“နင်ကြိုက်သလို လုပ်ပါကွာ… ငါ့ကို အသုံးပြုလို့… မိုက်မဲစွာ မီးတောက်ထဲ… ခုန်ဆင်းစွာ စတေးလိုက်တော့မယ်”
ငြိမ်သက်နေသော iphone လေးထံမှ စည်သူလွင်ရဲ့ အပြင်းစားသီချင်းသံ ပေါ်ထွက်လာလျှင် အကြင်နာက display ပေါ် ငုံ့ကြည့်လိုက်ကာ နှုတ်ခမ်းတစ်ချက် စုတ်သပ်လိုက်မိပြီးနောက် ဘေးမှာ စာဖတ်နေသော ဂင်္ဂါကို လက်လှန်းတို့လိုက်သည်။ ဂင်္ဂါက ဘာလဲဟူသော အကြည့်မျိုးဖြင့် မေးဆတ်ပြလျှင်
“ဒီဇယားကို ရှင်းပေးစမ်းပါဦးဟာ …. နင်ဖြတ်မှ ပြတ်မှာမို့ပါ”
“အခုမှ လာပြီး ရှင်းပေးပါ လုပ်မနေနဲ့… ကိုယ့်ဟာကိုယ်ပြော… ဒီဇယားစတုန်းက ငါပါခဲ့လို့လား”
“ဪ ဂါဂါကလည်းဟာ… နင်မပါပေမယ့် သိတော့သိနေတာပဲမလားလို့… လုပ်ပါဟာ… ခပ်ကြမ်းကြမ်းလေး ပွဲသိမ်းလိုက်စမ်းပါ…”
“လူမိုက်လုပ်ရမယ့် အခန်းဆို ငါ့ကိုခိုင်းပြီ… ကြင်နာစုတ်”
ဂင်္ဂါ မျက်စောင်းတစ်ချက်ထိုးရင်း ဖုန်းကို ကောက်ယူကာ နားထောင်လိုက်သည်။ မရှင်းပေးလို့လည်း ရမည့်ပုံ မပေါ်ပါ။
“ဟယ်လို”
“ကြင်နာလား”
“မဟုတ်ဘူး… ကြင်နာ ရှင်နဲ့ ဖုန်းမပြောချင်လို့ ရှောင်နေတယ်”
“ရှောင်လို့ရမလား … ကိုယ်က ကြင်နာ့ချစ်သူပါ… ကိုယ် ကြင်နာနဲ့ပဲ ဖုန်းပြောချင်တယ်… ကြားလူတွေနဲ့ မပြောချင်ဘူး”
“ဒီမယ် ကိုယ့်လူ… ရှင်ဘယ်သူလဲတော့ မသိဘူး… ကြင်နာ့မှာ ရည်းစားတွေက ပေါမှပေါ… ပြီးတော့ ဖုန်းမကိုင်ချင်လို့ ရှောင်နေတယ် ဆိုရင် ရှင်သိဖို့ကောင်းပြီ… ယောင်္ကျားသိက္ခာ မထိခိုက်ချင်ရင် နောက်ဆုတ်လိုက်တော့… နောက်လည်း ဆက်မနေနဲ့တော့… ကြင်နာက ဖြတ်ပြီးသား ဇယားတစ်ခုကို ပြန်မဆက်တတ်ဘူး… ပေါက်တယ်နော်”
“တောက်”
“လာ တောက်ခေါက်မနေနဲ့… ကိုယ့်ဟာကို အဖြစ်မရှိဘဲနဲ့…”
“မင်း…. မင်း.. ဘယ်သူလဲ”
ဟိုဘက်က သကောင့်သားက ရှူးရှူးရှဲရှဲ ဒေါသထွက်လာလျှင်တော့ ဂင်္ဂါက ဟက်ခနဲ ရယ်လိုက်ရင်း
“မင်းက ကြင်နာ့ရဲ့ boyfriend လို့လည်းဆိုသေးတယ်… ငါ့ကို ဘယ်သူမှန်းမသိရင်တော့ မင်းတော်တော်ညံ့သွားပြီ”
ဟု ပြောလည်းပြော ဖုန်းလည်းချပစ်လိုက်ကာ ကြင်နာ့ဘက်သို့ ပစ်ပေးလိုက်တယ်။
“ကဲ ဒီတစ်ခါရဲ့ ကံဆိုးသူမောင်ရှင်က ဘယ်သူလဲ… ငါ့ကိုပြောပြစမ်းပါဦး ကြင်နာမ”
“ဟို ဇော်ထိန် ဆိုတဲ့ hiphop အဆိုတော်လိုလို ဘာလိုလို အကောင်ပေါ့ဟာ… ပြောတော့ဖြင့် လေတစ်လုံး မိုးတစ်လုံးနဲ့… ကြင်နာ ဖီးလ်လာအောင် လုပ်ပေးမယ်လေး ဘာလေးနဲ့… အာပလာ”
“ဘယ်လိုဖြစ်လို့လဲ… သေးသေးလေးလား”
“ဂါဂါ… နင်ကလေ… ရည်းစားမထားဖူးမှန်း သိပ်သိသာတာပဲ… မသေမခြင်း မှတ်ထား… လက်နက်ဆိုတာ ကြီးဖို့မလို၊ ဗျူဟာသိဖို့သာ လိုသည်တဲ့… သူ့ဟာကြီးက ကြီးတော့ကြီးပါရဲ့… တပ်ထွက်ကြီးဖြစ်နေတော့ ငါ့မှာ ဟတ်ကော့ကြီး ဖြစ်နေတယ်… သူနဲ့ ရည်းစားဖြစ်တဲ့ နှစ်လအတွင်းမှာ ငါမပြီးတာကြာပြီ… အဲဒီတော့…”
“အဲဒီတော့ ဘာဖြစ်လဲ”
ဂင်္ဂါ မေးခွန်းဆုံးအောင်တောင် မမေးလိုက်ရချေ။ ဂင်္ဂါ နှုတ်ခမ်းတွေကို ကြင်နာက နမ်းဖို့ ကြိုးစားလာတော့ ဂင်္ဂါ ရယ်ပြီးရှောင်လိုက်တယ်။ ဂင်္ဂါရှောင်လို့မရအောင် ကြင်နာက သူ့လက်နှစ်ဖက်နဲ့ ဂင်္ဂါ ခေါင်းကို ညှပ်ကိုင်ထားရင်း နောက်တစ်ကြိမ်ထပ်နမ်းဖို့ ကြိုးစားပြန်တော့ ဂင်္ဂါ ကြင်နာရဲ့ အနမ်းတွေကို တုံ့ပြန်မိတယ်။
ပထမတော့ ကြင်နာစိတ်ကျေနပ်အောင် တုံ့ပြန်ရာကနေ နောက်တော့လည်း ကြင်နာရဲ့ ဂင်္ဂါနှုတ်ခမ်းတွေကို မက်မက်မောမော ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်မှုအောက်မှာ စိတ်တွေ လွတ်ထွက် သွားပြီး လိုလိုလားလားနဲ့ အသက်ရှူမှားလောက် အောင်ကို ပြန်နမ်းနေမိပါသည်။ ကြင်နာ့ကိုယ်လေးကို ဂင်္ဂါ ခပ်ဖြေးဖြေးလေး တွန်းထုတ်လိုက်တော့ ကြင်နာက ကုတင်ပေါ် ပက်လက်ကလေး ဖြစ်သွားသည်။ ဂင်္ဂါ ကြင်နာ့မျက်လုံးထဲကို စူးစူးစိုက်စိုက်လေး တစ်ချက်ကြည့်ရင်း မပွင့်တပွင့်လေးဖြစ်နေတဲ့ ကြင်နာ့ရဲ့ နှုတ်ခမ်းပါး နှစ်လွှာထဲကို ဂင်္ဂါ လျှာလေးထိုးထည့်ပေးလိုက်ရင်း လျှာချင်းကစားနေလိုက်တာပေါ့။ ဂင်္ဂါ လက်တွေကို ကြင်နာ့ရဲ့ အိမ်နေရင်း ဂါဝန်အောက်က ဘရာဝတ်မထားတဲ့ ရုန်းကန်နေတဲ့ ရင်သားတွေပေါ်ကို တင်ထားလိုက်ကာ ပွတ်ချေပေးနေလိုက်သည်။ မြုပ်နေတဲ့ ကြင်နာရဲ့ ဘယ်ဘက်နို့သီးခေါင်းလေးတွေကို လက်မနဲ့ လက်ညှိုးညှပ်ပြီး ဆွဲထုတ်လိုက် ပွတ်ချေလိုက်နဲ့ ဂင်္ဂါ ညာဘက်လက်က အလုပ်ရှုပ်နေခဲ့ချိန်မှာ ကြင်နာ့ဆီက ငြီးငြူသံလေးတွေ နှုတ်ခမ်းပါးထက်ဆီက ထွက်ကျလာခဲ့ပြီ။
ကြင်နာရဲ့နှုတ်ခမ်းတွေဆီကနေ ဂင်္ဂါ အနမ်းတွေကို နို့လေးတွေဆီ ပို့လွှတ်လိုက်တော့ ကြင်နာ လူးလွန့်လာသည်။ နို့တွေကို စိတ်ပါလက်ပါစုတ်ပေးရင်း ဂင်္ဂါ လက်တွေကို ဂါဝန်အောက်က ပေါင်တံသွယ်သွယ်လေးတွေပေါ် ပြေးလွှားနေစေခဲ့သည်။ တဖြည်းဖြည်းနဲ့ အပေါ်ကို ရွရွလေးတက်လာပြီး ကြင်နာရဲ့ ညီမလေးဆီ ရောက်အောင်သွားကာ လက်ချောင်းတွေကို ခပ်သွက်သွက်ကလေး ကစားနေခဲ့သည်။
ကြင်နာ့ဂါဝန်လေးကို သွက်သွက်ကလေး ချွတ်လိုက်ပြီး ဂင်္ဂါရဲ့နှုတ်ခမ်းတွေက ဘယ်ဘက်နို့သီးခေါင်းမှ ညာဘက်နို့သီးခေါင်း တစ်လှည့်စီစုပ်ရင်း အောက်ဘက်သို့ဆင်းအလာ ရွှေကွင်းတက်ထားတဲ့ ချက်ကလေးနားအရောက်မှာတော့ လျှာလေးနဲ့တစ်ချက်ထိုးကာ လှမ်းကျီစယ်လိုက်သေးသည်။ သူမညီမလေးဆီမှ အရည်ကြည်များကတော့ အိပ်ရာခင်းအထိပါ စိုရွှဲနေပြီဖြစ်သည်။ ချက်ကို မွှေနေတဲ့ ဂင်္ဂါရဲ့လျှာဖျားလေးက သူမကို ပိုမိုဖီးလ်တက်လာစေသည် ထင်ပါသည်။ ငြီးငြူသံများက ခပ်စိတ်စိတ်နဲ့ကျယ်လောင်လာသည်။
ပေါင်လေးနှစ်ဖက်ကို ဂင်္ဂါက လက်တွေနဲ့တွန်းထုတ်လိုက်ပြီး ပေါင်အတွင်းသားလေးတွေကို ဖွဖွလေးလျက်ပေးချိန်မှာတော့ ကောင်မလေးတစ်ယောက် ဘယ်လိုမှ မနေနိုင်တော့ဘဲ ဂင်္ဂါရဲ့ခေါင်းကို သူမလက်နှစ်ဖက်နှင့် အတင်းကိုင်ထားပြီး သူမညီမလေးနှင့် ကြားလေမသွေးအောင် ကပ်ထားတော့သည်။ သူမရဲ့ စောက်စိလေးကို နှုတ်ခမ်းနှင့် ခပ်ကြမ်းကြမ်းစုပ်ယူလိုက်ပြီး လျှာဖျားလေးနှင့် ခပ်ကြမ်းကြမ်းလေး ကလိနေလိုက်တော့ ခါးလေးက ထိန်းမနိုင်သိမ်းမရ ကြွတက်လာချိန်ကာ
“အား…ဂါဂါ… အင့်… အား… ရှီး….”
လက်ကလည်း စအိုဝလေးကို ကစားပေးလိုက်ချိန်မှာတော့ ဘာမှန်းမသိသော အသံစုံမြည်တွန် တောက်တီးရင်း ကြင်နာရဲ့ စောက်ရည်တို့က လာပက်ဖြန်းကြသည်။ သူမ ပြီးသွားပြီပေါ့။ ဂင်္ဂါမော့ကြည့်လိုက်တော့ တော်တော်လေးပင်ပန်းသွားပုံရတဲ့ ကြင်နာဟာ မျက်စေ့လေးမှိတ်ရင်း အသက်ပြင်းပြင်းရှူနေသည်။ ဂင်္ဂါလည်း သူမဘေးနား ကိုယ်ကိုလှဲချရင်း ဝင်အိပ်လိုက်ပြီး မျက်စိမှိတ်ထားလိုက်သည်။ ဂင်္ဂါလည်း မောနေပြီလေ။ ခဏအကြာမှာတော့ ဂင်္ဂါရဲ့ နှုတ်ခမ်းတွေကို သူမနှုတ်ခမ်းတွေ လာဖိနမ်းနေတာ ခံစားရသည်။ တစ်ဆက်တည်းမှာပင် သူမလက်တွေက ဂင်္ဂါရဲ့ ညီမလေးဆီ တိုးဝင်လာတော့
“မလုပ်နဲ့”
ဟု တားမိသည်။
“ဂါဂါကလည်း… ငါတစ်ယောက်တည်း မတရားရာကျတယ်.. အမြဲတမ်းဒီလိုပဲ… အမှန်ဆို နင်မှ ရည်းစားမထားဘူးတော့ လုပ်တတ်မှာ မဟုတ်ဘူး… ငါကသာ ငါ့အတွက် နင့်ကို သင်ပေးပြီး လုပ်ခိုင်းသလိုကြီး ဖြစ်မနေဘူးလား… နင်လည်း ဖီးလ်မလာချင်ဘူးလား”
“ရှူး… ငါတို့နှစ်ယောက်ကြား ဒါတွေမပြောကြေး … နင်ကောင်းဖို့က အဓိကလေ… ငါ ရည်းစားမထားဘူးဆိုတာ ငါ အချစ်ကို မယုံလို့… နင်ပြန်လုပ်ပေးချင်တဲ့စိတ်ကို နားလည်ပါတယ်… ရှေးရိုးဆန်တယ်လို့ ဆိုချင်ဆိုဟာ… တစ်ချိန်ချိန်မှာ တွေ့လာနိုင်မလား မသိတဲ့ ငါ့လက်တွဲဖော်ကို အကောင်းဆုံး ပေးဆပ်ချင်လို့…”
“ပြောတော့ အချစ်ကို မယုံဘူးလည်း ပြောသေးတယ်… တစ်ချိန်ချိန်မှာ တွေ့လာနိုင်မလားမသိတဲ့ လက်တွဲဖော်တဲ့… ခစ်ခစ်”
“တော် တန် တိတ်…. ပြောနဲ့တော့…ဗိုက်ဆာပြီ… coffee circle ဒိုးရအောင်”
ဒါတောင် အဝတ်အစားလဲနေရင်းနှင့် ကြင်နာက
“ဟဲ့… နင့်ကိုလိုက်နေတဲ့ ဟိုတစ်ယောက်ကို စိတ်မဝင်စားဘူးလား… အဲဒီအဆင်လေး မိုက်တယ်နော်”
“ဘယ်တစ်ယောက်လဲ။ ငါ့ကိုလိုက်နေတာတွေလည်း နင့်ကိုလိုက်နေတာတွေလောက်နီးနီးရှိတာပဲလေ”
ဂင်္ဂါက အေးအေးဆေးဆေး ပြန်ပြောလိုက်တာ ဖြစ်သော်လည်း ကြင်နာကတော့ သဘောတကျဖြင့် လက်ခုပ်ထတီးသည်။ တကယ်လည်း ဂင်္ဂါဆီမှာ အဲဒီလောက်ပင်ရှိသည်။ သူမတို့နှစ်ယောက်ယှဉ်သွားလျှင် ဂင်္ဂါရဲ့ရုပ်ရည်က လက်တင်အမေရိကသူလိုလို မလေးရှားတရုတ်မလိုလိုဖြင့် ဗမာမဆန်သောထူးခြားသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ကြင်နာကတော့ ကိုရီးယားမင်းသမီးလေးလို ဖြူဖွေးနုဖတ်ချောမောသူဖြစ်သည်။ လှပုံလှနည်းကတော့ တစ်ယောက်နှင့်တစ်ယောက် မတူကြဘဲ ကြင်နာက သူ့အလှပုံရိပ်နှင့် လိုက်ဖက်သည့် ပြုံးချို မြမြ ညုတုတု မျက်လုံးမျိုးကို ပိုင်ဆိုင်ထားကာ ဂင်္ဂါကတော့ ခပ်တည်တည် အေးစက်စက် မျက်နှာထားမျိုး ဖြစ်သည်။ ငါးပေခြောက်လက်မရှိသော အရပ်မြင့်ကြီးနှင့် သွယ်လျလျခန္ဓာကိုယ်ပိုင်ရှင် ဂင်္ဂါသည်လည်း ဖြူနွဲ့၍ချစ်စရာကောင်းသူ ကြင်နာလိုပင် ကောင်လေးများ ဝိုင်းဝိုင်းလည်နေသော်လည်း ဘယ်သူ့သားဖြစ်ကာ ဘာကောင်ကြီးဖြစ်နေပါစေ သူမကတော့ လှည့်မကြည့်ချေ။ ဂင်္ဂါမှာ ရည်းစားမရှိပေမယ့် ယောင်္ကျားလေးမိတ်ဆွေအပေါင်းအသင်းတော့ပေါပါသည်။ သူတို့က ဘာစိတ်ညာစိတ်မရှိဘဲ တကယ့်ကို ဘော်ဒါစိတ်ဓာတ် မောင်နှမစိတ်ဓာတ်ဖြင့် ပေါင်းတာမို့ စိတ်ချမ်းသာစရာကောင်းလှသည်။
” ဇွဲမာန်ကို ပြောတာလေ။ အဲဒီဘဲ မိုက်တယ်ဆရာ”
ကြင်နာက စိတ်ပျက်သလိုနှင့် ကားသော့ကောက်ကိုင်လိုက်ကာ
“မြန်မြန်လုပ်။ ဗိုက်ဆာပြီ”
ဟု ပြောပြီး ထွက်လာခဲ့တော့သည်။
—————————————————-
🏵️အခန်း(၂)🏵️
တုမရ နှင့် ဂင်္ဂါမေ
ကန်တော်ကြီး ကန်စပ်တစ်နေရာ၌
“ကဲကွာ… အပိုတွေသိပ်မပြောချင်ဘူး… မင်းတို့မိန်းမတွေ သိပ်ဇယားရှုပ်တာပဲ… ပြတ်ပါပြီဆိုမှ အေးအေးဆေးဆေး ပြတ်ကြစမ်းပါ… ဒီတော့ ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့… မင်းလည်းသွားတော့… ငါလည်းသွားတော့မယ်”
တုမရက ပြောပြီးတာနှင့် ချက်ချင်းကားပေါ်တက် ကာ မောင်းထွက်လာခဲ့လျှင် မေမီတစ်ယောက် ဒေါသတကြီးနှင့် ခြေဆောင့်အော်ဟစ်ကာ ကျန်ခဲ့သည်။ သူသည် အဲဒီပုံစံကို နောက်ကြည့်မှန်မှ တစ်ဆင့် ကြည့်ကာ သဘောတကျရယ်မောရင်း ကားကို အရှိန်တင်ကာ မောင်းနှင်လာခဲ့သည်။
အင်း… ရည်းစားတစ်ယောက်တော့ သွားရှာပြီပေါ့…
သူသည် CD ထဲမှ သီချင်းကို လှမ်းဖွင့်လိုက်သောအခါ စိုင်းစိုင်းခမ်းလှိုင်သီဆိုနေသော သီချင်းက မြူးကြွဝမ်းနည်းစွာ ထွက်ပေါ်လာသည်။
“ပိုးသားလေကြောင်းနဲ့ အဝေးသို့ထွက်ခွာခဲ့၊ ရေမြေခြားခဲ့ပြီ ဘဝတွေလည်း… ငါလက်ပြလို့နှုတ်ဆက် ရင်မှာဆို့လာဆဲ… ကြိုးစားပြီး ထိန်းထားလည်း ယောင်္ကျားတန်မဲ့ မျက်ရည်စို့ပါတယ်…”
သီချင်းကတော့ သူ့အတွက်ခံစားလို့ တော်တော်ကောင်းသည်။ ဒါပေမယ့် မျက်ရည်စို့ရလောက်တဲ့အထိ ချစ်ရတဲ့မိန်းကလေးမျိုးတော့ တုမရ မတွေ့ဖူးသေးပေ။ သူက ကားမောင်းနေတုန်းမှာပဲ ဘော်ဒါတွေဆီက ဖုန်းဝင်လာသဖြင့် နားထောင်လိုက်လျှင်
“ပြော…ဟေ့ကောင်”
“ငါတို့ coffee circle ရွေ့မလို့… မင်းရော ဘယ်မှာလဲ… ဇယားနဲ့လား”
“On the way ပဲ ဟေ့ကောင်.. ဇယားလည်း ရှင်းခဲ့ပြီ”
“ဝိုး…. မိုက်လှချည်လား… မေလေးကို ရှင်းလိုက်ပြီပေါ့”
“ya… တွေ့မှပြောပြမယ် ဟေ့ကောင်”
“အိုကေ…အိုကေ… ဆီးယူ”
သူသည် ဖုန်းပိတ်လိုက်ပြီးသောအခါ ကားကို မြန်နှုန်းမြင့် မောင်းလာခဲ့သည်။ သူ့ကားသည် မြှားလေးတစ်စင်းလို ပြည်လမ်းမကြီးပေါ် တလှစ်လှစ်ပြေးနေသည်။ ကားများရှုပ်လာသောကြောင့် ကားအရှိန်နည်းနည်း လျှော့လိုက်စဉ် နောက်မှကားတစ်စင်းက စိတ်မရှည်သလို အချက်ပြကာ လမ်းတောင်းသည်မို့ ပွစိပွစိရေရွတ်မိသည်။ လမ်းက အကျယ်ကြီး၊ ကျော်ချင်လျှင် အလွတ်ကြီးဖြစ်သည်။
“ဟ… ဘာလဲဟ… ကျော်ချင်ရင် အလွတ်ကြီးပဲဟာကို”
တုမရက တင်းသွားကာ နောက်ကြည့်မှန်မှတစ်ဆင့် နောက်ကားကို လှမ်းရှိုးလိုက်တော့ CELICA အနီလေးပါလား…။ ကားမောင်းသူကိုတော့ မမြင်ရသောကြောင့် မိန်းကလေးလား ယောင်္ကျားလေးလား မသိသေးချေ။ ဒါပေမယ့် မိန်းကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် တုမရတို့ရာဇဝင်မှာ အလျှော့ပေးရိုးထုံးစံမရှိ။ တုမရ နှုတ်ခမ်းတွန့်ရုံပြုံးကာ လေတစ်ချက်ချွန်လိုက်ပြီး ကားကို တမင်သူ့ဘက်ပိုယူလိုက်သည်။ နောက်ကားက ဟွန်းတစ်ချက်အကျယ်ကြီး တီးကာ ကျော်တက်ဖို့ပြင်သည်။ အဟက်… နောက်ကကောင်တော့ ဒေါကီးနေပြီ။ သူကတော့ လမ်းဖယ်ပေးဖို့ လုံးဝစိတ်ကူးမရှိဟန်ဖြင့် ပိတ်ကာ မောင်းနေလိုက်တော့ နောက်ကားက စိတ်လျှော့လိုက်ပုံဖြင့် နောက်က အသာကပ် မောင်းလာသည်။
“တုမရတဲ့ကွ… ကားပြိုင်မောင်းလာတာကြာပြီ … ဟ ဟ”
သူ သဘောတကျရယ်မောရင်း လမ်းကိုပြန်အာရုံစိုက်လိုက်ချိန်မှာတော့ နောက်ကားက ဝူးခနဲကျော်တက် သွားသည်။ ဒါ သူ့ကို လူလည်လုပ်သွားတာပဲ။ သူ မကျေနပ်စိတ်ဖြင့် ထို CELICA ကောင်ကို ပြန်ကျော်တက်ရန် ကြိုးစားသည်။ မဟုတ်လို့ကတော့ သူ့ရဲ့ ရှုံးပွဲမရှိ ကားပြိုင်မောင်းလာသော ရာဇဝင်ရိုင်းစေသည်။ သို့ပေမယ့် ထို CELICA မောင်းသူကလည်း ခေသူမဟုတ်။ အရှိန်မလျှော့ဘဲ ပိုတင်ပစ်လိုက်ရုံမက သူလုပ်သွားသော ဒီဇိုင်းအတိုင်း ရှေ့မှ ပိတ်မောင်းနေသည်။ လမ်းကြောကလည်း သူသွားမည့် COFFEE CIRCLE အတိုင်း လိုက်ပိတ်မောင်းနေသည်။ နောက်ဆုံး သူဘယ်လိုမှ ကျော်တက်မရတော့။ COFFEE CIRCLE ရှေ့သို့ရောက်လျှင် CELICA က အဲဒီထဲသို့ပင် ချိုးဝင်သွားသဖြင့် သူ မျက်ခုံး တစ်ချက်ပင့်မိသည်။ အပြန်လမ်းတွင် လိုက်ပြီး ပြိုင်မောင်းဦးမည်ဟု တေးမှတ်ထားလိုက်သည်။
တုမရကားကို ထို CELICA ဘေးတွင်ပင် အမြန်ဝင်ရပ်ကာ ကားပေါ်က မဆင်းသေးဘဲ CELICA ပေါ်မှ ဆင်းလာမည့် သကောင့်သားကို စောင့်ကြည့်နေလိုက်သည်။ သူ့ရာဇဝင်ကို ရိုင်းစေသော အကောင်ရဲ့မျက်နှာကို သူမှတ်ထားရမည်။ CELICA ကားတံခါးတစ်ချက်ပွင့်လာကာ ခြေဖဝါးဖြူဖြူလေးတစ်ဖက်ဆင်းလာကာ သူ့မျက်လုံးတွေကို ဆန်တက်လိုက်မိတဲ့အခါမှာတော့
“ဝိုး U r a girl babe”
သူ ဘာရယ်မဟုတ်ဘဲ ထိုမိန်းကလေးအား စူးစူးစိုက်စိုက် ငေးကြည့်မိသွားသည်။ မိန်းကလေးသည် ကျောလယ်လောက်ရှိမည့် ဆံပင်အခွေတွေကို အပြောင်သိမ်းပြီး စုစည်းထားပုံက ရိုးရိုးရှင်းရှင်းရှိကာ မျက်နှာတွင် ဘာအပြင်အဆင်မှ မရှိသော်လည်း ပြောင်ရှင်းရှင်းနှင့် style တစ်ခုရှိတတ်သည့် တရုတ်မင်းသမီးဂေါင်လီအတိုင်းပင်။ သူ ငေးကြည့်နေစဉ်မှာပင် ကားတစ်ဖက်ခြမ်းမှ ကိုရီးယားအလန်းဇယားလေး ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ အခုခေတ် အခုကာလတွင် ထိုကဲ့သို့မယ်မဒီမျိုးသည် တုမရရင်ကို သိပ်မခုန်စေတော့ပါ။ ယခုသူ့ကို ရင်ခုန်စေသည်က ဂေါင်းလီ။ သူသည် ဘာကြောင့်မှန်းမသိ ထိုကောင်မလေးကို ကြည့်ရင်းကြည့်ရင်းနှင့် စိတ်ဝင်စားခြင်းကြီးစွာဖြစ်မိသည်။ ထိုမိန်းကလေးနှစ်ယောက်ကတော့ သူ့အား ယောင်လို့တောင် လှည့်မကြည့်ဘဲ အထဲဝင်သွားသည်။ သူသည် မေးကြောတွေကို တစ်ချက်ဆွဲကာ ကားပေါ်မှဆင်းလိုက်သည်။ ဘာပဲပြောပြော သူကတော့ သူမကို အာရုံထဲမှာ မှတ်ထားလိုက်ပြီဖြစ်သည်။ ပြင်ဆင်ခြယ်သမှုမရှိဘဲ အရိုးရှင်းဆုံးပုံစံလေးဖြင့် သူမကို သူပြန်တွေ့ချင်ပါသေးသည်။
Coffee circle ထဲရောက်သောအခါ ထိုလေဒီလေးနှစ်ယောက်ကို မတွေ့ရဘဲ သူ့ဘော်ဒါများကိုသာတွေ့ ရသည်။ ကြည့်ရတာ အပေါ်ထပ်တွင် သွားထိုင်နေသည် ထင်ပါသည်။ သူ့ဘော်ဒါတွေက မေမီနှင့် သူရှင်းလာခဲ့သော ဇယားကို တစ်ယောက်တစ်ပေါက်နှင့် ဝိုင်းမေးနေကြသဖြင့် သူ့အာရုံထဲမှ ဂေါင်လီကို ခဏမေ့သွားသည်။ သူပြန်ခါနီး ကြည့်လိုက်သောအခါ celica အနီရဲလေးမရှိတော့ပေ။ ဘယ်အချိန်ပြန်သွားကြပါလိမ့်။
—————————————
🏵️အခန်း (၃)🏵️
ဒစ္စကိုမီးရောင်စုံဆလိုက်များ ၊ DJ ရဲ့မြူးကြွတဲ့တီးလုံးများအောက်မှာ လူတွေက အပူအပင်မဲ့စွာ ကခုန်နေကြသည်။ တုမရက ပေါ့ပါးသွက်လက်စွာကခုန်နေကြသော ကောင်လေးတွေ ကောင်မလေးတွေကို တစ်ချက်ဝေ့ကြည့်ကာ
“ဇေရဲ… ဘားမှာ သွားထိုင်မယ်ကွာ”
“မကတော့ဘူးလားကွ”
“မကချင်ပါဘူးကွာ။ ပျင်းတယ်”
“မင်းရင်ဘတ်ကိုထိတဲ့ ဆော် မတွေ့သေးလို့လား”
တုမရတစ်ယောက် ဘာရယ်မဟုတ်ဘဲ Celica လေးကို တွေးလိုက်မိပြီး ပြုံးမိသည်။ ဇေရဲနှင့်တုမရ ဘားမှာထိုင်ရင်း club ထဲကမြင်ကွင်းတွေကို ရှိုးလိုက် တီးတိုးဝေဖန်လိုက်ရှိနေစဉ် တုမရဘေးတွင် အရိပ်ကလေးတစ်ခု ကျလာသောကြောင့် ကြည့်လိုက်တော့
“ဟာ… celica”
ဟုတ်ပါသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က တုမရကို ရင်ခုန်အောင် လုပ်နိုင်သော celica လေးပင်။ ဒီနေ့တော့ ဟိုနေ့က တွေ့ခဲ့ရသလို ဆံပင်အဖြောင့်အစင်းမဟုတ်ဘဲ အခွေအလိပ်တွေနှင့် ဆက်တင်ကောက်ထားပုံရသည်။ လက်တစ်ဖက်မပါသော အနက်ရောင်ကိုယ်ကျပ်ဂါဝန်နှင့် သူမက ဝိုင်ခွက်တစ်ခွက်ကိုင်ကာ ဘေးတိုက်ရပ်နေသောကြောင့် တစောင်းအနေအထားကိုသာ မြင်ရသည်။ ဘေးတိုက်မကျတကျမြင်ရသော မျက်နှာထားကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်သော မျက်နှာထားမျိုးနှင့်ဖြစ်သည်။ ခဏနေတော့ ဝိုင်ခွက်ကိုကိုင်ကာ လှည့်ထွက်သွားသော လုံးဝန်းနေသော တင်သားများ၏အလှက ရင်သပ်ရှုမောဖွယ်ကောင်းသည်ကို တုမရ ငြင်းမရနိုင်ချေ။ ဇေရဲက ပခုံးကို ပုတ်ကာ
“ဘာလဲ ငြိသွားပြီလား”