တစ်ခါတစ်ရံတော့ ဖူးစာဆိုတာ

“မိုးထက်ရေ…. ဟဲ့ မိုးထက်”

ဟူသော အသံနှင့်အတူ ခန္ဓာကိုယ်ကို အတင်းလှုပ်နေသည့် ခံစားချက်ကြောင့် မိုးထက်မြင့်တစ်ယောက် အိပ်ချင်မူးတူးနှင့် မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်သည်။

“ဟာ”

“မေ… နင်မပြောမဆိုနဲ့ ငါ့အခန်းထဲ ဝင်လာပြန်ပြီ”

ကုတင်ပေါ်ထိတက်ကာ လာနှိုးနေသည့် ငယ်သူငယ်ချင်းငရှုပ်မ လှလွန်းမေကို မြင်လိုက်ရသဖြင့် မိုးထက်မြင့်တစ်ယောက် ဆူပုတ်ပုတ်နှင့် ငေါက်လိုက်မိသည်။ ငေါက်သာငေါက်ရသည် ဒင်းလေးက ဘယ်တော့မှ အမှတ်မရှိ၊ မထင်ရင်မထင်သလို အခန်းထဲထိ ဇွတ်ဝင်ကာ လာလာရှုပ်တတ်သည်။ မိုးထက်မြင့်မိဘတွေကလည်း လှလွန်းမေကို သူတို့သမီးအရင်းတစ်ယောက်သဖွယ် ချစ်ကြသူများဖြစ်သည့်အလျှောက် ငတိမ ဘယ်လိုလာရှုပ်ရှုပ် ပြုံးပြုံး ပြုံးပြုံးနှင့်သာ ကြည့်နေတတ်သဖြင့် မေတစ်ယောက် ပိုပိုရောင့်တတ်လာသည်ဟုသာ မိုးထက်မြင့်ကထင်သည်။

“နင်က ကျောင်းတက်ချိန်နီးနေတာကို ထမှမထတာ။ အကောင်းနဲ့လည်း နှိုးရသေးတယ်”

အဆူခံရသဖြင့် လှလွန်းမေတစ်ယောက် စိတ်ကောက်ကာ နှုတ်ခမ်းကိုဆူထားမိသည်။

“နင်ကလည်း စိတ်က လက်တစ်ဆစ်ဘဲ၊ စိတ်မဆိုးပါနဲ့ဟ၊ ညနေကျောင်းပြန်ရင် မုန့်လိုက်ကျွေးမယ်”

ငတိမ စိတ်ကောက်ပြီး သူအရင်တစ်ပတ်က ကျောင်းလစ်သည့်ကိစ္စကို အမေ့ကို သွားချွန်တွန်းလုပ်မှာကိုလည်း ကြောက်ရသည်။ အရင်တစ်ခေါက် ရန်ဖြစ်တုန်းကလည်း ဆေးလိပ်ခိုးသောက်သည့်ကိစ္စကို သွားတိုင်သဖြင့် မိုးထက်မြင့်တစ်ယောက် တော်တော်အဆော်ခံလိုက်ရသည်။

“တစ်ကယ်ကျွေးရမှာနော်”

“အေးပါဟာ၊ အခုတော့ အပြင်ထွက်ဦး ငါအဝတ်လဲလိုက်ဦးမယ်”

“အိုကေ အိုကေ”

မုန့်စားရမည်ဆိုသဖြင့် ကျေနပ်ကာ အခန်းပြင်သို့ထွက်သွားသည့် လှလွန်းမေကိုကြည့်ကာ မိုးထက်မြင့်တစ်ယောက် ပြုံးရင်း ‘အဲ့ကလေးမ လူကဖြင့် ဆယ်တန်းရောက်နေပြီ၊ အခုထိ မုန့်နဲ့​ ချော့လို့ရသေးတယ်’ ဟု တွေးလိုက်မိသည်။

“တီတီ ဗိုက်ဆာတယ်”

မိုးထက်မြင့်၏ အခန်းထဲက ထွက်လာ​သော လှလွန်း​မေတစ်ယောက် ထမင်းစားခန်းထဲဝင်ကာ မနက်စာပြင်နေသည့် မိုးထက်မြင့်အမေ ဒေါ်ဧကရီထက်ရဲ့ ခါးကိုဖက်ရင်း ချွဲလိုက်၏။ ဒေါ်ဧကရီထက်ကလည်း သူ့ကိုလာချွဲနေသည့် လှလွန်းမေကို ချစ်စနိုးဖြင့်ကြည့်ရင်း

“သမီးအကြိုက် ပဲပြုတ်ထမင်းကြော်ထားတယ် ”

“အန်ကယ်ရော”

“အံမယ်လေး သူ့ဘော်ဒါတွေနဲ့ လမ်းလျှောက်ဆိုပြီး မနက်အစောကြီးကတည်းက ထွက်သွားတယ်။ လက်ဖက်ရည်ဆိုင်မှာပဲ မနက်စာစားမယ်တဲ့။ တီတီလည်း မေရှိနေလို့တော်သေး။ ဟိုကောင် မိုးထက်ကလည်း မအေလုပ်ပေးတဲ့ မနက်စာကို ဘယ်တော့မှမစားဘူး ”

ထမင်းကြော်ကို ပလုတ်ပလောင်းစားနေသော ဆံပင်နက်နက်လက်လက်ကလေးတွေကို အလယ်မှခွဲကာ နားရွက်နောက်တွင် ညှပ်ထားသဖြင့် ဘဲဥပုံမျက်နှာကလေး ထင်းထင်းပေါ်လွင်လျက် မျက်ခုံးမွှေးတစ်ပင်တန်းလေးအောက်မှ မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ကလေးတစ်ယောက်လို အပြစ်ကင်းစင်နေပြီး ပေမီဒေါက်မီအရပ်နှင့် လေ့ကျင့်ယူစရာမလိုဘဲ အချိုးအစားကျနသည့် ခန္ဓာကိုယ်လေးနှင့်အတူ ဝင်းဝင်းဝါဝါ အသားအရည်လေးကိုပါ ပိုင်ဆိုင်ထားသည့် မေ့ကိုကြည့်ရင်း ‘သားဟာလေ ဒီလောက်လှပြီး ချစ်ဖို့ကောင်းတဲ့ မေ့ကိုများ ဘာလို့အကောင်းမမြင်လဲ မသိဘူး’ ဟုတွေးရင်း သူ့လက်ပေါ်တွင် ကြီးလာသည့် လှလွန်းမေအကြောင်း စဥ်းစားမိသွားသည်။

ပြောရလျှင် လှလွန်းမေ၏ မိဘများနှင့် မိုးထက်မြင့်၏ မိဘများကလည်း အိမ်နီးချင်းငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ မိဘများက တာဝန်ကြောင့် တစ်နယ်နှင့်တစ်နယ် ခဏခဏပြောင်းနေရသည့်အတွက် လှလွန်းမေကို အမျိုးမကင်းသည့် အဒေါ်ကြီးက လာရောက်စောင့်ရှောက်ပေးထားသည် ဆိုသော်လည်း အဓိက အိမ်ဘေးကပ်ရပ်ရှိ မိုးထက်မြင့်မိဘများ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာသည်ဟုဆိုလျှင်လည်း မမှားပေ။

“ဟျောင့်ငစိုး…. မင်း အသစ်ပြောင်းလာတဲ့ ဆရာမကို မြင်ပြီးပြီလား”

“Bio ဆရာမ ဒေါ်​ဆုလဲ့ရည်ကို ပြောတာလား။ မနက်က ဆရာမနားနေခန်းဘက်ရောက်တော့ တွေ့လိုက်တယ်။ အကိတ်ကြီးလေ။ လှချက်ကတော့ ကဗျာဆန်တယ်”

အိမ်စာမပြီးသေးသဖြင့် လုပ်နေသည့် မိုးထက်မြင့်တစ်ယောက် နောက်တန်းမှ သူငယ်ချင်းဖြစ်သူ သန့်ဇင်နှင့် ပိုင်စိုးစကားသံများကြားသဖြင့် လှည့်ကြည့်လိုက်မိသည်။

“မင်းတို့နှစ်ကောင်ကတော့လေ ဆရာမတောင် အလွတ်မပေးပါ့လား”

“အောင်မယ် မိုးထက် မင်းမမြင်ရသေးလို့ သူတော်ကောင်းပုံဖမ်းနေတာ။ မြင်ရင်သိလိမ့်မယ်”

“ဟုတ်ပါ့။ မြင်မှ ငွေသော်တာသီချင်းဆိုလို့ကတော့ နရင်းကြီးအုပ်ပလိုက်မယ်”

အခုမှ အတိုင်အဖောက်ညီနေသည့် မတည့်အတူနေနှစ်ကောင်ကို ကြည့်ရင်း မိုးထက်မြင့် ရယ်လိုက်မိသည်။

“နောက်ရက် တီချယ်ပေးခဲ့တဲ့ အိမ်စာတွေ ပြန်စစ်မယ်။ သားတို့သမီးတို့က ဒီကျောင်းမှာ အတော်ဆုံးလူတွေပဲ စုထားတဲ့ (A) ခန်းကဆိုတော့ တီချယ် အများကြီး မျှော်လင့်ထားတယ်နော်”

“ဟုတ်ကဲ့ပါ တီချယ်”

ဆရာမဆုလဲ့ရည် အခန်းအပြင်သို့ ထွက်သွားပြီးတာတောင် မိုးထက်မြင့်တစ်ယောက် လှမ်းကြည့်မိရင်း ပြစ်မျိုးမှည့်မထင်တဲ့ အလှဆိုတာ ဒါမျိုးပါလားဟု တွေးရင်း သူ့သူငယ်ချင်းနှစ်ယောက် ဘာလို့ဒီလောက်ညွှန်းနေသည်ကို နားလည်လိုက်မိသည်။ ဆရာမဆုလဲ့ရည်၏အလှက သာမန်လှတာမျိုးမဟုတ်ဘဲ လူအများကြားသွားလျှင်ပင် ဘယ်လိုကြည့်ကြည့် ထူးထွက်နေသည့် ထင်းလင်းလှပသည့် အလှမျိုးဖြစ်သည်။ ဆံထုံးထိုးထားသဖြင့် ဖူးဖူးလေးဖြစ်နေသည့် ပြီးပြည့်စုံသည့် အလှတရားများ စုစည်းထားသည်ဟု တပ်အပ်ပြောနိုင်သော မဟာဆန်ဆန် မျက်နှာလေးနှင့်အတူ ကျော့ရှင်းနေသည့် လည်တိုင်သွယ်သွယ်လေးက ကြည့်မိသူတိုင်း မျက်နှာမလွှဲချင်လောက်အောင် စွဲဆောင်မှုရှိပြီး လည်တိုင်သွယ်သွယ်လေး၏ အောက်တွင် တင်းရင်းကာ မို့လျှံထွက်နေသည့် ရင်သားကြီးများက ဝတ်ထားသော အဖြူရောင်ရင်ဖုံးအင်္ကျီလေးပင် မနိုင်ဝန်ထမ်းထားရသကဲ့သို့ အယ်ထွက်နေကာ အစိမ်းရောင်ချိတ်ထဘီအောက်မှ တင်းကားသော တင်ပါးကြီးများကလည်း ဘေးသို့ကားရုံသာမက နောက်ကိုပါ ကောက်ထွက်ဖုဖောင်းနေသည်ဖြစ်ရာ နဂိုသွယ်လျနေသော ခါးကျဥ်ကျဥ်လေးကိုပင် ပို၍သေးသယောင် ဖြစ်စေသည်။

“မိုးထက် သူတော်ကောင်းကြီး နည်းနည်းပါးပါးတောင် ဟန်မဆောင်နိုင်ပါ့လား။ စာမကြည့်ဘဲ ဆရာမပဲ တစ်ချိန်လုံးကြည့်နေတယ်”

“အေးလေ ငါတို့ကိုတော့ ဟိုပြောဒီပြောနဲ့။ သူကြတော့ ဆရာမ အခန်းအပြင်ထွက်တာတောင် မျက်လုံးက ဆရာမအိုးကြီးကို လိုက်ကြည့်နေသေးတယ်”

အတွေးလွန်နေသော မိုးထက်မြင့်တစ်ယောက် သန့်ဇင်နှင့် ပိုင်စိုး စကားသံကြားမှ သတိဝင်ကာ ရှက်ရယ်ရယ်မိသည်။

“အေးကွာ ငါလည်း ဘယ်လိုဖြစ်သွားမှန်း မသိပါဘူး။ ဆရာမကို ချစ်မိသွားပြီထင်တယ်။ တစ်ခါမှ ဒီလိုမခံစားဖူးဘူး ”

“ဟျောင့် တကယ်ကြီးလား။ မင်းအခုလိုဖြစ်တာ ငါတို့တစ်ခါမှ မမြင်ဖူးဘူး”

“ဟုတ်ပါ့ ကောင်မလေးတွေ ဒီလောက်သည်းသည်းလှုပ်ပြီး မိန်းကလေးတွေကစပြီး ရည်းစားစာပေးခံရတာတောင် စာဘဲစိတ်ဝင်စားပါတယ်ဆိုပြီး ငြင်းလွှတ်နေလို့ ခြောက်များနေလားတောင် အထင်ခံရတဲ့ကောင်က အခုလိုဖြစ်နေတယ်ဆိုတော့”

မိုးထက်မြင့်တစ်ယောက် သူငယ်ချင်းများစတာကိုပင် မငြင်းနိုင်ဘဲ ရယ်ကျဲကျဲလုပ်ရင်း

“ငါလည်း ဆရာမကိုတွေ့မှ ချစ်တယ်ဆိုတာ ဘယ်လိုလဲ သိတာကွ။ တစ်ခြားမိန်းကလေးတွေတုန်းက ဘယ်လိုမှကို မခံစားမိတာ”

ဟု ဝန်ခံလိုက်မိသည်။

“မင်း တကယ်စိတ်ဝင်စားတာဆိုရင် ဆရာမအကြောင်း ငါသိထားတာတွေ ပြောပြမယ်။ လက်ဖက်ရည်တော့တိုက်”

“သန့်ဇင် မင်းရွှီးတော့မရွှီးနဲ့နော်။ ဟိုကောင် မိုးထက်က တကယ်ကြီးဖြစ်နေတာ”

“ငစိုး မင်းကတော့လေ ငါ့ကိုဆို အယုံအကြည်ကိုမရှိဘူး။ ငါ့တီလေးစုမြတ်နဲ့ ဆရာမဆုလဲ့ရည်နဲ့က ဘော်ဒါကြီးတွေဟ။ မိုးထက်မလို့သာ ပြောပြတာ”

ထိုစဥ် နောက်အချိန် ဆရာ ဝင်လာသဖြင့် ထနှုတ်ဆက်ရင်း

“အာ့ဆို နက်ဖြန်ပိတ်ရက် တွေ့ရအောင်။ လက်ဖက်ရည်တင်မကဘူး မုန့်ပါကျွေးမယ်”

ဟုပြောကာ မိုးထက်မြင့်တစ်ယောက် ဆရာစာသင်သည့်ဘက်ကို ပြန်အာရုံစိုက်လိုက်သည်။

——————————————

“ဆရာမဆုလဲ့ရည်ဘဝက သနားဖို့တော့ကောင်းတယ်ကွ။ သူငယ်ငယ်လေးတုန်းက သူ့အဖေက ဆရာမတို့သားအမိကိုပစ်ပြီး သူ့အမေသူငယ်ချင်း ကလေးနှစ်ယောက်အမေနဲ့ ယူသွားတယ်။ ဆရာမအမေကတော့ တော်ပါတယ်။ နောက်အိမ်ထောင်မပြုဘဲ ဆရာမကိုပဲ ပြုစုစောင့်ရှောက်လာတာ။ ပြီးတော့ ဆရာမက ရည်းစားဆိုလို့ တစ်ယောက်ပဲထားဖူးတာ။ သူတို့ ယူဖို့အထိလုပ်ပြီးမှ စေ့စပ်ပွဲနေ့မှာ ကောင်လေးက ယာဥ်တိုက်မှုဖြစ်ပြီး ဆုံးသွားတယ်လို့လည်း ငါကြားတယ်။ အဲ့နောက်ပိုင်း ဘယ်ယောက်ျားလေးနဲ့မှ မပတ်သက်ဘဲ အခုထိ အပျိုကြီးလုပ်နေတာတဲ့။ လိုက်တဲ့သူတွေကတော့ အခုထိ ဝုန်းခတ်လို့။ နောက်ပိုင်း ချစ်ခွင့်ပန်တဲ့လူတွေက ဆရာမအိမ်ထိလိုက်ပြီး အသည်းအသန်ဖြစ်နေကြလို့ စိတ်ရှုပ်တာနဲ့ အဲ့မြို့ကနေ ငါတို့မြို့ကို ပြောင်းလာတာ ပြောတယ်”

မိုးထက်မြင့်တစ်ယောက် သန့်ဇင်ပြောတာ နားထောင်ရင်း ဆရာမကို သနားစိတ်နှင့် ပို၍ပင်ချစ်မိလာသည်။

“ဟျောင့်မိုးထက် ဆရာမအသက်က ဘယ်လောက်ရှိပြီလို့ မင်းထင်လဲ”

“၂၇ ဝန်းကျင်လောက်ရှိမယ် ထင်တာပဲ”

တီလေးစုမြတ်ဘော်ဒါဆိုလို့သာ ၂၇ ဝန်းကျင် မှန်းလိုက်ခြင်း ဖြစ်သည်။ ဒီအတိုင်းသာဆို ၂၂၊ ၂၃ ဝန်းကျင်သာရှိမည်ဟု ပြောလျှင်လည်း ယုံမိမည်ဖြစ်သည်။

“တကယ်တော့ ဆရာမက တီလေးစုမြတ်ထက် အများကြီးကြီးတယ်ဟ။ ခရီးသွားရင်းဆုံကြပြီး သူငယ်ချင်းတွေ ဖြစ်သွားတာ”

“သန့်ဇင်… မင်း ဟုတ်မှလည်းပြော။ မိုးထက်ကို ကလိချင်တာနဲ့ စမနေနဲ့။ ငါတော့ ဆရာမက တီလေးစုမြတ်ထက် ငယ်တယ်လို့တောင် ထင်တယ်”

ပိုင်စိုးစကားကို မိုးထက်မြင့်တစ်ယောက် စိတ်ထဲက ကြိတ်ထောက်ခံနေမိသည်။

“ငစိုး မင်းတီလေးရှေ့သာ သွားပြောလို့ကတော့ ဟိုက လည်ပင်းထညှစ်လိမ့်မယ်။ ဆရာမက တီလေးထက် ၈ နှစ်ကြီးတယ်ဟ။ အခုဆို ၃၆ ထဲတောင် ရောက်နေပြီ”

“တကယ်ကြီးလားဟ။ ဟျောင့်မိုးထက် မင်း သေချာစဥ်းစားဦးနော် အသက်က အရမ်းကွာနေတာ”

“ငါ့လည်း မိုးထက်ကို အဲ့တာပြောချင်တာ။ ဆရာမက မင်းအပျော်သွားလုပ်လို့ရတဲ့လူမျိုး မဟုတ်ဘူးနော်။ အတည်ဆိုလည်း သေချာတော့တွေးဦး”

သူ့အတွက် စဥ်းစားပေးနေသော သူငယ်ချင်းများကို ကြည့်ရင်း

“မင်းတို့ကောင်တွေက အချစ်ဆိုတာကို နားလည်မယ့်ကောင်တွေမှ မဟုတ်တာ။ အချစ်မှာ အသက်အရွယ် မရှိဘူးကွ”

ဟု ပြုံးပြုံးကြီးပြောလိုက်ရာ သန့်ဇင်နှင့် ပိုင်စိုးတို့၏ ငါကိုင်တုတ်သံများက လက်ဖက်ရည်ဆိုင်ထဲ ဆူညံသွားလေသည်။

မုန့်စားကျောင်းဆင်းချိန် ကျောင်းဘောလုံးကွင်းဘေးခုံပေါ်တွင် စကားတွတ်ထိုးနေကြသည့် လိုက်ဖက်ညီလှသော စုံတွဲလေးကိုကြည့်ရင်း ဆုလဲ့ရည်တစ်ယောက် ရင်ထဲ ဝမ်းနည်းသလိုကြီး ဖြစ်နေမိသည်။ မိုးထက်မြင့်ဆိုသော ကျောင်းတွင် စာအတော်ဆုံးထဲပါသည့် ကျောင်းသားလေးကို ဆုလဲ့ရည်တစ်ယောက် မြင်မြင်ချင်းကတည်းက သတိထားမိခဲ့သည်။ တစ်ခြားကြောင့်တော့မဟုတ်၊ ထိုကျောင်းသားလေးမှာ ဆုလဲ့ရည်၏ တစ်ဦးတည်းသော ရည်းစားဖြစ်ခဲ့ဖူးသူ မောင်နှင့် လွန်စွာ ရုပ်ရည်ဆင်သောကြောင့် ဖြစ်သည်။

‘ဆုလဲ့ရည် ဆုလဲ့ရည် နင်ဒီအရွယ်ကြီးရောက်မှ မရူးချင်စမ်းပါနဲ့’ ဆရာမဆုလဲ့ရည်တစ်ယောက် မိမိကိုယ်ကို သတိပေးရင်း ရင်ခုန်နေသည့်စိတ်ကို အတင်းဖုံးဖိထားမိသည်။ သူမ၏ မနည်းဖုံးဖိထားသော ရင်ခုန်သံများ နောက်တစ်လ​​ခန့်တွင် ပြန်လည်ပွင့်ထွက် ပေါ်ပေါက်လာမည်ကို ဆရာမဆုလဲ့ရည်တစ်ယောက် ထိုအချိန်က မခန့်မှန်းနိုင်ခဲ့ပေ။

“ဆရာကြီး ခေါ်တယ်ဆိုလို့”

“ဪ ဆရာမ လာလာဝင်ခဲ့လေ”

ဆရာမဆုလဲ့ရည်တစ်ယောက် ကျောင်းအုပ်ကြီးရုံးခန်းထဲဝင်ရင်း အခုမှ ရုံးခန်းထဲကထွက်လာသော မိုးထက်မြင့်ကို တစ်ချက်ခိုးကြည့်လိုက်မိသည်။ သူမ ကျောင်းပြောင်းလာကတည်းက မိုးထက်မြင့်ဆိုသည့် ထိုကျောင်းသားလေးမှာ သူမကို လိုက်ရောချင်သလို ဖြစ်နေသဖြင့် သူမမှာ မိုးထက်မြင့်ကို အမြဲခပ်တည်တည် ခပ်တန်းတန်း ဆက်ဆံထားရ၏။ ထိုကျောင်းသားလေးကတော့ ဘယ်လိုထင်မည်မသိ၊ သူမမှာတော့ မဖြစ်သင့်သည့် တွယ်တာမှုများဖြစ်မည်ကို စိုးရိမ်သဖြင့်သာ ထိုသို့ဆက်ဆံနေရခြင်း ဖြစ်သည်။ သူမ ခပ်တည်တည်ဖြင့် ဆရာမနဲ့ ကျောင်းသား အရောတဝင် လာမဆက်ဆံဖို့ ပြောလိုက်တိုင်း ငယ်ငယ်သွားသည့် မိုးထက်မြင့်မျက်နှာလေးကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်မှာလည်း အခါခါဖြစ်သည်။

“ဆရာမသိတဲ့အတိုင်း နောက်လထဲမှာ လူရည်ချွန်စာမေးပွဲရှိတယ်။ ကျွန်တော်တို့ကျောင်းက ဝင်ပြိုင်တဲ့အထဲမှာ ဒီကောင့်ကို ကျွန်တော် အမျှော်လင့်ဆုံးပဲ။ ခက်တာက အရင်အနားယူသွားတဲ့ Bio ဆရာမတုန်းက ကျန်းမာရေးမကောင်းလို့ သူတို့ကို Bio သေချာသင်မပေးနိုင်တော့ အခု လူရည်ချွန်ပြိုင်တဲ့အထဲမှာ အဲ့ဘာသာရပ်ကို ကျွန်တော် အားမရဘူး။ အဲ့ဒီတော့ ပြိုင်ပွဲမတိုင်ခင်အထိ ​ဆရာမက မိုးထက်မြင့်ကို အချိန်ပိုသင်ပေးလို့ရမလား”

“ဟုတ် ရပါတယ် ဆရာကြီး”

ဟုပြောရင်း ဆရာမဆုလဲ့ရည်တစ်ယောက် အတွေးများဖြင့် ရုံးခန်းထဲက ပြန်ထွက်လာမိသည်။

—————————————–

“မင်း ဒီဟာလေးတောင် အခုထိမရသေးဘူးလား”

စိတ်ဆိုးသဖြင့် နီရဲလာသော ဆရာမမျက်နှာလေးကို ကြည့်ရင်း မိုးထက်တစ်ယောက် စိတ်ထဲက ကြိတ်ရယ်နေမိသည်။ သူ့အတွက်တော့ ဆရာမနှင့် ကြာကြာနေရလေ ပိုပျော်လေဖြစ်သဖြင့် စာမရသေးသယောင် တမင်ဟန်ဆောင်ကာ အချိန်ဆွဲထားခြင်းဖြစ်၏။

“ပြိုင်ပွဲက တစ်ပတ်ပဲလိုတော့တာ။ မင်းသေချာ ရအောင်ကျက်မှ ဖြစ်မယ်။ အခုထိ ဒီအပိုဒ်မရသေးဘူးဆိုတော့ ဆရာမအိမ်ကိုသာလိုက်ခဲ့။ ရအောင်ကျက်ပြီးမှ ပြန်ရမယ်။ မင်းအိမ်ကို နောက်ကျမယ့်အကြောင်း ဆရာမ လှမ်းပြောလိုက်မယ်”

ခပ်တွေးတွေးလေးနှင့် ပြောလိုက်သော ဆရာမစကားကို နားထောင်ရင်း မိုးထက်မြင့်တစ်ယောက် အပျော်တွေလွန်နေမိသည်။

“မြန်မြန်လာလေ နှေးတုံ့နှေးတုံ့နဲ့”

ဆရာမဆုလဲ့ရည်တစ်ယောက် နောက်ကဖြည်းဖြည်းချင်း လျှောက်လာနေသည့် မို့ထက်မြင့်ကို လှမ်းငေါက်လိုက်သည့်အတွက် မိုးထက်မြင့်တစ်ယောက် နိမ့်တုံမြင့်တုံနှင့် လှုပ်နေသည့် ဆရာမအိုးကားကားကြီးကို ကြည့်ရင်း လျှောက်နေရာမှ အရှိန်မြင့်ကာ ဆရာမဘေးမှ ရင်ဘောင်တန်းလျှောက်လိုက်သည်။ ဆရာမအိမ်က မြို့အစွန်ဘက်မှာ ဖြစ်သဖြင့် လမ်းတစ်လျှောက် လူတော်တော်ပြတ်သည်ကို သတိထားမိသဖြင့်

“ဆရာမ ခါတိုင်းရော ဒီလိုပဲပြန်တာလား။ လူတော်တော် ပြတ်တယ်နော်”

“အံမယ်လေး ဒီမြို့ပြောင်းလာကတည်းက တစ်ယောက်ထဲ နေထိုင်သွားလာနေတာ ဘာမှမဖြစ်ဘူး”

“ဆရာမအမေရော”

“အမေက အရင်မြို့မှာပဲ နေခဲ့တာ။ အလုပ်အကိုင်တွေကလည်း အဲ့မှာဆိုတော့ ပြောင်းဖို့က မလွယ်ဘူးလေ”

ဆရာမ တစ်ယောက်ထဲ နေနေသည်ကို အခုမှသိသဖြင့် မိုးထက်မြင့်တစ်ယောက် အံ့သြသွားမိသည်။

“ဘာတွေအံ့သြနေတာလဲ။ ငါ့အသက်ပဲ ၃၅ ကျော်နေပြီ တစ်ယောက်ထဲနေတာ ဘာထူးဆန်းလို့လဲ။ တော်တော်များများ ဒီလိုပဲနေကြတာပဲ”

သူ စိုးရိမ်သလို ဖြစ်သွားသည်ကို ရိပ်မိဟန်ဖြင့် ဆရာမက ပြောသည်။ မြို့စွန်ဘက်တွင် မနေသင့်ကြောင်း ပြောမည်ပြင်လိုက်စဥ် ဘေးဘက်မှ လူရိပ်မြင်မိသဖြင့် မိုးထက်မြင့် လှည့်ကြည့်လိုက်မိသည်။

“သြော် ဆရာမတွေ ဆရာမတွေ မျက်နှာလိုက်ချက်ကတော့ (A) ခန်းကကောင်တွေဆို အချိန်ပိုသင်ရတာနဲ့ဘာနဲ့။ ငါတို့ကြတော့ အဖတ်မလုပ်ဘူး”

“ဟုတ်ပ ဟုတ်ပ”

(D) ခန်းမှ လူမိုက်လိုလို နှစ်ကျကျောင်းသားကြီးများဖြစ်သော ထွန်းမင်းတို့အုပ်စုကို မြင်လိုက်သဖြင့် မိုးမြင့်ထက်တစ်ယောက် မျက်နှာပျက်သွားမိ၏။ ဒီကောင်တွေက တကယ့်လူရမ်းကားတွေ၊ တစ်ကျောင်းလုံး၏ အော်ကြော့လန်များဖြစ်သည်။

“သား မင်းတို့ ဘယ်လိုပြောလိုက်တာလဲ။ အရက်စော်တွေလည်း နံဟောင်လို့။ မင်းတို့ အခုမှကျောင်းသားတွေပဲ ရှိသေးတယ်။ တော်တော်ပျက်စီးနေတာလား”

ဆရာမဆုလဲ့ရည်တစ်ယောက် အရက်နံ့ကြောင့် နှာခေါင်းအုပ်ရင်း ပြောလိုက်သည်။

“ဟားဟား ကျုပ်တို့ အရက်သောက်တတ်တာ တစ်ကျောင်းလုံးသိတယ်။ အခုမှ လာအဆန်းလုပ်နေ”

“အေးလေ ပြောလိုက်စမ်းပါ ဘောကြီးရာ။ ဒီဘက်လိုက်တတ်တဲ့ ဖင်ကားမကြီးကို”

“ဟေ့ကောင်တွေ မင်းတို့စကားတွေ လွန်လာပြီ။ သွားတော့ ဆရာမကို မလေးမစား မလုပ်နဲ့”

ဘေးမှ နားထောင်နေသော မိုးထက်မြင့်တစ်ယောက် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်မိသည်။

“အောင်မာ မင်းကများ”

ထွန်းမင်းက ရင်ဘတ်ကို တွန်းလိုက်သဖြင့် မိုးထက်မြင့်တစ်ယောက် ယိုင်သွားသည်။

“ဘာတွေဖြစ်နေတာလဲ”

ခပ်လှမ်းလှမ်းမှ လှမ်းအော်သံကြားသဖြင့် ကြည့်လိုက်ရာ ပြေးလာနေသည့် လူတစ်စုကို တွေ့လိုက်သည်။

“မိုးထက် ဘာတွေဖြစ်ကြတာလဲ”

“ဟာ ကိုကြီးဆန်း… ကျွန်တော်နဲ့ ဆရာမ လမ်းလျှောက်လာတာကို ဒီကောင်တွေ လာနှောင့်ယှက်နေလို့”

သူအဖေ၏စက်ရုံမှ အလုပ်သမားခေါင်း ကိုကြီးဆန်းတို့မှန်း သိလိုက်သဖြင်း မိုးထက်မြင့်တစ်ယောက် အားကိုးတကြီး ပြောလိုက်မိသည်။

Scroll to Top