စတေးဟုမ်း အချစ်

ဒီလို ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး ။ မထင်တာတွေက ဖြစ်လာခဲ့ပါတယ် ။

အမေရိကန်ပြည် အရှေ့ဖျားက မြို့ကြီးတစ်မြို့မှာ မြန်မာလူမျိုး တက်နေဝန်း နဲ့ ဇနီး ဇွန်ပန်းခိုင်တို့ နေနေကြတာ ဆယ်နှစ်မက ရှိနေပါပြီ ။ တက်နေဝန်းက အိုင်တီသမား တစ်ယောက် ဖြစ်သလို ဇွန်ပန်းခိုင်က ရုံးတစ်ရုံးမှာ စာရင်းကိုင် (အကောင့်တင့်) ဖြစ်သည် ။ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ် အေးဆေးတဲ့ ဘဝခရီး လမ်းကြောင်းထဲမှာ သူတို့ လင်မယား မျောပါနေခဲ့ကြရာက အပြောင်းအလဲတွေက ဖြစ်လာသည် ။

ပထမဆုံး တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လင်းနို့တို့ ကြွက်တို့ ခွေးတို့ ရောင်းချနေတဲ့ စျေးတန်းလေးကို သတင်းတွေမှာ တွေ့ရပြီး သာမန်လူတွေ မစားတဲ့ ထူးဆန်းတဲ့ ဟာတွေကို စားကြလို့ ကိုရိုနာဗိုင်းရက်စ်ပိုး စတင် ကူးစက်လာသည်လို့ ရေးကြသားကြတာကို ဖတ်ကြရတယ် ။ တက်နေဝန်းတို့ အတွက်က မြန်မာပြည်က လာခဲ့တဲ့ မြန်မာတွေမို့ သိပ်တော့ မဆန်းလှဘူး ။ သူတို့လည်း ပရစ်ကြော်တို့ မြွေသား ဖွတ်သား ယုန်သား လယ်ကြွက်ကြော်တွေ စားခဲ့ဘူးကြတယ်လေ ။ ခဏကြာတော့ ဝူဟန်မြို့မှာ ဇီဝ လက်နက် စမ်းသပ်တဲ့ နေရာကြီး ရှိပြီး အဲဒီကနေ ရောဂါပိုးတွေ ပေါက်ထွက် ပျံ့နှံ့လာတယ်လို့ ထပ် ကြားရပြန်တယ် ။

ကိုယ့်အလုပ်နဲ့ကိုယ်မို့ ဒီသတင်းတွေကို ဖတ်တော့ ဖတ်မိတယ် ။ အရမ်းကြီးတော့ စိတ်မဝင်စားခဲ့ ။ ဘယ်လိုဘဲ ဝူဟန်မြို့မှာ ဖြစ်နေပေမယ့် အမေရိကန်ပြည်က လူတွေက သူတို့နဲ့ မဆိုင်သလို နေလျက်ပါဘဲ ။ ဒါပေမယ့် တချို့သော ပြည်နယ် မြို့တွေမှာရထားတွေအပေါ် ဘတ်စ်ကားတွေအပေါ် တရုတ် လူမျိုးတွေနဲ့ တရုတ်နဲ့ တူသူ အာရှသားတွေ အပေါ်ကို စော်ကား ရှုံ့ချတာတွေ ရှိနေတယ် ဆိုတာလည်း သတင်းတွေ ထွက်လာပါတယ် ..။ တက်နေဝန်းတို့ နေတဲ့ ဒေသမှာတော့ ဒါတွေလည်း မဖြစ် မကြုံရဘူး ။ မတွေ့ရဘူး ။

တက်နေဝန်းရဲ့ ဇနီးချောလေး ဇွန်ပန်းခိုင် က မြန်မာပြည်ကို ဒါတွေ မဖြစ်ခင်ထဲက ထွက်သွားခဲ့လို့ တက်နေဝန်း အိမ်မှာ တစ်ယောက်ထဲ ။ ဇွန်ပန်းခိုင်ရဲ့ မိဘတွေက အသက်ကြီးကြပြီ ။ ကျန်းမာရေးက သိပ် မကောင်းကြဘူး ။ အခု မိခင်ဖြစ်သူက ဆေးရုံတက်ရတယ် ။ ဇွန်ပန်းခိုင်လည်း မြန်မာပြည်ကို မပြန်တာ ကြာပြီ ။ မိဘတွေကို လို အပ်တဲ့ ဆေးဝါးတို့ ငွေတို့ဘဲ လှမ်းပို့ပေးနေခဲ့တယ် ။

(ကိုကိုရေ…. မေမေ့ဆီကို ဇွန် သွားလိုက်တော့မယ်… ရုံးက ခွင့်ယူခဲ့ပြီးပြီ…)

လို့ ဇွန်ပန်းခိုင်က ပြောပြီး တက်နေဝန်းကို လေယာဉ်လက်မှတ် ဝယ်ခိုင်းတယ်။ တက်နေဝန်းလည်း အွန်လိုင်းမှာ ရှာဖွေပြီး ဝယ်ပေးလိုက်တယ် ။ ဇွန်ပန်းခိုင် က မသွားခင် တက်နေဝန်းကို ရန်ကုန်က သူ့ညီမလေး ငုဝါခိုင် က မနီးမဝေးက မြို့ကြီးမှာ သင်တန်း လာတက်ရမှာ… သူကတော့ ရန်ကုန်က အမေ့ဆီကို ပြေးရပြီ… ငုဝါခိုင် ရောက်လာခဲ့ရင် ကျွေးမွေး ဧည့်ခံလိုက်ပါ…. အနီးအနားကို လိုက်ပြပို့ပေးလိုက်ပါ လို့ မှာသွားတယ် ။

ဇွန်ပန်းခိုင် သွားတုန်းက အေးအေးဆေးဆေးဘဲ ။ မြန်မာပြည်မှာလည်း ဗိုင်းရပ်စ် လုံးဝကို မရှိသေးဘူး ။ သူသွားပြီး တစ်ပတ်လောက်မှာ ဇွန်ပန်းခိုင်ရဲ့ ညီမလေး ငုဝါခိုင် တက်နေဝန်းဆီကို ဖုန်းဆက်လာတယ် ။

( အစ်ကိုတက်ရေ.. ငုဝါ ရောက်နေပြီ . . သင်တန်းတွေ တက်နေတယ်… သင်တန်းပြီးရင် အစ်ကိုတက်တို့ဆီကို လာခဲ့မယ်…. မမဇွန်တော့ ရန်ကုန် ရောက် နေပြီ… မေမေက ဆေးရုံက ဆင်းပြီ… သက်သာတယ်တဲ့… ငုဝါလည်း အစ်ကိုတို့ဖက် ခဏ လာပြီးတာနဲ့ ရန်ကုန်ကို ပြန်မယ်လေ ..)

တဲ့….. ။ တက်နေဝန်းလည်း

( လာခဲ့ ငုဝါ အစ်ကို လာခေါ်ပေးမယ်… ဒီအနီးအနား မြို့တွေ အစ်ကို လိုက်ပို့ပေးမယ်…. သင်တန်းတွေ ပြီးရင် ဖုန်းဆက်လိုက်နော်…..)

လို့ ပြန်ပြောလိုက်တယ် ။ ရန်ကုန်ကနေလည်း ဇွန်ပန်းခိုင်က

( ခွင့်ယူလိုက်နော်… ကိုကို . . ညီမလေးကို ဂရုစိုက်လိုက်နော်… ကိုကို…)

လို့ တက်နေဝန်းကို ဖုန်းလှမ်းဆက်တယ် ။

တက်နေဝန်း အလုပ်ကို ဖုန်းဆက်ပြီး ခွင့်ကြို ယူလိုက်တယ် ။ ငုဝါခိုင် သင်တန်းတွေ ပြီးသွားပြီးတဲ့နောက် တက်နေဝန်းဆီကို ဖုန်းဆက်တော့ တက်နေဝန်း ငုဝါခိုင် ရောက်နေတဲ့ မြို့ကို ကားနဲ့ မောင်းသွားပြီး ခေါ်ပေးလိုက်တယ် ။

ငုဝါခိုင်နဲ့ မတွေ့တာ နှစ်တွေ ကြာခဲ့ပြီ ။ တက်နေဝန်းလည်း စိုပြေဝင်းပ လှပနေတဲ့ ခယ်မလေးကို ကြည့်ပြီး အံ့သြနေတယ် ။ သူတို့ မြန်မာပြည်က မ ထွက်လာခင်က ငုဝါခိုင်သည် ကလေးသာသာ ဆယ်ကျော်သက်လေးဘဲလေ ။ အပြန်ခရီးမှာ တလမ်းလုံး ငုဝါခိုင်ရဲ့ စကားသံလေးတွေကို နားထောင်ခဲ့ရတယ် ။ ငုဝါခိုင်က တက်နေဝန်းတို့ နေတဲ့ ရပ်ဝန်းဒေသကို စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေ သစ်တောတွေနဲ့မို့ သာယာလိုက်တာ လို့ ချီးမွမ်းလာတယ် ။ လမ်းဘေးမှာ ဒရယ်လေးတွေ ယုန်ကလေးတွေကိုလည်း တွေ့ရလို့ အရမ်း သဘောကျတယ် ။ စကား တပြောပြောနဲ့ ရောက်မှန်းမသိ ရောက်လာကြတယ် ။

( ဒါ အစ်ကိုတို့ အိမ်လေးဘဲ ငုဝါ . . .)

( ဟင် . . .)

သူတို့ အိမ်ကလေးကို ငုဝါခိုင် တွေ့တော့ …

( ဟယ်…ကိုတက်တို့ မဇွန်တို့ အိမ်လေးက လှလိုက်တာ…. သိပ် သာယာတာဘဲ… ခြံလည်း ကျယ်တယ်)

လို့ ပြောတယ် ။ အိမ်ရှေ့က ချယ်ရီပင်တွေက ဝေဝေဆာဆာ ပွင့်နေတာကို ငုဝါခိုင် သိပ်သဘောကျတယ် ။ ဆယ်လ်ဖီတွေ ဆွဲတော့တာဘဲ ။ အိမ်ပြန်ရောက်ကြပြီးတဲ့နောက် အချိန်ကို ကြည့်ပြီး ငုဝါခိုင် နဲ့ တက်နေဝန်းတို့ ရန်ကုန်က ဇွန်ပန်းခိုင် ဆီကို ဖုန်းခေါ်ကြတယ် ..။ ဇွန်ပန်းခိုင်က

( ရောက်တုန်းရောက်ခိုက် လျှောက်လည်နော် ညီမလေး….. အစ်ကိုတက်ကို အားမနာနဲ့ . . သူ့ကို စားချင်တာ လိုက်ကျွေးခိုင်း.. လိုချင်တာ ဝယ်ခိုင်း….)

လို့ သူ့ညီမ ငုဝါခိုင်ကို မှာတယ် ။ ချစ်ဇနီးလေး ဇွန်ပန်းခိုင်က မသွားခင်ထဲကလည်း သေသေချာချာ မှာထားခဲ့တယ် ။ ညီမလေးကို လိုက်ပြ လိုက်ကျွေးပါလို့ ။ အခုလည်း ရန်ကုန်ကနေ ဖုန်းနဲ့ ထပ်ပြောပြန်တယ် ။


သောက်ရင်း ထပ်မှာခိုင်းပြီး အသောက်များသွားတဲ့အတွက် တက်နေဝန်း တစ်ယောက် မျက်လုံးပြူးသွားရတယ် ။ အင်းလေ.. သူက သုံးလေးရက် လောက်ဘဲ နေမှာဘဲ… နေတဲ့ရက်တွေမှာ ပျော်ပါစေ … ငါ့တာဝန် အတိုင်း သူ့ကို လိုက်ကျွေးလိုက်ပို့မယ်…. လို့ တက်နေဝန်း စဉ်းစားလိုက်တယ် ။

ဒါပေမယ့် အိမ်လေးထဲမှာ သူနဲ့ကိုယ် နှစ်ယောက်ထဲ ဖြစ်နေတဲ့ အချိန်မှာ ခယ်မလေးရဲ့ အတိုအပြတ် အဟိုက်တွေ ဝတ်တဲ့ အကျင့်တွေကြောင့် တက်နေဝန်း တစ်ယောက် ရင်မောနေရတယ် ။ ပိုပြီး မျက်လုံးတွေ ပြူးရတာက အိမ်ပြန်ရောက်ပြီး အိမ်နေရင်း အဝတ်တွေ လဲပြီးတဲ့အချိန် ငုဝါခိုင်က ဘလောက်စ်လေးကို အတွင်းမှာ ရင်စည်း မပါဘဲ ဝတ်ပြီး ရောက်လာတာကို တွေ့လိုက်ရလို့ ။

ငုဝါခိုင်ရဲ့ ရင်သားတွေက မသေးဘူး ။ လုံးထွားပြီး သိသိသာသာကြီးတွေ ။ လမ်းလျှောက်တဲ့အခါ ဒီ ရင်သားကြီးတွေက တငြိမ့်ငြိမ့် တသိမ့်သိမ့် တုန်နေကြတယ် ။ ခက်ပြီ ။ တက်နေဝန်း စိတ်တွေ လှုပ်ရှား နေတယ် ။ ခယ်မလေးကတော့ သီချင်းဖွင့်ပြီး တလှုပ်လှုပ်နဲ့ ကနေတယ် ။ ကိုယ်က လှုပ်တော့ ရင်စိုင်တွေကပါ လှုပ်တော့တာပေါ့ ။

Scroll to Top