ဆောင်ကြာမြိုင်မှ အဖော်မွန်

ရန်ကုန်မြို့လယ်ရှိ ကွန်ဒိုမီနီယံ အဆောက်အအုံကြီးတစ်ခု။ ထိုအဆောက်အဦးကြီး၏ ၁၀ လွှာတွင် ခေတ်မှီ နောက်ဆုံးပေါ် ကရိယာများဖြင့် လှပခမ်းနားသော အလှပြင်ဆိုင်ကြီးတစ်ခု တည်ရှိနေသည်။ အလှပြင်ဆိုင်က အမျိုးသမီးများသီးသန့်ဟု ဆိုသော်လည်း အလှပြင်ပေးသူများက အသက် ၂၀ ကျော်သာရှိသေးသော ကောင်လေးများ ဖြစ်နေသည်။ အလှပြင်ဆိုင်ဟု ဆိုသော်ငြားလည်း အလှပြုပြင်ပေးသူများမှာ အလှပြင်ဆိုင် အများစုတွင် တွေ့ရသော မိန်းမစိတ်ပေါက်နေသော ကောင်လေးများ မဟုတ်ပါ။ ယောက်ျားစစ်စစ် ကျားဖြစ်ပြီး ဝတ်တာစားတာကအစ ယောက်ျားပီသသော သူများဖြစ်သည်။ အားလုံး တောင့်တောင့် ဖြောင့်ဖြောင့်လေးတွေ ချည်းဖြစ်သည်။

အလှပြင်ထိုင်ခုံက ၇ ခုံရှိပြီး ကောင်လေးတွေက အားလုံး စုစုပေါင်း ၁၀ ယောက်ဖြစ်သည်။ အလှပြင်ခန်းကို သီးခြား မှန်လုံခန်းဖြင့် ဖွဲ့စည်းထားပြီး ထိုအခန်းထဲတွင် ဆိုဖာနောက်မှီ ထိုင်ခုံရှည် ၃ ခုံကို နံရံတွင်ကပ်၍ စီတန်းချထားပြီး အလှပြင်ဆရာ ကောင်လေးများ ထိုင်နေကြသည်။ ဂျာနယ်ဖတ်သူကဖတ်၊ mp 4 နားထောင်သူက နားထောင်၊ မှန်ရှေ့တွင်ခေါင်းဖီးသူက ဖီး၊ စကားပြောသူက ပြောနှင့် ရှိသော်လည်း ကျယ်လောင်ဆူညံခြင်းမရှိပဲ တိတ်ဆိတ် အေးချမ်းလှသည်။

ထိုအလှပြင်ခန်း၏ အပြင်ဖက်တွင်တော့ တန်ဖိုးကြီးလှသော ဆိုဖာဆက်တီ ၂ စုံဖြင့် ဧည့်ခန်းကို ဖွဲ့စည်းထားသည်။ ထိုဧည့်ခန်းနှင့် အလှပြင်ခန်းအကြား အလှပြင်ခန်းသို့ ဝင်ပေါက်နားတွင်တော့ ကောင်တာပုံ စားပွဲတစ်ခုဖြင့် အသက် ၃၀ ခန့်အရွယ် တောင့်တောင့်ဖြောင့်ဖြောင့် ချောမောလှပသော အမျိုးသမီးတစ်ဦးက ထိုင်နေလေ၏။ နေ့လည်ဘက်မို့လားမသိ လူကရှင်းနေလေသည်။

ဧည့်ခန်းဆိုဖာဆက်တီတွင် ဧည့်သည်အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ အသက်က ၃၀ ကျော်လောက် အသားဖြူဖြူနှင့် ထိုင်နေတာတောင် သူမ၏ကိုယ်လုံး အလှက ပေါ်လွင်လှသည်။ ထိုဧည့်သည် အမျိုးသမီးသည် လက်ထဲမှ အမျိုးသမီး မဂ္ဂဇင်းကိုဖတ်ရင်း တစ်ချက်တစ်ချက် အလှပြင်ခန်းဖက်ကို လှမ်း၍ကြည့်သည်။ အလှပြင်ခန်းထဲတွင်တော့ တစ်ယောက်မှ အလှပြင်နေခြင်း မရှိပါ။ သို့သော်ငြားလည်း လှမ်းလှမ်းကြည့်နေသော အမျိုးသမီးက တစ်ယောက်ယောက်ကို လှမ်းမျှော်နေပုံရသည်။ သူမ၏ရှေ့တွင် စားပွဲပေါ်၌ အချိုရည် သံဗူးတစ်ဘူးနှင့် ဖန်ခွက်တစ်ခွက်ရှိသည်။ ဖန်ခွက်ထဲမှ အချိုရည်က ဖင်ကပ်မျှသာ ကျန်တော့သည်။ အမျိုးသမီးသည် လက်ထဲမှ မဂ္ဂဇင်းစာအုပ်ကို စာပွဲပေါ်သို့ တင်လိုက်ပြီး အလှပြင်မှန်ခန်း ဘက်သို့ လှမ်းကြည့်လိုက်သည်။

“ အင်း… တစ်နာရီတောင် ကျော်လာပြီ ”

တိုးတိုးလေး ငြီးလိုက်ပြီး သက်ပြင်းချလိုက်သည်။ ပြီးမှ မျက်နှာက ပြုံးယောင်သန်းသွားပြီး ရှေ့စားပွဲပေါ်မှ စာအုပ်ကို လှမ်းယူလိုက်သည်။ မကြာလိုက်ပါချေ။ စကားပြောသံကြား၍ အမျိုးသမီးသည် စာအုပ်မှမျက်နှာလွှဲကာ လှမ်းကြည့်လိုက်သည်။ အသက် ၄၀ ခန့် ခပ်ဝဝ အမျိုးသမီး တစ်ယောက် အလှပြင်မှန်လုံခန်း၏ အတွင်းဖက်ရှိ တံခါးမှ ဝင်လာ၍ အလှပြင်ခန်းကို ဖြတ်လျှောက်လာသည်ကို တွေ့မြင်လိုက်ရသည်။

ဧည့်ခန်းထဲတွင် ထိုင်နေသော အမျိုးသမီးသည် လက်ထဲမှ စာအုပ်ကို ချလိုက်သည်။ အလှပြင်ခန်းကို ဖြတ်လျှောက်လာသော အမျိုးသမီးကြီးသည် အလှပြင်ခန်းဝင်ပေါက်သို့ ရောက်လာသောအခါ ကောင်တာတွင် ထိုင်နေသော ခပ်ဖြောင့်ဖြောင့် အမျိုးသမီးက မတ်တတ်ထ၍ နှုတ်ဆက်လိုက်သည်။

“ အဆင်ပြေရဲ့လား…မမ ”

“ ပြေပါတယ် ညီမရယ်…။ ဒါကြောင့်လည်း ညီမတို့ဆီကို မမက တစ်ပတ်တစ်ခေါက်တော့ ရောက်အောင် လာတာပေါ့”

ပြောလိုက်ရင်း လျှောက်လာသော အမျိုးသမီးကြီးသည် စောင့်နေသော အမျိုးသမီး၏ဘေး ဆိုဖာပေါ်တွင် ဝင်၍ ထိုင်ချလိုက်သည်။

“ လူကို နုံးသွားတာပဲ… ဟင်း ဟင်း ဟင်း ”

“ မမစန်းကလည်း ”

“ ဟုတ်တယ်… မချိုရ…၊ ကောင်လေးတွေက ဝန်ဆောင်မှု တအားကောင်းတာ…၊ ညီမလည်း ဝင်လိုက်ပါလား”

“ ဟာ… မမစန်းကလည်း ”

စောစောက ထိုင်စောင့်နေသော မချိုဆိုသည့် အမျိုးသမီး မျက်နှာတစ်ခုလုံး ရဲသွားလေသည်။ ကောင်တာမှ အမျိုးသမီးက အအေးအချိုရည် သံဗူးနှင့် ဖန်ခွက်ကို လင်ဗန်းဖြင့်တင်၍ကိုင်ကာ အနားရောက်လာသည်။

“ ကဲ… မချို … မူလကျီ လုပ်မနေနဲ့… ထ ထ…၊ ဒီရောက်မှတော့ တစ်ခါလောက် ဝင်ကြည့်လိုက်စမ်းပါအေ..”

“ အဲဒီ မမစန်းကလည်း… ”

“ ဘာလဲ… ဒီက အစ်မလေးလည်း ဝင်ဦးမလို့လား… လာလေ…”

ကောင်တာမှ အမျိုးသမီးက အအေးဗန်းကို စားပွဲပေါ်သို့ တင်လိုက်ပြီး မချိုဆိုသော အမျိုးသမီး၏လက်ကို လှမ်း၍ ကိုင်လိုက်သည်။

“ ကဲပါ… ထပါအေ… မချိုကလည်း… ရောက်မှတော့ မထူးပါဘူး ”

မမစန်းဆိုသော အမျိုးသမီးကြီးကလည်း မချိုဆိုသော အမျိုးသမီး၏ လက်တစ်ဖက်ကို ကိုင်ကာ ဆွဲထူလိုက်သည်။

“ အာ… မမစန်းကလည်းကွာ…လုပ်ပြီ.. ”

မချို ရှက်ကိုရှက်ကန်းဖြင့် ထ၍ မတ်တပ်ထရပ် လိုက်သည်။

“ ကဲ… ညီမရေ… ဒီက မချိုကိုလည်း မမလိုပဲ သဘောထားပြီး အဆင်ပြေအောင် လုပ်ပေးလိုက်ပါကွာ ”

မမစန်းဆိုသော အမျိုးသမီးကြီးက ပြောလည်းပြော စလင်းဘတ်ထဲမှ ငွေတစ်သောင်းငါးထောင်ကိုလည်း ထုတ်ယူ၍ ပေးလိုက်သည်။ ပြီးတော့ မမစန်းက ပြောလိုက်သေးသည်။

“ စက်ရှင်ပဲနော် ”

“ဟုတ်ကဲ့… မမ”

ကောင်တာမှ အမျိုးသမီး ခေါ်ရာနောက်သို့ မချို ရှက်ကိုးရှက်ကန်းဖြင့် ပါသွားသည်။ မမစန်းဆိုသော
အမျိုးသမီးကြီး၏ အမည်က ဒေါ်စန်းစန်းနွယ်မြင့် ဖြစ်သည်။ မချိုဆိုသော အမျိုးသမီး၏ အမည်က ဒေါ်ချိုချိုမိုးသူ ဖြစ်သည်။ နှစ်ယောက်စလုံးက ငွေကြေးသုံဖြုန်းနိုင်သော လုပ်ငန်းရှင်တွေ ဖြစ်ကြသည်။ မမစန်းက အသက် ၄၂ နှစ် ရှိပြီဖြစ်ပြီး ခင်ပွန်းသည်က ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ မုဆိုးမဖြစ်သည်။ မချိုက အသက် ၃၈ နှစ်ရှိပြီ ဖြစ်ပြီး ခင်ပွန်းသည်ဖြစ်သူက အမေရိကားတွင် သွားရောက် အလုပ်လုပ်နေသည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်သည်။ ဒီတော့ နှစ်ဦးစလုံး လိုအပ်ချက် တူညီနေသူတွေဖြစ်သည်။

မမစန်းက ဒီနေရာကို မကြာခဏ လာတတ်ပြီး မချိုကို ရောက်ဖူးအောင် လိုက်ခဲ့ပါလားဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ ကောင်တာမှ အမျိုးသမီး လက်ဆွဲခေါ်ဆောင်ရာသို့ လိုက်ပါလာသော မချိုသည် အလှပြင်ခန်းအတွင်း ဖြတ်လျှောက်လာပြီး တဖက်ရှိ အလှပြင်ခန်းတံခါးပေါက် အနီးသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ဆိုဖာထိုင်ခုံရှည် နှစ်ခုဖြင့် ကောင်လေးတွေ ထိုင်နေကြသည်။ ထိုနေရာသို့အရောက် ကောင်တာမှ အမျိုးသမီးက ရပ်၍ မချိုလည်း ရပ်လိုက်သည်။

“ ကဲ… မမ… ဒီမှာအားလုံး ၈ ယောက်ရှိတယ်…။ မမ အကြိုက် ရွေးပေတော့.. ”

ရဲကနဲဖြစ်သွားသော မျက်နှာလေးဖြင့် မချိုက ကောင်လေးတွေကို ကြည့်သည်။ အားလုံး ကိုယ်လုံးတောင့်တောင့်နှင့် ရုပ်ချောချောလေးတွေ။ အားလုံး၏ သန်စွမ်းမှုကလည်း အတူတူလောက်ပင် ဖြစ်နိုင်၍ မချို ဘယ်သူ့ကို ရွေးရမှန်းမသိ ဖြစ်နေသည်။

“ ဒီဖက်က နှစ်ယောက်ကတော့ တစ်ပတ်မှ တစ်ခါပဲလာတဲ့ အချိန်ပိုင်းတွေလေ…။ ဟိုဖက်က ၆ ယောက်ကတော့ ဒီက ပင်တိုင်တွေပေါ့ ”

မချို တခါတလေမှ လာသည်ဆိုသော ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်သည်။ မချို၏စိတ်ထဲတွင် ပင်တိုင် ၆ ယောက်က နောင်လည်း အချိန်မရွေးတွေ့နိုင်သည်။ တခါတလေမှလာသော နှစ်ယောက်က ကြုံတွေ့ရခဲ၍ ထိုနှစ်ယောက်ထဲမှ ရွေးရန် ကြံစည်လိုက်သည်။ တစ်ယောက်က အသားလတ်လတ်၊ တစ်ယောက်က အသားဖြူဖြူ၊ နှစ်ယောက်စလုံး လုံးတူဒေါက်တူမို့ ဒေါ်ချိုချိုမိုးသူ၏ မျက်လုံးက ထိုကောင်လေးနှစ်ယောက်၏ ခြေမများဆီသို့ ရောက်သွားသည်။

“ သူနဲ့ပဲသွားမယ် ”

အသားလတ်လတ်ကောင်လေးက မချိုကို ပြုံး၍ကြည့်ရင်း မတ်တပ်ထရပ်လိုက်သည်။

“ ကာစတန်မာ စိတ်ချမ်းသာဖို့က အဓိကနော် ”

“ ဟုတ်ကဲ့ မမ ”

ကောင်တာမှ အမျိုးသမီး၏ သတိပေးစကားကို ကောင်လေးက ခေါင်းညိတ်၍ တုန့်ပြန်လိုက်သည်။ ကောင်တာမှ အမျိုးသမီးက နံရံအပေါ်ဖက်တွင် ကပ်ထားသော မှန်ဘီရိုလေး၏ တံခါးကို လှမ်း၍ ဆွဲဖွင့်လိုက်သည်။ ပြီးတော့ နံပါတ်ပြား ချိတ်ဆွဲထားသော သော့တစ်ချောင်းကို ဖြုတ်ကာ ကောင်လေးလက်ထဲသို့ ထည့်ပေးလိုက်သည်။

“ အခန်း ၇ ကို သွားတော့ ”

ကောင်လေးက ရှေ့က၊ မချိုက နောက်က၊ အလှပြင်ဆိုင် မှန်လုံခန်း၏ နောက်ဖက်တံခါးမှနေ၍ အထဲသို့ ဝင်လာခဲ့သည်။ ကောင်တာမှ အမျိုးသမီးကတော့ နေခဲ့သည်။ အထဲတွင် တည်းခိုခန်းများကဲ့သို့ နံပါတ်တပ်ထားသော အခန်းများ အစီအရီ ရှိနေသည်။ နံပါတ် ၇ တပ်ထားသော အခန်းကို ကောင်လေးက သော့ဖွင့်လိုက်သည်။

“ ဝင်လေ…မမ ”

မချိုက ရှေ့က၊ ကောင်လေးက နောက်မှ အခန်းထဲသို့ဝင်လိုက်ပြီး ကောင်လေးက အခန်းတံခါးကို သော့ခတ်၍ ပိတ်လိုက်သည်။ အခန်းက ၁၅ ပေ ပတ်လည်လောက် ရှိမည်ထင်သည်။ အလယ်တွင် တစ်ယောက်အိပ်လည်းမက နှစ်ယောက်အိပ်လည်း မကျသော ဇက ကုတင်တစ်လုံးပေါ်တွင် မွေ့ယာထူကြီးတစ်လုံးနှင့် အိပ်ယာကို ခမ်းခမ်းနားနား ပြင်ဆင်ထားသည်။ ဒေါ်ချိုချိုမိုးသူက ကုတင်စောင်းတွင် ဝင်ထိုင်လိုက်သည်။ ကောင်လေးက သူ့အင်္ကျီကိုချွတ်၍ နံရံမှချိတ်တွင် ချိတ်လိုက်သည်။ ပြီးတော့ မချိုဘေး ကုတင်စောင်းတွင် ဝင်ထိုင်လိုက်သည်။

အခန်းထဲရောက်ကတည်းက ကောင်လေးကို ငေး၍ကြည့်နေသော မချိုက ကောင်လေးကိုဖက်၍ ပါးနှစ်ဖက်ကို အားရပါးရ နမ်းလိုက်သည်။ ကောင်လေးက လက်တစ်ဖက်ဖြင့် မချို၏ခါးကို ဖက်ထားရင်း တင်သားတစ်ဖက်ကို ဆုပ်နယ်ပေးနေသည်။

Scroll to Top