”သဲ ရောက်တော့မယ်”
ကိုက အသာလှုပ်နှိုးတော့မှ မိမိ ခါးလေး မတ်လိုက်သည်။ အပြင်ဘက် ကြည့်မိတော့ တရိပ် ရိပ်ပြေးနေသော သစ်ပင် တောင်ကုန်းများကို တွေ့နေရသည်။
”အင်း”
ရှုပ်ပွနေသော ဆံပင်ကိုသပ် တွန့်နေသော အင်္ကျီကို အသာဆွဲချလို့ မိမိတို့ နှစ်ယောက်အပေါ် ခြုံထားသော စောင် ကိုလည်း ဆွဲဖယ်ခေါက်သိမ်းသည်။
”ကို ညက အရမ်းဆိုးတာပဲ”
”သဲ ကလည်းကွာ ချစ်လို့ပေါ့”
ပြောရင်းနဲ့ ကိုယ်က မိမိပါးလေးကို ရွှတ်ခနဲ နမ်းသည်။
”တော်ပါ”
ချောင်းသာသို့ ရောက်ခါနီးလို့ လမ်းတွေက အကွေ့အကောက် ပိုများလာသည်ထင်သည်။ကားကြီးက လှုပ်ရမ်းနေသည်။ မိမိတို့ ရှေ့ခုံက လင်မယားနှစ်ယောက်တော့ အိပ်ပျော်နေသေးလားမသိ။ တုပ်တုပ်မှ မလှုပ်။
”ဟိုနှစ်ယောက်တော့ အိပ် ကောင်းနေတယ် ထင်တယ် ကို ဟင်း ဟင်း”
”အိမ်မှာ မအိပ်ရဘူးထင်တယ် သဲ ရ”
ကို့ ပုခုံးလေးကို မှီလိုက်တော့ လက်တစ်ဖက်က မိမိကို အလိုက်သင့် ထွေးပွေ့သည်။ မိမိ တို့ နှစ်ယောက် အလုပ်များ မအားသည့်ကြားမှ ကို က အပန်းဖြေခရီး ထွက်ရအောင်ဆိုပြီး မဖြစ်မနေ စီစဉ်၍ အခုလို ရောက်ဖြစ်ခြင်းပင်။ အိမ်ကိုတော့ ဟို လင်မယားနှစ်ယောက်က အတိုင်အဖောက်ညီညီ ပြောပေးလို့ အဆင်ပြေသွားသည်။
”ကိုပြည့်” နှင့် ”ဆု” တို့က မိမိ နှင့် ငယ်သူငယ်ချင်းတွေ။ သူတို့ နှစ်ယောက် ရည်းစားသက်တမ်း ၂ နှစ် အကြာတွင် ယူလိုက်ကြသည်။ အခု အိမ်ထောင်သက် ခြောက်လ ကျော် သည်အထိ ”ဆု” က မိမိကို တိုင်တိုင်ပင်ပင်နှင့် သူတို့ အကြောင်းတွေ ပြောပြသည်။
”ကို” ကတော့ ကိုပြည့် သူငယ်ချင်းလေ။ ”ဆု”တို့ သမီးရည်းစား ဘဝ ကတည်းက ”ဆု” က အဖော် အဖြစ် မိမိကို ခေါ်သလို ”ကိုပြည့်” ကလည်း သူငယ်ချင်း ”ကို့” ကို ခေါ်ခေါ်လာသည်။ ကြာတော့လည်း အောင်သွယ်ချင်း ညိကြသည်ပေါ့။
”ကို” က အင်ဂျင်နီယာ မိမိက လည်း အင်ဂျင်နီယာ ဆိုတော့ အယူအဆတူ ဝါသနာတူချင်း ဆုံကြတော့ ချစ်လိုက်ရတာ။ သွားအတူ လာအတူ ။ နောက်ဆုံး ”ကို” က အဆင့်တွေ ကျော်လာတော့လည်း မိမိ လိုက်လျောမိသည်။ ”ကို” နဲ့ ရည်းစား ဖြစ်တာ အခုဆို တစ်နှစ်ကျော်ပြီလေ။
”သဲ ဘာတွေ တွေးနေလည်း”
”ဟင့်အင်း ဒီလိုပါပဲ”
နေပူထဲ အထုပ်ဆွဲပြီး ဟိုသွား ဒီသွား သွားရတာများလာတော့ ချွေး တွေပြန်ပြီး မောလာသည်။ လူများရက်မို့လားမသိ။ ဟိုတယ်တွေက အခန်းတွေ ရှိပေမယ့် သီးသန့် နှစ်ယောက်ခန်းတွေက လူပြည့်နေတာများသည်။ ကြိုပြီး ဘိုကင် လုပ်ထားလိုက်ရင် အကောင်းသား။
”ကို ဘယ်လိုလုပ်မလဲဟင်”
”ရှိမှာပါ ”
”လိုတာ မရှိတော့လည်း ရှိသလိုပေါ့ကွာ”
ကိုပြည့်ပြောတော့ ဆု ကပါ ခေါင်းညိမ့်သည်။ ကမ်းခြေသို့ မျက်နှာမူနေသည့် ”ရွှေစည်းစိမ်” ဟိုတယ် မှာ ဝင်မေးဖြစ်တော့လည်း နှစ်ယောက်ခန်းတွေက ပြည့်နေပြန်သည်။ ဒါပေမယ့် အပေါ်ဆုံးထပ် မှာတော့ လေးယောက်ခန်း ခုတင်နှစ်လုံးပါ တစ်ခန်းရမည်ဟု ပြောသည်။
”ဘယ်လိုလဲ”
ကိုပြည့်က မိမိတို့ဘက်လှည့်၍ မေးသည်။
”မရတဲ့ အဆုံး ဒီလိုပဲ နေရမှာပေါ့ ဆု နဲ့ သဲ ရော ဘယ်လို သဘောရလဲ”
ကိုက မိမိနှင့် ဆုဘက် လှည့်၍ မေးသည်။
”ရပါတယ် ဆုက တို့တွေ သိုက်သိုက်ဝန်းရှိတာပေါ့ သဲကိုသာ အားနာတာ သူ့ကိုကို နဲ့ လွတ်လွတ်လပ်လပ်နေချင်လားမသိ”
အခြေအနေ က မိမိ ဘက်လှည့်လာသည်။
”ကိစ္စ မရှိဘူး ကိုတို့ သဘောပါနော် သဲကတော့ လောလောဆယ် နားချင်တာပဲ သိတယ်”
ဒီလိုနဲ့ အခန်းယူဖြစ်သည်။ လေးရက်စာ။ အခန်းခ နှင့် ကျသမျှ အားလုံး တစ်တွဲ တစ်ဝက်ဆီ ကျခံဖို့ အရင်ကတည်းက တိုင်ပင်ပြီးသား။ အခန်းထဲရောက်တော့ အထုပ်တွေချ ခုတင်ပေါ်ထိုင်ရင်း အခန်းအနေအထားကို လေ့လာဖြစ်သည်။
နှစ်ယောက်အိပ် ကုတင်နှလုံးက ဘေးချင်းယှဉ်လျက် ကမ်းခြေဘက်သို့ ခေါင်းပေးထားသည်။ ကုတင် ခြေရင်းတွင် ဗီရို နှစ်လုံး ပစ္စည်းများတင်ရန် ခုံပုလေးတွေ ရှိပြီး နောက်ဘက်ရှိ တံခါးမှတဆင့် ရေချိုးခန်း အိမ်သာသို့ သွားနိုင်သည်။ မိမိ ခုတင် ခေါင်းရင်းရှိ ပြတင်းတံခါး ဖွင့်လိုက်ပြီး ကမ်းခြေနှင့် အဆုံးအစ မရှိ ပင်လယ်ပြင်ကြီးကို ငေးကြည့်နေမိသည်။
”သဲ ကိုတို့ အဝတ်အစား လဲရအောင် ပြီး ရင် ရေသွားဆော့မယ်”
ကိုက ပုခုံးလေးပုတ်၍ ပြောသည်။
”အင်း”
မိမိ လှည့်ကြည့်လိုက်တော့ ကိုက ရွှတ်ခနဲ နမ်းပြန်သည်။
”ကိုနော် ဟိုနှစ်ယောက် ရှိတာ တော်တော်ကဲနေ”
”အယ် ဟိုနှစ်ယောက်ရော”
”အဝတ်တွေယူပြီး ရေချိုးခန်းထဲ ဝင်သွားတယ်လေ ရေချိုး အဝတ်လဲမှာပေါ့ ရေချိုးခန်းက အကျယ်ကြီး သဲရဲ့”
ကိုက ပြောပြောဆိုဆို အဝတ်အစားလဲဖို့ လုပ်နေသည်။ မိမိ အဝတ်အစားလဲဖို့ ချီတုန်ချတုန် ဖြစ်နေသည်။ ကိုနဲ့ အရင်းနှီးဆုံး အခြေအနေ ဆိုပေမယ့် ရှက်သလိုလို ချည်း ဖြစ်နေသည်။ မိမိ ဝတ်လို့ အဆင်ပြေမည် ဆိုတာလေးတွေ ရွေးလိုက်သည်။
”ကို ဟိုဘက်လှည့်”
”ဟာ ဟ”
ကို လှည့်သွားတော့မှ မိမိ အပေါ် အင်္ကျီ ချွတ်လိုက်သည်။ လတ်ဆတ်သောလေ နှင့် အဆုံးအဆမရှိသော ပင်လယ်ပြင်ကြီးကို မျက်နှာမူ၍ မိမိ လက်များ ဆန့်တန်းထားမိသည်။ ရင်ထဲက သောကတွေ ပြေငြိမ်းသွားပြီး လူတကိုယ်လုံးပေါ့ပါး လန်းဆန်းသွားသလိုပါ။
မိမိခါးလေးကို နောက်မှ သိုင်းဖက်တာခံလိုက်ရပြီး စိုစွတ် အေးမြသော ခန္ဒာက နောက်ဘက်မှ ထိကပ်လာသည်။ ကိုက မိမိ ထက် အရပ်ရှည်သည်လေ။မိမိမော့ကြည့်လိုက်တော့ ကိုက နဖူးလေး နမ်းသည်။
”လုပ်ပြန်ပြီ လူတွေ ရှိပါတယ်ဆို ”
”သဲ ကလည်းကွာ ဒါရှက်စရာလား”
ကိုက တင်းကျပ်စွာ ဖက်ထားလို့ မာကျောကျော အရာက မိမိ ခါးအောက် လာထိသည်။
”ကိုနော် မဟုတ်တာတွေ စဉ်းစားနေတယ်မလား”
”ဟားဟား မဟုတ်ပါဘူးကွာ သဲကလည်း”
”ဟိတ် အကြည်ဆိုက် နေတယ်ပေါ့ ”
ဟိုနှစ်ယောက် ရောက်လာသည်။ ဆုက ဂျင်းပင် အတိုလေး ဝတ်ထားလို့ ပြည့်တင်းသော ပေါင်သားတွေမှာ သဲမှုန့်များ ပေကျန်နေသည်။ ကိုပြည့်ကိုတော့ မိမိ သေချာ မကြည့်ရဲပါ။ အပေါ် အဝတ်ဗလာနှင့် ဘောင်းဘီတိုက ရေစိုထားတာမို့ ကိုပြည့်ကို စကားပြောလျှင် မိမိ ခေါင်းလွဲ ထားမိသည်။ ကိုက အရပ်ရှည်ပေမယ့် အသားဖြူသည်။ ကိုပြည့်ကတော့ အသားညိုညို တောင့်တောင့်တင်းတင်း ရှိသည်။
”တို့ပြန်နှင့်မယ်လေ”
ကိုပြည့်ကပြောတော့ ကိုက ခေါင်းညိမ့်သည်။
”အေး ငါတို့ နည်းနည်း နေစောင်းမှ လာမယ်ကွာ”
”သဲ ရော အေးဆေးပဲမလား”
”အင်း”
သူတို့နှစ်ယောက် ထွက်သွားမှ ကိုက တိုးတိုးလေးပြောသည်။
”သဲ ပျော်လား”
”အင်း”
ကိုက ပို၍ တင်းတင်းကျပ်ကျပ် ထွေးပွေ့သည်။
”ချစ်ချင်ပြီကွာ”
”ကို နော် တအားမဆိုးနဲ့ ဟိုနှစ်ယောက်လည်း ရှိတာကို ”
”ရှိ ရှိ ပေါ့ သူတို့ ဘာ သူတို့ မိုးမမြင် လေမမြင် ဖြစ်နေတာ”
”တော်ပါ”
ကိုက ပြောပြောဆိုဆို ပွေ့ယူလိုက်၍ မိမိ မြောက်သွားသည်။ ပြီးတော့ လှိုင်းများ ပုတ်ခတ်နေသော ပင်လယ်ဆီသို့ မိမိကို ခေါ်ဆောင်သွားသည်။ ကိုနှင့်အတူ ကမ်းခြေတလျှောက် ပြေးလွှားနေတာ မိမိ မောသည်ဟု မထင်ပါ။ ချစ်လိုက်ရတာ ကိုရယ်။ ညနေ စောင်းခါနီးမှ မိမိတို့ ပြန်တက်ကြသည်။
ရေထဲ ဆင်းနေတုန်းက မသိသာပေမယ့် ကမ်းပေါ်မှာတော့ လေတိုက်ခတ်မှုကြောင့် ချမ်းလာသည်။ ကိုက ပါလာသော တဘက်လေးအား မိမိကို လွှမ်းခြုံပေးရင်း
”သဲ ကိုတို့ အကုန် စားကြဖို့ တစ်ခုခု သွားဝယ်ဦးမယ်။ ချမ်းနေတယ်ဆိုတော့ မလိုက်နဲ့တော့လေ။တက်သွားနှင့်နော်”
မိမိ ခေါင်းညိမ့်ပြလိုက်ရင်း အခန်းသို့ တက်ခဲ့သည်။ အခန်းသို့ရောက်တော့ တံခါးခေါက်ကြည့်သည်။အထဲမှ ဘာမှ အသံမကြား။ တံခါးလက်ကိုင်ကို အသာလှည့်၍ ဖွင့်လိုက်တော့ ဂျက်ချမထားသဖြင့် မိမိဝင်လာလိုက်သည်။ အခန်းထဲမှာတော့ ဘယ်သူမှမတွေ့။ ဆုတို့ ဘယ်များသွားပါလိမ့်။ တံခါးကြီးလည်း ဖွင့်ထားသည်။ မိမိခြုံထားသော သဘက်ကို ခုတင်ပေါ်တင်လိုက်သည်။
အမှတ်တမဲ့ ရေချိုးခန်းဆီမှ အသံတခုခု ကြားလိုက်ရသလိုလို။ တကိုယ်လုံးထူပူသွားသည်။ ခုနက ချမ်းတဲ့ ကိုယ်လုံးလေးက မသိမသာ ကြက်သီးများထလာသည်။ အခြေအနေ တစ်ခုကို မိမိ နားလည်လိုက်သလို။ မရည်ရွယ်ပါပဲနှင့် မိမိခြေလှမ်းများ ရေချိုးခန်း တံခါးဝသို့ရောက်သွားသည်။ တံခါးတဖက်က မသိမသာဟနေသည်။
”အား အင်း အင်း အင်း”
ဆုရဲ့ ငြီးတွားသံတွေ ကြားနေရပေမယ့် မိမိမြင်နေရသည်က ကိုပြည့်၏ ကျောပြင်ကြီးနှင့် တလှုပ်လှုပ်ဖြစ်နေသော ခါးအောက်ပိုင်း။ ရေကန်လေး နှုတ်ခမ်းပေါ် လက်ကလေးထောက်၍ တအင်းအင်းနှင့် ငြီးနေသော ဆုရဲ့ တင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် စုံကိုင်ပြီး ကိုပြည့် လှုပ်ရှားနေသည်။ မိမိ လက်ကလေးများက တံခါးအပေါ်တွင် တဆတ်ဆတ်တုန်နေသည်။ ချွေးတွေလား ရေတွေလား မသိသော စိုစွတ်မှုများက ကိုပြည့်၏ ကျော ခါး တင်ပါး တလျှောက် စီးပိုးနေသည်။ မိမိ ဆက်လက်မကြည့်လိုတော့ပါ။ ကြာလျှင် ယိုင်လဲသွားမှာစိုးသည့်အတွက် အသာပင် ပြန်ထွက်လာခဲ့သည်။
ကုတင်ပေါ်သို့ ခြေပစ် လက်ပစ် ထိုင်ချမိသည်။ တကိုယ်လုံးက အခုထိ တုန်ရီနေတုန်းပင်။ ဘာကြောင့်မှန်းမသိ ကိုပြည့်၏ လှုပ်ရှားမှုတွေက မျက်စိထဲက မထွက်ဖြစ်နေသည်။ တစ်ချိန်ထဲမှာ အပြစ်ရှိသလိုလို ခံစားနေမိသည်။ ခဏကြာတော့ ကိုရောက်လာသည်။
”သဲ ရေမချိုးသေးဘူးလား”
”ဟင့်အင်း ဆုတို့ချိုးနေတယ်”
”အင် သူတို့ကလည်း ပြန်ရောက်တာဖြင့် နေ့လည်ကတည်းကကို”
”အင်း”
လက်ထဲက အထုပ်တွေ ချလို့ ကို မိမိနားလာထိုင်သည်။
”သဲ မျက်နှာကြည့်ရတာ တမျိုးကြီးပဲ”
”ဟင့်အင်းဘာမှ မဖြစ်ဘူး”
ခဏနေတော့ ဆုတို့ထွက်လာသည်။
”ဟဲ့ ဘယ်တုန်းက ရောက်နေကြတာတုန်း”
”အခုလေးတင်ပဲဟ”
ကိုပြည့်ကိုတော့ မိမိ မျက်နှာလွှဲထားမိသည်။
”မင်းတို့ရေချိုးလေ ငါတို့ အပြင်သွားဦးမယ်”
ကိုပြည့်က ပြောပြီး ပြင်ဆင်နေသည်။ ကိုက လှမ်းပြောသည်။