အိမ်ထောင်မပြုရသေးသော အမျိုးသား အမျိုးသမီးများ အသက်အရွယ် နှစ်ဆယ်ကျော် အစိတ်ထဲသို့ ဝင်လာကြပြီဆိုလျှင် လူပျိုကြီးအပျိုကြီးဆိုသော ဘွဲ့ကိုရလာကြသည်။ မိသားစုအသိုင်းအဝိုင်း၊ သူငယ်ချင်းအသိုင်းအဝိုင်း၊ အိမ်နီးချင်းအသိုင်းအဝိုင်းများကြားတွင် ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် အပျိုကြီး လူပျိုကြီးဖြစ်ရတာကို အပြစ်ကြီးတစ်ခုသဖွယ် စောင်းပါးရိပ်ခြေအပြောခံရသည်သာမက နောက်ပြောင်သရော်ခြင်းကိုပါ ခံကြရတော့သည်။
လူပျိုကြီး အပျိုကြီးတွေဆိုတာကလည်း ဘယ်သူမှ လူပျိုကြီး အပျိုကြီးဘဝကို ခုံမင်နှစ်သက်လွန်းလို့ ဒီဘဝကို ခံယူထားကြတာမဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ကျခြင်းအဖြစ်ကို မရောက်ကြဘဲ လူပျိုကြီး အပျိုကြီးဘဝကို ရောက်ရှိလာကြခြင်းဖြစ်ပေသည်။
ထိုသို့သော အပျိုကြီး လူပျိုကြီးများသည်လည်း အပျိုကြီးလူပျိုကြီးဟူသော ဂုဏ်သတ္တိအပြည့်ဖြင့် ဒီအသက်အရွယ်ရောက်သည်အထိ အပျိုစစ်စစ်၊ လူပျိုစစ်စစ်တွေရော ဟုတ်ကြပါရဲ့လား…။ အားလုံးတော့ မဟုတ်နိုင်ကြပါ။ ကိုးဆယ့်ကိုးရာခိုင်နှုန်းကတော့ အဖြစ်ဟောင်း၊ အချစ်ကြောင်းလေးတွေဖြင့် လူမသိသူမသိ နောက်ကွယ်မှအကြောင်းလေးတွေ ရှိခဲ့ကြပါသည်။
ဒီလို အဖြစ်ဟောင်း၊ အချစ်ကြောင်းလေးတွေနဲ့ မြောက်များလှစွာသော နောက်ကွယ်မှအကြောင်းများစွာထဲမှ အလျဉ်းသင့်သော အဖြစ်အပျက်နောက်ကြောင်းလေးတစ်ခုကို ကောင်းနိုးရာရာရွေးချယ်၍ တင်ပြလိုက်ရပါသည်။
ထိုအဖြစ်အပျက်လေး သန္ဓေတည်ပေါက်ဖွားခဲ့သော အချိန်ကာလကတော့ ယခုရန်ကုန်မြို့ရှိ မင်္ဂလာစျေးကြီးမပေါ်ပေါက်သေးမီ အချိန်ကာလဖြစ်၍ နေရာကတော့ ယခုမင်္ဂလာစျေးကြီးနှင့် မနီးမဝေး လမ်းတစ်လမ်းတွင်ဖြစ်ပါသည်။
******************************
သီတာလမ်းရှိ တစ်ခုသော လေးထပ်တိုက်အဆောက်အဦးမှာ လမ်းဒေါင့်ချိုးတွင် တည်ရှိပြီး ယင်းလေးထပ်တိုက်၏ ရှေ့မျက်နှာစာနှင့် ဘေးဖက်တို့တွင် အများသူငှါ သွားလာနေသော လမ်းတို့ တည်ရှိသည်။ ထိုလေးထပ်တိုက်၏ မြေညီထပ်တွင်တော့ မုဆိုးဖိုကြီး အငြိမ်းစားတရားသူကြီး ဦးဘခင်နှင့် သမီး တင်တင်ရွှေ၊ တူမ စန်းစန်းမူတို့ နေထိုင်ကြပါသည်။
တင်တင်ရွှေမှာ အသက် (၂၇)နှစ်ထဲရောက်နေပြီဖြစ်ပြီး တစ်ကိုယ်တည်း အပျိုကြီးဘဝဖြင့် အထက်တန်းပြဆရာမ အလုပ်ကိုလုပ်ကာ ဖခင်ကြီးကို လုပ်ကျွေးသမှုပြုနေသူတစ်ယောက်ဖြစ်ပါသည်။ တင်တင်ရွှေမှာ အသားဖြူဖြူ တောင့်တောင့်ဖြောင့်ဖြောင့်နှင့် ချောမောလှပသူတစ်ဦးဖြစ်ကာ ကျောင်းဆရာမပီပီ အလွန်အိန္ဒြေရှိသော မိန်းမသားတစ်ဦးလည်းဖြစ်ပါသည်။ ဒီလိုချောမောလှပသော တင်တင်ရွှေမှာ ယခုအသက်အရွယ်အထိ ဘာကြောင့် အိမ်ထောင်မကျသေးသလဲဆိုတာကိုတော့ ပတ်ဝန်းကျင်တစ်ခုလုံးအတွက် ပဟေဠိဖြစ်နေပေသည်။
တင်တင်ရွှေ ညီမတဝမ်းကွဲ စန်းစန်းမူမှာ အသက် (၁၈)နှစ်သာ ရှိသေးပြီး နယ်မှနေ၍ တင်တင်ရွှေတို့ အိမ်တွင် လာနေကာ တက္ကသိုလ်တက်နေသူဖြစ်သည်။ စန်းစန်းမူမှာ ဒုတိယနှစ်ကိုရောက်နေပြီဖြစ်ပြီး သူမရန်ကုန်ရောက်တာလည်း နှစ်နှစ်ရှိပြီဖြစ်သည်။ စန်းစန်းမူမှာလည်း ချောမောလှပသူ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည်နှင့်အညီ အခုဆိုလျှင် ရည်းစားတစ်ယောက်တောင် ရနေပြီဖြစ်သည်။
စန်းစန်းမူ၏ ရည်းစားမှာ ‘တင့်လွင်’ ဆိုသူဖြစ်ပြီး စန်းစန်းမူနှင့် သက်တူရွယ်တူဖြစ်ကာ ဒုတိယနှစ် တက်နေသူဖြစ်ရုံမက စန်းစန်းမူတို့၏ လမ်းထဲတွင်ပင် တစ်လမ်းတည်းနေထိုင်သူဖြစ်ပေသည်။
တင့်လွင်မှာလည်း နယ်မှလာ၍ တက္ကသိုလ်တက်နေသူဖြစ်သည်။ တင့်လွင်နေသောအိမ်က ၎င်း၏ အဖိုးအဖွားများ၏ အိမ်ဖြစ်ပြီး တင့်လွင်တွင် ခင်ကျော်ဟုခေါ်သော အသက် (၂၃)နှစ်အရွယ် ဦးလေးလူပျိုတစ်ယောက်ရှိလေသည်။ ခင်ကျော်မှာ ဘွဲ့ရထားသူတစ်ယောက်ဖြစ်ပြီး အလုပ်မရှိသေးဘဲ ‘ပါတီယူနစ်’ တွင် လုပ်အားပေးနေသူ တစ်ယောက်လည်းဖြစ်ပါသည်။ အဆိုပါ တင့်လွင်၏ဦးလေး ခင်ကျော်မှာ တင်တင်ရွှေကို အစွဲကြီးစွဲ၍ အကြိုက်ကြီးကြိုက်နေသောသူတစ်ဦးဖြစ်သည်။
တစ်ခါတော့ ခင်ကျော်မှာ အရဲစွန့်ပြီး တင်တင်ရွှေ ကျောင်းသွားရာလမ်းမှစောင့်၍ တင်တင်ရွှေ့ ခြင်းတောင်းထဲသို့ ရည်းစားစာတစ်စောင်လိုက်၍ ထည့်ပေးဖူးပါသည်။ နောက်နေ့မှစ၍ တင်တင်ရွှေမှာ တစ်ယောက်တည်း ကျောင်းသို့မသွားတော့ဘဲ (၈)တန်း၊ (၉)တန်းအရွယ် ကျောင်းသူ သုံးလေးယောက်နှင့်အတူ ကျောင်းတက်ကျောင်းဆင်းလုပ်လေတော့ ခင်ကျော်မှာ မလှမ်းမကမ်း လက်ဖက်ရည်ဆိုင်မှာထိုင်၍ တင်တင်ရွှေ အလာကိုကြည့်၍ သွားရည်ကျရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ချေ။ နောက်တော့ ဒီအကြောင်းကို တူဖြစ်သူ တင့်လွင် သိသွားသည်။ တင့်လွင်သိပြီဆိုတော့ စန်းစန်းမူပါ သိသွားတော့သည်။
ထိုအခါ တင့်လွင်က ဦးလေးဖြစ်သူ ခင်ကျော်အား တင်တင်ရွှေနှင့် ကျီစယ်နောက်ပြောင်တတ်သလို စန်းစန်းမူကလည်း အစ်မဝမ်းကွဲဖြစ်သူ တင်တင်ရွှေအား ခင်ကျော်နှင့် နောက်ပြောင်ကျီစယ်တတ်လေသည်။ ဒီလိုကျီစယ်နောက်ပြောင်မှုတွေက လူပျိုကြီး ခင်ကျော်နှင့် အပျိုကြီး တင်တင်ရွှေတို့၏ စိတ်တွေကို လှုပ်ရှားစေလေသည်။ ဒါပေမယ့်လည်း ခင်ကျော်ကတော့ တင်တင်ရွှေအား လမ်းမှစောင့်ပြီးကြည့်ရုံမှလွဲ၍ ဘာမှပိုမလာခဲ့ပေ။ ကြားထဲမှ အားမလိုအားမရဖြစ်ရသည်က တင့်လွင်နှင့် စန်းစန်းမူတို့ပင်ဖြစ်သည်။
သူတို့နှစ်ယောက်ကလည်း စကားစပ်မိတိုင်း ဦးလေးဖြစ်သူနှင့် အမဝမ်းကွဲဖြစ်သူကို နီး စပ်ဖို့အရေး စိတ်ကူးတိုင်ပင်အကြံထုတ်နေကြလေသည်။ ဒီလိုဖြင့် တစ်နေ့တော့…
“ ဦးလေးရေ…ဦးလေး…ဦးလေး…”
အရေးတကြီးခေါ်၍ အိမ်ပေါ်သို့ ပြေးတက်လာသော တင့်လွင်အား ‘လမ်းစဉ်သတင်း’ စာစောင်ဖတ်နေသော ခင်ကျော်က မော့ကြည့်လိုက်သည်။
“ မင်း ဘာဖြစ်လာတာလဲ တင့်လွင်…”
“ အရေးကြီးလို့…”
“ ဘာ အရေးကြီးတာလဲ ပြော…”
“ ဟို…ဟို…ဆရာမ တင်တင်ရွှေ ယောက်ျားယူတော့မယ်တဲ့…”
“ ဟေ…”
ခင်ကျော်လက်ထဲမှ လမ်းစဉ်သတင်းစာစောင်ကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
“ မင်းဟာ ဟုတ်ရဲ့လားကွာ…”
“ ဟုတ်တယ် ဦးလေးရ…စန်းစန်းမူပြောတာ…နယ်က လူတဲ့…သူ့အဖေ သူငယ်ချင်းရဲ့ သားတဲ့…”
“ တောက်…ခက်တာပဲကွာ…”
ခင်ကျော်၏ မျက်နှာက အတော်ပင်ခံပြင်းစိတ်ပျက်သွားပုံရသည်။ ခင်ကျော်၏ မျက်လုံးတွေက ရီဝေစွာဖြင့် ပြတင်းပေါက်မှနေ၍ အဝေးသို့ အဓိပ္ပာယ်မဲ့လှမ်း၍ ကြည့်နေသည်။ တင့်လွင်မှာ ခင်ကျော်၏ မျက်နှာကို သေချာအကဲခတ်၍ကြည့်လိုက်ပြီး သူ့ မျက်နှာကို နောက်သို့လှည့်၍ ပြုံးလိုက်သည်။ ပြီးမှ ခင်ကျော့်ဘက်သို့ မျက်နှာထားတည်တည်ဖြင့် ပြန်၍လှည့်ကြည့်လိုက်သည်။
“ သူတို့ ဘယ်တော့ယူမှာတဲ့လဲ တင့်လွင်…”
“ ရှေ့အပတ်ထဲမှာ စေ့စပ်မယ်တဲ့…”
“ ဟေ…မြန်လိုက်တာ…”
“ ဦးလေးအတွက် အချိန်ရှိပါသေးတယ်…”
“ ဘာ…”
ခင်ကျော် အာမေဋိတ်သံနှင့်အတူ တင့်လွင်အား နားမလည်နိုင်သလို လှမ်း၍ကြည့်သည်။ ပြီးမှ ခင်ကျော်က တစ်စုံတစ်ခုကို စဉ်းစားမိသလိုဖြစ်သွားပြီး သူ့စကားကို ဆက်လိုက်သည်။
“ ဟုတ်တယ်…ငါ တစ်ခုခုလုပ်မှဖြစ်မယ်…”
“ ဟုတ်တယ်…ဦးလေး တစ်ခုခုလုပ်မှဖြစ်မယ်…ကျနော် ဘာကူညီရမလဲ ပြော…”
“ နေဦး…ငါ စဉ်းစားဦးမယ်…စဉ်းစားပြီးမှ ပြောမယ်…”
“ မြန်မြန်လေးနော်…အချိန်မရှိဘူး…”
“ အေးပါကွာ…ငါ သိပါတယ်…”
“ ဦးလေး အမြန်စဉ်းစားထား…ကျနော်ရော စန်းစန်းမူပါ ဦးလေးကို ကူညီမယ်…”
ပြောပြီးသည်နှင့် လှည့်ထွက်လာသော တင့်လွင်၏ မျက်နှာစပ်ဖြီးဖြီးကြီးကိုတော့ ခင်ကျော် မမြင်လိုက်ရပေ။
**************************************
ဖခင်ဖြစ်သူ ဦးဘခင်မှာ ကြာသပတေးနေ့ ညနေတိုင်း ဘုရားသို့ သွားသည်။ ည(၉)နာရီမှ ဘုရားပေါ်မှ ပြန်၍ဆင်းသည်။ အမြဲတန်း တင်တင်ရွှေ လိုက်ပို့နေကြဖြစ်သည်။ ဒီနေ့တော့ စာမေးပွဲအမှတ်တွေ ခြစ်စရာရှိ၍ တင်တင်ရွှေမှာ ဖခင်ဖြစ်သူနှင့်အတူ လိုက်ပါ၍မသွားနိုင်ဘဲ ညီမဝမ်းကွဲဖြစ်သူ စန်းစန်းမူကိုသာ အဖော်အဖြစ် ဖခင်နှင့်အတူ ထည့်လိုက်ရပေသည်။
အချိန်က ည(၇)နာရီလောက်ရှိပြီ။ ဇန်နဝါရီလမို့ အစောကြီးမိုးချုပ်သွားသဖြင့် အပြင်ဘက်တွင် မှောင်နေချေပြီ။ တင်တင်ရွှေမှာ သူမ၏အိပ်ခန်းတွင်းရှိ စားပွဲတွင်ထိုင်၍ အမှတ်များခြစ်နေရာမှ ခါးတောင့်၍ မျက်စိညောင်းလာသဖြင့် ဘေးမှ အိပ်ယာပေါ်သို့ တက်၍လှဲကာ မျက်လုံးမှိတ်၍ အသာလေးငြိမ်နေလိုက်သည်။ ခဏကြာမှပြန်၍ထကာ စာရေးစားပွဲသို့ သွားမည်အလုပ် သူမ၏အနားသို့ လူတစ်ယောက် ဗြုံးကနဲ ရောက်လာ၍ အထိတ်တလန့်ဖြင့် မော့ကြည့်မိလိုက်သည်။
ထိုသို့မော့အကြည့်မှာပင် ထိုသူက လျင်မြန်ဖြတ်လတ်စွာဖြင့် သူမ၏ပါးစပ်ကို ပိတ်ကာ ကုတင်ဘေးတွင် မတ်တပ်ရပ်လျက်အနေအထားရှိနေသော တင်တင်ရွှေကို ကုတင်ပေါ်သို့ ပွေ့တင်လိုက်သည်။ တင်တင်ရွှေကလည်း အတင်းပင်ရုန်းကန်သည်။ တင်တင်ရွှေ၏ ကိုယ်လုံးလေး ကုတင်ပေါ်သို့ ရောက်၍အသွားတွင် ထိုသူကလည်း ကုတင်ပေါ်သို့ ဒူးထောက်၍ တက်လိုက်စဉ် သူမ၏ပါးစပ်ကို ပိတ်ထားသော လက်ကလည်း လျော့သွားခိုက် တင်တင်ရွှေကလည်း အတင်းရုန်းကန်လိုက်သဖြင့် သူမ၏ပါးစပ်မှာ ထိုသူ၏ လက်တွင်းမှ လွတ်သွားသည်။
“ ဘယ်…ဘယ်လိုလုပ်တာလဲ မောင်ခင်ကျော်…မင်း တော်တော်ရိုင်းတာပဲ…”
တင်တင်ရွှေက မောဟိုက်သံဖြင့်ပြောလိုက်သည်။ ခင်ကျော်က ဘာမှပြန်မပြောဘဲ သူမ၏ ကိုယ်လုံးအိအိလေးကို ထွေးပိုက်ပွေ့ဖက်လိုက်ရင်း ပါးပြင်နှစ်ဖက်ကို ဘယ်ပြန်ညာပြန်နမ်းလိုက်သည်။
“ ချစ်လွန်းလို့ပါ မမတင်ရယ်…”
ဗလုံးဗထွေးအသံဖြင့် ခင်ကျော်၏ အသက်ရှုသံတွေက ပြင်းထန်၍နေသည်။
“ မလိုချင်ဘူး…မင်း အခုငါ့အခန်းထဲက ထွက်သွား….”
“ တကယ်ပဲ ရက်စက်တော့မှာလား မမတင်ရယ်…ကျနော့်မှာတော့ ချစ်လိုက်ရတာ ….ကျနော့်ကို ပြန်ချစ်ပါလား မမရယ်…နော်…”
“ ပြောလေကဲလေပါလား…မချစ်နိုင်ဘူး…မချစ်နိုင်ဘူး…ငါ့ကိုလွှတ်…လွှတ်ပါ…”
တင်တင်ရွှေမှာ လူးလွန့်ရုန်းကန်နေရင်း အားယူနေသလို ခင်ကျော်ကလည်း သူ၏ ကိုယ်လုံးကြီးဖြင့် တင်တင်ရွှေ၏ ကိုယ်လုံးလေးကို အတင်းဖိကာ ဖက်ထားသည်။ အမှန်တော့ ခင်ကျော်မှာ သူ့တူ တင့်လွင်၏ချစ်သူ စန်းစန်းမူက ဂျက်မထိုးဘဲစေ့ထားခဲ့သော နောက်ဖေးတံခါးမှ ဝင်လာခဲ့ခြင်းဖြစ်သည်။ ပြီးတော့ ခင်ကျော်က ကြောက်လွန်းသဖြင့် တဆတ်ဆတ်တုန်နေသော တင်တင်ရွှေ၏ နှုတ်ခမ်းပါးလေးအစုံကို သူ၏ နှုတ်ခမ်းထူထူကြီးအစုံဖြင့် အတင်းပင်ဖိကပ်ကာ စုပ်နမ်းလိုက်သည်။