က ဂျင်းအရှည်နဲ့ လှချင်တိုင်း လှနေတဲ့ တခါတုန်းက ကျနော့ရဲ့ ဂျူနီယာကောင်မလေးပါပဲ။

“ညည်းက ဘယ်လောက်တောင် သောက်ထားလို့ ဒီလိုကြီး မူးနေရတာလဲ။”

သူက လက်ညှိုးနဲ့ လက်မကိုပူး၊ နှုတ်ခမ်းလေးထော်ကာ မျက်လုံးကို မှေးစင်းပြီး

“နည်း . . နည်း လေးပါ ကိုကြီးရယ်။ သမီးမေးတာ ဖြေစမ်းပါ။ ဘာလို့ ကိုကြီးက သမီးမှန်း သိတာတုန်း”

ကျနော် သူ့ကို စကားနှင့် ပြန်မဖြေတော့ပဲ မကြာသေးခင်က တွေ့ထားသည့် facebook ထဲက သူ့ပုံပါသော နေရာကို ပြလိုက်သည်။

“‌ဪ ဟုတ်သားပဲ . . ခုန သမီး တင်လိုက်တာကို ဟားဟားဟား”

ချယ်ရီက စကားကို ရိုးရိုးမပြော၊ လက်ဝါးနှစ်ဘက်ကို အရင်ရိုက်သည်။ ပြီးမှ ထိုလက်ဝါးနဲ့ မျက်နှာတွေကို ကာလိုက်ပြီး ရယ်ကာမောကာနဲ့ ပြောသည်။ တော်ရုံချာတိတ်တကောင်ဆိုလျှင် ကြွေဆင်းကာ အသည်းတွေအူတွေပါ ယားသွားနိုင်သည်။ ထို့အပြင် ချယ်ရီ၏လက်တို့က အငြိမ်မနေ။ ကျနော့်လက်ထဲမှ ဖုန်းကို ဆွဲလုကာ သူ့ပိုစ့်ကိုပင် love react နှိပ်သွားလိုက်သေးသည်။

“ကိုကြီးက ဒီကို ဘာလာလုပ်တာလဲ”

“ဓမ္မမိတ်ဆွေတွေနဲ့ တရားလာဆွေးနွေးတာ”

ချယ်ရီက ဟက်ဟက်ပက်ပက် ရယ်မောကာ ကျနော့်ရင်ဘတ်တွေကို တအုန်းအုန်း ထုရိုက်တော့သည်။

“ဟဲ့ ချယ်လေး . . . ငါတို့က နင်ပျောက်သွားလို့လိုက်ရှာနေတာ။ နင်က ဒီမှာဘာလာလုပ်နေတာလဲ။ ဟာ . . . ဆရာ”

ချယ်ရီတို့အရွယ် ကောင်လေးတစ်ယောက်ပဲ ဖြစ်သည်။ သူက ကျနော့်ကိုကြည့်ပြီး တချက်တွန့်သွားကာ ကျနော့ကို ဆရာဟုလည်း ခေါ်သေးသည်။ မျက်နှာကို ရင်းနှီးသလိုရှိသော်လည်း ကျနော် သေသေချာချာ မမှတ်မိ။

“ဟဲ့ ဘာဖြစ်နေတာလဲ ငါလာမှာပေါ့ သွားသွား ဒီမှာငါ့အစ်ကိုနဲ့တွေ့နေလို့ ငါလိုက်ခဲ့မယ်”

“ဪ . . ဆရာက ချယ်လေးအစ်ကိုလား”

“အေး . . ညီက . . ”

“Window age သင်တန်းက ဆရာ့တပည့်လေ။ အခု ချယ်ရီတို့နဲ့ Classic Media မှာ Camera Man လုပ်နေတာ။ ဆရာရော Edit မသင်တော့ဘူးလား”

“ကိုကြီး သမီး သွားလိုက်ဦးမယ်။ ဟဲ့ နန္ဒ သွားမယ် လာ”

ချယ်ရီက ဖြတ်ပြောကာ ဆွဲခေါ်သွားသဖြင့် နန္ဒဆိုသော ကောင်လေးလည်း ပါသွားသည်။ ထိုကောင်လေးမှာ တခါက သူငယ်ချင်းတစ်ယောက်၏ ကွန်ပြူတာစင်တာတွင် သင်တန်းနှစ်ခုသုံးခု သွားသင်ပေးဖူးစဉ်က ချာတိတ်တစ်ယောက် ဖြစ်နိုင်ပါသည်။ ကျနော်က သူတို့ဆီ အာရုံရောက်နေချိန်တွင် သူငယ်ချင်းများ ပြန်ရောက်လာသည်ကိုပင် သတိမထားမိလိုက်။

“ဟာ ဟ…. ခေးနဲ့ ကွီးလား။ ဦးနဲ့ စမီးလား ကျော်ကို”

“ဟာ . . မင်းတို့ကလည်း မဟုတ်ပါဘူး”

ဒီလိုပဲ ရောက်တက်ရာရာတွေ ပြောလိုက် သောက်လိုက်နှင့် ကျနော်တို့ လူစုခွဲရန် အချိန်ရောက်လာသည်။ ညလည်း နက်နေပြီဖြစ်သည်။

“ဟဲ့ ကျော်ကို . . နင့်ဟာမလေးက လှတော့လှတယ်နော် . .။ သူကတာလည်း အချိုးအဆစ်တော့ကျသား”

ပြန်ခါနီး ကခုန်ပျော်မြူးနေကြသူများကို လှမ်းကြည့်ရင်း သက်ထားက ကျနော့်ပခုံးလှမ်းကိုဖက်ကာ ဆိုလာသဖြင့် ကျနော်လည်း လှမ်းကြည့်လိုက်မိသည်။ ချယ်ရီက အပေါ်အင်္ကျီကို ခါးတွင်ချည်ထားပြီး က နေသည်။ ပို၍လည်း မူးနေပုံရသည်။ ထိုအချိန်မှာပင် ခုနက နန္ဒဆိုသော ကောင်လေးက အဖော်နှစ်ယောက်လောက်နှင့် ကျနော့်အနား ရောက်လာသည်။

“ဆရာ . . ချယ်ရီ တော်တော် မူးနေတယ် . .။ ကျနော်တို့လည်း မထိန်းနိုင်တော့ဘူး။ သူ့ကို ဒီအတိုင်းလည်း ပြန်လွှတ်ရမှာ စိတ်မချလို့။ သူက ဆရာ့ညီမ ဆိုတော့ ပြန်ခေါ်သွားပို့ပေးလို့ရမလား”

ကျနော် ဆတ်ခနဲ ဒေါသဖြစ်သွားသည်။ သူငယ်ချင်းတစ်ယောက် မူးနေသည့်အချိန်မှာ လွယ်လွယ်ကူကူ လူကြုံတင်ပေးလိုက်ဖို့ သိပ်ကိုလွယ်လွန်းနေသည်ဟု ထင်လိုက်မိသောကြောင့် ဖြစ်သည်။

“ညီလေး . . မင်းက ခုန စကားတစ်ခွန်းနှစ်ခွန်းနဲ့ ငါ့ကိုယုံလား . .။ ကိုယ်က သူနဲ့ တကယ် ဘာမှမတော်ရင် ဘယ့်နှယ့်လုပ်မလဲ”

“ဟာ . . ဆရာကလည်း . . ကျနော်က ဆရာ့တပည့်ဖြစ်ဖူးပါတယ်ဆို ဆရာ့အကြောင်း သိတာပေါ့။ တကယ် ဘာမှမတော်ရင်တောင် ဆရာက ကျနော်တို့ထက်တောင် စိတ်ချရဦးမယ်”

သက်ထားက

“ကဲ . . ကျော်ကို ဟိုကောင်တွေက အပြင်ရောက်သွားပြီလား မသိဘူး။ နင် ဘာလုပ်မှာလဲ။ ငါတို့ အပြင်ကစောင့်နေမယ်”

ကျနော် သက်ပြင်းတစ်ချက်ချကာ

“နင်တို့ သွားနှင့်လိုက်တော့ သက်ထား . .။ ငါသူ့အိမ်ကို ဖုန်းဆက်ပြီး သွားလိုက်ပို့လိုက်မယ်”

“ပြီးရော .. See ya”

“အေး အေး တာ့တာ”

“ကျေးဇူးတင်ပါတယ် အစ်ကိုရယ် . .။ မဟုတ်ရင် ကျနော်တို့အားလုံး သူ့ကြောင့်ပဲ ပြန်ရတော့မှာ”

“မင်းတို့ သွားခေါ်လာလိုက်။ ကိုယ်ဒီကပဲ စောင့်နေလိုက်မယ်”

ကလပ်မှနေ၍ ကားပါကင်ဆီသို့ သွားရာလမ်းတလျှောက် ချယ်ရီ့ကို ကျနော်က ကုန်းပိုး၍ ခေါ်မသွားရပါ။ လက်မောင်းရင်းမှ ခပ်တင်းတင်းကိုင်ကာ တွဲလျှောက်ရုံနှင့် အဆင်ပြေပြေခေါ်လာ၍ရသည်။ တချက်တချက် ကျနော့လက်ခုံတွေက ကောင်မလေး၏ ရင်ဘတ်နှင့်ထိမိသောအခါ ချယ်ရီ ဝတ်ထားသော sport bra အောက်တွင် နောက်တထပ်မှ ရှိမနေတော့ကြောင်း သိရ၏။ ကျနော့်အာခေါင်များ ခြောက်လာသည်ဟု ထင်သည်။

`ကိုကြီး မီးကို အိမ်ပြန်မပို့နဲ့ဦးနော်။ မီး အိမ်မပြန်သေးဘူး´

`အာ …´

`ဘာ အာလဲ… ကိုကြီးက ငြိုငြင်တာလား´

ကားမောင်းရင်း convenience store တစ်ခုနားတွင် ရပ်လိုက်တော့ ချယ်ရီက တချက်ကြည့်လိုက်ပြီးမှ ခုံကို ပြန်မှီလိုက်သည်။ သူငယ်ချင်းများနှင့် ကလပ်သို့ လိုက်သွားစဉ်ကတည်းက ခဏပဲဟုဆိုကာ ကုန်နေသည့် ဆေးလိပ်ကို မဝယ်ခဲ့ရသဖြင့် ဆေးလိပ် တအားသောက်ချင်နေပြီ ဖြစ်သည်။

“ကိုကြီး . . မီးကို မုန့်ဝယ်ခဲ့နော်။ မီး လိုက်မဆင်းတော့ဘူး”

အထဲရောက်တော့ redbull နှစ်ဗူးနှင့် ဆေးလိပ် တစ်ဗူးဝယ်ပြီး ကားထဲသို့ အအေးနှစ်ဗူး ထည့်လိုက်ပြီးမှ ဆိုင်ရှေ့တွင်ပင် ဆေးလိပ်ကို မီးညှိပြီး အားရပါးရ ဖွာရှိုက်ရသည်။ ဆေးလိပ်တစ်လိပ်က လျင်လျင်မြန်မြန်ပဲ ကုန်သွားသည်။ အာသာက မပြေသေး။ ထို့ကြောင့် နောက်တစ်လိပ်ထုတ်ပြီး ဆေးလိပ်ကို သတိထားပြီး စိမ်ပြေနပြေ သောက်ပစ်လိုက်သည်။ ဒုတိယတစ်လိပ် ကုန်သွားအပြီးမှာတော့ ကျနော် ကျေနပ်သွားပြီ။

ကားပေါ်ကို ပြန်တက်လိုက်တော့ ချယ်ရီက ထိုင်ခုံပေါ်တွင် အိပ်ပျော်၍ နေပြီ။ ချယ်ရီ့အား နှိုးမနေတော့ဘဲ ကျနော်သိသည့် သူနေသည့် မြို့နယ်သို့ ကားကို ဦးတည်၍ မောင်းလိုက်သည်။ တရုံးထဲ အတူတူ လုပ်ခဲ့ဖူးကြသူတွေမို့ အိမ်လိပ်စာ တိတိကျကျ မသိသော်လည်း ချယ်ရီနေသည့် မြို့နယ်နှင့် လမ်းကိုတော့ ကျနော်ကောင်းကောင်း သိထားသဖြင့် တော်သေးသည်။ ချယ်ရီတို့ လမ်းထိပ်သို့ ရောက်သောအခါ ကျနော် ချယ်ရီ့အား လှုပ်၍ နှိုးရသည်။

“ချယ်ရီ . . ချယ်ရီ .. ထ လမ်းထိပ်ရောက်ပြီ”

“ဟင် . . ဘယ်လမ်းထိပ်ကို ရောက်တာလဲ”

“ဟင် .. ညည်းအိမ်နားလေ”

ချယ်ရီက ဘေးဘီဝဲယာကို ကြည့်ရင်း

“အာ ကိုကြီးကလည်း . . အာ့ မီး ဟိုးတုန်းက နေတာလေ။ အခု ဖေဖေက နယ်ပြောင်းသွားတော့ မီးက အဆောင်နေတာ။ ဒီကအိမ်က ပြန်အပ်ထားတာ ကြာလှပြီ”

“အိုး . . . sorry ကွာ ဒါနဲ့ အမူးပြေသွားပြီလား”

“ကိုကြီးကလည်း မီး မမူးပါဘူးဆို”

“အေးပါ အေးပါ ..။ မူးဘူးဆိုလည်း ပြီးတာပါပဲ။ ပြော .. ဘယ်ကို လိုက်ပို့ရမလဲ”

“မပြန်ပါဘူးဆို ကိုကြီးသွားချင်တဲ့ နေရာသွား”

“ဒါဆို ဟိုတယ် သွားအိပ်မလား”

“ကိုကြီး သတ္တိရှိရင်သွားပေါ့ ဟာ ဟ”

မူးလို့ပြောတာလား တကယ်ပြောတာလား ကျနော် မဝေခွဲနိုင်။ လောလောဆယ် အကောင်းဆုံးနည်းလမ်းကို စဉ်းစားကာ ကျနော့်အလုပ်ခန်းကိုသာ ဦးတည်လိုက်တော့သည်။

“ကိုကြီး ဘယ်သွားနေတာလဲ”

“ရောက်တော့သိလိမ့်မယ် ဟုတ်ပြီလား”

ချယ်ရီက မူးနေသေးသည့်တိုင် ကျနော့်အား မျက်စောင်းထိုး၍ ကြည့်နိုင်သေးသည်။ ကျနော်ကတော့ သူ့မျက်စောင်းကို မသိချင်ယောင်သာ ဆောင်လိုက်တော့သည်။ ကျနော့်အလုပ်ခန်းမှာ သာမာန် မကျဉ်းမကျယ် တိုက်ခန်းတစ်ခုပင် ဖြစ်သည်။ အပြင်ဘက်တွင် ဆွဲလက်စ ပန်းချီကားများရှိပြီး အတွင်းဘက်တွင် အခန်းတစ်ခန်းရှိသည်။ ထိုအခန်းထဲတွင် ကျနော် Video editing လုပ်သော ကွန်ပြူတာတစ်လုံးရှိပြီး အညောင်းပြေလှဲရန်အတွက် မွေ့ယာတစ်ခုရှိသည်။

ကျနော့်အလုပ်ခန်းထဲသို့ ရောက်သောအခါ ချယ်ရီက ပန်းချီကားများ ချထားသည့် နေရာအနီးတွင် ခွေခွေလေး လှဲချလိုက်တော့သည်။ ကျနော်လည်း ဘာမှပြောမနေတော့ပဲ တံခါးကိုသာ အသေအချာ ပြန်ပိတ်လိုက်သည်။ မိန်းတင်ပြီးနောက် မီးခလုပ်များကို ဖွင့်ပြီးမှ ကြမ်းပြင်ပေါ်တွင်လှဲနေသော ချယ်ရီ့ကို ခေါ်ရသည်။

“ချယ်ရီ . . . ထ ထ . . အထဲဝင်အိပ် အထဲမှာ မွေ့ယာရှိတယ်”

ချယ်ရီက မျက်လုံးဖွင့်ကြည့်ပြီးနောက် ကျနော့်လည်ပင်းကို သူ့လက်နှစ်ဘက်နှင့် သိုင်းဖက်ခိုတွဲလိုက်ကာ

“ကိုကြီး မီးကို ချီသွားလေ . .”

ကျနော် ခေါင်းကျိန်းရပြန်သည်။ သို့သော်လည်း ဘာမှထပ်ပြောမနေတော့ပဲ ချယ်ရီ့ကိုသာ ချီပွေ့လိုက်တော့သည်။ သူမြန်မြန် အိပ်ပျော်မှသာ ကျနော့အတွက် သက်သာရာရမည်ပဲ။ ပွေ့ချီလိုက်တော့ ချယ်ရီက အလိုက်သင့် ပါလာသည်။ ကျနော်က မရည်ရွယ်သော်လည်း လက်တွေက သူ့ရင်သားကို အုပ်ကိုင်ထားသလို ဖြစ်သွားသည်။ ပွေ့ချီပြီးသွားပြီမို့ လက်က ပြောင်းရန် မလွယ်တော့သဖြင့် ဒီအတိုင်း ထားလိုက်ရသည့်အခါ ကျနော်က နေသော်လည်း အောက်ကကောင်က ဒီအတိုင်းမနေပဲ ဖြောင်းခနဲ ခေါင်းထောင်ကြည့်တော့သည်။ အထဲကိုရောက်တော့ ချယ်ရီကို မွေ့ယာပေါ်သို့ ချပေးပြီးသော်လည်း ကျနော့်ကို ဖက်ထားသည့် လက်တွေကို မလွှတ်ပေးသေးချေ။

“ချယ်ရီ အိပ်တော့လေ. . . အစ်ကို့ကိုလည်း လွှတ်ပေးဦး”

“ကိုကြီးက ဘယ်မှာအိပ်မှာလဲ”

“အစ်ကိုက အပြင်မှာ အိပ်မှာပေါ့။ အိပ်တော့ ညီမလေးရယ် နော်. . လိမ်မာတယ်”

“မရပါဘူး . . ကိုကြီးလည်း ဒီမှာပဲ အိပ်”

“ဟာ . . ဖြစ်မလား . .. ညည်းငါ့ကို မကြောက်ဘူးလား”

“မကြောက်ပါဘူး . . ကိုကြီးမှ အဖြစ်မရှိတာ မီးသိတာပဲကို”

“ဟာ . . ဒီကောင်မလေး . . တော် တော်”

“ခိခိ မီးကစတာကို ကိုကြီးက ငြိုငြင်တာလား”

“ကဲ အိပ်ပါကွာ . .”

“အိပ်မယ် .. ကိုကြီး မီးကို အာဘွားပေးရင် အိပ်မယ်”

ကျနော် သက်ပြင်းတစ်ချက်ချပြီး ချယ်ရီ့ပါးပြင်လေးကို ခပ်ဖွဖွလေး နမ်းလိုက်သည်။ နမ်းပြီးမှ ကျနော်က ဆေးလိပ်သောက်ချင်သည်ဟုဆိုကာ ဝရံတာသို့ ထွက်လာခဲ့လိုက်သည်။ ဆေးလိပ်သောက်နေရင်း ကျနော်က ချယ်ရီ့ကို နမ်းလိုက်သည့်အကြောင်းကို ပြန်စဉ်းစားနေမိသည်။ ထိုအနမ်းမှာ ကျနော်က ချယ်ရီ့ကို ဒုတိယအကြိမ်မြောက် နမ်းရှိုက်ခြင်းလည်း ဖြစ်ပါသည်။

Scroll to Top