ကံစေရာ

“ဘုန်း”ဆောက်လုပ်ရေး ဆိုလျှင် မသိသူ မရှိသလောက်ပင် ။ ဝန်ဆောင်မှုကောင်းခြင်း၊ ဒီဇိုင်းသေသပ်လှပခြင်း၊ ခိုင်ခန့်ပြီး အလုပ်အပ်သူများ၏ စိတ်တိုင်းကျ ဆောင်ရွက်ပေးခြင်း တို့ကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ဘုန်းခန့်တစ်ယောက် အလုပ်များပြီး project တစ်ခုဖြင့် ဧည့်ခန်းထဲတွင် အလုပ်ရှုပ် နေလေသည်။

“ကိုကို မအိပ်သေးဘူးလား အချိန်လည်းကြည့်ဦး”

မိမိ၏ဇနီး ချစ်ဖူး အသံကြားမှ ဘုန်းခန့် နာရီကို လှမ်းကြည့်မိသည် ။ ည ၁၂:၂၀ ပင်ရှိပြီ ဖြစ်သည်။

“အလုပ်လုပ်တာလည်း လုပ်တာပေါ့ ကိုကိုရယ်။ ကျန်းမားရေးလည်း ဂရုစိုက်ဦးမှပေါ့”

ဟုပြောကာ ဘုန်းခန့်ဘေးမှာ ဝင်ထိုင်လိုက်သည်။

“ပြီးခါနီးမို့ တခါတည်း အပြီးသတ်လိုက်ချင်လို့ပါ မိန်းမရယ်”

ဘုန်းခန့် သူ၏ဘေးတွင် ဝင်ထိုင်လိုက်သော ချစ်ဖူးကို မကြည့်ပဲ ကွန်ပျူတာထဲမှ သူ၏အလုပ်ကိုသာ အားရုံစိုက်၍ ပြန်ပြောလိုက်သည်။

“ကိုကို ချစ်လေးတို့ကို အရင်လို ဂရုမစိုက်နိုင် ၊ အချိန်မပေးနိုင်တာ တော်တော်ကြာပြီးနော် ကိုကို”

“ချစ်ကလည်းကွာ ကိုကိုလုပ်နေတာတွေ အားလုံးက ချစ်တို့အတွက်ပဲလေ”

“ဒါတော့ဒါပေါ့ ကိုကိုရယ်။ ကိုကိုက ညတိုင်း အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတော့ ချစ်က ကိုကိုကျန်းမားရေး ထိခိုက်မှာ စိတ်ပူလို့ပါ”

ဟု ဝမ်းနည်းပူပန်သော အသံဖြင့်ပြောပြီး ဘုန်းခန့် ပုခုံးပေါ်သို့ သူမ၏ ခေါင်းလေး မှီထားလိုက်သည်။ ဟုတ်တော့လည်း ဟုတ်သည် ။ အရင်လို သူမတို့ သားအမိပေါ် အချိန်မပေးနိုင်တော့ပဲ အလုပ်ကိုပဲ အာရုံစိုက် လုပ်နေမိသည်။ သမီး အမွှာလေးနှစ်ယောက် မွေးပြီး သုံးနှစ်လောက်နေတော့ အလုပ်အပ်သူတွေ များလာသည်။

နယ်ဘက်ခြမ်းမှ အလုပ်အပ်သူများလည်း ရှိလာသဖြင့် ခရီးလည်း ခဏခဏထွက်ရသည်။ လင်မယားချင်း ဆက်ဆံဖို့ ကျတော့လည်း တစ်လမှာ တစ်ကြိမ်တောင် အနိုင်နိုင်။ အခုတောင် သမီးနှစ်ယောက်က ၅ နှစ်ထဲရောက်လို့ ကျောင်းတောင် တက်နေပြီ။ အချိန်ကပဲ ကုန်တာမြန်နေလို့လား။

“ဟူး ပြီးပါပြီး ချစ်ရယ်”

လေပူတစ်ချက် မှုတ်ထုတ်၍ လုပ်လက်စ အလုပ်ကို လက်စသပ်ပြီး ဘုန်းခန့်က ချစ်ဖူးကို ပြန်ပြောလိုက်ခြင်း ဖြစ်သည်။ ညနေ ၅:၀၀ ခန့်လောက်က ထိုင်ပြီး လုပ်နေသော အလုပ်က ည ၁၂:၃၀ မှပင် ပြီးတော့သည်။ ထို့နောက် သူတို့ လင်မယားနှစ်ယောက် အိမ်ခန်းထဲသို့ ဝင်သွားလေတော့သည်။

“ဆရာ နေမကောင်းဘူးလား အဆင်ပြေရဲ့လား”

ပန်းရံဆရာ ဦးအောင်မှ ရှူံ့မဲ့နေသော ဘုန်းခန့်မျက်နာကို ကြည့်၍ လှမ်းမေးလိုက်ခြင်းဖြစ်သည်။ ညက ညဉ့်နက်မှ အိပ်ရပြီး မနက်စောစော ထရတာကတစ်ကြောင်း၊ အရင် နေ့တွေက အိပ်ရေးပျက်ခဲ့တာတွေက တစ်ကြောင်းကြောင့် ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်ပြီး စိတ်မကြည်မလင် ဖြစ်နေခြင်းဖြစ်သည်။ ဒါကြောင့် ချစ်ဖူး အမြဲပြောနေတာကိုး ကျန်းမားရေး ဂရုစိုက်ဆိုတာ။

“ဟုတ်တယ် ဦးအောင်ရေ ခေါင်းနည်းနည်း မူးနေသလို ဖြစ်နေလို့ပါ”

“ဒါဆို အိမ်ပြန်နားလိုက်ပါလား ဆရာ”

“အင်း ပြန်နားလိုက်မယ် ဦးအောင်ရေ”

“ကားလည်း ဂရုစိုက်မောင်းသွားဦး ဆရာရေ”

“ဟုတ်ကဲ့ပါ ကျေးဇူးပါပဲ ဦးအောင်ရေ”

ဟု ပြောကာ ကားရှိရာသို့ လှည့်ထွက်ခဲ့လေသည်။ ဦးအောင်က ဘုန်းခန့်အတွက် အားကိုးအားထားရသော လူယုံတစ်ဦးဆိုလည်း မမှားပေ။ အလုပ်နဲ့ ပတ်သတ်တာ မှန်သမျှ ဦးအောင်နှင့် စိတ်ချလက်ချ ထားခဲ့လို့ရသည်။ ထို့ကြောင့်လည်း ဘုန်းခန့် အိမ်ပြန်နားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ကျွီ….”

“ဟာ အရေးထဲ ကားက ဘာဖြစ်ပြန်တာလဲကွာ”

အလုပ်ဆိုဒ်မှ အိမ်သို့ရောက်ရန် မိနစ် ၃၀ ခန့် ကားမောင်းရမည်။ မိနစ် ၂၀ ခန့် မောင်းပြီးနောက် လမ်းခုလတ် တစ်နေရာတွင် ဘုန်းခန့်၏ ကားမှာ မောင်းနေရင်း ထိုးရပ်သွားသောကြောင့် တစ်ကိုယ်တည်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ခြင်း ဖြစ်သည်။ ပြီခဲ့သည့်အပတ် နယ်ဘက်သို့ ဟိုင်းဝေးခရီး မောင်းထားပြီး ပြန်ရောက်တော့လည်း အလုပ်မအားတာနဲ့ ကားကို မစစ်ဆေးဖြစ်ဘူး။ထို့ကြောင့်ထင်သည် ကားက ပညာပြလေပြီ။

“ဟယ်လို ဆရာဦးမောင်လား”

“ဟုတ်ပါတယ် ငါ့တူ ဘာကိစ္စများလဲကွယ်”

“ဦးရေ ကျွန်တော်ကား ဘာဖြစ်သွားလဲမသိဘူး ထိုးရပ်သွားလို့ အဲ့တာ လာကြည့်ပေးလို့ ရမလားဆရာ”

“ဘယ်နားမှာလဲ ငါ့တူ ဦးလာကြည့်ပေးမယ်”

“ကျေးဇူးပါ ဦးရေ နေရာကတော့ ( ) လမ်းမှာပါ”

“အေးအေး ဦးအခုလာခဲ့မယ်”

ဟုဆိုကာ ဖုန်းချသွားလေသည်။ ဦးမောင်က ဝပ်ရှော့ပိုင်ရှင် တစ်ယောက်ဖြစ်သည် ။ ကားနှင့်ပတ်သတ်ပြီး ဘာပဲဖြစ်ဖြစ် သူ၏ ဝပ်ရှော့မှာပင် ပြသည်။ ထို့ကြောင့်လည်း မိတ်ရင်း ဆွေရင်း သဖွယ်ပင် ဖြစ်နေကြခြင်း ဖြစ်သည်။ ဖုန်းချပြီး လက်ပတ်နာရီ တစ်ချက်ကြည့်မိသည်။ မနက် ၁၀:၀၀ နာရီ။ နောက်ဆယ်မိနစ်ခန့် စောင့်ပြီးသောအခါ ဦးမောင်က သူ့၏ တပည့်တစ်ယောက် နှင့်အတူ ရောက်လာလေသည်။

“ဘယ်လိုဖြစ်တာလဲ ငါ့တူ”

ဟုဆိုကာ ကားဘောနပ်စ်ဖွင့်ပြီး စစ်ဆေးနေသည်။

” မသိပါဘူးဦးရေ မောင်းနေရင်း ထိုးရပ်သွားတာပဲ”

“ဘတ္ထရီငုတ်ကြောင့် ထင်တယ် ပါဝါကျပြီး ရပ်သွားတာ ဝပ်ရှော့ကို ဆွဲသွားရတော့မယ် ငါ့တူ”

“ဦး အဆင်ပြေသလိုသာ လုပ်တော့ ဦးရေ ဒါဆိုလည်း ကျွန်တော်ဆိုင်ကယ် taxi နဲ့ပဲ ပြန်လိုက်တော့မယ်”

“အေးအေး ငါ့တူ”

ဘုန်းခန့်လည်း ဦးမောင်ကို ကားသော့ပေးပြီး ဆိုင်ကယ် taxi ဌားကာ အိမ်ပြန်ခဲ့တော့သည်။

“ဒီမှာပဲ ငါ့ညီရောက်ပြီ”

ဘုန်းခန့် ခြံရှေ့ရောက်တော့ ကယ်ရီသမားကို ရပ်ခိုင်းပြီး ဆင်းလိုက်သည်။

“ဘယ်လောက်ကျလဲ ညီ”

“၁၀၀၀ ပါအစ်ကို”

ကျသင့်ငွေရှင်းပြီး ခြံထဲသို့ ဝင်ရန်ပြင်လိုက်သည်။ ခြံစောင့် ဦးဘတိုးကို လှမ်းခေါ်မည်ပြုစဉ် ခြံတံခါးက သော့မပိတ်ထားသဖြင့် မခေါ်တော့ပဲ ဝင်ခဲ့လိုက်သည်။

“ဦးဘတိုးက ဘယ်သွားနေတာလဲ ဈေးသွားဝယ်နေတာများလား”

ဘုန်းခန့် တစ်ကိုယ်တည်းတွေးရင်း ခြံထဲဝင်လာသည်။ ဘုန်းခန့်တို့ အိမ်က ပေ ၄၀’x၆၀’ ကို RC နှစ်ထပ်တိုက်လေး ဆောက်ထားသည်။ အိမ်နှင့်တွဲလျက် ကားဂိုထောင်မှာတော့ ခြံစောင့် ဦးဘတိုးအတွက် အခန်းတစ်ခန်းရှိသည်။

ဦးဘတိုးက ဆွေမရှိ မျိုးမရှိ တစ်ကောက်ကြွက်။ အသက် ၅၀ ခန့်ရှိပြီး သန်မာပြီး လျင်မြန်ဖြတ်လတ်တုန်း။ အသားမည်းမည်း၊ အရပ်မြင့်မြင့် အညာသား တစ်ယောက်ဖြစ်ပြီး အလုပ်ကြိုးစား၍ လုံခြုံရေး စိတ်ချရသူလည်း ဖြစ်သည်။

ဘုန်းခန့် အိမ်ရှေ့တံခါးမကြီးရှေ့ ရောက်တော့ တံခါးပိတ်ထားသဖြင့် စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားသည်။ ခြံစောင့် ဦးဘတိုးလည်မတွေ့၊ ချစ်ဖူးက ဈေးသွား ဝယ်ခိုင်းနေလို့လား။ တံခါးရှေ့ ရောက်၍ တံခါးခေါက်ပြီး ချစ်ဖူးကို လှမ်းခေါ်မည်ပြုစဉ်

” ဟင်း ဟင်း ဟင်း”

ညည်းသံ သဲ့သဲ့ကြောင့် ဘုန်းခန့် လက်တွေ တုန့်ခနဲ့ ရပ်သွားလေသည်။ ဟမ် ဘာသံလဲဟ။ သူကြားသော ညည်းသံ သဲ့သဲ့ကို သေသေချာချာ သဲသဲကွဲကွဲ မကြားရသောကြောင့် တံခါး မခေါက်တော့ပဲ တံခါးနားကပ်ပြီး သေချာ နားထောင်လိုက်လေသည်။ အသံက ဧည့်ခန်းမှလာသော အသံဖြစ်သည်။

“ဟင်း ဟင်း အား အိုး ကောင်းလိုက်တာ”

ဟင် ဒါချစ်ဖူး အသံပဲ။ ဘုန်းခန့်တစ်ယောက် ချစ်ဖူး ဘာတွေ လုပ်နေတာလဲဆိုတာ သိချင်စိတ် ပြင်းပြ လာသောကြောင့် မှန်ပြတင်းပေါက်မှ တဆင့် ဧည့်ခန်းသို့ ချောင်းကြည့်လိုက်လေသည်။

“ဟင် ချစ်ဖူး”

Scroll to Top