ကျွန်တော် ၁၀ တန်းအောင်တော့ သန်လျင် GTC မှာ civil တက်ခွင့်ရပါတယ်…။ အထင်တော့မကြီးလိုက်နဲ့နော် လိုက်လို့ရတာဗျ… မိဘတွေကျေးဇူးလေ…။ သူတို့ကတော့ သူတို့သားလေးကို အင်ဂျင်နီယာ ဖြစ်ပါစေတော့ဆိုတဲ့ စိတ်နဲ့ ပိုက်ပိုက်တွေ အကုန်ခံတာပေါ့…။ ဒါပေမဲ့ ကျတော်က ဘိလပ်မြေနဲ့ ရွှံ့တောင် သေသေချာချာ ခွဲတက်တဲ့ကောင် မဟုတ်ဘူး…။ စိတ်တော့ သိပ်မညစ်ပါဘူး ဘာလို့လဲဆိုတော့သေသေချာချာ ဝါသနာပါတဲ့ဟာမှ မရှိတာ…။ တက်ဆိုတော့လည်း တက်ရတာပေါ့။ အခုလောလောဆယ်တော့ ၁၀ တန်းပြီးလို့ ကဲခဲ့တဲ့ အရှိန်တွေတောင် မပျယ်သေးဘူး…။
ကဲ … ဘာလိုလိုနဲ့ ကျောင်းစတက်ရမည့်နေ့ ရောက်လာရော…။ ကျောင်းကိုတော့ ၁ ခါ ၂ ခါ ရောက်ဖူးပါတယ်…။ ခတ်ဆုတ်ဆုတ်နဲ့ မြို့သစ်တွေက မူလတန်းကျောင်းသာသာပဲ ရှိတယ်ဗျ…။ ဒါနဲ့များ GTC တဲ့ …။ ထားပါ… ဒီနေ့ကျောင်းစတက်ရမယ်ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ် …။ လူပြောများတဲ့ တက္ကသိုလ်ဆိုတာ ဘာကြီးပါလိမ့်ပေါ့ …။
ဒီလိုပဲ စဉ်းစားရင်း စဉ်းစားရင်းနဲ့ လျှောက်လာလိုက်တာ လမ်းထိပ် ကျောင်းကားစီးရမဲ့ နေရာကိုတောင် ဘယ်လိုရောက်လာမှန်း မသိလိုက်ဘူး…။ ဝရိယဇွတ်ကောင်းပြီး နည်းနည်းစောနေသေးတော့ တစ်ကောင်တည်း ငေါင်စဉ်းစဉ်းနဲ့ဗျာ …။
အဲ … ခဏကြာတော့ မမကြီးနှစ်ယောက် ရောက်လာပါလေရော …။ ကျတော် ဒီမှာနေတာ ဒီလောက်ကြာပြီ သူတို့ကို တစ်ခါမှ မတွေ့ဖူးဘူးဗျ…။ အဲ့နှစ်ယောက်ထဲမှာ တစ်ယောက်က နည်းနည်းလန်းသလားလို့ …။ အမျိုးသားတို့ ကြည့်ရှုလေ့လာအပ်တဲ့ နေရာတွေကို ရှုစားရင်းနဲ့ပေါ့ဗျာ…။
တွေးနေ ငန်းနေလိုက်တာ ဘယ်လောက်ကြာသွားလဲတော့ မသိဘူး… ကျောင်းကားလာလို့ သူတို့တက်ပြီးမှ ကျတော် ကျောင်းကား စောင့်နေပါလားဆိုတာ သတိရလို့ ကမန်းကတန်း ပြေးတက်လိုက်ရသေးတယ်…။ ကံဆိုးတာလား ကံကောင်းတာပဲလားတော့ မသိဘူး… ကျောင်းကားပေါ်မှာ ထိုင်စရာဆိုလို့ ကောင်မလေးတစ်ယောက်ရဲ့ ဘေးထိုင်ခုံပဲ ရှိတယ်။ ဝင်ထိုင်ပြန်ရင်လည်း မကောင်း၊ မထိုင်ပြန်ရင်လည်း ညောင်းမှာ။ မထူးပါဘူးဗျာ ဝင်ထိုင်တာပဲ ကောင်းပါတယ်…။
အားပါးပါး… ကိုယ်သင်းနံ့လား ရေမွှေးလားတော့ မသိဘူး … လူကိုမိုက်ခနဲနေအောင်ကို မွှေးတယ်ဗျာ…။ သူ့ဘက်ကိုတော့ လည့်မကြည့်ရဲသေးဘူး သတ္တိက အဲသလိုကောင်းတာ …။ ဒါပေမဲ့ နည်းနည်း ကြာလာတော့ မနေနိုင်တော့ဘူး … ဘေးကသန်လျင်တံတားကိုပဲ ကြည့်သလိုလို ဘာလိုလိုနဲ့ ခိုးကြည့်လိုက်တော့ သူကလည်း တံတားအောက်က ရေပြင်ကို တခါမှ မမြင်ဘူးတဲ့ပုံနဲ့ ကြည့်နေတယ်ဗျ…။ ဘေးတစောင်းလေး လှည့်နေတဲ့ မျက်နှာလေးက တော်တော်လှတယ်ဗျာ …။ ပါးပြင်ဖြူဖြူလေးနဲ့ ဆံပင်နက်နက်လေး ကြားထဲက နားရွက်လေးဆို မြင်လိုက်တာနဲ့ကို ရင်ထဲမှာ ခါကနဲ ဖြစ်သွားတယ်ဗျာ …။ မြင်မြင်ချင်း ကြွေတယ်ဆိုတာ ဒါမျိုးကို ခေါ်တာလား မသိဘူး…။ ပိုးစိုးပက်စက်ကို ကြွေသွားတာ …။
တံတားလည်းဆုံးရော သူက ဖျက်ကနဲ ဒီဘက်လည့်လာလို့ အကြည့်ချင်း တစ်ချက် ဆုံသွားသေးတယ်…။ ကျတော် နည်းနည်းတော့ ရှက်သွားတယ် .. ငန်းတာ လူမိသွားလို့လေ…။ ဒါတောင် သန်လျင်တံတားကရှည်တော့ အကြာကြီး ငန်းလိုက်ရသေးတယ်…။
ကျောင်းရောက်ပြီး ရုံးခန်းနားမှာ ကိုယ့်အခန်း ဘယ်မှာရှိမှန်း သွားကြည့်တော့ ကားပေါ်က ကောင်မလေးကို တွေ့လိုက်သေးတယ်…။ သူလည်း fresher ပဲဗျ…။ အခန်းတူပါစေဗျာ … စာတော်မဲ့ရုပ်လေးပါ … civil တော့ ဖြစ်နိုင်ပါတယ်လို့ စိတ်ကူးတောင်ယဉ်လိုက်သေးတယ်…။ ရုပ်ရှင်တွေထဲကလို မဖြစ်လာဘူးဗျာ…။ IT ကတဲ့ … နောက်မှသိတာပါ…။
Civil မှာလည်း ဘယ်ကဘယ်လို မချောမလှတွေ လာစုနေမှန်းကို မသိပါဘူးဗျာ ပိန်းလိုက်တာ…။ နောက်ပိုင်း fresher welcome လုပ်တော့ ရွေးတဲ့ queen တောင် သိပ်မလန်းဘူး …။ ဒါတောင် လာကြောင်နေတဲ့ ကောင်တွေ ရှိတယ်ဗျာ … အန့်ရော…။
ကျတော်ကတော့ အားရင် IT ဘက်ပဲ သွားတယ် …။ ကျောင်းရောက်တာလည်း ကြာပြီဆိုတော့ ဘော်ဘော်တွေ ဘာတွေလည်း ရှိပြီလေ…။ အတူတူ သွား ညှောင်ကြတာပေါ့ …။ IT က စော်တွေက အလန်းတွေကြီးပဲလေ …။
ကျတော်ကတော့ ကျတော့်နားရွက်လေးကိုပဲ သွားကြည့်တာပါ…။ နာမည်တော့ သိရပြီဗျ …။ နန်းမေတဲ့ …။ ရှမ်းလူမျိုးထင်တယ် …။ လူချင်းတော့ မသိသေးဘူး… သတ္တိကလည်း ခတ်ကောင်းကောင်းဆိုတော့ …။ ကျတော် ဒီလိုဖြစ်နေတာကို ကံကြမ္မာက မနေနိုင်ဘူးထင်တယ် သူနဲ့ရင်းနီးဖို့ အခွင့်အရေး ရလာပါလေရော…။
တစ်ရက် ကျတော် ကျောင်းကားမမှီဘူး…။ မနေ့ညက champion league နှိပ်စက်တာလေ …။ ကျောင်းမတက်တော့ပဲ ရန်ကင်းဘက် သွားမယ်ဆိုပြီး တာမွေဘက်ကိုအလာ တာမွေက ကားမှတ်တိုင်မှာ ကျတော့်ရဲ့ နန်းမေကို သွားတွေ့တယ် ကျောင်းဝတ်စုံနဲ့ပဲဗျ …။ ကြည့်ရတာ သူလည်း ကျောင်းကားမမှီလို့ထင်တယ် …။ ဘယ်ရမလဲ ကျတော်လည်း ကျောင်းတက်မှာပေါ့ဗျ ဒါမျိုးဆိုတာ ရခဲတယ်လေ…။
အဲဒီ့အချိန်မှာပဲ သန်လျင်-ကျောက်တန်း ကား ရောက်လာတော့ သူအရင်ဆုံး တက်သွားတယ်။ ကျတော် ကားပေါ်ရောက်တော့ သူက ထိုင်တောင်ပြီးနေပြီ… သွက်တယ်နော်…။ ကျတော်ကတော့ မတ်တပ်ပဲပေါ့ …။ ကားထွက်တော့မှ သူကျတော့်ကိုတွေ့ပြီး တစ်ချက်ပြုံးပြတယ် …။ ဒီမောင်မင်းကြီး သားကတော့ ဝမ်းသာလုံးတွေစို့လို့ပေါ့ …။
ပြောရဦးမယ်… ကံများကောင်းချင်ရင် ဆက်တိုက်နော် …။ ကျောင်းနားရောက်ခါနီးလည်းကြရော သူတော်ကောင်းကားက ဘီးထပေါက်ရော …။ နန်းမေက စိတ်ပျက်လက်ပျက်ပုံစံနဲ့ ကားပေါ်ကဆင်းဖို့ လုပ်တာပေါ့…။ ကျောင်းနောက်ကျတော့မှာကိုး …။
သူဆင်းတော့ ကျတော်လည်း ဆင်းတာပေါ့ …။ အောက်လည်းရောက်ရော နန်းမေက ကျတော့်ကို စကားစပြောတယ် …။ (အမှန်ဆို ကျတော်က စရမှာပါ … သတ္တိက ကောင်းတယ်ဆိုတော့)
“ဟဲ့ … နင်လည်း လမ်းလျှောက်မှာလား”
တဲ့…။ ရုတ်တရက်ဆိုတော့ ကြောင်သွားတယ် …။ ပြီးမှ ကမန်းကတန်း…
“အေး … ကျောင်းနောက်ကျတော့မယ်လေ”
လို့ ထစ်ထစ်ငေါ့ငေါ့ ဖြေလိုက်ရသေးတယ်…။ ဒီလိုနဲ့ အတူတူသွားတော့ ကျတော်က မသိသလိုလို ဘာလိုလိုနဲ့ ရောတာပေါ့…။
“နင်က ဘယ်မေဂျာကလဲ“
”IT က .. နင်ရော”
“ငါက civil က”
“ဆရာကြီးပဲ…”
“မဟုတ်ပါဘူးဟာ … လိုက်ထားတာ“
“သြော်…”
ဒီလိုနဲ့ စကားစ ပြတ်သွားသေးတယ်…။ ပြီးမှ သူက
“ကျောင်းစတက်တဲ့နေ့က ငါ့ဘေးမှာ လာထိုင်တာ နင်မှတ်လား”
“အေး… နင်မှတ်မိသားပဲ”
“မှတ်မိတာပေါ့ နင့်ရုပ်က မှတ်မိလွယ်တာကိုး”
“ဘာလို့လဲ”
“အဲလောက်ပိန်ပြီး အရပ်အရမ်းရှည်နေတဲ့ကြားထဲ မျက်မှန်က တပ်လိုက်သေးတယ်လေ”
ကောင်းရော…. အဲလိုနဲ့ ကျတော်တို့နစ်ယောက် သူငယ်ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ…။ Canteen အတူထိုင်ဖြစ် ဟိုဟိုဒီဒီ အတူသွားဖြစ်ပေါ့ …။ အထင်တွေကြီးနေဦးမယ်… နှစ်ယောက်တည်းမဟုတ်ပါဘူးဗျ…။ သူဘော်ဘော်တွေ ကျတော့ဘော်ဘော်တွေလည်း ပါပါတယ်…။ ကျတော် သူ့ကို ကြွေနေတာ သူလည်းသိပါတယ်…။ တစ်ခါတလေ ကျတော်က ရုပ်ပျက်ဆင်းပျက် ငန်းမိတာကိုး…။ ကျတော်ဆိုတဲ့ကောင်က သတ္တိကလည်း ခတ်နည်း နည်း ဆိုတော့ မပြောဖြစ်သေးပါဘူး…။
ဒီလိုနဲ့ တစ်ရက်ကျတော့ သူနဲ့တွဲနေတဲ့ သူငယ်ချင်း နှစ်ယောက်လုံး ကျောင်းမလာဘူး…။ ကျတော့်ဘော်တာကလည်း အလိုက်တသိ ရှောင်ပေးပါတယ် …။ Canteen က ထိုင်နေကြဆိုင်လေးမှာ နှစ်ယောက်တည်း ပထမဆုံးထိုင်ဖူးတော့ သူတော့မပြောတက်ဘူး …။ ကျတော်ကတော့ ရင်တွေခုန်လိုက်တာဗျာ…။ ဆိုင်ကလည်း ဒီနေ့မှ လူတအား ရှင်းနေတယ်…။ ရာသီဥတုကတော့ ကျတော့်ဘက်ကချည်းပဲ…။ ဒါပေမဲ့ တော်တော်ကြာတဲ့အထိ သူရော ကျတော်ရော စကားမပြောဖြစ်ကြဘူး …။ ခါတိုင်းပြောနေကြ စကားလုံးတွေတောင် ဒီနေ့မှ ဘာလို့ ပါးစပ်က ထွက်မလာလည်း မသိပါဘူးဗျာ…။ နောက်တော့ သူကပဲစပြီး
“ဒီနေ့ ဟိုကောင်နှစ်ကောင် မလာတော့ class တက်ရမှာ စိတ်တောင်မပါဘူး“
“မတက်ချင်ရင် မတက်နဲ့လေ”
“မတက်တော့ရော ဘာလုပ်စရာရှိလို့လဲ”
“ငါနဲ့ စကားထိုင်ပြောပေါ့”
“အမလေး နင်က အခုတောင် စကားမပြောပဲ coffee ခွက်ကို ထိုင်ကြည့်နေလို့ ငါ့မှာ ပျင်းနေတာ”
“ငါက စဉ်းစားနေတာ“
“ဘာတွေများ သည်းကြီးမည်းကြီး စဉ်းစားနေရတာတုန်း“
“နင် ဒီနေ့ class မတက်ဘူး မဟုတ်လား”
“ငါမေးတာနဲ့ ဘာဆိုင်လို့လဲ“
“ပြောပါဟာ နင် class လစ်မယ်မှတ်လား”
“အေး လစ်မယ်ဟာ“
“ငါက နင့်ကိုပြောဖို့ စကားတွေစီနေတာ”
“အန်မယ်… စကားပဲ ဒီအတိုင်း ပြောလဲရတာပဲကို”
“ငါက လေးလေးနက်နက် ပြောမလို့ဟ…”
ကျတော် အဲ့လိုပြောလိုက်တော့ သူနည်းနည်း ရိပ်မိသွားပြီး မျက်နှာလေး ရဲကနဲ ဖြစ်သွားတယ်…။ ကျတော်က ဆက်ပြီးတော့
“ငါ ပြောချင်နေတာကြာပြီ… ၂ ယောက်တည်း တစ်ခါမှမတွေ့ဖြစ်လို့”
လို့ ပြောလိုက်တော့ သူခေါင်းလေးငုံ့ထားတယ်လေ…။
“နန်း … နင်ငါ့ကို ခဏမော့ကြည့်ပါဦး”
သူမော့အကြည့် မျက်လုံးချင်းအဆုံမှာ ခုံပေါ်မှာ တင်ထားတဲ့ သူ့လက်ကလေးကိုကိုင်ပြီး
“နန်းရယ် ငါနင့်ကို အရမ်းချစ်တာပဲ”
လို့ တိုးတိုးလေး ပြောလိုက်တော့
“…..”
သူကျတော့်ကို အကြာကြီး စိုက်ကြည့်နေတယ်…။ ပြီးမှ …
“နင်မညာပါဘူး”
“ဘာ … ဘယ်လို“
“နင့်မျက်လုံးတွေကို ငါဖတ်ကြည့်သလောက် နင်မညာပါဘူး”
“ငါ နင့်ကို တကယ်ချစ်တာပါ နန်းရယ်…။ နင်နဲ့ငါ ပထမဆုံးတွေ့တဲ့ ကျောင်းကားပေါ်မှာကတည်းက နင့်ကို အရမ်းချစ်သွားတာပါ”
ဒီအချိန်ထိ ကျတော်ကိုင်ထားတဲ့ သူ့လက်ကို မရုန်းသေးပါဘူး…။
“နင်ငါ့အပေါ် ဘယ်လိုသဘောထားလဲ ဟင်“
“ငါအခုပြောရမှာလား”
“နင့်သဘောပါ… အခုပြောတော့ ပိုကောင်းတာပေါ့”
“အခုပြောလိုက်ရင်… ငါအရမ်းလွယ်တယ်လို့ နင်ထင်သွားမှာပေါ့”
အဲလိုနဲ့ ကျတော်တို့ ချစ်သူတွေ ဖြစ်သွားကြတော့တယ်…။ နန်းက ကျွန်တော့ကို အရမ်းချစ်တာပဲဗျ…။ ချစ်သူဖြစ်ပြီးမှ ကျတော့်ကို တအားဂရုစိုက်လာတယ်…။ ထမင်းချိုင့်ဆို နှစ်ယောက်စာ အမြဲထည့်လာတယ် …။ ကျတော်နဲ့ ပတ်သက်ပြီးတော့ လူတွေကို သိပ်ဂရုမစိုက်ဘူး …။ လူတွေ တအားများတဲ့ ဆိုင်ထဲမှာ ကျတော့်ကို ခွံ့ကျွေးချင်ကျွေးတာပဲဗျ…။ ကျတော်ကတောင် နည်းနည်း မျက်နှာပူသေးတယ်…။
ကျတော်တို့ နှစ်ယောက်က ရည်းစားဖြစ်တာ ၂ ပတ်ရှိတော့မယ် ..။ အခုထိ အပြင်မှာ ချိန်းပြီး မတွေ့ရသေးဘူး…။
တစ်ရက်ကျတော့ ကျောင်းလစ်ပြီး ကန်တော်ကြီးထဲကို သွားကြတယ်…။ နန်း လက်ကလေးတွေကိုကိုင်ပြီး ကန်ရေပြင်ကိုကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှကို မလဲနိုင်ပါဘူးဗျာ…။ ထိုင်နေရင်းနဲ့ နန်းရဲ့ ပခုံးလေးပေါ်ကို လက်ကလေး တင်လိုက်တော့ နန်းရဲ့ ခေါင်းလေးက ကျတော့်ပခုံးပေါ် ရောက်လာတယ်…။ အမျိုးသမီးဆိုလို့ တစ်ယောက်နဲ့မှ အခုလို မနေဘူးတော့ ကျတော့်အတွက် အထိတွေ့တိုင်းဟာ အရမ်းနူးညံ့နေတယ်…။ ရင်တွေခုန်လိုက်တာဗျာ…။ ပြီးတော့ နန်းရဲ့ ဆံပင်လေးတွေဆီက အနံ့တစ်မျိုးရတယ်…။ ကျတော် မနေနိုင်တော့ဘူး…။
“နန်း … နန်းဆံပင်လေးတွေကို ကိုအရမ်း နမ်းချင်တာပဲ”
လို့ ပြောလိုက်တော့
“ကိုရယ်…”
ဆိုပြီး ခေါင်းလေးငုံ့ပေးတဲ့ နန်းကို ကျတော်ချစ်လိုက်တာဗျာ…။ ဆံပင်လေးတွေရဲ့ အထိအတွေ့တွေကြားမှာ ကျတော့်နှုတ်ခမ်းတွေ မရုန်းနိုင်တော့ဘူး…။ တော်တော်လေးကြာတော့ နန်းက
“ကို…. ဘာလို့ အဲလောက်အကြာကြီး နန်းဆံပင်တွေကို နမ်းနေတာလဲ”
“ထူးဆန်းတဲ့ အနံ့လေးတစ်ခုရလို့ နမ်းရဲ့”
“တကယ်…”
“ဟုတ်တယ်… အဲ့ဒီအနံ့လေးကို ကိုတအား စွဲသွားပြီ”
“ဒါဆို နန်းဆံပင်တွေကို အမြဲနမ်းတော့မှာပေါ့“
“ဘာလဲ… နန်းက မကြိုက်လို့လား“
“မဟုတ်ပါဘူး… နန်း နေ့တိုင်း ခေါင်းလျှော်လာရအောင် မေးတာပါ“
“နေ့တိုင်းတော့ မလျှော်ပါနဲ့ နန်းရယ်… ကို့ချစ်သူလေး ဖျားနေပါဦးမယ်”
“ကိုက နန်းကို ဂရုစိုက်သားပဲ“
“သြော် နန်းရယ်… ကိုနန်းကို အဲ့လောက်ချစ်တဲ့ဟာ”
ပြောရင်းနဲ့ ကျတော် သူ့ကို တင်းတင်းလေး ဖက်လိုက်မိတော့… ကျတော့်ရဲ့ ညာဘက်လက်က အရမ်းကိုနူးညံ့တဲ့ အထိအတွေ့တစ်ခုကို သွားထိမိတယ်…။ ကျတော်ဘဝမှာ အဲ့လောက်နူးညံ့တဲ့ အထိအတွေ့မျိုး တစ်ခါမှမခံစားရဘူး…။ နန်းလည်း သတိထားမိသွားပြီး လူချင်းခွာလိုက်တယ်…။
“နန်း …“
“….”
“ကိုတို့ ရုပ်ရှင်သွားကြည့်ရအောင်…”
“ဘာကားမို့လို့လဲ”
“မသိဘူး…”
“ဟင်… မသိပဲနဲ့များ…”
“နောက်တာပါ နန်းရဲ့… နေပြည်တော်ရုံမှာ Nicolas Cage ကားသစ်တင်နေတယ်”
“ဟုတ်လား … နန်းလည်း Nicolas Cage ကို အရမ်းကြိုက်တယ်”
“ကို့ထက် ပိုကြိုက်တာလား”
“အာ… ကိုကလဲ… ကို့ထက် ပိုကြိုက်စရာလား”
“နောက်တာပါ… အခုသွားမယ်လေ .. ဒါမှနေ့လည်ပွဲ မှီမှာ”
အဲလိုနဲ့ နေပြည်တော်ရုံလည်းရောက်ရော ကျတော်က ၂ ယောက်တွဲခုံ ဝယ်လိုက်တော့… နန်းက ဘာမှတော့ မပြောပါဘူး… တစ်ချက်တော့ ကြည့်လိုက်တယ်…။ ဒါနဲ့ပဲ မုန့်တွေဘာတွေဝယ်ပြီး အထဲရောက်တော့ ရုံထဲမှာ လူတော်တော်ရှင်းတယ်ဗျ…။ ၂ ယောက်တွဲ ခုံတွေမှာဆို လူကိုသိပ်မရှိဘူး …။
အဲလိုနဲ့ ရုပ်ရှင်စတော့ နန်းက ကျတော့်ပခုံးကို မှီပြီး ကြည့်နေတယ်…။ ကျတော့်အတွက် ဒုက္ခက စရောက်တာပဲ…။ နန်းရဲ့ အနံ့လေးတွေက ကျတော့်ကို နှိပ်စက်နေပြီလေ…။
“နန်း … ”
ခေါင်းလေးမော့လာပြီး…
“ပြောလေ ကို”
တော်တော်ကြာ စိုက်ကြည့်နေလိုက်ပြီးမှ
“ကိုလေ နန်းရဲ့ နားရွက်ကလေးကို ဟိုးတစ်ခါ ကျောင်းကားပေါ်မှာ စတွေ့ကတည်းက တအားနမ်းချင်နေတာ…. အခု ကို နမ်းပါရစေနော်”
သူနည်းနည်း တွေဝေသွားတယ်…။ ခဏကြာတော့မှ… နားရွက်ပေါ်မှာ ဖုံးနေတဲ့ သူ့ရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးတယ်…။ ပြောမဲ့သာပြောတာ ကျတော်က တစ်ခါမှ နမ်းဘူးတာ မဟုတ်ဘူး…။ ဒါပေမဲ့ နန်းရဲ့ နားရွက်လေးတွေက ပိတ်ကားပေါ်ကလာတဲ့ အလင်းရောင်ပေါ်မှာ အရမ်းကို လှနေတော့ ကျတော့်ရဲ့ နှုတ်ခမ်းလေးနဲ့ နားရွက်အောက်ခြေလေးကို ဖိနမ်းလိုက်မိတယ်…။ အရမ်းဆန်းသစ်တဲ့ အထိအတွေ့တွေကြားမှာ သူရော ကျတော်ရော နစ်မျောသွားတယ်…။
နန်းရဲ့ အသက်ရှူသံ ပြင်းပြင်းလေးကို ကြားလိုက်တဲ့အချိန်မှာ ကျတော့်စိတ်တွေ ဘယ်လိုမှ ထိန်းလို့ မရတော့ဘူး…။ နန်းမျက်နှာလေးကို ဆွဲလှည့်လိုက်ပြီး ကျတော် အင်မတန် ရင်ခုန်ခဲ့ရတဲ့ နန်းရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်မိတယ်…။ မထင်မှတ်ထားတဲ့ နန်းဆီက လိုက်လျောတဲ့ တုန့်ပြန်မှုတွေက ကျတော့်ကို ပိုပြီး ရဲတင်းသွားစေတော့တာပဲ…။ နန်းရဲ့ နှုတ်ခမ်းနှစ်လွှာဟာ ဒီလောက်ချိုမှန်းလည်း ကျတော် အခုမှပဲ သိတယ်ဗျာ…။
ကျတော့်ရဲ့ လက်တွေကလည်း နန်းရဲ့ ကျောပြင်လေးကို ညင်ညင်သာသာလေး ပွတ်သပ်ပေးနေမိတယ်…။ ကျတော်သိလာတာက နန်းရဲ့ အသက်ရှူသံတွေ ပိုပိုမြန်လာသလိုပဲ…။ ကျတော့်ရဲ့ လျှာလေးကို နန်းရဲ့ နှုတ်ခမ်းနှစ်လွှာကြားထဲ သွင်းလိုက်ချိန်မှာတော့ နန်းဆီက အသံလေးတစ်သံ တိုးတိုးလေး ထွက်လာတယ်…။ ကျတော့်လက်တွေ အငြိမ်နေလို့ မရတော့ဘူး …။
ကျတော့်လက်တစ်ဖက်ကို နန်းရဲ့ ညာဘက်နို့အုံလေးပေါ်မှာ တင်လိုက်တော့ နန်းဆီက တုန့်ပြန်တဲ့ အနမ်းတွေ ခဏရပ်သွားပြီး ကျတော့်လက်ကို လာကိုင်တယ်…။ ကျတော်က ခပ်ပြင်းပြင်းလေးလည်း နမ်းလိုက်ရော နမ်းရဲ့လက်တွေ ကွာကျသွားပြီး ကျတော့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားပါလေရော…။ ဒါနဲ့ပဲ ကျတော်လည်း နန်းရဲ့ နို့အုံလေးကို ခပ်ဖြေးဖြေး ပွတ်သပ်ပေးလိုက်တော့ နန်းက