စိတ်ကူးမဲ့ကာမဘုံသို့

သရက်မြို့၊ ဟိုက်စကူးကျောင်းကြီးမှာ မြို့၏အနောက်မြောက်စွန်း တောင်ကုန်းကလေးတစ်ခုပေါ်တွင် တင့်တယ်စွာ သပ်ရပ်လှပမှုဖြင့် ရှိနေသည်။ မြောက်ဖက်ဘောလုံးကွင်း၊ တပ်ကွင်း၊ လွင်ပြင်များဆီမှ တိုက်ခတ်လာသော လေပြေအေးများမှာလည်း သန့်ရှင်းစင်ကြယ်သည်နှင့်အမျှ အေးလှသည်။ ထိုလေပြေအေးကို တိုက်ခတ်ခံရင်း ကျောင်းဘေးပတ်လည်၌ ပြေးကာ ခုန်ကာ ကစားနေကြသော ကလေးသူငယ် အရွယ်ပေါင်းစုံမှာလည်း ရွှင်ရွင်မြူးလျှက်၊ ပျော်မြူးနေသည်။ ကျောင်းဘေးပတ်လည်တွင် ရာသီမရွေး အပွင့်အဖူးများဖြင့် ဖြူဖြူဖွေးလျှက် ရှိနေကြသည်။

ကျောင်း၏ မြောက်ဖက်သို့ ထိုးထွက်ဆောက်လုပ်ထားသော ခန်းမဆောင်ကြီးဘေး ပတ်ဝန်းကျင်ရှိ ဇလပ်ပင်များသည် ပိုမို၍ပွင့်နေကြသည်။ အပင်တိုင်း၏အောက်တွင် ဇလပ်ပွင့်များသည် ကြွေကျလျှက် ကောက်ပန်သူများကို ငံ့လင့်လျှက် လဲလျောင်းကာ နေကြလေသည်။ ထိုခန်းမကြီး၏ အရှေ့ဖက် ကလေးများ အနည်းငယ်ရှင်းရာဘက် အုတ်လှေခါးထစ်ဘေး ဇလပ်ပင်တွင် (၁၂) နှစ်၊ (၁၃)နှစ် အရွယ် ကလေးမလေး (၅) ယောက်ကို မြင်နိုင်ပါသည်။ (၄) ယောက်မှာ အပင်များအောက်၌ ကြွေကျနေသော ဇလပ်ပွင့်များကိုကောက်ကာ ကြိုးဖြင့် သီကုံးနေကြသည်။ ထိုထဲမှ တစ်ယောက်ကတော့ အခြားကလေးများနည်းတူ အပင်အောက်၌ ကြွေကျလင့်ပြီးသော အပွင့်များကိုတော့ သတိမှမပြု၊ အဘယ်မျှလုပ်၍ မကောက်၊ ပင်မြင့်ထက်မှာရှိနေသည့် အပွင့်များကိုသာ အာရုံပြုရင်း မမှီတမှီ ခြေဖျားလေးကိုထောက်ကာ လှပေ့ချောပေ့ ဆိုသည့် ပန်းများကိုသာ ရွေးကာ ခူးဆွတ်ရင်း သီကုံးနေသည်။ အတန်ကြာလျှင် အောက်၌ ပန်းကောက်နေသူထဲမှ တစ်ယောက်စ နှစ်ယောက်စ ထလာကြကာ….

“……ပန်းကလေးတွေက သိပ်လှတာဘဲကွယ်…..။ မူတော့ အိမ်ကြရင် မမကိုပေးဖို့ တစ်ကုံးရပြီ ဆရာ…….”

“…..အို….. ကိုယ်တော့ ဆရာ မေမေ့ကို ပေးမယ်….”

“….အို….ငါတော့ ဆရာ….. ဘုရားကို ကပ်လှူပူဇော်မယ်….”

“…အမယ်….. ငါတော့….. ဘယ်သူ့ကိုမှ မပေးဘူး…။ အိမ်နားက ဒေါ်ခင်တုတ်ကို (၂) ပြားနဲ့ ရောင်းမယ်…။ ဒါမှ မုန့်ဝယ်စားရမယ်….”

(၁၂)နှစ် (၁၃)နှစ် အရွယ် ကလေးမများမှာ သူတို့လှဖို့ထက် သူတို့နှင့် ပက်သက်သည့် အကြီးများလှဖို့၊ ဘုရားတင်ဖို့၊ မုန့်ဖိုးရဖို့ သည်မျှသာ တွေးတတ်လျှက်၊ တစ်ဦးစီ ကိုယ့်ရည်ရွယ်ချက်ကို ကိုယ်ဖော်ပြနေကြသလောက် မတ်တပ်ရပ်လျှက်မှ ခူးရင်း သီကုံးနေသည့် ကလေးမလေးကတော့ သူတို့အားလုံးသို့ မျက်လုံးလေးစွေကြည့်ရင်း သူမသီကုံးပြီးထားသော ပန်းကုံးကိုလည်း လက်နှစ်ဖက်ဖြင့် ခေါင်းထက်မှာ သီကာ ဝိုက်ပန်လျှက်…….

“……ဟေ့….မလှလား….. ကြည့်… ပန်းတွေက သိပ်လှတယ်…. အောက်ကျပြီးသားလည်း မဟုတ်ဘူး….”

ထိုသို့အပြောလိုက်တွင် အားလုံးသော ကလေးမများမှာ သူမဘက်သို့ လှည့်လျှက် ကြည့်လိုက်ကြပါသည်။

“….ဟေ့…. ကြည်က သိပ်လှတာဘဲကွယ်….. နော်…”

မနာလိုဝန်တိုစိတ် အလျင်းမရှိကြသေးသော အရွယ်များဖြစ်သည့်အလျောက် ဖွင့်ဖွင့်ကားကား ဖြူသွယ်တန်းလျှက် ကလေးမလေး အလှကို ဝေကာဆင့်နေသည့် ပန်းကုံးကို ကြည့်လိုက်သည်။ ပန်းပန်သူကို ကြည့်လိုက်ဖြင့် အားလုံးသော ကလေးမလေးများမှာ သူမကိုကြည့်၍ သဘောကျနေကြသည်။ သို့သော ကလေးအရွယ် ဘာဝအလှတွင်သာ အမြဲမနစ်မြောတတ် ကစားဖို့ကလည်း ရှိပါသေးသည်။

“…..လာဟေ့…. ဟိုဖက် ကစားရုံထဲ သွားကစားရအောင်…”

သူတို့ထဲမှ တစ်ယောက်က စလိုက်ပါသည်။

“…..အေး…လာ… သွား…. ကစားမယ်……”

ထိုတစ်ယောက်ကို သုံးယောက်က မဖင့်မဆိုင်း ထောက်ခံသလောက် ကျန်တစ်ယောက်ကတော့…

“……ဟင့်အင်း….. ငါတော့ သွားမကစားချင်ဘူး…. ကောင်ကလေးတွေနဲ့….”

သူမမှာ အပျိုကလေးလိုဟန်ဖြင့် ဒီအပြောတွင် မျက်လုံးကလေး စွေလိုက်ပါသေးသည်။

“…….ဒါဖြင့်….. မူတို့ သွားကစားမယ်….။ ကြည်….. တစ်ယေက်တည်းနေရစ်နော်…”

ကစားဖို့ အဖော်စပ်တိုင်း ကောင်ကလေးတွေကို အရွယ်နှင့်မလိုက် ဂရုစိုက်လျှက် အကြောင်းပြတတ်သော မြင့်မြင့်ကြည်ကို ကျန်ကလေးမလေး (၄) ဦးမှာ မြင်ပြင်းကပ်သလိုဖြင့် တစ်ယောက်ထဲထားခဲ့လျှက် အနိမ့်ဖက်ဆီရှိ ကစားရုံဖက်သို့ ကလေးများပီပီ အပြေးကလေး လာခဲ့ကြသည်။ ကစားရုံနားရောက်မှ အပြေးရပ်လျှက်……

“…သူက ကောင်လေးတွေနဲ့လေး ဘာလေးနဲ့ ကြီးကျယ်လိုက်တာ…။ သူက သူ့ရည်းစားနဲ့မှ စကားပြောချင်နေတာ…”

“….ဟုတ်ပါရဲ့ သူက ရည်းစားနဲ့ဆရာ….”

ဟု အားလုံးက ထောက်ခံလိုက်သည်။ သူတို့အရွယ်တွင် ရည်းစားဟူသောစကား အဓိပ္ပါယ်ကို ပြည့်စုံစွာ နားမလည်သော်လည်း မိန်းကလေးတစ်ဦးနှင့် ယောကျာ်းလေးတစ်ဦး ရင်းနှီးစွာ ပေါင်းနေမှုကို တွေ့လျှင် သို့သော် ကလေးပီပီ ကစားရင်း ရင်းနှီးစွာပေါင်းသင်းမှုကိုတော့ မဟုတ်ပါ။ အရွယ်နှင့်မမျှ ဟန်ပန်များလျှက် ကလေးမဆန်သော အမှုအရာမျိုးတို့နှင့် ရောနှောနေသူကို ဆိုလျှင် ရည်းစားဟု အဓိပ္ပါယ်ကိုမသိဘဲ လူကြီးစကားတစ်ခုကို မှတ်ယူစွပ်စွဲတတ်ပါသည်။

သူတို့အားလုံး ကစားရုံထဲသို့ ဝင်စတွင် မြင့်မြင့်ကြည် ထိုင်၍ ကျန်ခဲ့ရာဖက်သို့ လှမ်းကြည့်မိလိုက်သည်။ ဟုတ်ပါသည်။ (၁၂)နှစ်အရွယ် မြင့်မြင့်ကြည်မှာ ယောကျာ်းကလေးများသော ကစားရုံထဲသို့ မလိုက်ချင်ဟုပြောပြီး နေခဲ့လျှက် သူမဘေးမှာတော့ အခု (၁၄) နှစ်အရွယ် ကောင်လေးတစ်ယောက်က ထိုင်နေပါသည်။

ထိုကောင်လေး၏ လက်ထဲတွင် ကျောင်းရှေ့ပန်းခြံအတွင်းတွင်သာ ရှိလျှက် မာလီအလစ်တွင်သာ ခိုးယူရနိုင်သော နှင်းဆီနီရဲရဲလေး တစ်ပွင့်ကို ကိုင်လျက် မြင့်မြင့်ကြည်သို့ လှမ်းပေးနေပါသည်။ ဒီပန်းကိုပင် (၁၂) နှစ်အရွယ် မြင့်မြင့်ကြည်ကတော့ မျက်နှာကလေး ငုံ့ကာ မျက်လုံးကလေးကို စွေလျှက် ကြာမူပါပါဖြင့် လှမ်းယူနေပါသည်။ ဒါကတော့ မြင့်မြင့်ကြည်တစ်ယောက် လူမမယ်ကလေးဘဝ အသက်(၁၂)နှစ်အရွယ်ကပင် ဖြစ်ပါလေတော့သည်။

………………………………………………………

ငယ်စဉ်ကပင်စ၍ အလှကြိုက်မှု အကောင်းကြိုက်မှုများဖြင့် နစ်မွန်းလျှက် မိဘအမြှောက်အစားကို ခံကာ ပျက်စီးခဲ့ရသော သူမ၏ပေါ့လျော့သော စိတ်ဓါတ်တွင် ငယ်စဉ်ကပင် ရည်းစားထားချင်သည့်စိတ်ဖြင့် ဆယ့်သုံးနှစ်ဝင်ခါစကပင် အတန်းတူ ကစားဖက် လူလှလူချော လူခန့်ကလေး မောင်မြနှင့် ချစ်ကြိုးသွယ်ခဲ့လျှက် ရည်းစားဖြစ်ခဲ့ရလေသည်။

…………………………………………………………

(တစ်)နှစ်၊(နှစ်)နှစ် ဆိုသော အချိန်ကာလသည် ကျောင်းတက် ကျောင်းဆင်းရင်းဖြင့်ပင် တစ်ရက်ပြီး တစ်ရက်၊ တစ်လပြီးတစ်လ တနှစ်ပြီးတစ်နှစ် ပြောင်းလဲ၍ လာခဲ့ရချေပြီဖြစ်၍ ယခုဆိုလျှင် မောင်မြဦးက (၁၈) နှစ်၊ မြင့်မြင့်ကြည်က (၁၆) နှစ် ကျော်ခဲ့ပေပြီ။ ဒီနှစ်ကုန်၍ စာမေးပွဲအောင်လျှင် သူတို့သည် တက္ကသိုလ်ပညာရေးကို တက်လှမ်းကြပေတော့မည်။ ငယ်ငယ်ကတည်းက ခန္ဓာကိုယ်မှာ အရွယ်နှင့်မမျှအောင် ဖွံ့ဖြိုးလာသည့်နည်းတူ သူမ၏အတွင်းစိတ်များနှင့် သွေးသားများသည်လည်း ခန္ဓာကိုယ်နှင့် လိုက်လျောညီစွာ ဖွံ့ဖြိုး၍ လာခဲ့ရပေပြီ။ ဒီမှာတင် ဖြစ်လေ့ဖြစ်ထရှိတတ်သည့် အတိုင်း ဆန္ဒတည်းဟူသော အလိုရမ္မက်သည် သူမ၏ရင်ထဲတွင် ပေါက်ဖွားတည်ရှိ၍ လာခဲ့ရပေသည်။

သူမတင်လား ဆိုတော့လည်း မဟုတ်ပါ။ မြဦးက သူမထက်ပင် အသက်တစ်နှစ်ကျော်မျှ ကြီးသူဖြစ်၍ သူလည်းပဲ မြင့်မြင့်ကြည်နည်းတူ ရင်ထဲတွင် ဆန္ဒတရားတို့သည် ကိန်းအောင်းဖြတ်တည်လျှက် ရှိနေရပေသည်။

“ ကြည်ကြည် မနေ့ညနေက ဘာလို့ မလာတာလဲ…။ ငါဖြင့် စောင့်လိုက်ရတာ…..”

“ …..ပြင်းလို့ပါ… အစ်ကိုဦးရာ…။ တနေ့ တနေ့ ဒီစကားတွေချည်း ထိုင်ထိုင်ပြီး ပြောနေရတာ…”

“….အို… ကိုယ့်ရည်းစားမျက်နှာကို ကြည့်ပြီး အတူထိုင်နေရတာဘဲ ကြည်ကြည်ရာ…။ ပျော်စရာ ကောင်းပါတယ်….”

“…ဟင့်အင်း….. ကြည်တော့ ပျင်းတယ်…..။ နောက်ဆို အစ်ကိုခေါ်ရင် မလာတော့ဘူး..”

“….ဟင်……ဒါဆို ဘယ်လိုလုပ်ရမလဲ…”

ရိုးအလှသူ မြဦးမှာ ရင်ထဲရှိသည့်အတိုင်းပင် ပြောချလိုက်သည်။ သူ၏ရင်ထဲတွင်လည်း တကယ်ပင် စိတ်ညစ်ညူး၍ ကြံရာမရ ဖြစ်၍သွားရသည်။

“…..အစ်ကိုကလည်း သူများ သမီးရည်းစားတွေဆို သိပ်ပျော်ဖို့ကောင်းတာဘဲဟာ ..။ ကြည် သွားတော့မယ်….”

မြဦးကို ကျောခိုင်းပြီးမှ အသံကို နှိမ့်၍ပြောကာ သူ့မျက်နှာကိုမှ လှည့်၍မကြည့်တော့ဘဲ မြင့်မြင့်ကြည်မှာ လွယ်အိတ်ကလေး တရမ်းရမ်းဖြင့် ထွက်ခွာသွားလေပြီ ဖြစ်သည်။

“…..သူများ သမီးရည်းစားတွေဆို သိပ်ပျော်ဖို့ကောင်းတာဘဲ ဟာ “

ဆိုသော မြင့်မြင့်ကြည်၏ စကားလေးသည် မြဦး၏ နားထဲတွင် ပဲ့တင်တွေထပ်၍ ကြားယောင်နေရလေသည်။ ရိုးအလှသော မြဦးကတော့ သူများ သမီးရည်းစားတွေသည် သူနှင့် မြင့်မြင့်ကြည်တို့ကဲ့သို့ပင် ရှိလိမ့်မည်ဟု သူက တွေးထင်ထားခဲ့သည်။ မြင့်မြင့်ကြည်၏ စကားကို မကြားဖူးစဉ်ကတော့ သူ၏စိတ်ထဲတွင် အများတကာ အတွဲတွေလို ဘာမှ ဆန်းပြားစွာရှိလိမ့်မည်ဟု မထင်ခဲ့။ အခုတော့ သူမသိသော အချက်ကို မြင့်မြင့်ကြည်က ထောက်၍ ပြသွားခဲ့ပေပြီ။

“..ဘာတွေများ ထူးခြားလို့ပါလိမ့်”

ဟူသော ဆန်းစစ်မှု အတွေးတွေက မြဦး၏ခေါင်းထဲသို့ ဝင်၍လာခဲ့ရသည်။ ဒါဆိုရင် သူများသမီးရည်းစားတွေသည် သူတို့သမီးရည်းစားတွေထက် ဘာတွေထူးခြားနေသည်ဆိုသည်ကို မြဦး တစ်ယောက် သိရှိရန်လိုလာပေသည်။ သိချင်လာတာနှင့်အမျှ သိအောင်လုပ်ရပေတော့မည်။ ထိုသို့အတွေးတွေ ရှုပ်ရှက်ခတ်ကာနေစဉ်မှာပင် မြဦး၏ခေါင်းထဲသို့ အလင်းရောင်တစ်ချက် ထွက်ပေါ်၍လာရသည်။ ဒါကတော့ သူတို့နှင့်အနီးစပ်ဆုံး သမီးရည်းစားစုံတွဲဖြစ်သည့် ကိုဘသိန်းနှင့် မခင်တိုးတို့ စုံတွဲပင်ဖြစ်သည်။ ထိုသို့ မြဦးသည် ကိုဘသိန်းနှင့် မခင်တိုးတို့ စုံတွဲကို သွား၍သတိရလိုက်မိစဉ်မှာပင် နေ့လည်က သူနှင့်သံချောင်းတို့ အတူလျှောက်လာစဉ် ကိုဘသိန်းကြီးက သံချောင်းကို မခင်တိုးထံသို့ စေခိုင်းသံကြားလိုက်ရသည်။

“ဒီည ကိုဘသိန်းကြီးက မခင်တိုးဆီသွားမယ်တဲ့…”

သံချောင်းက မြဦးကို အာချောင်ပြီး ပြန်ပြောပြတာကတော့ မခင်တိုးကြီးအိမ်က လူကြီးတွေ အလစ်မှာ ခြံထဲသို့ ည(၉)နာရီလောက် ဆင်းခဲ့ရန် ကိုဘသိန်းက မခင်တိုးကို ပြောခိုင်းသည်ဟု မြဦး သိထားရသည်။ ဒါဆိုရင် ကြာပါတယ် ဒီညဘဲ သူတို့အတွဲ တွေ ဘယ်လိုလဲဆိုတာကို မြဦး စုံစမ်းရပေတော့မည်။

မခင်တိုးတို့အိမ်ဆိုသည်မှာလည်း တခြားဝေးဝေးလည်း မဟုတ်။ မြဦးတို့အိမ်၏ အနောက်ဖက်တွင်ကပ်လျှက် ဖြစ်သည်။ ခြံစည်းရိုးကလည်း ခိုင်ခိုင်မာမာရှိသည် မဟုတ်တော့ မြဦးတစ်ယောက် (၉)နာရီထိုးသည်နှင့် အသာလေး မခင်တိုးတို့ ခြံဖက်သို့ မှောင်ရိပ်ခို၍ ဝင်လာခဲ့သည်။ မခင်တိုးတို့ တစ်အိမ်လုံးမှာ မီးရောင်ဆို၍ ဘာမျှမမြင်ရ။ လူကြီးတွေဘဲ မရှိလို့လား၊ ဒါမှမဟုတ် အိပ်ပဲအိပ်ကုန်ကြလို့လားတော့မသိ၊ တစ်အိမ်လုံး တိတ်ဆိတ်၍နေသည်။ လဆန်း(၁၂)ရက်၏ ည(၉)နာရီထိုး လရောင်က သစ်ရွက်တွေကြားမှာ ဝိုးတဝါး ထိုးကျ၍နေသည်။တွေ့ပါပြီ ခြံထဲရှိ ပိတောက်ပင်ပတ်လည်တွင် ဝိုင်း၍ ရိုက်ထားသော ဗျက်(၂)ပေခွဲလောက်ရှိသော ခုံပေါ်တွင် ကိုဘသိန်းတစ်ယောက် ခြေတွဲလောင်းချကာ ထိုင်၍နေသည်။

မြဦးတစ်ယောက် ကိုဘသိန်းကိုလှမ်း၍ တွေ့မြင်လိုက်ရသည့် တခဏမှာပင် မြဦး၏ဘေးဖက် ခပ်လှမ်းလှမ်းမှ တစ်စုံတစ်ဦး လျှောက်၍လာသည်ကို သတိထားမိလိုက်သဖြင့် မြဦးသည် အနီးတွင်ရှိသော စပယ်ရုံဘေးရှိ မှောင်ရိပ်ထဲသို့ ပြေး၍ကပ်ကာ ပုန်း၍နေလိုက်သည်။ ပြီးတော့ သူ၏အကြည့်က ထိုနေရာသို့ လှမ်း၍ကြည့်လိုက်တော့ လျှောက်လာသူမှာ မခင်တိုးပင်တည်း။

မခင်တိုးသည် ခပ်သွက်သွက်လေး လျှောက်၍လာရင်းက ကိုဘသိန်းရှိရာသို့ ပိတောက်ပင်ကြီးဆီသို့ ဦးတည်၍ သွားတော့ရာ မြဦးကလည်း ခါးလေးကိုကုန်း ဇက်ကလေးကိုပု၍ မှောင်ရိပ်ကို အကာအကွယ်ယူကာ ပိတောက်ပင်ကြီးဘေးရှိ ဇီဇဝါပန်းခြုံကြား ဘေးမှောင်ရိပ်ထဲသို့ တိုး၍ဝင်လိုက်သည်။ မြဦးရောက်ရှိသွားသော နေရာမှာ ကိုဘသိန်းထိုင်နေသည့် နေရာနှင့်ဆိုလျှင် (၅)ပေခန့်သာ ဝေးမည်ဖြစ်သည်။ ထို့ပြင် သူရောက်နေသောနေရာမှာ ပိတောက်ပင်ကြီး၏ အရိပ်ကလည်း ထပ်ဆင့်ထိုးကျ၍နေပြီး ဇီဇဝါပန်းရုံ၏အရိပ်ကလည်း ရှိနေလေရာ အတော်လေးပင် မှောင်မဲ၍ နေသည်။

မြဦးတစ်ယောက် ဇီဇဝါပန်းရုံကြီးဘေး ရောက်လာစဉ်မှာပင် မခင်တိုးကလည်း ကိုဘသိန်းကြီး၏ ရှေ့သို့ရောက်၍ လာခဲ့ချေပြီ။

“……စောင့်နေတာ ကြာပြီလား ကိုသိန်း….”

“….အင်း …. အတိုးကလည်း ကြာလိုက်တာကွာ …။ လာပါ့ လာပါ့ မလားလို့ …”

“…လူကြီးတွေအိပ်အောင် စောင့်ရသေးတယ် အစ်ကိုရဲ့ ….”

မခင်တိုးက ပြောပြောဆိုဆိုပင် ကိုဘသိန်း၏ဘေးသို့ ဝင်၍ ထိုင်လိုက်လျှင် ဘာမပြော ညာမပြောနှင့် ကိုဘသိန်းကြီးက မခင်တိုးကိုဖက်၍ ပါးလေးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်ပင် မွှေးကြူ၍နေလေတော့သည်။ မခင်တိုးတော့ ဘယ်လိုနေသည် မသိပေ။ မြဦးတစ်ယောက်တော့ အသက်ရှူနေတာပင် ရပ်သွားမတတ်ဖြစ်၍ သွားရလေသည်။

Scroll to Top