ဆံနွယ်ရှည်မလေးရဲ့ ငရဲခန်းည

မိုးဦးကျရာသီဆိုတော့ အရာရာဟာ အလွမ်းငွေ့ငွေ့ လောင်လှိုက်နေသလို သွန်းတစ်ယောက်လည်း သူမရဲ့ ဆံနွယ်ရှည်တွေကို တမ်းတ​နေမိသည်။ ဆံနွယ်ရှည်တွေကို​ တွေးမိတိုင်း လူယုတ်မာနှစ်ယောက်ကို ရင်ထဲအသည်းထဲက နာကျည်းနေမိလေသည်။ သူမနာမည်က သွန်းသံစဥ်.. အသက်က ၂၂ နှစ်..။ မိဘတွေက နယ်မှာနေတယ်။ သူမကတော့ ရန်ကုန်က ဆင်ခြေဖုံးရပ်ကွက်လေးမှာ ဒီဇိုင်နာအလုပ်ရတဲ့ ပိုက်ဆံလေးနှင့် အိမ်လေးတစ်လုံးငှားနေတယ်…။ အလုပ်ကတော့ ဒဒီဇိုင်နာအလုပ်ပေါ့။ အောင်အောင်မြင်မြင် မဟုတ်ပေမဲ့ အဆင်ပြေလှသည်။ သွန်းတစ်ယောက် အလွမ်းတွေကို ကြိုးစားဖြေဖျောက်ရင်း စိတ်ထဲတွင် ပိုပို၍ ဝင်လာမိလေဖြစ်နေတယ်…..။

ထိုနေ့က ဒီဇင်ဘာ ၂၇ သောကြာနေ့။ ဖုန်းအလန်းသံမြည်၍ နာရီကြည့်လိုက်ရာ မနက် ၆ နာရီပင်ထိုးလေပြီ။ နေရောင်ခြည်က မျက်နှာပေါ်သို့ တိုးဝင်စပြုလေပြီ။ ရာသီဥတု သာယာသော်လည်း သွန်းတစ်ယောက် စိတ်လေးလံစွာဖြင့် အိပ်ယာထလိုက်လေသည်။ ဒီနေ့ သောကြာနေ့ဖြစ်၍ အိုဗာတိုင်ဆင်းရမည်ကို တွေးမိရင် သွန်း စိတ်ညစ်သွားသည်။ အိမ်ပြန်ရမည့် အချိန်က ည ၉ နာရီဆိုတော့ အတော်မိုးချုပ်နေတော့ပေမည်ဟု သွန်း တွေးနေလေသည်။ အိပ်ယာပေါ် ပြန့်ကျဲနေသော ဆံနွယ်များကို သိမ်းကျုံးယူပြီး စည်းနေရင်း

“ဒီဆံပင်တွေကလည်း အလုပ်တစ်ခုပါလားနော်၊ အရမ်းလှလို့သာ မညှပ်ပဲထားတာ၊ ဒုက္ခတော့များသား။ အခုလည်း ခေါင်းလျှော်ရဦးမယ်။ တခါတခါ လျှော်ရတာလည်း မလွယ်ကူလှဘူး။ ညှပ်ပစ်ဖို့ကလည်း အတော်နှမျောတယ်။ မထူးပါဘူးလေ ရှည်လက်စနဲ့ ဆဆက်ထားလိုက်တာပဲ ကောင်းပါတယ်” ဟု တွေးနေလေသည်။

သွန်းကို မျက်စိထဲ ပုံဖော်ရလျင် နယ်ကဆိုပေမဲ့ အသားအရည်က ဖွေးဥပြီး အရပ်က ၅ ပေကျော်ကျော် ခန္ဓာကိုယ်ဘော်ဒီ အမိုက်စားနှင့် ကောင်မလေး ဖြစ်လေသည်။ ခန္ဓာကိုယ်အမိုက်စားထက် သူမရဲ့အလှဆုံးကတော့ သူမဆံနွယ်တွေပင် ဖြစ်သည်။ မြင်သူတိုင်း လည်ပြန်ငေးယူလောက်အောင် လှလွန်းသည်။ ဆေးဆိုးခြင်း၊ ကောက်ခြင်း၊ ဖြောင့်ခြင်း မရှိပဲ ပင်ကိုယ်ထူထဲဖြောင့်စင်းပျော့အိနေတာ မတောင်းပဲပြည့်တဲ့ ဘုရားပေးတဲ့ ဆုလာဘ်ပေါ့။ ဒူးဆစ်တခေါက်ခွက်ကျော်ထိ တစ်ညီတစ်ညာတည်း ဖြောင့်စင်းမဲနက်နေတာ ကတ္တီပါပိုးသားကဲသို့ပင် ဖြစ်လေသည်။ ထိုဆံပင်ကြောင့် သူမ ခဏခဏ ဒုက္ခများခဲ့ဖူးသည်။ မိဘတွေက ငယ်ငယ်တည်းက ဆံပင်အရှည်ထားခဲ့ခိုင်းသော်လည်း ယခုအခါ ကျောလယ်လောက်ထိ ဖြတ်ပစ်ရန် ပြောသောအခါ သူမြတ်နိုးတဲ့ ဆံပင်ရှည်တွေကို မစွန့်လွှတ်နိုင်၍ ခေါင်းမာမာနှင့် ဆက်ထားလာရာ ယခု ခြေသလုံးနားထိပင် ရှည်လျားနေလေပြီ…။

အတွေးနယ်ချဲ့ရင်း သွန်းတစ်ယောက် ခေါင်းလျှော်ရန် ရေချိုးခန်းထဲ ဝင်ခဲ့လေသည်။ ညဝတ်အိပ်အင်္ကျီ ချွတ်လိုက်ပြီး ညဝတ်အိပ်ဘောင်းဘီပါ ထပ်ချွတ်လိုက်လေသည်။ ညဝတ်အိပ်တာဖြစ်သဖြင့် အတွင်းခံမဝတ်ထားတော့ မိမွေးတိုင်း ဖမွေးတိုင်း သွန်းရဲ့ ဘော်ဒီအလှဟာ ထင်းနေလေတော့သည်။ ဆံပင်ကို အပေါ်သို့သိမ်းတင်ပြီး စည်းထားသည့်အတွက် ခန္ဓာကိုယ်တွင် ဘာမှမရှိတော့ပေ။ သူမရဲ့ မကြီးလွန်းမသေးပဲ တင်းတင်းရင်းရင်းနှင့် အဖိုဆို ရင်ဖိုတောင်မသန်းဖူးသေးသော လှပလွန်းသည့် ရွှေရင်အစုံကိုကိုင်ပြီး ရှေ့တွင်ရှိသော ကိုယ်လုံးပေါ်မှန်ပေါ်တွင် ကြည့်ပြီး ဂုဏ်ယူနေမိသည်။

ငယ်ငယ်တုန်းက အတန်းထဲတွင် သွန်းရဲ့ခန္ဓာကိုယ်ရော လှပလွန်းတဲ့ ဆံနွယ်ရှည်တွေကိုရော ကြိုက်တဲ့သူ များလှလွန်းသည်။ သူမကတော့ လှပလွန်းသည့် မာနဂုဏ်ဖြင့် သူမအဖေကလွဲ တခြားလူမျာကို ယောကျ်ားမထင်ခဲ့ချေ။ ရှင်းရှင်းပြောရရင် မာနခဲ မင်းသမီးလေးပေါ့။ တက္ကသိုလ် ရောက်တော့လည်း စွဲဆောင်မှုရှိလွန်းသည့် သူမဆံနွယ်များကြောင့် လူအများအလယ်တွင် တမူထူးခြားသည့်အပြင် တစ်ကျောင်းလုံး၏ Queen ပင် ဖြစ်ခဲ့လေသည်။ ယခုအချိန်ထိ ရည်းစားပင်မထားခဲ့ဖူးသော အပျိုလေးပင် ဖြစ်သည်။

အတွေးစတွေ ရပ်ပစ်ရင်း သွန်း ခေါင်းပေါ်က ဆံညှပ်ကလစ်ကို ဖြုတ်လိုက်ပြီး ဆံပင်များကို ဖြည်ချလိုက်သောအခါ နက်မှောင်သန်စွမ်းပြီး လှပလွန်းတဲ့ ဆံနွယ်တွေ တလိပ်လိပ်နဲ့ ပျော့အိပြီး ခြေသလုံးနီးနီးထိ ပြည်ကျသွားလေသည်။ ထိုအခိုက်အတန့်မျိုးကို မြင်ရသူတိုင်းအဖို့ ရင်ဖိုလှိုက်မောရမည်မှာ ဧကန်ပင်ဖြစ်သည်။ ခေါင်းအရင်းကနေစပြီး စိမ်ပြေနပြေ ခေါင်းလျှော်ပြီး ရေမိုးချိုးလိုက်သည်။ သူမဆံပင်တွေကို Dryer နဲ့ မမှုတ်ပဲ သဘာဝလေဖြင့်သာ အခြောက်ခံလေ့ရှိသည်။ ထို့ကြောင့်လည်း အများသူငှာ ဆံပင်တွေနဲ့မတူပဲ ကျန်းမားသန်စွမ်းတဲ့ ဆံနွယ်ကို ပိုင်ဆိုင်ထားရခြင်း ဖြစ်လေသည်။

အလုပ်က မြို့ထဲတွင်ဖြစ်၍ အိမ်က ၈ နာရီလောက် ထွက်ရပေမည်။ ဒီဇိုင်နာအလုပ်အတွက် လိုအပ်တဲ့ ဘောပင်၊ ခဲတံ၊ စာအုပ်၊ ပေတံ၊ ကပ်ကြေးများ ဟမ်းဘတ်အိတ်ထဲ စနစ်တကျထည့်၍ ပြင်ဆင်နေလေသည်။ ခေါင်းလျှော်ထားသောကြောင့် ဆံပင်စည်းမသွားဖို့ ဆုံးဖြတ်လိုက်လေသည်။ နဂိုထဲက လှပနေတဲ့ ဆံနွယ်တွေက ခေါင်းလျှော်ပြီးခါစဆိုတော့ လေအဟုန်မှာ လွတ်လပ်လေးရသလို မြူးထူးလွင့်မျောနေသလိုပင်။ ပုံမှန်ဆို ယခုလို ခေါင်းလျှော်ပြီးစဆိုလျင် လိုင်းကားမစီးဖြစ်တော့ချေ။ Taxi ဖြင့်သာ အသွားအလာ လုပ်ဖြစ်သည်။ သူမရဲ့ ရှည်လျားတဲ့ ဆံနွယ်တွေနှင့် လိုင်းကားတိုးစီးလျှင် ဟိုငြိဒီငြိဖြင့် အဆင်မပြေချေ။ ဒါ့အပြင် လိုင်းကားပေါ်တွင် သူမရဲ့ဆံပင်ကို အားကျသူများရှိသလို ပိုင်ဆိုင်ချင်သူများလည်း ဒုနဲ့ဒေးပင် ဖြစ်သည်။

ဒီနေ့ကတော့ လကုန်ရက်နီးနေပြီဆိုတော့ လက်ထဲမှာ ပိုက်ဆံက သိပ်မကျန်တော့ချေ။ ထို့ကြောင့် လိုင်းကားတိုးစီးရန်သာ ဆုံးဖြတ်လိုက်လေသည်။ အိမ်တံခါးပိတ်ပြီး ခြံတံခါး ထပ်ပိတ်လိုက်ပြီး ကားဂိတ်ကို လမ်းလျှောက်သွားလေသည်။ အိမ်နှင့် ကားဂိတ်မှာ သိပ်မဝေးသော်လည်း ရပ်ကွက်လမ်းက ညဘက်ဆိုလျှင် လူပြတ်လေသည်။ ကားဂိတ်ရောက်လျင် ထုံးစံအတိုင်းပဲ လူတိုင်းရဲ့ မျက်လုံး​တွေက သူမရဲ့ ဆံနွယ်ရှည်တွေဆီပဲ ရောက်ရောက်နေသည်။ သူမအတွက်တော့ အထူးအဆန်း မဟုတ်တော့ချေ။ အမြဲလိုလို ဖြစ်နေသောကြောင့် သူမရဲ့ ဆံပင်ရှည်တွေအပေါ် အမြဲဂုဏ်ယူမဆုံး ဖြစ်နေလေသည်။

စီးရမည့်ကား လာသည်နှင့် ကားပေါ် အမြန်ပြေးတက်လိုက်သည်။ ကားပေါ်ရောက်သည်နှင့် ထိုင်ခုံတန်းရတော့ သွန်း တော်တော်အဆင်ပြေသွားတသည်။

“မနက်က စိတ်ထဲလေးနေတာ အခုကြတော့ ကံကောင်းပါလားနော်” ဟု ရေရွတ်လိုက်ပြီး သူ့ရဲ့ ထူထဲဖြောင့်စင်းတဲ့ ဆံနွယ်ရှည်တွေကို တယုတယဖြင့် ရင်ဘတ်ပေါ် ဆွဲယူလိုက်သည်။ ဆံပင်တွေ မစည်းလာတာနှင့် ထိုင်ခုံမရလျှင် တော်တော်ပင် အဆင်မပြေပေ…။

————————————–

“​ပြတ်တုန်းလက်တုန်း ၂၃ ကို ကျော်ဖြတ်ပြီးပြီကွာ။ အခု ၂၇ ရက်နေ့ ရောက်နေပြီ။ ငါတို့ မချရတာ နှစ်ရက်ရှိပြီ ယောက်ဖရာ”

ဟု လွင်ကြီးတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ထွန်းရီကို တုန်ရီစွာ ပြောလိုက်လေသည်။ ထွန်းရီမှလည်း

“အေကွာ မချရတော့ လူက နေလို့ထိုင်လို့ မရတော့ဘူး။ ဟိုတကြောက ဝင်ခိုးထားတဲ့ အိမ်တွေကလည်း ကုန်ပြီကွ။ အဲ့တကြောက မိတဲ့အိမ်က ရှယ်ကွာ။ အဖိုးတန်တွေချည်းပဲ”

ဟု မြိန်ရေရှက်ရေ ပြန်ပြောလေသည်။

“ဗီရိုထဲ ထည့်သိမ်းထားတဲ့ ဖြတ်ပြီးသား ဆံပင်အရှည်ကြီး အနှစ်ကွာ။ သွားရောင်းစားတာ ၃ သိန်းလောက် ခိုင်သွားတယ်။ ဒီတသက် မမေ့ဘူးကွာ”

ဟု ဆေးသမားနှစ်ယောက် ခေါင်းချင်းဆိုင်ကာ အားပါးတရ ပြောနေလေသည်။ ထို့နောက် ထွန်းရီမှ

“အေး ဆံပင်ဆိုလို့ ဟိုဘက်ရပ်ကွက်မှာ ဆော်လေးတစ်ပွေ ငါတွေ့ထားတယ်။ ဆံပင်ကတော့ good ရှယ်ကြီးကွ။ ငါတို့ ဗီရိုထဲကတွေ့တဲ့ ဆံပင်လောက်တော့ သနားတယ်ကွ။ ထူထဲပြီး ဖြောင့်စင်းနေတာပဲ အနှစ်ကွာ”

ဟု မျက်လုံးတွေ အရောင်လက်စွာဖြင့် ပြောလေသည်။

“မင်းဟာကတော့ ဟုတ်ရောဟုတ်လို့လား။ ငါတို့ ဒီမှာကျင်လည်နေတာ ကြာပါပြီ။ မင်းပြောသလို ဆော်မျိုး မတွေ့ဖူးပါဘူး။ မင်းက ဘယ်ကဘယ်လို မြင်တာလဲ”

ဟု လွင်ကြီးမှ ပြန်ထောက်တဲ့အခါ

“တကယ်ကွ။ ဒီမနက်ပဲ ငါမင်းဆီလာတော့ သူ့ဆံပင်ကြီးဖြန့်ပြီး အိမ်ထဲကထွက်သွားတာ ငါ့မျက်စိနဲ့ တပ်အပ်မြင်တာဟ။ မင်းမယုံရင် ဒီည အဲ့အိမ်ကို ငါတို့ဖောက်မယ်ကွာ။ သူ့ဆံပင်ကြီးလည်း ယူကြတာပေါ့ ဟဲဟဲ”

ထွန်းရီမှ ရယ်ကျဲကျဲ ပြန်ပြောလေသည်။ ထိုအခါ လွင်ကြီးက

“ဖြစ်ပါ့မလားကွ။ အရင်တခေါက်တုန်းက ဆံပင်က ဖြတ်ပြီးသား။ အခုဟာက ဖြတ်ယူရမှာ။ မင်းဟာက ဟုတ်မှလည်းလုပ်ပါကွာ”

ဟု ခပ်လန့်လန့်နှင့် ပြန်ပြောရာ

“ငါသေချာ စုံစမ်းပြီးပြီ။ အဲ့အိမ်မှာ ဆော်လေး တစ်ယောက်တည်းနေတာ။ပိုက်ဆံလည်းရှိတယ် ကြားထားတယ်ကွ။ ဘေးကပ်ရက်ခြံက လူမနေဘူးလေကွာ။ ဟိုဘက်ကလည်း ခြံကွက်က အလွတ်ကြီး။ ငါတို့ အေးဆေးလှုပ်ရှားလို့ရတယ်”

ထွန်းရီမှ လွင်ကြီးရဲ့ လက်မောင်းကိုပုတ်ပြီး ကျေနပ်စွားနဲ့ ပြောလေသည်။

“Ok ကွာ။ ငါတို့လည်း ပြတ်လပ်နေတာဆိုတော့ ဒီညပဲ လှုပ်ရှားကြမယ် မကောင်းဘူးလား”

ဟု လွင်ကြီး မေးငေါ့ကာ ထွန်းရီကို မေးလိုက်သည်။ ထွန်းရီမှ ခေါင်းတစ်ချက်ငြိမ့်ကာ စဥ်းစားလိုက်ပြီး

“အေး သူပြန်မရောက်ခင် ငါတို့အထဲဝင်ပြီး လုပ်စရာရှိတာ လုပ်ထားကြမယ်။ မြန်မြန်ဆန်ဆန် ပြီးရင် အန္တရာယ်ကင်းတာပေါ့ကွာ။ မဟုတ်ဘူးလား”

ကျေနပ်စွာ ပြောလေသည်။ လွင်ကြီးတစ်ယောက်လည်း ဆံပင်အရှည်ကြီးနဲ့ ဆော်လေးကို တွေ့ရမည့်အပြင် ကိုယ်တိုင်ကိုယ်ကျ ဆံပင်ညှပ်ရမည်ကို တွေးကာ စိတ်လှုပ်ရှားနေလေတော့သည်။ ငယ်ငယ်ကတည်းက ဆံပင်ရှည်တွေဆို စိတ်ဝင်စားတဲ့ လွင်ကြီး အခုတော့ လက်တွေ့ကြုံရပေတော့မည်….။

———————————————

ဗိုက်ဆာလာသည်နှင့် နာရီကို တစ်ချက်ကြည့်လိုက်ကာ “အိုး.. ၈ နာရီခွဲနေပြီပဲ။ အလုပ်တွေ လက်စသိမ်းဦးမှပဲ။ လောလောဆယ်တော့ ဗိုက်ဆာနေပြီ။ အိမ်အထိ မစောင့်နိုင်တော့ဘူး။ ခေါက်ဆွဲဘူး ပြုတ်စားရင် ကောင်းမယ်” ဟု အလုပ်လုပ်နေသော သွန်းတစ်ယောက် တွေးကာ ထိုင်ခုံမှထပြီး အသင့်စား ခေါက်ဆွဲဘူးလေးအား ရေနွေးထည့်ပြီး ပြုတ်လိုက်လေသည်။

“ခေါက်ဆွဲကစပ်ပြီး ချွေးထွက်မှာဖြစ်တဲ့အပြင် အိမ်လည်းပြန်ရတော့မှာ။ မထူးပါဘူး ဆံပင်တခါတည်း ထုံးတော့မယ်” ဟု ရေရွတ်ကာ ကျောပြင်မှာ ချထားတဲ့ ဆံနွယ်ရှည်တွေကို စနစ်တကျကျစ်ပြီး ဆံထုံးတစ်ထုံးတည်းဖြစ်အောင် ထုံးလိုက်ပြီး ပြန်မပြေကျအောင် ဆံထိုးလေးနဲ့ ထိုးထားလိုက်လေသည်။ အလုပ်တွင် သူမအပါအဝင် လူ ၄ ယောက်သာ ကျန်တော့လေသည်။ ခေါက်ဆွဲပြုတ်စားရင်း အလုပ်လက်စသိမ်းပြီး နာရီကြည့်တော့ ၉ နာရီပင် ကျော်လေပြီ။

“မနက်ဖြန်တော့ အေးဆေးနားရတော့မယ်။ ငါ့ဆံပင်လေးကိုလည်း သေချာပေါင်းတင်ရမယ်” ဟု စဥ်းစားကာ ကိုယ်လုံးပေါ်မှန်ထဲတွင် သူမရဲ့ လှပပြောင်တင်းနေသာ ထုံးထားတဲ့ဆံထုံးကို တချက်ပင့်ကိုင်လိုက်ပြီး အားရကျေနပ်စွာ ပြုံးလိုက်လေသည်။ ထို့နောက် ရုံးမှထွက်ပြီး ကားဂိတ်ကို လမ်းလျှောက်လာသောအခါ အနောက်မှ ဆိုင်ကယ်တစ်စီး မောင်းလာပြီး

“ဟာကွာ… လှလိုက်တဲ့ ဆံထုံးကြီး။ ပိုင်ဆိုင်ချင်လိုက်တာ ညီမလေးရယ်”

ဟု အနားကပ်ပြီး ရုတ်တရက် ဆံထိုးလေးကို လှမ်းဆွဲနုတ်လိုက်တဲ့အခါ သွန်းရဲ့ ပျော့အိလွန်းတဲ့ ဆံပင်ရှည်တွေက အထိန်းအကွပ်မရှိတော့ပဲ အိခွေပြီး ပြေကျသွားလေတော့သည်။ ဆိုင်ကယ်လည်း သွန်းရှေ့မှ ပိတ်ရပ်လိုက်ကာ ရုတ်တရက် အဖြစ်အပျက်ကြောင့် သွန်းတစ်ယောက် လန့်ဖြန့်သွားလေသည်။ ထို့လူနှစ်ယောက်လည်း ဆိုင်ကယ်ပေါ်မှ ဆင်းလာကာ သွန်းအနား ကပ်လာလေသည်။

“ရှင်တို့နော် မိန်းကလေးတစ်ယောက်ကို ဒီလိုမနှောင့်ယှက်ပါနဲ့။ ကိုယ့်လမ်းကိုယ်သွားပါ။ ကျမ အော်လိုက်မှာနော် ”

ဆိုပြီး လက်ထဲက ဟမ်းဘတ်အိတ်ကို ဝှေ့ရမ်းလိုက်လေသည်။

“အစ်ကိုကြီးတို့က ညီမလေးတစ်ယောက်တည်း အန္တရာယ်များလို့ ကာကွယ်ပေးချင်လို့ပါကွာ”

ဟုဆိုကာ အနားကို အတင်းကပ်လာတော့သည်။

” ကျမဆံထိုး အခုပြန်ပေး။ ရှင်တို့လမ်း ရှင်တို့သွားနော်။ ကျမကိုထိဖို့ မကြိုးစားနဲ့။ အသက်ချင်း လဲပစ်လိုက်မယ်”

သွန်းမှ ဒေါသထွက်စွာ ပြန်အော်ပြောလိုက်လေသည်။

“ကိုကြီးတို့က ညီမရဲ့ဆံနွယ်လေးကို သဘောကျလို့ပါကွာ။ ထုံးထားတော့ မသိသာဘူးပဲ။ ပြေကျသွားတော့ ထင်ထားထက်တောင် ပိုလှနေတာပဲ။ ကြည့်စမ်း”

ဟုဆိုတာ သူ့ရဲအဖော်ကို လက်တို့လိုက်လေသည်။ မျက်နှာဖုံးအုပ်ထားတဲ့ လူမှ

“ဟုတ်ပကွာ ဆံနွယ်လေးက ရှည်ရုံတင်မဟုတ်ဘူး တော်တော်လှတာပဲ။ အဲ့လိုဆံနွယ်ရှည်တွေကို ပိုင်ဆိုင်ချင်တာ နမ်းချင်တာ”

ဟုဆိုတာ လက်ထဲမှ ဆံထိုးလေးကို နှာခေါင်းနားကပ်ပြီး နမ်းရှုပ်ပြလိုက်လေသည်။ ထိုစကားကြောင့် သွန်းလည်း သူမရဲ့ဆံပင်တွေ ဒုက္ခရောက်တော့မည်ကို တွေးမိကာ ပိုမိုကြောက်လန့်သွားပြီး တင်ပါးနောက်မှ ဆံပင်အစုကြီးကို လက်ဖြင့်ကိုင်ကာ ရှေ့သို့ဆွဲယူလိုက်ပြီး

” ကျမတောင်းပန်ပါတယ်ရှင်။ ကျမ ကိုယ့်လမ်းကိုယ်သွားပါရစေ။ ဒီအိတ်ထဲမှာ ဖုန်းရှိပါတယ်။ ရှင်တို့ ယူသွားပါ။ ကျမဆံပင်ကို ဘာမှမလုပ်ပါနဲ့”

ဟု တုန်ရီစွာပြောကာ ဟမ်းဘတ်အိတ်ကို ထိုးပေးလေသည်။

Scroll to Top